Wednesday, January 28, 2026

ဗန်းမော်မြို့ KIA ပူးပေါင်းတပ် ထိန်းချုပ်၊ စစ်ကောင်စီ စကခ (၂၁) စုပြုံခုခံနေ

ကချင်ပြည် ဗန်းမော်မြို့ ကို ကချင်လွတ်လပ်ရေး တပ်မတော် (KIA) ပူးပေါင်းတပ်များ ထိန်းချုပ်ထားပြီဖြစ်ပြီး စစ်ကောင်စီတပ်က အမှတ်(၂၁) စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်( စကခ) တပ်တွင်းမှ စုပြုံ ခုခံနေသည်ဟု စစ်ရေးသတင်းရင်းမြစ်က ယနေ့ (ဇန်နဝါရီလ ၇ ရက်) တွင် ပြောသည်။

ယမန်နေ့ (ဇန်နဝါရီ ၆)ရက်တွင် ဗန်းမော်မြို့တွင်းနှင့် စစ်ကောင်စီတပ်များ အနီး တိုက်ပွဲများ ပြင်းထန်ခဲ့ပြီး စစ်ကောင်စီဘက်က လက်နက်ကြီး၊ ဒရုန်းနှင့် လေကြောင်းမှ အကြိမ်ကြိမ် တိုက်ခိုက်ခဲ့သည့်ကြားမှ မြို့ကို ထိန်းချုပ်နိုင်ခဲ့ရာ ယနေ့ (ဇန်နဝါရီ ၇)ရက် နံနက်ပိုင်းတွင် မြို့ပေါ် တိုက်ပွဲ နည်းပါးသည်ဟု ၎င်းကဆိုသည်။

“သူတို့ (စစ်ကောင်စီတပ်) ခလရ (၄၇) တပ်ကနေပြီး စကခ (၂၁) ဘက် သွားပေါင်းတယ်။ တခြားက တပ်တွေလည်း အဲ့မှာပဲ သွားပေါင်းပြီး ခုခံနေတယ်။ ၄၇ တပ်က သိမ်းလိုက်တာ မဟုတ်ဘူး၊ သူတို့ ဆုတ်သွားတာ၊ အခွံပဲကျန်တယ်။ မိုင်းတွေဘာတွေ အများကြီး ရှင်းရအုံးမယ်၊ လေယာဉ်နဲ့ ရိက္ခာ လက်နက်ချတာတွေတော့ ရှိတယ်” ဟု ၎င်းက ယနေ့ နံနက်ပိုင်း အခြေအနေကို ရှင်းပြသည်။

တခြား သတင်းရင်းမြစ်ကမူ စကခ (၂၁) ရှိ စစ်ကောင်စီတပ်များ လက်နက်ချရန် KIA ဘက်က ရာဇသံ ပေးပို့ထားဆဲဖြစ်၍ ယနေ့ နံနက်ပိုင်း အနည်းငယ် ငြိမ်သက်ခဲ့သည်ဟု ယူဆကြောင်း ဆိုသည်။

ယနေ့ နံနက် အစောပိုင်း မြို့တွင်း တိုက်ပွဲသံ ကြားရသော်လည်း ယမန်နေ့က ကဲ့သို့ ပြင်းထန်မှုမရှိကြောင်း ပြီးခဲ့သည့် ရက်များက အင်တာနက်လိုင်း တချို့ ပြန်ရခဲ့သေးသော်လည်း ယမန်နေ့ တိုက်ပွဲများ ပြင်းထန်စဥ် ပြတ်တောက်သွားကြောင်း မြို့ခံ တဦးက ဆိုသည်။ နေ့လယ်ပိုင်း အခြေအနေ သိရှိနိုင်ရန် ၎င်းနှင့် ဆက်သွယ်သော်လည်း ဆက်သွယ်၍ မရသေးပေ။

ဗန်းမော်မြို့တွင်း အခြေအနေ

“မံစီဘက်လည်း စခန်းတွေရထားတယ်ရှိတယ်။ အခြေအနေ ကောင်းပါတယ်။ ဗန်းမော်ကော မံစီကော သိပ်မကြာတော့ဘူး ထင်တယ်။ သက်ဆိုင်ရာ (KIA) က ထုတ်ပြန်ပါလိမ့်မယ်” ဟု စစ်ရေးသတင်းရင်းမြစ်က ဆိုသည်။

လက်ရှိ KIA ပူးပေါင်းတပ်က ဗန်းမော် နည်းပညာတက္ကသိုလ်၊ ဆေးရုံ၊ ထွေအုပ်၊ ရဲစခန်း စသည့် အရေးကြီး နေရာများကို သိမ်းပိုက်ထားပြီး စကခ (၂၁) ကို အနီးကပ် ပိတ်ဆို့ တိုက်ခိုက်နေဆဲ ဖြစ်သည်။

တရုတ် နယ်စပ်နှင့် မိုင် ၄၀ သာ ကွာဝေးပြီး လူဦးရေ ၁၄၀,၀၀၀ ကျော် နေထိုင်သည့် ဗန်းမော်မြို့ကို KIA ပူးပေါင်းတပ်က ကုန်းလမ်းနှင့် ရေလမ်း ဖြတ်တောက် တိုက်ခိုက်နေရာ မြို့ခံ ပြည်သူ ၁၅၀ ဝန်းကျင် သေဆုံးပြီး သောင်းနှင့်ချီသည့် ပြည်သူများ ပိတ်မိနေသည်ဟု ဒေသတွင်း အခြေအနေများ ဖော်ပြနေသည့် Banmaw Scout Team က ထုတ်ပြန်ထားသည်။

ပြီးခဲ့သည့် ၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာ ၄ရက်က စတင်ခဲ့သည့် ထိုးစစ် အတွင်း KIA ဦးဆောင်သည့် တော်လှန်ရေးတပ်များက ဗန်းမော်မြို့ စကခ(၂၁) နှင့် ခလရ (၄၇) အပါအဝင် ခြေလျင်တပ်ရင်း ၄ ရင်း၊ အမြောက်တပ်၊ တင့်ကားတပ်အပြင် ဆက်သွယ်ရေးတပ်၊ ဆေးတပ်၊ အင်ဂျင်နီယာတပ်၊ စစ်မြေပြင် စစ်လက်နက် ပစ္စည်းတပ်၊ ထောက်ပံ့ရေးတပ်စသည့် တပ်များ၊ မံစီမြို့ရှိ ခမရ (၃၁၉)၊ ခမရ (၆၀၁) နှင့် အမှတ် (၅၂၃) အမြောက်တပ် တပ်ရင်းဌာနချုပ် တို့ကို တပြိုင်နက် ပိတ်ဆို့ တိုက်ခိုက်နေခြင်း ဖြစ်သည်။

၂၀၂၄ ခုနှစ်အတွင်း ကချင်ပြည်နယ်နှင့် ရှမ်းမြောက်ရှိ မြို့ ၁၄ မြို့ အပါအဝင် စစ်ကောင်စီတပ်စခန်း ၂၀၀ ကျော်ကို ကချင်လွတ်လပ်ရေး တပ်မတော် (KIA) ပူးပေါင်းတပ်များ တိုက်ခိုက် သိမ်းပိုက်ထားသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

စစ်ကော်မရှင်နှင့် PNO စစ်သုံးစရိတ်နှင့် တပ်သားစုဆောင်းမှုကြား စိတ်ရောကိုယ်ပါ ပင်ပန်းနေ

0
အာဏာသိမ်းစစ်တပ်က စစ်မှုထမ်းဥပဒေကို ပြန်လည်အသက်သွင်းပြီးနောက်ပိုင်း စစ်မှုထမ်း လစဉ်ကြေးနှင့် တပ်သားသစ် စုဆောင်းမှုဒဏ်ကြောင့် လူထုကြား စိတ်ရောကိုယ်ပါ ပင်ပန်းနွမ်းနယ်နေကြောင်း ဒေသခံများက ပြောသည်။ တရားဝင် လူဖမ်းစစ်သားစုဆောင်းရန်အတွက် စစ်တပ်က စစ်မှုထမ်းဥပဒေကို ပြန်လည်အသက်သွင်းခဲ့သည်မှာ လာမည့် ၂၀၂၆ ဖေဖော်ဝါရီလ ၁၀ ရက်နေ့တွင် ၂ နှစ်ပြည့်ပြီ ဖြစ်သည်။ သို့သော်...

လူငယ်များအား အဓမ္မ စစ်ထဲဆွဲထည့်နေသည့် စစ်ခေါင်းဆောင် ဦးဆောင်၍ လူငယ် ငြိမ်းချမ်းရေးဖိုရမ် ကျင်းပနေ

0
အနည်းဆုံး လူငယ် ၆၀၀၀၀ ကျော်ကို အဓမ္မ စစ်တပ်ထဲ ဆွဲထည့်ထားသည့် စစ်ခေါင်းဆောင် မင်းအောင်လှိုင် ဦးဆောင်သော လူငယ် ငြိမ်းချမ်းရေး ဖိုရမ် ၂၀၂၆ ကို ယမန်နေ့ (ဇန်နဝါရီ ၁၃ ရက်) နံနက်ပိုင်းက နေပြည်တော်၌ စတင် ကျင်းပနေကြောင်း စစ်ကောင်စီက...

မဲပေးစက်ပြဿနာနှင့် ကြိုတင်မဲကြောင့် ကြံ့ခိုင်ရေးပါတီက အများစုအနိုင်ရ

0
သျှမ်းပြည် ၁၇ မြို့နယ်တွင် ပြီးခဲ့သော ဇန်နဝါရီလ ၁၁ ရက်က ကျင်းပသည့် ရွေးကောက်ပွဲ အပိုင်း (၂) ၏ အနိုင်အရှုံးစာရင်းများကို ကြည့်လျှင် စစ်တပ်ကျောထောက်နောက်ခံ ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး (USDP) ပါတီက အများစုအနိုင်ရထားသည်။ ကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေး (USDP) ပါတီသည် ၁၉၉၃ ခုနှစ်က...

ရပ်စောက်နှင့် ရွာငံမြို့နယ်တွင် လုံခြုံရေးစိုးရိမ်မှုကြား ဒေသခံမဲသွားပေး

0
သျှမ်းပြည် ရပ်စောက်မြို့နယ်နှင့် ရွာငံမြို့နယ်တွင် စစ်ကော်မရှင်တပ်မှ စစ်အင်အား ဖြည့်တင်းထားပြီး မဲရုံပရဝုဏ်အနီး လက်နက်အပြည့်အစုံဖြင့် စောင့်ဆိုင်းနေခြင်းကြောင့် ဒေသခံများ လုံခြုံရေးစိုးရိမ်မှုဖြင့် မဲသွားပေးနေရကြောင်း စုံစမ်းသိရသည်။ ယနေ့ (ဇန်နဝါရီလ ၁၁ ရက်) တွင် စစ်ကော်မရှင် ကျင်းပနေသည့် ရွေးကောက်ပွဲ ဒုတိယပိုင်းတွင် သျှမ်းပြည်တောင်ပိုင်းမှ ရပ်စောက်၊ ရွာငံ၊...

မိုင်းပျဉ်း ကြိုတင်မဲကောက်ယူရာတွင် USDP မှလွဲ၍ အခြားပါတီများကို အကြောင်းမကြား ဟုဆို

0
သျှမ်းပြည်အရှေ့ပိုင်း မိုင်းပျဉ်းမြို့နယ်တွင် ရွေးကောက်ပွဲ အပိုင်း (၂) အတွက် ကြိုတင်မဲကောက်ယူရာတွင် လွှတ်တော်ကိုယ်စားလှယ်များ လိုက်ပါခွင့်ပြုမည်ဟု ရွေးကော်ပွဲကော်မရှင်က ပြောသော်လည်း မြေပြင်တွင် ကြံ့ခိုင်ရေး ဖွံ့ဖြိုးရေး (USDP)ပါတီမှလွဲ၍ အခြားပါတီများကိုအကြောင်းကြားခြင်းမရှိခဲ့ ကြောင်း စုံစမ်းသိရသည်။ လာမည့် ဇန်နဝါရီလ ၁၁ ရက်တွင် သျှမ်းပြည်အရှေ့ပိုင်း မိုင်းခတ်၊ မိုင်းပျဉ်း၊...