ကျောက်မဲမြို့တွင် စစ်ရေးငြိမ်းသော်လည်း ဝမ်းရေးအတွက် အလုပ်လုပ်ရန် ခက်ခဲနေ

သျှမ်းပြည်မြောက်ပိုင်း၊ ကျောက်မဲမြို့တွင် စစ်ရေးအခြေအနေ ငြိမ်သက်နေသော်လည်း ပြည်သူများဝမ်းရေး အတွက် အလုပ်လုပ်ရန် ခက်ခဲနေသေးကြောင်း စုံစမ်းသိရသည်။

ကျောက်မဲမြို့ကို တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA) သိမ်းပိုက်ပြီးနောက်ပိုင်း စစ်ရှောင်အများစု နေရပ်ပြန်လာနေကြပြီး ဝမ်းရေးအတွက် အလုပ်အကိုင် ရှားပါးနေသေးကာ အခက်အခဲများဖြင့် ကြုံနေရကြောင်း ကျောက်မဲ နေရပ်ပြန် စစ်ရှောင်များက ပြောသည်။

လက်ရှိကာလသည် အလုပ်အကိုင် ရှားပါးနေသည့်အချိန်ဖြစ်ပြီး တဖက်တွင်လည်း ကုန်စျေးနှုန်း အဆမတန် မြင့်တက်နေမှုကြောင့် ရေရှည်စားနပ်ရိက္ခာ ပြတ်လပ်နိုင်ကြောင်းလည်း နေရပ်ပြန် စစ်ရှောင် အမျိုးသမီးက သျှမ်းသံတော်ဆင့် ကို ပြောသည်။

“ တိုက်ပွဲတွေငြိမ်တော့ နေရပ်ပြန်ရတာတော့ စစ်ရှောင်တော့လည်း ပိုက်ဆံကကုန်တယ်လေ။ အခု ဒီမှာလည်း လုပ်ကိုင်းစားသောက်လို့လည်းမရဘူး။ နေစရိတ်မကုန်တော့ သက်သာတာပေါ့” ဟု နေရပ်ပြန် စစ်ရှောင်အမျိုးသမီး ကဆိုသည်။

လက်ရှိ ကျောက်မဲမြို့နယ် ကုန်စည်စီးဆင်းမှုနှင့်ပတ်သက်ပြီး စစ်ကောင်စီဘက်မှ ဖြတ်လေးဖြတ်ပုံစံမျိုးဖြင့် အဘက်ဘက်မှ ပိတ်ထားသဖြင့် စားသောက်ကုန်စျေးနှုန်းသည် အဆမတန် စျေးမြင့်တက်လာမှုကြောင့် ပြည်သူများ အဆင်မပြေမှုများဖြစ်နေကြောင်း ၎င်းက ထပ်လောင်းပြောသည်။

“ ကြက်ဉ တစ်လုံး (၅၀၀)ကျပ်၊ ဆန်တပြည် ကို ရှစ်ထောင်ကျပ် ပေးနေရတာ။ အလုပ်ကလည်း မရှိတော့ တနေ့တနေ့ပိုပြီးကြပ်တည်းလာတယ်။ အဆင်မပြေဘူး။ တိုက်ပွဲဆက်ဖြစ်ရင် ဘယ်နားသွားပုန်းနေရမှာလဲ” ဟု အထက်ပါ အမျိုးသမီးက ထပ်လောင်းပြောသည်။

ထို့အပြင် ကျောက်မဲမြို့နှင့် အခြားသော သျှမ်းမြောက် ဒေသသို့ သွားမည့် ခရီးသည်များကို ဗထူးဂိတ်တွင် အစစ်ဆေးတင်းကြပ်ထားသောကြောင့် စားသောက်ကုန် အမြောက်အများတင်ဆောင်ခွင့် မပေးတော့ကြောင်း နေရပ်ပြန်စစ်ရှောင် အမျိုးသားတစ်ဦးကလည်း သျှမ်းသံတော်ဆင့်ကိုပြောသည်။

“လူတော့သွားလာလို့ရတယ်။ စားသောက်ကုန်နဲ့ တခြားသောကုန်တွေ ပေးမတင်တော့ဘူး။ ရေသန့် နဲ့ ပဲနို့တောင် တစ်ကဒ်ပြည့်ရင် လှူခဲ့ရမဲ့ အနေထားဖြစ်နေတယ်။ ဆေးဝါးအချို့တော့ တင်ခွင့်ပြုထားတယ်။ တော်တော်လေးကို စစ်ဆေးတင်းကြပ်ထားတာ။” ဟု နေရပ်ပြန် စစ်ရှောင် အမျိုးသားက ဆိုပြန်သည်။

လက်ရှိကျောက်မဲမြို့တွင် စစ်ရှောင် အများစုပြန်လာကြသော်လည်း စစ်ကောင်စီဖက်က တန်ပြန်ထိုးစစ်ဆင်လာမှာ စိုးရိမ်နေကြပြီး လေကြောင်းဖြင့် လာရောက် တိုက်ခိုက်မည်ကို ကြောက်လန့်နေကြရသည်ဟု ၎င်း အမျိုးသားက ထပ်လောင်းပြောသည်။

၁၀၂၇ စစ်ဆင်ရေး ဒုတိယလှိုင်းအတွင်း TNLA မှ ကျောက်မဲမြို့ကို ပြီးခဲ့သည့် ဩဂုတ်လ (၆) ရက်နေ့တွင် သိမ်းပိုက်နိုင်ခဲ့ပြီး စစ်ကောင်စီဖက်မှလည်း လေကြောင်းဖြင့် ဆယ်ကြိမ်ထက်မနည်း ဗုံးကြဲတိုက်ခိုက်မှုများ လုပ်ဆောင်ခဲ့သည်။

အလုပ်သင် သတင်းထောက် နန်းလရောင် ရေးသားသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

တအာင်းပြည် မျှော်လင့်ချက်ကို တားဆီးထားသည့်၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ

0
တအာင်းအမျိုးသား လွတ်မြောက်ရေးတပ်မတော် (TNLA) နှင့် အာဏာသိမ်းစစ်အစိုးရ၏ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီ (NSPNC) တို့အကြား ဇူလိုင် ၁၉ရက်တွင် နေပြည်တော်၌ ထူးခြားသည့် သံတမန်ရေးရာ တွေ့ဆုံဆွေးနွေးမှုတစ်ခု ပေါ်ပေါက်လာခဲ့သည်။  ထိုတွေ့ဆုံပွဲအတွင်း TNLA က လက်ရှိ ၎င်းတို့ထိန်းချုပ်ထားသော နယ်မြေများကို တရားဝင် အသိအမှတ်ပြုသည့် "တအာင်းပြည်နယ်" အဖြစ် သတ်မှတ်ပေးရန် တောင်းဆိုခဲ့သည်။ ထိုတောင်းဆိုချက်အပေါ် NSPNC က...

TNLA နှင့် NSPNC တို့ ဟိုင်ဂင်သဘောတူညီချက်လိုက်နာရေး နေပြည်တော်တွင် တွေ့ဆုံဆွေးနွေး

0
တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် (PSLF/TNLA) ဒုဥက္ကဋ္ဌ ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့သည် စစ်အစိုးရ၏ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီ (NSPNC) ကို နေပြည်တော်တွင် သွားရောက်တွေ့ဆုံ ဆွေးနွေးခဲ့ကြောင်း သတင်းသိရသည်။ ယမန်နေ့ (ဇူလိုင်လ ၁၉ ရက်) နံနက်ပိုင်းမှ စတင်ပြီး နေပြည်တော်ရှိ ရွှေစံအိမ်ဟိုတယ်၌ TNLA...

“တံလျှပ်” ဖြစ်နေသော အာဏာသိမ်းစစ်တပ်၏ ထင်ယောင်ထင်မှား အရှိန်အဟုန် သို့မဟုတ်စစ်တပ်၏ အထင်မှား “အောင်ပွဲများ”

0
မြန်မာစစ်တပ်သည် ဖလမ်း၊ လားရှိုး၊ မြဝတီ၊ ကျောက်မဲနှင့် တကောင်း ကဲ့သို့သော အဓိကဗဟိုချက်များအပါအဝင် အနည်းဆုံး မဟာဗျူဟာမြောက်နယ်မြေ ၂၀ ကို ပြန်လည်ထိန်းချုပ်နိုင်ခဲ့ကြောင်း ဇွန်လနှောင်းပိုင်းတွင် သံလွင်တိုင်းမ် (ThanLwin Times) သတင်းဌာနက ဖော်ပြခဲ့သည်။ သို့သော် ဘားမားနယူးစ်အင်တာနေရှင်နယ် (BNI) နှင့် မြန်မာ့ငြိမ်းချမ်းရေးစောင့်ကြည့်မှုအဖွဲ့ (MPM)...

နမ့်ခမ်းယမ်းပေါက်ကွဲမှု သောက်သုံးရေနှင့် စိုက်ခင်း အဆိပ်သင့်နိုင်

0
သျှမ်းပြည် မြောက်ပိုင်း နမ့်ခမ်းမြို့နယ်တွင် ယမ်းသိုလှောင်ရုံ ပေါက်ကွဲမှုဖြစ်ပွားပြီးနောက် သောက်သုံးရေ နှင့် စိုက်ခင်းများ အဆိပ်သင့်လာမည်ကို ဒေသခံများစိုးရိမ်ကြကြောင်း သတင်းရရှိသည်။ ပြီးခဲ့သည့် (မေလ ၃၁ ရက်) နမ့်ခမ်းမြို့ ကောင်းတပ်ကျေးရွာတွင် မိုင်းတွင်းကျောက် ထုတ်လုပ်ရေး လုပ်ငန်းတွင် အသုံးပြုရန် TNLA သိုလှောင်ထားသည့် ယမ်းများ မတော်တဆပေါက်ကွဲမှုများ...

မိုးဗြဲ- နန်းမယ်ခုံကြား တိုက်ပွဲပြင်းထန်၊ စစ်ကော်မရှင်တပ် လေကြောင်းတိုက်ခိုက်မှု ပြုလုပ်နေ

0
သျှမ်းပြည် တောင်ပိုင်း မိုးဗြဲမြို့အနီးတွင် စစ်ကော်မရှင်တပ် နှင့် ၎င်း လက်အောက်ခံ ပအိုဝ်းပြည်သူ့စစ် PNO တို့က ကရင်နီတော်လှန်ရေးတပ်ပေါင်းစုရှိရာနေရာသို့  မြေပြင်ထိုးစစ်ဆင်မှုပြုလုပ်သဖြင့် တိုက်ပွဲ ပြင်းထန်နေကြောင်း သတင်းရရှိသည်။ ယခု ရက်တပတ်အတွင်း မိုးဗြဲမြို့ နှင့် နန်းမယ်ခုံမြို့ကြားတွင် စစ်ကော်မရှင်တပ်က  မြေပြင် ထိုးစစ်ဆင်မှုကြောင့် ကရင်နီတော်လှန်‌ရေးတပ်ပေါင်းစုများ နှင့် နေ့စဉ်နီးပါး ထိတွေ့ တိုက်ပွဲများဖြစ်ပွားနေကြောင်း စစ်မြေပြင်တွင်လှုပ်ရှားနေသည့်...