Wednesday, January 28, 2026

စည်ပင်ဘတ်ဂျက် လုံလောက်မှု မရှိသဖြင့် ဆီဆိုင်မြို့ ရေလုံလောက်စွာ မရရှိ

သျှမ်းပြည် ဆီဆိုင်မြို့နယ်ရှိ စစ်ကောင်စီလက်အောက်ခံ စည်ပင်သာယာရေးဌာနမှ ဘတ်ဂျက်မလုံလောက်မှုနှင့် လျှပ်စစ်မီး မရရှိခြင်းတို့ကြောင့် ဒေသခံများ ရေလုံလောက်စွာ မရကြောင်း သတင်းရရှိသည်။

ဆီဆိုင်မြို့နယ်တွင် လျှပ်စစ်မီးကို လုံလောက်စွာ မရရှိသည့်အပြင် မြို့ပေါ်ရှိ စစ်ကောင်စီလက်အောက်ခံ စည်ပင်သာယာရေးဌာနမှ ဘတ်ဂျက် မလုံလောက်မှုများကြောင့် ရေသွယ်တန်းခြင်း၊ သယ်ယူပို့ဆောင်ပေးခြင်းနှင့် ရေတင်ရန် အခက်အခဲများ ဖြစ်နေပြီး ရပ်ကွက်နေပြည်သူများအတွက် ‌ရေများကို လုံလောက်စွာ ဖြန့်ဝေပေးနိုင်ခြင်း မရှိကြောင်း ဆီဆိုင်မြို့ ဒေသခံအမျိုးသားတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

“လျှပ်စစ်မီးက လုံလောက်အောင် မရတော့ အရင်ကလို တစ်မြို့လုံးကို ရေမဖြန့်ဝေ ပေးနိုင်တော့တာ။ မြို့က ရေမရှားပါဘူး၊ သဘာဝက ပေးထားတဲ့ ရေထွက်ကြီးရှိတယ်။ မြို့နယ်စည်ပင်ကလည်း ဘတ်ဂျက်မရှိတော့ ရေပေးဝေတာကို စနစ်တကျ မလုပ်ပေးနိုင်ဘူး။ ရေကို စနစ်တကျ အသုံးမချတတ်တာကြောင့် အခုလို ဖြစ်နေတာပါ။ သဘာဝရေထွက်ကနေ တိုက်ရိုက်သွယ်ယူတဲ့ စနစ်နဲ့ဆိုတော့ အနိမ့်ပိုင်းရပ်ကွက်တွေကိုပဲ ရေသွယ် တန်းပေးနိုင်တာ၊ ရက်တိုင်းလည်း မပေးနိုင်ဘူး”ဟု ဆီဆိုင်မြို့ဒေသခံ ၎င်းအမျိုးသားက ပြောသည်။

ထိုအပြင် ရေတင်မှုကို ဆိုလာစနစ်ဖြင့် အစားထိုးထားသော်လည်း လုံလောက်စွာ မရရှိသည့်အတွက် မြို့ပေါ်ရှိ ရပ်ကွက်များကို အလှည့်ကျ ရေပေးဝေနေရကြောင်း ဆီဆိုင်မြို့ ဒေသခံအမျိုးသားတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

“ရေတင်တာကို ဆိုလာစနစ်နဲ့ အစားထိုးထားပေမဲ့ ရေဂါလံ တစ်သိန်း ဆန့်တဲ့ ရေသိုလှောင်ကန်ကို တစ်နေ့လုံး တင်မှ ရေဂါလံ နှစ်သောင်းလောက်ဘဲ တင်နိုင်တော့ ရပ်ကွက်တိုင်းကို ရေမပေးနိုင်တာ။ ဆိုလာစနစ်က စည်ပင်က တပ်ပေးတာ မဟုတ်ပါဘူး၊ ဒေသဦးစီးရဲ့ အစီအစဉ်နဲ့ပါ အဲ့တာက”ဟု ဆီဆိုင်မြို့ ဒေသခံအမျိုးသားတစ်ဦးက ပြောသည်။

လက်ရှိတွင် ဆီဆိုင်မြို့တွင်းရှိ ရပ်ကွက်များတွင် ရေလုံလောက်စွာ ပေးဝေနိုင်ခြင်း မရှိသည့်အတွက် ဒေသခံအချို့သည် ရေများကို ဝယ်ယူသုံးစွဲနေရကြောင်း ဆီဆိုင်မြို့ ဒေသခံအမျိုးသားတစ်ဦးက ဆက်ပြောသည်။

“ရေတင်ကားကတော့ ဖုန်းဆက်ရင်တော့ အိမ်ထိ ပို့ပေးပါတယ်။ ရေဂါလံ ၁၅၀ လောက်ကို နှစ်သောင်းကနေ သုံးသောင်းလောက်အထိ ပေးရပါတယ်။ စစ်ပြီးစ အချိန် ဖြစ်နေတော့ တချို့က ဝင်ငွေမရှိတော့ ရေဝယ်ဖို့က သူတို့အတွက် အရမ်းခက်ခဲတာပေါ့။ အချို့ရပ်ကွက်ထဲမှာကြတော့ ရေတွင်းရှိတယ်။ အဲ့မှာ ရေချိုး၊ အဝတ်လျှော်၊ သုံးရေတွေ ခပ်ယူကြတယ်”ဟု ဆီဆိုင်မြို့ ဒေသခံအမျိုးသားတစ်ဦးက ပြောသည်။

ဆီဆိုင်မြို့တွင် ရေပေးဝေသည့် စနစ်နှစ်မျိုး ရှိနေပြီး သဘာဝရေထွက်မှ တိုက်ရိုက်သွယ်ယူသည့် စနစ်နှင့် ဂျပန်နိုင်ငံမှ လှူဒါန်းကူညီခဲ့သည့် ရေဖြန့်ဝေသည့် စနစ်တို့ဖြစ်ကြောင်း သိရသည်။

ရေထွက်မှ တိုက်ရိုက်သွယ်ယူသည့် စနစ်သည် မြေအနိမ့်ပိုင်းရှိ ရပ်ကွက်အချို့သာ ရေရရှိကြပြီး၊ ဂျပန်နိုင်ငံ အကူအညီဖြင့် ရေဖြန့်ဝေသည့် စနစ်သည် လျှပ်စစ်မောင်းနှင်သော ရေတင်စက် (Pump) ဖြင့် အမြင့်ပိုင်းသို့ တွန်းတင်၍ မြို့တွင်းကို ရေဖြန့်ဝေကြောင်း သိရသည်။

ဆီဆိုင်မြို့ကို ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် PNLA ထံမှ ယမန်နှစ် ၂၀၂၄ မတ်လကုန်ပိုင်းတွင် စစ်ကောင်စီ ပြန်လည်ထိန်းချုပ်နိုင်ပြီးနောက် တစ်နှစ်နီးပါး ကြာသည်အထိ ပြန်လည်ထူထောင်ရေး လုပ်ဆောင်နိုင်ခြင်း မရှိသေးဘဲ တော်လှန်ရေးအင်အားစုများနှင့် ထိတွေ့တိုက်ပွဲ ဆက်လက်ပြင်းထန်နေကြောင်း ဒေသခံများက ပြောဆိုသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

ဆီဆိုင်မြို့ မဲရုံစောင့်ဝန်ထမ်းများ မလုံလောက်၊ အုပ်ချုပ်ရေးမှူးနှင့်နီးစပ်သူများကိုခေါ်စောင့်ခိုင်း

0
သျှမ်းပြည်တောင်ပိုင်း ဆီဆိုင်မြို့တွင် စစ်ကော်မရှင် ပြုလုပ်မည့် ရွေးကောက်ပွဲ အပိုင်း (၂) အတွက် မဲရုံစောင့်ဝန်ထမ်းများ မလုံလောက်သဖြင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးက ၎င်းနှင့်နီးစပ်သူများကို ခေါ်ယူပြီးစောင့်ခိုင်းနေကြောင်း ဒေသခံများထံမှ သိရသည်။ ယနေ့ ဇန်နဝါရီလ ၈ ရက်တွင် ဆီဆိုင်မြို့နယ်အတွင်းရှိ သက်ဆိုင်ရာ ရပ်ကွက်၊ ကျေးရွာမှ မဲရုံများ၌ ကြိုတင်ဆန္ဒမဲများ...

ဆီဆိုင်မြို့မ ဈေးဆိုင်ခန်းများ မီးရှို့ခံရ

0
သျှမ်းပြည်တောင်ပိုင်း၊ ဆီဆိုင်မြို့ မြို့မဈေးရှိ သင်္ကန်းအရောင်းဆိုင် မီးရှို့ခံခဲ့ရပြီး တရားခံများကို ရဲဌာနမှ လိုက်လံစုံစမ်းနေကြောင်း သတင်းရရှိသည်။ ဖြစ်စဉ်မှာ ယမန်နေ့ ဒီဇင်ဘာလ ၁၆ ရက်နေ့ ည ၈ နာရီအချိန်တွင် ဆီဆိုင်မြို့မဈေးမှ သင်္ကန်းအရောင်းဆိုင်ကို အမည်မသိ လူ (၄)ဦးမှ ဓာတ်ဆီဖြင့် ပက်ကာ မီးရှို့သွားခဲ့သောကြောင့်...

ဆီဆိုင်မြို့ပြင်မှ နောင်ထောင်ကျေးရွာဘက်သို့ စစ်ကောင်စီ က လက်နက်ကြီးဖြင့် ရမ်းသမ်းပစ်ခတ်နေ

0
သျှမ်းပြည်တောင်ပိုင်း၊ ဆီဆိုင်မြို့တွင် စစ်ကောင်စီတပ်သားများသည် မြို့ပြင်မှနေရ၍ နောင်ထောင်ကျေးရွာဘက်သို့ လက်နက်ကြီးဖြင့် နေစဉ် ရမ်းသမ်းပစ်ခတ်နေကြောင်း သတင်းရရှိသည်။ ပြီးခဲ့သည့် ဩဂုတ်လ ၆ ရက်မှ စပြီး ယနေ့ ( ဩဂုတ်လ ၈ )ရက်အထိ နေ့စဉ် စစ်ကောင်စီတပ်သားများသည် ဆီဆိုင်မြို့ပြင်မှ နောင်ထောင်ကျေးရွာဘက်သို့ လက်နက်ကြီးဖြင့် ပစ်ခတ်နေကြေောင်း၊...

အခြားဒေသသို့ စစ်ဘေးရှောင်ပြီး နေရပ်ဆီဆိုင်မြို့သို့ ပြန်လာသည့် ကလေးများ ကျောင်းအပ်ခွင့်မရ

0
သျှမ်းပြည်တောင်ပိုင်း ဆီဆိုင်မြို့တွင် အခြားဒေသသို့ စစ်ဘေးရှောင်သွားရာမှ ပြန်လာသည့် ကလေးများကို ကျောင်းအပ်လက်မခံကြောင်း စုံစမ်းသိရသည်။ ယမန်နှစ် ၂၀၂၄ နှစ်စပိုင်းတွင် ဆီဆိုင်မြို့နယ်အတွင်း စစ်ကောင်စီတပ်၊ ပအိုဝ်းပြည်သူ့စစ် (PNO) နှင့် PNLA တော်လှန်ရေးအင်အားစုတို့ တိုက်ပွဲဖြစ်ပွားခဲ့သဖြင့် မြို့ခံများသည် ဘေးလွတ်ရာ အခြားဒေသသို့ ထွက်ပြေးတိမ်းရှောင်ခဲ့ရသည်။ လက်ရှိ စစ်ကောင်စီထိန်းချုပ်မှုအောက်ရှိ ဆီဆိုင်မြို့တွင်...

ဆီဆိုင်မြို့ လောင်းကစားဝိုင်းများ ပြန်လည်ဖွင့်လှစ်နေ၊ ဒေသခံများ လုံခြုံရေးစိုးရိမ်ရ

0
သျှမ်းပြည် ဆီဆိုင်မြို့တွင် လောင်းကစားဝိုင်းများ စတင်ဖွင့်လှစ်လာပြီး ခိုးဆိုးလုယက်မှု ပေါများခြင်းကြောင့် ဒေသခံများ လုံခြုံရေးအတွက် စိုးရိမ်ပူပန်နေရကြောင်း စုံစမ်းသိရသည်။ စစ်ကောင်စီ ပြန်လည်ထိန်းချုပ်ထားနိုင်သည့် ဆီဆိုင်မြို့တွင် ယခုနှစ်ဆန်းပိုင်း ၂၀၂၅ ဇန်နဝါရီလမှ စတင်၍ လောင်းကစားဝိုင်းများ ပြန်လည်ဖွင့်လှစ်လာခဲ့ပြီး ရပ်ကွက်အချို့ထဲတွင် ပေါ်ပေါ်ထင်ထင် ပြုလုပ်နေကြကြောင်း ဆီဆိုင်မြို့ ဒေသခံအမျိုးသား တစ်ဦးက...