ဗန်းမော်မြို့ စစ်ကောင်စီ ဆက်တိုက် ဗုံးကြဲ

ကချင်ပြည်၊ ဗန်းမော်မြို့ စစ်ကောင်စီနှင့် ကချင်လွတ်လပ်ရေး တပ်မတော်( KIA) ပူးပေါင်းတပ်များ တိုက်ပွဲ ဆက်လက် ဖြစ်ပွားနေရာ စစ်ကောင်စီက စစ်လေယာဉ်◌နှင့် ဒရုန်းများဖြင့် ဗုံးကြဲပြီး လက်နက်ကြီးပစ်၍ ခုခံတိုက်ခိုက်နေဆဲ ဖြစ်သည်ဟု သတင်းရင်းမြစ်များက ယနေ့ (ဇန်နဝါရီလ ၂၀ ရက်) တွင် ပြောသည်။

ယမန်နေ့ (ဇန်နဝါရီ ၂၀ ရက်) က ဗန်းမော်မြို့ကို စစ်ကောင်စီ လေယာဉ်ဖြင့် ဗုံး ၃၆ လုံး ကြဲချ တိုက်ခိုက်ခဲ့ပြီး ယနေ့ (ဇန်နဝါရီလ ၂၁ ရက်) ညနေပိုင်းတွင် ဗုံး ၄ လုံး ကြဲချခဲ့ကြောင်း ဒရုန်းများဖြင့်လည်း ဗုံးကြဲကြောင်း ဒေသတွင်း စစ်ရေးအခြေအနေများကို ဖော်ပြနေသည့် Banmaw Scout Team က အတည်ပြု ထုတ်ပြန်သည်။

အဆိုပါ လေကြောင်းမှ ကြဲချသည့်ဗုံးများ ရွှေကျီးနား မျစ်ချဉ်ခေါက်ဆွဲဆိုင် တကြောနှင့် နမ့်ဖားလမ်းခွဲ (ဘီလူးမချောင်) တဝိုက်နှင့် ပင်စင်ကုန်းရပ်ကွက် ၀န်းကျင် တို့တွင် ကျရောက် ပေါက်ကွဲကြောင်း ဆိုသည်။

“လေယာဉ်ကြဲတာ Jet Fighter လို့ ပြောရမယ်ထင်တယ်။ တခါကြဲရင် ၂ ခါစီ ကြဲတာ။မနေ့ကတော့ တောက်လျှောက်ကိုကြဲနေတာ။ ဒရုန်းတွေနဲ့လည်း ကြဲတယ်” ဟု ဗန်းမော်ြမို့ခံ တစ်ဉီး၏ ပြောဆိုချက်ကို ဖော်ပြသည်။

ယမန်နေ့ (ဇန်နဝါရီ ၂၀ ရက်) နံနက်ပိုင်းကလည်း ကရင်ကုန်း၊ ပင်စင်ကုန်းနှင့် ရွှေကျီးနားရပ်ကွက် ၀န်းကျင် တိုက်ပွဲများ ဖြစ်ပွားခဲ့ပြီး လက်နက်ကြီး၊ လက်နက်ငယ် ပစ်ခတ်မှုများကြောင့် နေအိမ်များ မီးလောင် ပျက်စီးမှုရှိခဲ့ကြောင်း သိရသည်။

KIA ပူးပေါင်းတပ်က ဗန်းမော်မြို့ နေရာအများစုကို ထိန်းချုပ်ထားသော်လည်း စစ်ကောင်စီ အကြွင်းအကျန်များကို ရှင်းလင်းရာက မြို့တွင်း တိုက်ပွဲတချို့ ဆက်လက် ဖြစ်ပေါ်ခဲ့ရာ ယနေ့တွင် မြို့တွင်း တိုက်ပွဲ နည်းပါးသွားပြီး စကခ (၂၁) ကို ပိတ်ဆို့ တိုက်ခိုက်နေကြောင်း စစ်ရေးသတင်းရင်းမြစ်က ပြောဆိုသည်။

သို့သော် စစ်ရေးအခြေအနေများကိုမူ ပြောဆိုခြင်း မရှိသေးပေ။


ယမန်နေ့ (ဇန်နဝါရီလ ၁၉ ရက်) ညပိုင်းကလည်း စစ်ကောင်စီ လေကြောင်းမှ ၄ ကြိမ် ဗုံးကြဲရာ ဗန်းမော်မြို့ ရွှေကျီးနား ရပ်ကွက် ၀န်းကျင် ကျရောက် ပေါက်ကွဲခဲ့သည်။

စစ်ကောင့် ပျက်စီးနေသည့် ဗန်းမော်မြို့ ကမ်းနားလမ်း ရပ်ကွက်ရှိ နေအိမ်များ မီးအကြီးအကျယ် လောင်ကျွမ်း ပျက်စီးခဲ့သည် ဆိုသည့် သတင်းများနှင့် ပတ်သက်၍ ယင်းသတင်းများ မှန်ကန်ကြောင်း Banmaw Scout Team က အတည်ပြုထားသည်။

တလခွဲကျော် ကြာမြင့်လာသည့် ဗန်းမော် တိုက်ပွဲ အတွင်း ဗုံးကြဲမှု၊ လက်နက်ကြီး ပစ်ခတ်မှုနှင့် မီးရှို့မှုများကြောင့် လက်ရှိ မြို့ အကြီးအကျယ် ပျက်စီးနေပြီ ဖြစ်သည်။

ပြီးခဲ့သည့် ၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာ ၄ရက်က စတင်ခဲ့သည့် ထိုးစစ် အတွင်း KIA ဦးဆောင်သည့် တော်လှန်ရေးတပ်များက ဗန်းမော်မြို့နှင့် မံစီမြို့ တို့ကို တပြိုင်နက် ပိတ်ဆို့ တိုက်ခိုက်ခဲ့ရာ မံစီမြို့ကို သိမ်းပိုက်နိုင်ခဲ့ပြီး ဗန်းမော်မြို့ကိုမူ ဆက်လက် တိုက်ခိုက်နေဆဲ ဖြစ်သည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

“တံလျှပ်” ဖြစ်နေသော အာဏာသိမ်းစစ်တပ်၏ ထင်ယောင်ထင်မှား အရှိန်အဟုန် သို့မဟုတ်စစ်တပ်၏ အထင်မှား “အောင်ပွဲများ”

0
မြန်မာစစ်တပ်သည် ဖလမ်း၊ လားရှိုး၊ မြဝတီ၊ ကျောက်မဲနှင့် တကောင်း ကဲ့သို့သော အဓိကဗဟိုချက်များအပါအဝင် အနည်းဆုံး မဟာဗျူဟာမြောက်နယ်မြေ ၂၀ ကို ပြန်လည်ထိန်းချုပ်နိုင်ခဲ့ကြောင်း ဇွန်လနှောင်းပိုင်းတွင် သံလွင်တိုင်းမ် (ThanLwin Times) သတင်းဌာနက ဖော်ပြခဲ့သည်။ သို့သော် ဘားမားနယူးစ်အင်တာနေရှင်နယ် (BNI) နှင့် မြန်မာ့ငြိမ်းချမ်းရေးစောင့်ကြည့်မှုအဖွဲ့ (MPM)...

နန်းမယ်ခုံမြို့နယ်ကို စစ်တပ်က ထပ်မံ လေကြောင်းဗုံးကြဲ

0
ကရင်နီပြည် နန်းမယ်ခုံမြို့နယ်ကို စစ်ကော်မရှင်တပ်က လေကြောင်းဖြင့် ထပ်မံ ဗုံးကြဲ တိုက်ခိုက်ခဲ့ကြောင်း စုံစမ်းသိရသည်။ ယနေ့ (ဇွန်လ ၂၉ ရက်) နေ့လည် ၁ နာရီဝန်ကျင်တွင် နန်းမယ်ခုံမြို့နယ်ကို စစ်ကော်မရှင်တပ်က လေကြောင်းဖြင့် ထပ်မံဗုံးကြဲတိုက်ခိုက်ခဲ့ပြီး နေအိမ်အချို့ ထိခိုက်ပျက်စီး ခဲ့ကြောင်း မြေပြင်တွင် စစ်ဘေးရှောင်ကူညီနေသူ အမျိုးသားတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။ “ဒီနေ့ နေ့လည်က ဗုံးကြဲသွားတာ ဟုတ်ပါတယ်။နန်းမယ်ခုံ တဝိုက်ကိုပဲ ကြဲသွားတာပါ။ လူအထိခိုက်တော့ မရှိဘူးဗျ။အိမ် နှစ်လုံးပေါ်ကျတာ။”ဟု မြေပြင်တွင် စစ်ဘေးရှောင်ကူညီနေသူ အမျိုးသားတစ်ဦးက ပြောသည်။  ပြီးခဲ့သည့် ဇွန်လ (၂၄) ရက်တွင်လည်း နန်းမယ်ခုံမြို့နယ်အတွင်းရှိ ကျေးရွာတစ်ရွာကို စစ်ကောင်စီတပ်က ဒရုန်းဖြင့်ဗုံးကြဲတိုက်ခိုက်ခဲ့ရာ ကလေးငယ် (၂) ဦး သေဆုံးခဲ့သည်။ ယမန်နေ့ (ဇွန်လ ၂၈ ရက်) တွင်လည်း မိုးဗြဲအနီးရှိ စစ်ကော်မရှင်တပ် စခန်းတစ်ခုကို တော်လှန်ရေး တပ်ပေါင်းစုများကဝင်ရောက် တိုက်ခိုက်ခဲ့ရာ စစ်မှုထမ်း စစ်သား (၁) ဦးသေဆုံးခဲ့ပြီး စစ်သုံ့ပန်း (၂) ဦး နှင့် အတူ လက်နက်ခဲယမ်းများသိမ်းဆည်းရမိခဲ့ကြောင်းသိရသည်။

မိုးဗြဲအနောက်ခြမ်း ဘီကင်းကျေးရွာ အနီးကို စစ်တပ်က လေကြောင်းဗုံးကြဲ

0
သျှမ်းပြည် တောင်ပိုင်း မိုးဗြဲအနောက်ခြမ်း ဘီကင်းကျေးရွာ အနီးကို စစ်ကော်မရှင်တပ်က လေကြောင်းဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း သိရသည်။ ယမန်နေ့ ( ဇွန်လ ၁၈ ရက်) ည ၆ နာရီခွဲကျော်တွင် မိုးဗြဲအနောက်ခြမ်း ဘီကင်းကျေးရွာကို စစ်ကောင်မရှင်တပ်က ဂျက်ဖိုက်တာလေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း မြေပြင်တွင်လှုပ်ရှားနေသည့် သတင်းအရင်းမြစ်တစ်ဦးက သျှမ်းသံတောဆင့်ကို ပြောသည်။ “ကျနော်...

“ဝမ်းရေးအိပ်မက်ကြား အသက်ပါရင်းလိုက်ရသည့် ၁၆ နှစ်သမီးလေး”

0
“သမီး အခန်းထဲကနေ ထွက်လာတော့ သူ (သူငယ်ချင်း)က စားပွဲခုံပေါ်မှာ မှောက်ပြီး လဲနေတာ တွေ့တယ်။ သူ့ရဲ့ မျက်နှာတွေမှာရော လက်တွေမှာရော ဒဏ်ရာတွေ အများကြီး တွေ့ရတယ်။ သမီး သူ့ကို သွားနိုးသေးတယ်။ သူက မထလာတော့ဘူး” သျှမ်းပြည် တောင်ကြီးမြို့ ဗိုလ်ချုပ်အောင်ဆန်းလမ်းပေါ်ရှိ Peter ဘားဆိုင်တွင်...

စစ်ကော်မရှင် တရုတ်ကုန်စည်စီးဆင်းမှု တားမြစ်ပိတ်ပင်မှု တင်းကြပ်လာ

0
သျှမ်းပြည်မြောက်ပိုင်းသည် တရုတ်ကုန်စည်ကိုသာ အဓိက အားကိုးနေရချိန်တွင် စစ်ကော်မရှင်က ရက် ၁၀၀ စီမံကိန်းအနေဖြင့် ၎င်းကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်တင်းကြပ်လာသည်။ ထိုကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်မှု တင်းကြပ်လာသဖြင့် ပြည်တွင်းကုန်တင်ယာဉ်များလည်း အလုပ်ရပ်နားထားရပြီး ပြည်သူများလည်း ကုန်စည်စျေးနှုန်းများ ထပ်မံမြင့်တက်လာမှုကို ရင်ဆိုင်နေရကြောင်း သျှမ်းမြောက်ပြည်သူများထံမှ စုံစမ်းသိရှိရသည်။ ပြီးခဲ့သည့် ရက်ပိုင်အတွင်းမှ စတင်ကာ စစ်ကော်မရှင်သည် လားရှိုးမြို့သို့...