ပင်လောင်းမြို့နယ် ပအိုဝ်းပြည်သူ့စစ် PNO က ဒေသခံများကို သေနက်ပစ်ခြိမ်းခြောက်ငွေတောင်း

သျှမ်းပြည် ပင်လောင်းမြို့နယ်တွင် ပအိုဝ်းပြည်သူ့စစ် PNO က ကျေးရွာနှင့် စစ်ဆေးရေးဂိတ်များတွင် သေနက်ပစ်ခတ် ခြိမ်းခြောက်၍ ငွေညှစ်တောင်းခံပြီး ရိုက်နှက်ခြင်းများ ပြုလုပ်ခဲ့ကြောင်း စုံစမ်းသိရသည်။

အောက်တိုဘာလ နောက်ဆုံးပတ်အတွင်း ပင်လောင်းမြို့နယ်တောင်ပိုင်း လုံကန်ကျေးရွာတွင် စစ်ကောင်စီလက်အောက်ခံ ပအိုဝ်းပြည်သူ့စစ် PNO က လုံကန်ကျေးရွာ စစ်ဆေးရေးဂိတ်တွင် ဒေသခံအမျိုးသားနှစ်ဦးကို သေနက်ပစ်ခတ် ခြိမ်းခြောက်၍ ငွေညှစ်တောင်းခံပြီး ရိုက်နှက်ခြင်းများ ပြုလုပ်ခဲ့ကြောင်း ပင်လောင်းမြို့ ဒေသခံအမျိုးသားတစ်ဦးက သျှမ်းသံ‌တော်ဆင့်ကို ပြောသည်။

“ပြည်သူ့စစ်တွေက လုံကန်ဈေးကို သွားလာတဲ့ ရွာဒေသခံနှစ်ယောက်ကို သေနတ်နဲ့ ခြိမ်းခြောက်တယ်။ ပြီးတော့ သူတို့ကို ပိုက်ဆံတောင်းတာ သားအဖ နှစ်ယောက်ကို။ သိန်းနဲ့ချီ တောင်းတော့ သူတို့က မပေးတော့ သေနတ်နဲ့ပစ်တာ ဆိုင်ကယ်ဘီးထိပြီး သူတို့လူ ပြန်ထိတာ၊ အဲ့တာကို စိတ်တိုပြီး စစ်သားတွေက သူတို့ နှစ်ယောက်ကို ဖမ်းပြီး ရိုက်တာ”ဟု ပင်လောင်းမြို့ ဖြစ်စဉ်သိရှိသူ ဒေသခံအမျိုးသားတစ်ဦးက ပြောသည်။

ယခုခြိမ်းခြောက်ပစ်ခတ်မှု ဖြစ်ပွားခဲ့သည့် စစ်ကောင်စီ လက်အောက်ခံ PNO ပအိုဝ်းပြည်သူ့စစ် စစ်ဆေးရေးဂိတ်သည် ပင်လောင်းနှင့် ညောင်‌ရွှေသွားသည့် ပြည်ထောင်စုလမ်းမကြီးပေါ်တွင် ရှိပြီး ပင်လောင်းမြို့နှင့် ၂၅ မိုင်ကျော် ကွာဝေးကြောင်းသိရသည်။

အလားတူ အောက်တိုဘာလ နောက်ဆုံးပတ်တွင် လုံကန်ကျေးရွာ ဈေးအတွင်း၌ ဈေးရောင်းနေသူ အမျိုးသမီးတစ်ဦးကိုလည်း PNO မှ သေနတ်ပစ်ခြိမ်းခြောက်၍ ငွေတောင်းခံခြင်းများ ပြုလုပ်ခဲ့ကြောင်း ပင်လောင်းမြို့မှ ၎င်းဒေသခံအမျိုးသားက ဆက်ပြောသည်။

“ဈေးထဲမှာ ငါးလာရောင်းတဲ့ အမျိုးသမီး တစ်ယောက်ကို ထိုင်ခိုင်းတယ်၊ ပြီးတော့ ငွေတောင်းတယ်။ ပေးလိုက်လား မပေးလိုက်လား မသိပေမဲ့ သေနတ်ကို အပေါ် ထောင်ပစ်လိုက်တယ်။ လူတွေအကုန် လန့်တော့ ဆိုင်တွေသိမ်းကြတာ၊ တနေကုန် လူတောင်မရှိဘူး”ဟု ၎င်းအမျိုးသားက ဆက်ပြောသည်။

အောက်တိုဘာလ ပထမပတ်မှစ၍ ပင်လောင်းမြို့နယ် နေရပ်ပြန်သွားသော ဒေသခံများကို စစ်ကောင်စီ လက်အောက်ခံ ပအိုဝ်းပြည်သူ့စစ် PNO က အသက် (၁၆) နှစ်မှ အသက် (၆၀) အတွင်း အမျိုးသားများကို စစ်မှုထမ်းရန် ခေါ်ဆောင်သွားပြီး အချို့ကို ရွာအတွင်း၌ ကင်းစောင့်ခိုင်းနေကြောင်း သိရသည်။

ပင်လောင်းမြို့နယ်အတွင်း နောင်ဝိုးကျေးရွာ၊ လှဲလောင်းနှင့် အခြားသော နေရပ်ပြန်သွားသည့် ကျေးရွာဒေသခံများကို ပအိုဝ်းပြည်သူ့စစ် PNO မှ စစ်မှုထမ်းရန် ယခုနည်းလမ်းကို အသုံးပြုခေါ်ယူနေကြောင်း သိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

တောင်ကြီးမြို့နယ် အတွင်း စစ်တပ်နှင့် PNO က စစ်အသုံးစရိတ် တလ ကျပ်ငါးသောင်းကောက်

0
သျှမ်းပြည်တောင်ပိုင်း၊ တောင်ကြီးမြို့နယ် အတွင်း စစ်ကော်မရှင်တပ်နှင့် ပအိုဝ်းပြည်သူ့စစ် (PNO) က စစ်အသုံးစရိတ်အတွက် တစ်လ ကျပ်ငါးသောင်း ကောက်ခံနေကြောင်း သတင်းရရှိသည်။ စစ်ကော်မရှင်တပ်သည် တောင်နီကျေးရွာနှင့် ကျောက်နီကျေးရွာဘက်တွင် စစ်မှုထမ်းကြေးနှင့် စစ်အသုံးစရိတ်အတွက်ဟု ဆိုကာ တစ်အိမ်လျှင် ကျပ်ငါးသောင်းကို တစ်လတစ်ကြိမ် ပေးဆောင်ရန် ညွှန်ကြားခဲ့သည်။ ထိုသို့ ညွှန်ကြားထားသောကြောင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးများက...

မြေသိမ်းခံရသည့် ဟိုပုံးဒေသခံများ တရားမျှတမှု မရရှိသေး

0
သျှမ်းပြည်တောင်ပိုင်း၊ ဟိုပုံးမြို့နယ် တွင် ပအိုဝ်းပြည်သူ့စစ် (PNO) နှင့် မြေပွဲစားများပူးပေါင်းပြီး အသိမ်းခံရ မြေယာနှင့်ပတ်သက်ပြီး ယနေ့ (သြဂုတ် ၇)ရက်အထိ ပြည်သူများ တရားမျှတမှု မရရှိသေးကြောင်း ဒေသခံများထံမှ သိရသည်။ ပြီးခဲ့သည့် ဖေဖော်ဝါရီလ ဒုတိယပတ်မှစပြီး ဟိုပုံးမြို့နယ် ညောင်ဗက်ကျေးရွာရှိ အိမ်ခြေ၂၀၀ ကျော်ကို ကျူးကျော်နေထိုင်သူဟုဆိုကာ...

ပင်လောင်းတွင် တောင်ကျရေကြောင့် စိုက်ခင်းများ ပျက်စီး၊ နေရာပြောင်းရွှေ့ရန် စီစဉ်

0
သျှမ်းပြည်တောင်ပိုင်း၊ ပင်လောင်းမြို့နယ်တွင် တောင်ကျရေကြောင့် စိုက်ခင်းများ ပျက်စီးပြီး နေရာပြောင်းရွှေ့ရန် စီစဉ်နေကြောင်း သတင်းရရှိသည်။ ပြီးခဲ့သည့် ဇူလိုင်လ ပထမပတ်မှစပြီး သျှမ်းတောင်၌ မိုးများ ဆက်တိုက်ရွာသွန်းခဲ့ပြီးနောက် တောင်ကျရေကြောင့် တီကျစ်ဒေသနှင့် နောင်တရားဒေသတွင် ပြောင်းစိုက်ခင်းနှင့် ရာသီပေါ်သီးနှံစိုက်ခင်းများ ရေနစ်မြှုပ် ပျက်စီး သွားခဲ့သည်။ ထိုသို့ သီးနှံများ ပျက်စီးဆုံးရှုံးသောကြောင့် နောက်ထပ်...

ညောင်ရွှေ PNO က စစ်သားသစ်အတွက် ငွေကောက်၊ ပိုင်ဆိုင်မှုရောင်းပြီး ပေးဆောင်နေရ

0
သျှမ်းပြည်တောင်ပိုင်း ညောင်ရွှေမြို့နယ်ရှိ ကျေးရွာများကို ပအိုဝ်းပြည်သူ့စစ် (PNO) မှ တပ်သားသစ် အစားထိုးရန်အတွက် တအိမ်လျှင် ကျပ်သိန်းနှင့်ချီသော ငွေကြေးများကို အတင်းအဓမ္မ ကောက်ခံနေကြောင်း နေရပ်ပြန်စစ်ဘေးရှောင်များထံမှ သိရသည်။ ညောင်ရွှေမြို့နယ် လင်လံ (တောင်) ကျေးရွာအုပ်စုရှိ တောင်ပို့ကွဲ၊ ဟိုပန်၊ နမ့်ပွန်နှင့် ထီရိ စသည့် ကျေးရွာများတွင်...

ဆီဆိုင်တွင် PNO ကားဖြင့် အတိုက်ခံရပြီး အမျိုးသားတဉီး သေဆုံး၊ အမျိုးသမီး ထိခိုက်ဒဏ်ရာရ

0
သျှမ်းပြည်တောင်ပိုင်း၊ ဆီဆိုင်မြို့နယ် ဆမ်ဆိုင်ရွာနှင့် ကွန်ကောင်းမူးရွာကြားတွင် ပအိုဝ်းပြည်သူ့စစ်(PNO) မောင်းလာသည်ကားနှင့် ဆိုင်ကယ်တိုက်မိဖြစ်ပွားကာ အမျိုးသားတဉီး ပွဲချင်းပြီးသေဆုံးပြီး အမျိုးသမီး ထိခိုက်ဒဏ်ရာ ပြင်းထန်ကာ ဆေးရုံသို့ပို့ဆောင်ထားကြောင်း သတင်းရရှိသည်။ ဖြစ်စဉ်မှာ ပြီးခဲ့သည့် ဇူလိုင်လ (၂၀)ရက်ည နေ (၅)နာရီဝန်းကျင်တွင် ဆီဆိုင်မြို့နယ် ဆမ်ဆိုင်ရွာနှင့် ကွန်ကောင်းမူးရွာကြားတွင် တောင်ယာမှ ဆိုင်ကယ်ဖြင့်...