တက်တူးထိုးထားသည့် အထက ၅ တောင်ကြီး ကျောင်းသားများ တပ်ဆေးရုံတွင်သွားဖျက်ခိုင်း

သျှမ်းပြည် မြို့တော် တောင်ကြီးမြို့ အမှတ် ၅ (အထက) အထက်တန်းကျောင်းတွင် တက်တူးထိုးထားသည့် အလယ်တန်း၊ အထက်တန်းကျောင်းသားများအား တန်းစီခေါ်ယူ၍ အလှည့်ကျ တပ်ဆေးရုံတွင် သွားရောက် ဖျက်ခိုင်းသည်ဟု သိရသည်။

ပြီးခဲ့သည့်အပတ် သောကြာနေ့ နို၀င်ဘာလ ၁၀ ရက်နေ့ကစပြီး ၊ ရိုးရာဆေးမှင်ကြောင်များ၊ တက်တူးများ ထိုးထားသည့် ကျောင်းသား ရ၀ ခန့်အား တောင်ကြီးမြို့ အရှေ့ပိုင်းတိုင်းလက်အောက်ခံ စစ်ဆေးရုံတွင် အလှည့်ကျ သွားရောက်ဖျက်စေကြောင်း ကျောင်းသားမိဘတဦးဖြစ်သည့် နန်းရင်က ပြောသည်။

“သားကိုကျောင်းသွားပို့တုန်းက ဆရာမက ဘာမှမပြောဘူး။ ကျမ အိမ်ပြန်ရောက်မှ ဖုန်းဆက်လာတယ်။ တက်တူးဖျက်ရမယ်တဲ့ ။ အဲဒါကို စစ်ဆေးရုံမှာ သွားဖျက်မယ်ဆိုတော့ လှန့်သွားတယ်။ ကျမ လိုက်သွားတော့ ကလေးကိုထုံဆေးပေးပြီး ဖျက်တာ။ ထုံဆေးပျယ်တော့နာပြီလေ။ သားလဲငို။ ကျမလဲ သားကိုကြည့်ပြီး သနားလို့လိုက်ငိုကြတယ်သားအမိ ၂ ယောက်။ ဒီနေ့ထိ ၃-၄ ရက်ရှိပြီ။ အနာမပျောက်သေးဘူး။ သားအနာက သွေးကြောနဲ့နီးတော့ ကျမ စိုးရိမ်လို့ ညည အိပ်မပျော်နိုင်ဘူး။”- ဟု နန်းယိင်းကပြောပြသည်။

အထက ၅ ကျောင်းတွင် တက်တူးထိုးသည့်ကျောင်းသားလေးများ ရ၀ ခန့်ရှိပြီး တရက်လျင် ၃-၄ ဦးစီ စစ်ဆေးရုံသို့ခေါ်ဆောင်ကာ ဖျက်ပေးမည်ဖြစ်ဟု ဆရာမ များပြောကြောင်း ကျောင်းသားမိဘများ ကပြောဆို နေသည်။

ကျောင်းသားများ၏ တက်တူးမှာ အသဲပုံတက်တူး၊ အိမ်မြောင်ပုံတက်တူး၊ ပန်းပုံတက်တူးတို့အပြင်တချို့မှာ သျှမ်းရိုးရာ နမောကင် ခေါ် ဂါဋ္ဌာဆေးမှင်ကြောင်လည်းပါ၀င်ကြောင်း၊ ၅ တန်းကျောင်းသားမှ ၁၀ တန်း ကျောင်းသား များဖြစ်ကြောင်း မူလတန်းပြဆရာမ တဦးကပြောသည်။

ယခုကဲ့သို့ကျောင်းသားလေးများအား ထုံဆေးပေး တက်တူးဖျက်ခြင်းပြုလုပ်မှုမှာ ပထမဆုံး အကြိမ်ပြုလုပ် ခြင်းဖြစ်ပြီး အထက်တန်းကျောင်းသားများနှင့် တက်တူးမှာ မအပ်စပ်သဖြင့်ဟုသာ ကျောင်းကော်မတီဝင် ဆရာမတဦးကပြောသည်။
ကျောင်းအုပ်ဆရာမကြီး ဒေါ်ဆွေဆွေအောင်အားဆက်သွယ်သော်လည်း အစည်းအဝေးတွင်ရှိနေ သဖြင့်ဖြေကြားရန်အဆင်မသင့်သေးဟု သျှမ်းသံတော်ဆင့်အား ပြောသည်။

အဆိုပါအထက်တန်းကျောင်းသားကလေးများအား ထုံဆေးပေးပြီးတက်တူးဖျက်ပေးနေသည်မှာ စစ်မှုမထမ်းမနေရ စနစ်အတွက် ကြိုတင်ပြင်ဆင်ခြင်းလော-ဟုလည်းကျောင်းသားမိဘတချို့နှင့်ဆရာ ဆရာမတချို့ကပြောဆိုနေကြသည်။

“ကျနော့်အမြင်တော့ မကြာသေးခင်က ပြဌာန်းထားတဲ့ နိုင်ငံသားအားလုံး အသက် ၁၈ နှစ် ပြည့်သူတိုင်း စစ်မှု မထမ်းမနေရကိစ္စနဲ့ပတ်သက်နိုင်တယ်။ မြန်မာ့တပ်မတော် စစ်ရာထူးခန့်ချုပ်ဆိုင်ရာ စည်းမျဉ်းမှာ တက်တူး ထိုးထားသူ ပါ၀င်ခွင့်မရှိဘူးလေ တပ်မှာ။ ဘာဘဲဖြစ်ဖြစ်ကျောင်းသားမိဘနဲ့အရင်ဆုံးတိုင်ပင်သင့်တယ်။ ကျောင်းဆောင်ပုဒ်ကိုက မိဘ ဆရာ ပူးပေါင်း ကလေးပညာကောင်းမဟုတ်လား။ ”- ဟု ကလေးဖခင်တဦးက သျှမ်းသံတော်ဆင့်သို့ပြောသည်။

တောင်ကြီးမြို့တွင် အခြေခံအထက်တန်းကျောင်း (အထက) ကျောင်း ရ ကျောင်း ရှိသည့် အနက် အထက ၅ တွင် ပထမ ဦးဆုံး တက်တူးဖျက်ခြင်း အစီအစဉ်လုပ်နေသည်ဟု ကြားသိရကြောင်း၊ အခြားကျောင်းများ ထိုကဲ့သို့ ပြုလုပ်ခြင်းမရှိ သေး ကြောင်း ကျောင်းသားမိဘ များကပြောကြားသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

စပါးကျီအစား အကြွေးကျီသာ ပြည့်နှက်နေသည့် ပုံးအင်းလွင်ပြင်

0
စပါးရိတ်သိမ်းပြီးစ ရိုးပြတ်များသာ ကျန်ရှိတော့သည့် ပုံးအင်းလွင်ပြင်၏ တိတ်ဆိတ်ခြောက်ကပ်နေသော မြင်ကွင်းကို ငေးကြည့်ရင်း အသက် ၄၀ အရွယ် နန်းဟွမ်တယောက် သက်ပြင်းအရှည်ကြီး ချလိုက်မိသည်။ လယ်ကွင်းထဲတွင် ရိတ်သိမ်းစရာ စပါးနှံများ မရှိတော့၍ အလုပ်အားသွားပြီ ဖြစ်သော်လည်း သူမ၏ ရင်ထဲတွင် ရှေ့ဆက်ရမည့် ဘဝခရီးအတွက် ပူပန်မှုများက အပြည့်နေရာယူထားဆဲ...

စစ်စရိတ်နှင့် သယံဇာတ – တအာင်းဒေသတွင် မြေရှားသတ္တုတူးဖော်မှု အရှိန်အဟုန်ဖြင့် တိုးလာနေ

0
ကမ္ဘာ့နည်းပညာလောက၏ လျှပ်စစ်ကား (EV) ဘက်ထရီများနှင့် ခတ်မီစစ်လက်နက်များ ထုတ်လုပ်ရန်အတွက် လေးလံမြေရှားဒြပ်စင် (Heavy Rare Earth) များသည် မရှိမဖြစ် လိုအပ်လာနေသည်။ ထိုလိုအပ်ချက်ကို ဖြည့်ဆည်းပေးနေသည့် ကမ္ဘာ့အကြီးဆုံး ရင်းမြစ်တစ်ခုမှာ မြန်မာနိုင်ငံ ဖြစ်လာခဲ့သည်။ သို့သော်လည်း လက်ရှိတွင် အဆိုပါလုပ်ငန်းများသည် ကချင်ပြည်နယ်မှတစ်ဆင့် သျှမ်းပြည်မြောက်ပိုင်းရှိ တအာင်း (ပလောင်)...

တုက္ကစီဒိုသခင်လေးနဲ့ ခေတ်သစ်မြို့ပြလူတွေရဲ့ အဖော်မွန်

0
မနက်တိုင်း ကျနော့မှာ နာရီနှိုးစက် သီးသန့်ပေးထားစရာ မလိုပါဘူး။ ဘာလို့လဲဆိုတော့ (၇) ကီလိုလောက်ရှိတဲ့ အမွေးပွ "နှိုးစက်ကြီး" က ကျနော့်ရင်ဘတ်ပေါ် တက်ထိုင်ပြီး နှိုးတတ်လို့ပါ။ သူကတော့ ကျနော်ရဲ့ ပထမဆုံး ကိုယ်တိုင်မွေးထားတဲ့ "အိုက်တမ်" ဆိုတဲ့ ကြောင်လေးပေါ့။ "အိုက်တမ်" ဆိုတာ မြန်မာလိုဆိုရင်တော့ "အမဲလေး"...

“အကျပ်အတည်း နှင့် ဖြစ်နိုင်ချေကြားမှ မြန်မာ့ အသွင်းကူးပြောင်းရေးအတွက် အသံ”

0
“အကျပ်အတည်းကြား နှင့် ဖြစ်နိုင်ချေကြားမှ မြန်မာ့ အသွင်းကူးပြောင်းရေးအတွက် အသံ” ဆိုသည့် ခေါင်းစဉ်ကို ဉီးတည်ကာ အဓိကထားဆွေးနွေးသွားမည့် (၅)ကြိမ်းမြောက် မြန်မာ့အရေး နိုင်ငံတကာ လေ့လာရေး ညီလာခံ (International Conference on Burma/Myanmar Studies) ကို ယနေ့ (သြဂုတ် ၁၄ရက်မှ...

တောင်ကြီး လူငယ်တဦး ပေါ်တာဆွဲခံရ၊ ပြန်ထုတ်ရန်ပွဲစားငှားရမ်းရာ လိမ်ခံရပြန်

0
သျှမ်းပြည်တောင်ပိုင်း တောင်ကြီးမြို့တွင် စစ်ကော်ရှင်တပ်က လူငယ်တဉီးကို ဖမ်းဆီးပေါ်တာဆွဲခဲ့ရာ မိသားစုဝင်များ ကလူငယ်ကို ပြန်ထုန်ရန် အတွက် ပွဲစားငှားရမ်းရာာတွင် လိမ်ခံရပြန်ကြောင်း သတင်းရရှိသည်။ ပြီးခဲ့သည့် ဩဂုတ်လ ပထမပတ်တွင် စစ်ကော်မရှင်၏ တပ်သားများသည် ညဈေးမှမုန့်ဝယ်ပြီး နေအိမ်သို့ ပြန်လာသည့် တောင်ကြီးမြို့ခံ အသက် (၂၈) နှစ်အရွယ် အမျိုးသားတစ်ဦးကို...