တောင်ကြီး စစ်ကောင်စီမှ အရပ်သားများကို ညဘက်အလှည့်ကျ ကင်းစောင့်ခိုင်း

သျှမ်းပြည်တောင်ပိုင်း တောင်ကြီးမြို့ပေါ် ရပ်ကွက်အချို့တွင် စစ်ကောင်စီမှ အရပ်သားများအား ပြည်သူ့လုံခြုံရေး အကြောင်းပြချက်ဖြင့် အလှည့်ကျ ကင်းစောင့်ရန် စေခိုင်းမှုများ ရှိနေကြောင်း စုံစမ်းသိရှိရသည်။

ဩဂုတ်လ ၁၆ ရက်နေ့တွင် စစ်ကောင်စီမှ ပြည်သူ့လုံခြုံရေးနှင့် အကြမ်းဖက်နှိမ်နင်းရေး ဗဟိုကြီးကြပ် ကွပ်ကဲမှုအဖွဲ့ကို ဖွဲ့စည်းခဲ့ပြီး ယခုအခါ တောင်ကြီးမြို့ပေါ် ရပ်ကွက်အချို့တွင်လည်း အရပ်သားများကိုပါ ရပ်ရွာလုံခြုံရေး အကြောင်းပြချက်ဖြင့် ကင်းလှည့်စောင့်ဆိုင်းရန် စေခိုင်းမှုများ ရှိနေကြောင်း မြို့ခံများက ပြောသည်။

“ရပ်ကွက်ရုံးကို စောင့်ခိုင်းတယ်၊ ရပ်ကွက်ထဲက လမ်းတွေကို ပတ်ခိုင်းတယ်။ ည ၇ နာရီကနေ မနက် ၅ နာရီထိ ပတ်ခိုင်းတယ်၊ ညတိုင်း ၁ ရက်ကို တစ်ယောက် ပြောင်းခိုင်းတယ်။ ရပ်ကွက်အုပ်ကြီး၊ ရာအိမ်မှူးတွေက ခေါ်စောင့်ခိုင်းတာ” ဟု မြို့ခံတစ်ဦးက သျှမ်းသံတော်ဆင့်သို့ ပြောသည်။

တောင်ကြီးမြို့ ဘုရားဖြူရပ်၊ ညောင်ဖြူစခန်းရပ်နှင့် စဝ်စံထွန်းရပ်ကွက်များတွင် အဓိက ကင်းစောင့်ခိုင်းပြီး ပအိုဝ်းပြည်သူ့စစ် (PNO) များလည်း ဝင်ထွက်မှု များပြားကြောင်း သိရသည်။ 

ထို့အပြင် အောက်တိုဘာလ (၂၇) ရက်မှ စတင်ပြီး ညအချိန် အပြင်ထွက်သည့် လူငယ်များကိုလည်း စစ်ကောင်စီတပ်မှ ဖမ်းဆီးစစ်ဆေးမှုများ ရှိခဲ့ကြောင်း ၎င်းက ဆက်ပြောသည်။

“၂၇ ရက်ညက ချမ်းမြ view point မှာ မိန်းကလေး ၂ ယောက် ပါသွားတယ်လို့ ကြားတယ်၊ စစ်ရင်းဆေးရင်း တခြားလူငယ် ၂၀ လောက် ပါသွားတယ်လို့လည်း မြင်လိုက်တဲ့သူတွေက ပြောတယ်၊ နောက်ဆက်တွဲတော့ မသိရသေးဘူး”ဟု ၎င်းမြို့ခံ အမျိုးသားက သျှမ်းသံတော်ဆင့်ကို ပြောသည်။

တောင်ကြီးမြို့ပေါ်တွင် အဆိုပါ လူငယ်များ ဖမ်းဆီးခံရခြင်း ကိစ္စနှင့် ပတ်သက်၍ အသေးစိတ် သိရှိနိုင်ရန် သျှမ်းသံတော်ဆင့်မှ ဆက်လက်စုံစမ်းနေဆဲဖြစ်သည်။ 

ထို့သို့ စစ်ဆေးတင်းကြပ်မှု များပြားလာခြင်းကြောင့်လည်း တောင်ကြီးမြို့ပေါ်တွင် လူငယ်များ ညဘက် အပြင်ထွက်သွားလာခြင်း နည်းပါးသွားကြောင်း ဆိုသည်။

“ညဖက်ထွက်ရင် လူဆွဲတာတွေရှိတယ်၊ လဒကုန်းနားဆို အရမ်းစစ်လာပြီ။ ခုဆို ညဘက်ဆို ဆိုင်ကယ်သံ အရင်လို သိပ်မကြားရတော့ဘူး” ဟု တောင်ကြီးမြို့ ရဲတပ်ဖွဲ့နှင့် နီးစပ်သူတစ်ဦးက ပြောသည်။

လက်ရှိတွင် စစ်ကောင်စီမှ ဖိအားပေးကျင်းပခိုင်းသည့် တန်ဆောင်တိုင်ပွဲတော်ရက်မှာလည်း နီးကပ်လာပြီး တောင်ကြီးမြို့ပေါ် ဟိုတယ်များတွင်လည်း အခန်းများအားလုံး ပြည့်နေပြီး အခန်းခများလည်း ဈေးမြင့်တက်နေကြောင်း သိရသည်။

ထို့အပြင် တောင်ကြီးမြို့နယ်အတွင်း လိုင်စင်မဲ့ကားများအား ဖမ်းဆီးစစ်ဆေးမှုများ တင်းကျပ်နေပြီး တောင်ကြီးမြို့သို့ တိမ်းရှောင်လာသည့် စစ်ဘေးရှောင်ပြည်သူများ၏ ကားများမှာ အများဆုံး ဖမ်းဆီးခံနေရကြောင်း စစ်ဘေးရှောင်များက ပြောဆိုသည်။

အလုပ်သင် သတင်းထောက် ယူဂျင်းရေးသားသည်။​

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

ယာဉ်နံပတ်ပွား ဆီထုတ်မှုကြောင့် QR အသစ် ပြန်လျှောက်ရမည်

0
သျှမ်းပြည်အတွင်း စက်သုံးဆီများကို တန်းစီဝယ်ရာတွင် ယာဉ်နံပတ်များကို ပွားပြီး ဝယ်ယူမှုများတွေ့ရှိနေသဖြင့် ယာဉ်ပိုင်ရှင်များ QR ကုတ်အသစ် ပြန်လည်လျှောက်ထားရမည်ဟု လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန က ယမန့်နေ့ (ဇူလိုင် ၃၀)ရက်တွင် ထုတ်ပြန်ခဲ့သည်။  ထို QR ကုတ် အသစ် ပြန်လည်လျှောက်ထားရာတွင် မော်တော်ယာဉ်မှတ်ပုံတင် သက်သေခံ လက်မှတ် အစစ်အမှန်ဖြစ်ကြောင်း သက်ဆိုင်ရာ (ကညန)၏ ထောက်ခံချက်...

သျှမ်းတောင်တွင် ဝက်နာကျ သေဆုံးမှုဖြစ်ပြီးနောက် ဝက်သားစျေးကျ

0
သျှမ်းပြည်တောင်ပိုင်းတွင် ဝက်နာရောဂါဖြစ်ပွားပြီး ဆက်တိုက်သေဆုံးမှုများလာပြီးနောက် ဝက်သားစျေးနှုန်း ကျဆင်လာကြောင်း သတင်းရရှိသည်။ ပြီးခဲ့သည့် ဇွန်လမှစပြီး သျှမ်းပြည်တောင်ပိုင်း ညောင်ရွှေမြို့နယ်တွင် ဝက်နာရောဂါ စတင်ဖြစ်ပွားခဲ့ပြီးနောက် သေဆုံးမှု များရှိခဲ့ပြီးနောက် ဝက်သားဈေးနှုန်းများ ကျဆင်းလာပြီး ဝက်ဝယ်သူများလည်း နည်းပါးလာကြောင်း သိရသည်။ “ဝက်ကလည်း ရောင်းချင်နေပြီ ဝယ်သမားကလည်း မရှိဘူး၊ အရင်က သိန်း (၃၀)...

တောင်ကြီးတွင် ခွေးများကို ပစ်မှတ်ထား အစာအဆိပ်ခတ်ခံနေရ

0
သျှမ်းပြည်တောင်ပိုင်း တောင်ကြီးမြို့တွင် အိမ်မွေးခွေးနှင့် လမ်းဘေးခွေးများကို ပစ်မှတ်ထားပြီး အစာအဆိပ်ခတ် နေသည့် အုပ်စုများရှိနေကြောင်း စုံစမ်းသိရသည်။ တောင်ကြီးမြို့တွင် အိမ်မွေးခွေးနှင့် လမ်းဘေးခွေးများကို ပစ်မှတ်ထားပြီး ထမင်းကဲ့သို့သော အစားအစာများဖြင့် အဆိပ်ခတ်သည့် ဖြစ်စဉ်သည် နေ့စဉ်နှင့်အမျှ ဖြစ်လာကြောင်း၊ ထိုအဆိပ်ခတ်နေသည့် ပုံစံသည် တူညီမှုများရှိနေသဖြင့် ခွေးများကို ဉီးတည်ပြီး သတ်နေသည့်...

တောင်ကြီးမြို့နယ်ရောက် စစ်ရှောင် လျှပ်စစ်မီးရရှိရေး ကျပ်သိန်း (၃၀)ထိပေးရ

0
သျှမ်းပြည်တောင်ပိုင်း တောင်ကြီးမြို့နယ်သို့ရောက်ရှိလာသော စစ်ဘေးရှောင်များသည် လျှပ်စစ်မီးရရှိရန် သက်ဆိုင်ရာလူကြီးများထံ ကျပ်သိန်း(၃၀) ပေးနေရကြောင်း သတင်းရရှိသည်။ တောင်ကြီးမြို့နယ် နောင်ကားကျေးရွာ၊ တံတားမီးလောင်ကျေးရွာ၊ ဒုံခရာ ကျေးရွာနှင့် ညိုမီးကျေးရွာ ဘက်တွင် ကရင်နီပြည်မှ ရောက်လာသော စစ်ရှောင်များရှိကို ၎င်းနေအိမ်အတွက် လျှပ်စစ်မီးရရှိရန် ကျပ်သိန်း (၃၀)အထိ ပေးရသဖြင့် ဆိုလာပြားများကို အသုံးပြုနေရသည်။​ “လျှပ်စစ်မီးယူမယ်ဆို...

“တံလျှပ်” ဖြစ်နေသော အာဏာသိမ်းစစ်တပ်၏ ထင်ယောင်ထင်မှား အရှိန်အဟုန် သို့မဟုတ်စစ်တပ်၏ အထင်မှား “အောင်ပွဲများ”

0
မြန်မာစစ်တပ်သည် ဖလမ်း၊ လားရှိုး၊ မြဝတီ၊ ကျောက်မဲနှင့် တကောင်း ကဲ့သို့သော အဓိကဗဟိုချက်များအပါအဝင် အနည်းဆုံး မဟာဗျူဟာမြောက်နယ်မြေ ၂၀ ကို ပြန်လည်ထိန်းချုပ်နိုင်ခဲ့ကြောင်း ဇွန်လနှောင်းပိုင်းတွင် သံလွင်တိုင်းမ် (ThanLwin Times) သတင်းဌာနက ဖော်ပြခဲ့သည်။ သို့သော် ဘားမားနယူးစ်အင်တာနေရှင်နယ် (BNI) နှင့် မြန်မာ့ငြိမ်းချမ်းရေးစောင့်ကြည့်မှုအဖွဲ့ (MPM)...