ကွမ်းလုံ-ဟိုပန်ကြား စစ်ကောင်စီတပ် လေကြောင်းဗုံးကြဲ နေအိမ်ပျက်စီးပြီး ပြည်သူစိုးရိမ်ထိတ်လန့်

သျှမ်းပြည် ကွမ်းလုံနှင့် ဟိုပန်မြို့အကြားရှိ နမ့်ဟူးကျေးရွာကို စစ်ကောင်စီတပ်က လေကြောင်းဗုံးကြဲ တိုက်ခိုက်မှုကြောင့် နေအိမ်ပျက်စီးပြီး ပြည်သူများ စိုးရိမ်ထိတ်လန့်နေကြောင်း စုံစမ်းသိရသည်။

ယနေ့ (အောက်တိုဘာလ ၂၀ ရက်) နံနက်အစောပိုင်း ၁ နာရီခန့်တွင် ကိုးကန့်တပ်ဖွဲ့ MNDAA ထိန်းချုပ်ထားသည့် ကွမ်းလုံနှင့် ဟိုပန်မြို့အကြားရှိ နမ့်ဟူးကျေးရွာသို့ စစ်ကောင်စီတပ်မှ လေကြောင်းဖြင့် ဗုံး(၁) လုံး ကြဲချတိုက်ခိုက်ခဲ့ရာ နမ့်ဟူးဘုန်းကြီးကျောင်းအနီး ကျရောက်ပေါက်ကွဲပြီး ပြည်သူနေအိမ်(၅)လုံးထက်မနည်း ထိခိုက်ပျက်စီးခဲ့ကြောင်း ဒေသခံများက ပြောသည်။

ပုံစာ – ကွမ်းလုံမြို့နယ် နမ့်ဟူးရွာ လေကြောင်းဗုံးကြဲခံရပြီးနောက် နေအိမ်ပျက်စီးမှု

“လူအိပ်ချိန် ဘုန်းကြီးကျောင်းနားက တရုတ်အိမ်ကို ဗုံးမှန်တာ၊ လူတော့မထိဘူး။ အိမ်ရှင်က တခြားနေရာ သွားအိပ်လို့ ဘာမှမဖြစ်လိုက်ဘူး။ အသံက ဟိုပန်ဘက်ထိလည်း အကျယ်ကြီး ကြားရတော့ အကုန်လန့်နေကြတယ်။ ဟိုပန်နဲ့ နမ့်ဟူးက ဖောင်ဆိပ်တံတားပဲ ခြားတာ”ဟု ကွမ်းလုံဒေသခံ အမျိုးသားတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

ကိုးကန့်တပ်ဖွဲ့ MNDAA သည် ၎င်းထိန်းချုပ်ရာ အထူးဒေသ(၁) သို့ ဖြတ်ငါးဖြတ် လုပ်ဆောင်ရန် တရုတ်အာဏာပိုင်များနှင့် ‘ဝ’တပ်ဖွဲ့ UWSA ထံမှ ဖိအားများနှင့် ရင်ဆိုင်နေရစဉ် သိန္နီမြို့နှင့် လောက်ကိုင်မြို့အပြင် ကွမ်းလုံမြို့တို့တွင် စစ်ကောင်စီတပ်သည် လေကြောင်းဖြင့် ထပ်မံဗုံးကြဲ တိုက်ခိုက်လာခြင်း ဖြစ်သည်။

ပုံစာ – ကွမ်းလုံမြို့နယ် နမ့်ဟူးရွာ လေကြောင်းဗုံးကြဲခံရပြီးနောက် နေအိမ်ပျက်စီးမှု

ယခု လေကြောင်းဗုံးကြဲတိုက်ခိုက်ခံရသည့် ကွမ်းလုံမြို့နယ်အတွင်းရှိ နမ့်ဟူးရွာသည် “၁၀၂၇ စစ်ဆင်ရေး”အတွင်း ညီနောင်မဟာမိတ်များ သိမ်းပိုက်ပြီး ‘ဝ’တပ်ဖွဲ့ UWSA ထံ လွှဲပြောင်းပေးခဲ့သည့် ဟိုပန်မြို့နှင့် ဖောင်ဆိပ်တံတားသာ ခြားပြီး ကိုးကန့်ဒေသအတွင်း ကုန်ပစ္စည်းသယ်ယူနိုင်ရန် အရေးပါသည့် နေရာဖြစ်ကြောင်း ဒေသခံများထံမှ သိရသည်။

မြန်မာ-တရုတ် နယ်စပ်တလျှောက်ရှိ ကိုးကန့်တပ်ဖွဲ့ MNDAA ထိန်းချုပ်ထားသည့် နယ်စပ်ဂိတ်များကို တရုတ်အာဏာပိုင်များဘက်မှ ပိတ်ပင်ထားပြီး စက်တင်ဘာလမှ စတင်၍ လောက်ကိုင်၊ ချင်းရွှေဟော်၊ ကွမ်းလုံနှင့် သိန္နီမြို့များသို့ တရုတ်ဘက်နှင့် ‘ဝ’ဒေသဘက်မှ ကုန်ပစ္စည်း သယ်ဆောင်ခွင့် မရခြင်းကြောင်း ရိက္ခာပြတ်လပ်မှုနှင့် ရင်ဆိုင်ရမည်ကို စိုးရိမ်နေကြောင်း ဒေသခံများက ပြောသည်။

အလားတူ ယမန်နေ့ (အောက်တိုဘာလ ၁၉ ရက်) နံနက်အစောပိုင်း လူအိပ်မောကျချိန်တွင်လည်း လောက်ကိုင်မြို့ တုံချိန်ရပ်ကွက်အတွင်း စစ်ကောင်စီတပ်မှ လေကြောင်းဖြင့် ပေါင် (၅၀၀) ဗုံးများ ကြဲချတိုက်ခိုက်ခဲ့ရာ (၃၁၁) ပန်းခြံအနီး ကျရောက်ပေါက်ကွဲခဲ့ပြီး နေအိမ်နှင့် ဆိုင်ခန်းများစွာ ထိခိုက်ပျက်စီးခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

“တံလျှပ်” ဖြစ်နေသော အာဏာသိမ်းစစ်တပ်၏ ထင်ယောင်ထင်မှား အရှိန်အဟုန် သို့မဟုတ်စစ်တပ်၏ အထင်မှား “အောင်ပွဲများ”

0
မြန်မာစစ်တပ်သည် ဖလမ်း၊ လားရှိုး၊ မြဝတီ၊ ကျောက်မဲနှင့် တကောင်း ကဲ့သို့သော အဓိကဗဟိုချက်များအပါအဝင် အနည်းဆုံး မဟာဗျူဟာမြောက်နယ်မြေ ၂၀ ကို ပြန်လည်ထိန်းချုပ်နိုင်ခဲ့ကြောင်း ဇွန်လနှောင်းပိုင်းတွင် သံလွင်တိုင်းမ် (ThanLwin Times) သတင်းဌာနက ဖော်ပြခဲ့သည်။ သို့သော် ဘားမားနယူးစ်အင်တာနေရှင်နယ် (BNI) နှင့် မြန်မာ့ငြိမ်းချမ်းရေးစောင့်ကြည့်မှုအဖွဲ့ (MPM)...

နန်းမယ်ခုံမြို့နယ်ကို စစ်တပ်က ထပ်မံ လေကြောင်းဗုံးကြဲ

0
ကရင်နီပြည် နန်းမယ်ခုံမြို့နယ်ကို စစ်ကော်မရှင်တပ်က လေကြောင်းဖြင့် ထပ်မံ ဗုံးကြဲ တိုက်ခိုက်ခဲ့ကြောင်း စုံစမ်းသိရသည်။ ယနေ့ (ဇွန်လ ၂၉ ရက်) နေ့လည် ၁ နာရီဝန်ကျင်တွင် နန်းမယ်ခုံမြို့နယ်ကို စစ်ကော်မရှင်တပ်က လေကြောင်းဖြင့် ထပ်မံဗုံးကြဲတိုက်ခိုက်ခဲ့ပြီး နေအိမ်အချို့ ထိခိုက်ပျက်စီး ခဲ့ကြောင်း မြေပြင်တွင် စစ်ဘေးရှောင်ကူညီနေသူ အမျိုးသားတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။ “ဒီနေ့ နေ့လည်က ဗုံးကြဲသွားတာ ဟုတ်ပါတယ်။နန်းမယ်ခုံ တဝိုက်ကိုပဲ ကြဲသွားတာပါ။ လူအထိခိုက်တော့ မရှိဘူးဗျ။အိမ် နှစ်လုံးပေါ်ကျတာ။”ဟု မြေပြင်တွင် စစ်ဘေးရှောင်ကူညီနေသူ အမျိုးသားတစ်ဦးက ပြောသည်။  ပြီးခဲ့သည့် ဇွန်လ (၂၄) ရက်တွင်လည်း နန်းမယ်ခုံမြို့နယ်အတွင်းရှိ ကျေးရွာတစ်ရွာကို စစ်ကောင်စီတပ်က ဒရုန်းဖြင့်ဗုံးကြဲတိုက်ခိုက်ခဲ့ရာ ကလေးငယ် (၂) ဦး သေဆုံးခဲ့သည်။ ယမန်နေ့ (ဇွန်လ ၂၈ ရက်) တွင်လည်း မိုးဗြဲအနီးရှိ စစ်ကော်မရှင်တပ် စခန်းတစ်ခုကို တော်လှန်ရေး တပ်ပေါင်းစုများကဝင်ရောက် တိုက်ခိုက်ခဲ့ရာ စစ်မှုထမ်း စစ်သား (၁) ဦးသေဆုံးခဲ့ပြီး စစ်သုံ့ပန်း (၂) ဦး နှင့် အတူ လက်နက်ခဲယမ်းများသိမ်းဆည်းရမိခဲ့ကြောင်းသိရသည်။

မိုးဗြဲအနောက်ခြမ်း ဘီကင်းကျေးရွာ အနီးကို စစ်တပ်က လေကြောင်းဗုံးကြဲ

0
သျှမ်းပြည် တောင်ပိုင်း မိုးဗြဲအနောက်ခြမ်း ဘီကင်းကျေးရွာ အနီးကို စစ်ကော်မရှင်တပ်က လေကြောင်းဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း သိရသည်။ ယမန်နေ့ ( ဇွန်လ ၁၈ ရက်) ည ၆ နာရီခွဲကျော်တွင် မိုးဗြဲအနောက်ခြမ်း ဘီကင်းကျေးရွာကို စစ်ကောင်မရှင်တပ်က ဂျက်ဖိုက်တာလေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း မြေပြင်တွင်လှုပ်ရှားနေသည့် သတင်းအရင်းမြစ်တစ်ဦးက သျှမ်းသံတောဆင့်ကို ပြောသည်။ “ကျနော်...

“ဝမ်းရေးအိပ်မက်ကြား အသက်ပါရင်းလိုက်ရသည့် ၁၆ နှစ်သမီးလေး”

0
“သမီး အခန်းထဲကနေ ထွက်လာတော့ သူ (သူငယ်ချင်း)က စားပွဲခုံပေါ်မှာ မှောက်ပြီး လဲနေတာ တွေ့တယ်။ သူ့ရဲ့ မျက်နှာတွေမှာရော လက်တွေမှာရော ဒဏ်ရာတွေ အများကြီး တွေ့ရတယ်။ သမီး သူ့ကို သွားနိုးသေးတယ်။ သူက မထလာတော့ဘူး” သျှမ်းပြည် တောင်ကြီးမြို့ ဗိုလ်ချုပ်အောင်ဆန်းလမ်းပေါ်ရှိ Peter ဘားဆိုင်တွင်...

စစ်ကော်မရှင် တရုတ်ကုန်စည်စီးဆင်းမှု တားမြစ်ပိတ်ပင်မှု တင်းကြပ်လာ

0
သျှမ်းပြည်မြောက်ပိုင်းသည် တရုတ်ကုန်စည်ကိုသာ အဓိက အားကိုးနေရချိန်တွင် စစ်ကော်မရှင်က ရက် ၁၀၀ စီမံကိန်းအနေဖြင့် ၎င်းကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်တင်းကြပ်လာသည်။ ထိုကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်မှု တင်းကြပ်လာသဖြင့် ပြည်တွင်းကုန်တင်ယာဉ်များလည်း အလုပ်ရပ်နားထားရပြီး ပြည်သူများလည်း ကုန်စည်စျေးနှုန်းများ ထပ်မံမြင့်တက်လာမှုကို ရင်ဆိုင်နေရကြောင်း သျှမ်းမြောက်ပြည်သူများထံမှ စုံစမ်းသိရှိရသည်။ ပြီးခဲ့သည့် ရက်ပိုင်အတွင်းမှ စတင်ကာ စစ်ကော်မရှင်သည် လားရှိုးမြို့သို့...