Tuesday, January 27, 2026

တောင်ကြီး ငလျင်လှုပ်ပြီးနောက် လျှပ်စစ်မီးပြတ်တောက်နေပြီး ရေပြတ်လပ်၊ ရေကို အလုယက်ဝယ်သုံးနေရ

သျှမ်းပြည်တောင်ပိုင်း၊ တောင်ကြီးမြို့တွင် ငလျင်လှုပ်ပြီးနောက်ပိုင်း လျှပ်စစ်မီးပြတ်တောက် ခံထားရသောကြောင့် ရေပြတ်လပ်နေကြသည်ဟု စုံစမ်းသိရှိရသည်။

ပြီးခဲ့သည့် မတ်လ (၂၈) ရက်နေ့တွင် လှုပ်ခတ်ခဲ့သော အင်အားပြင်းငလျင်ကြောင့် တောင်ကြီးတွင် လျှပ်စစ်မီး ပြတ်တောက်ခံထားရသောကြောင့် သုံးရေအတွက် အခက်အခဲရှိနေပြီး ရေကို ဈေးကြီးပေး၍ အလုအယက် ဝယ်ယူအသုံးပြုနေကြရသည်ဟု မြို့ခံများထံမှ သိရသည်။

“ရေမချိုးရတာ သုံးရက်ရှိပြီ၊ ရေမရဘူး မီးလည်း မလာဘူး။ သောက်ရေတောင် ချွေတာ သောက်နေရတယ်။ ဖုန်းအားလည်း နေရောင်ခြည် (ဆိုလာ)ပြားနဲ့ အားသွင်းနေရတယ်။ ရေဝယ်ရင်လည်း အော်ဒါကြိုမှာ ရတယ်။ သူတို့က မှာတဲ့သူတွေများတော့ တစ်ရက်ကြိုမှာထားရတာ။ ရေက ဈေးကြီးဝယ်ရတော့ စားဖို့ထဲက ဖယ်ပြီး ရေဝယ်သုံးနေရတာ။” ဟု မြို့ခံ အမျိုးသားတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

ထို့အပြင် ယခင်က ရေကားတစ်စီးလျှင် ကျပ်(၈ထောင်)မှ တစ်သောင်းကျပ် အထိသာ ပေးဝယ်သုံးစွဲရသော်လည်း ယခုအချိန်တွင် ရေကားတစ်စီးလျှင် ကျပ်(၄သောင်း)မှ နေရာအနီးအဝေးပေါ်မှုတည်၍ ကျပ်( ၅သောင်း) ကျော်အထိ ပေးဝယ်သုံးစွဲနေရသည်ဟု ၎င်းက ဆက်ပြောသည်။

ငလျင်လှုပ်ခတ်မှုကြောင့် ကျောက်တုံးကြီး တစ်လုံး တောင်ကြီး ကားလေးကွင်းသို့ လိမ့်ဆင်းလာသဖြင့် အဆောက်အဉီး ပျက်စီး

ဆက်လက်ပြီး ရေများကို အဝီစိတွင်းများမှ ထုတ်ယူရောင်းချနေကြသော်လည်း ငလျင်ကြောင့် အဝီစိတွင်း အများစုမှာ နုန်းများဖြင့် ပိတ်ဆို့နေသောကြောင့် ရေများကို အလုံအလောက် ပို့ဆောင်နိုင်ခြင်း မရှိတော့ကြောင်း ရေပို့ဆောင်သူ အမျိုးသားတစ််ဦးက ပြောသည်။

“ရေအော်ဒါမှာတာ တစ်နေ့ကို ရာချီရှိတယ်။ ဒါပေမဲ့ ရေယူနေတဲ့ အဝီစိတွင်း တွေက နုန်းတွေ ပိတ်နေတော့ ယူလို့ မရတော့ဘူး။ မှာသလောက် မပို့နိုင်တော့ဘူး။ မီးစက်နဲ့ မောင်းပြီး ရေတင်ရတော့ ဓာတ်ဆီလဲ ဝယ်ရ ပို့ရနဲ့ ဆိုတော့ အနီးဝေးပေါ်မူတည်ပြီး ဈေးပိုယူတဲ့ သဘောပါ။” ဟု အဆိုပါ အမျိုးသားက ပြောသည်။

လက်ရှိဖြစ်ပွားခဲ့သော ငလျင်ကြောင့် တောင်ကြီး အပါအဝင် မြန်မာနိုင်ငံ အထက်ပိုင်းနှင့် အလယ်ပိုင်းဒေသတို့တွင် လျှပ်စစ်မီး ပြတ်တောက်နေကြပြီး လျှပ်စစ်မီးပြန်ရရှိရန် ပြန်လည်လုပ်ဆောင်နေလျှက် ရှိကြောင်း သိရသည်။

ညောင်ရွှေမြို့နယ် အင်းလေးဒေသ ငလျင်ဘေးသင့်ပြည်သူများသည် အရေးပေါ် ရေသန့်နှင့် စားနပ်ရိက္ခာများ လိုအပ်လျှက်ရှိနေပြီး ကူညီကယ်ဆယ်ရေးလုပ်သားများလည်း လိုအပ်နေကြောင်း သိရသည်။ 

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

အင်းလေးဒေသ မိုးသက်လေပြင်းကြောင့် ငလျင်ဒဏ်သင့် ပြည်သူများ၏ ယာယီတဲအမိုးများ လန်ထွက်

0
သျှမ်းပြည်တောင်ပိုင်း၊ ညောင်ရွှေမြို့နယ် အင်းလေးဒေသ နန်းပန် အနီး ကြာတောရွာတွင် မိုးသက်လေပြင်းကြောင့် ငလျင်ဒဏ်သင့် ပြည်သူများ၏ ယာယီတဲအမိုးများ လန်ထွက်သွားပြီး ဒေသခံများ အခက်တွေ့နေရကြောင်း စုံစမ်းသိရှိရသည်။ ယမန်နေ့ ဧပြီလ (၂၇)ရက် နေ့လည် (၁)နာရီကျော် တွင် မိုးများပြင်းထန်စွာရွာသွန်းပြီး မိုးသီးများကျခြင်း၊ လေပြင်းတိုက်ခတ်ခြင်းများကြောင့် ငလျင်ဒဏ်ကြောင့် ဖြိုထားသည့်...

ပင်လောင်းမြို့နယ် ငလျင်ဒဏ်ကြောင့် နေအိမ် ၇၆၀ ကျော်ပျက်စီး၊ ကူညီမှုများ မရှိသလောက်နည်းပါး

0
ငလျင်ဒဏ်ကြောင့် နေအိမ် ၇၀၀ ကျော်ပျက်စီးသွားသည့် ပင်လောင်းမြို့နယ်တွင် လာရောက်ကူညီသူ နည်းပါးပြီး ယာယီနေထိုင်ရန် တဲနှင့် အမိုးအကာများ အကူအညီ လိုအပ်နေကြောင်း သတင်းရရှိသည်။ ပြင်းအား ရစ်တာစကေး ၇.၇ အဆင့်ရှိ စစ်ကိုင်းအနီး ဗဟိုပြုလှုပ်ခတ်သည့် ငလျင်ကြောင့် သျှမ်းပြည်တောင်ပိုင်း ပင်လောင်းမြို့နယ် အတွင်းရှိ ကျေးရွာပေါင်း ၃၅...

ငလျင်ဒဏ်နောက်ဆက်တွဲ သျှမ်းပြည်အတွင်း ပြန်လည်ထူထောင်ရန် အကူအညီများစွာလိုအပ်နေ

0
သျှမ်းပြည်အတွင်း ငလျင်ဘေးဒဏ် ထိခိုက်ခံစားခဲ့ရသည့် ဒေသများတွင် ပြန်လည်ထူထောင်ရေး လုပ်ဆောင်ရန် အကူအညီ များစွာ လိုအပ်နေကြောင်း စုံစမ်းသိရသည်။ မတ်လ ၂၈ ရက်တွင် စစ်ကိုင်းမြို့အနီး ဗဟိုပြုလှုပ်ခတ်ခဲ့သော အင်အား ၇.၇ ရစ်ချ်တာစကေးရှိ အင်အားပြင်း ငလျင်ကြီးကြောင့် မြန်မာနိုင်ငံတဝှမ်း ပြည်သူ (၄,၂၁၂) ဦးထက်မနည်း သေဆုံးခဲ့ပြီး...

မန္တလေးနှင့် အမရပူရ ငလျင်ဘေးသင့်ပြည်သူများ အမိုးအကာနှင့်ဆေးဝါး အရေးပေါ်လိုအပ်

0
ငလျင်ဒဏ် ဆိုးရွားစွာ ထိခိုက်ခံစားခဲ့ရသည့် မန္တလေးမြို့နှင့် အမရပူရမြို့အတွင်း ယခုရက်ပိုင်း မိုးရွာသွန်းမှုကြောင့် ငလျင်ဘေးသင့် ပြည်သူများအတွက် အမိုးအကာနှင့် ဆေးဝါးအကူအညီများ အရေးပေါ် လိုအပ်နေကြောင်း စုံစမ်းသိရသည်။ လက်ရှိတွင် မန္တလေးမြို့နှင့် အမရပူမြို့အတွင်း ငလျင်ဘေးသင့် ပြည်သူများသည် ယာယီတဲများ ထိုး၍ နေထိုင်နေရကြောင်း၊ ယခုရက်ပိုင်းအတွင်း မိုးရွာသွန်းမှု လေပြင်းတိုက်ခိုက်မှုကြောင့်...

ငလျင်ဘေးဒဏ်ကြား သံလွင်တံတား (တာကော်တံတား)ကို အိုးစည်ဗုံးမောင်းတီးကာ ဖွင့်လှစ်

0
အင်အားပြင်း ငလျင်လှုပ်ခတ်မှုခဲ့ကြောင့် ပြည်သူများ ပူဆွေးသောကရောက်နေချိန် သျှမ်းပြည်တောင်ပိုင်းနှင့် သျှမ်းပြည်အရှေ့ပိုင်းကို ချိတ်ဆက်ထားသည့် သံလွင်တံတား(တာကော်တံတား)အသစ်တစ်စင်းကို ယမန်နေ့ (ဧပြီလ ၇) ရက် နံနက်ပိုင်းက ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။ ဖွင့်ပွဲအခမ်းအနားကို သျှမ်းပြည်တောင်ပိုင်း ကွန်ဟိန်းမြို့နယ်ရှိ အဆိုပါတံတားတွင် ဖွင့်လှစ်ခဲ့ပြီး စစ်ကောင်စီ အုပ်ချုပ်ရေးကောင်စီ အတွင်းရေးမှူး ဗိုလ်ချုပ်ကြီး အောင်းလင်းဒွေး...