Tuesday, January 27, 2026

မိုင်းတုံမြို့ သွေးလွန်တုပ်ကွေး ဖြစ်ပွားသူများ သေဆုံးသူရှိလာ

သျှမ်းပြည်အရှေ့ပိုင်း မိုင်းတုံမြို့တွင် ရေကြီး၊ ရေလျှံမှုများဖြစ်ပြီးနောက်ပိုင်း သွေးလွန်တုပ်ကွေး ကူးစက်ခံရသူများပြီး သေဆုံးသည့်အထိရှိကြောင်း စုံစမ်းသိရသည်။

မိုင်းတုံမြို့တွင် လူကြီး၊လူငယ်မရွေး သွေးလွန်တုပ်ကွေး အဖြစ်များနေသည့်အတွက် ဆေးရုံ/ ဆေးခန်း များတွင် လူနာများပြည့်နေကာ ကျန်းမာရေး စောင့်ရှောက်မှုအတွက် အခက်အခဲ ရှိနေကြောင်း သိရသည်။

(စက်တင်ဘာလ တတိယ)ပတ်တွင် ယာဉ်မောင်းသူ အမျိုးသားတစ်ဦးသည် သွေး ၆ ပုလင်းသာသွင်းရပြီး ၊ အမျိုးသမီးဖြစ်သူတစ်ဦးနှင့် ကလေးငယ်တစ်ဦး သွေးလွန်တုပ်ကွေးကြောင်း အသက်ဆုံးရှုံးခဲ့ရကြောင်း ကျန်းမာရေး ဝန်ထမ်းတစ်ဉီးက သျှမ်းသံတော်ဆင့်ကိုပြောသည်။

“စက်တင်ဘာလမှာ သွေးလွန်တုပ်ကွေးတွေ အရမ်းဖြစ်ကြတယ် ဆေးရုံး၊ဆေးခန်းတွေဆို လူနာအပြည့်ပဲ။ အရင်လ တတိယပတ်မှာပဲ ကားဆရာတစ်ယောက် သွေး ၆ ပုလင်းတောင်သွင်းရတယ်။ မ အမျိုးသမီးတစ်ဦးနဲ့ ကလေးငယ်တစ်ဦး သေဆုံးသွားတယ်။ ဖုန်းလိုင်းမရတော့ ပိုခက်တယ် ဘယ်မှလည်း ဆက်သွယ်လို့မရဘူး” ဟု ၎င်းက ပြောသည်။

သွေးလွန်တုပ်ကွေးနှင့် ရာသီတုပ်ကွေးရောဂါများကို ကုသရာတွင် အခြေခံလိုအပ်သည့် ဆေးဝါးများမှအစ ခြင်ထောင်၊ ကလိုရင်းဆေးမှုန့်၊ ခြင်ဖြန်းဆေး စသည်ဖြင့် လိုအပ်ချက်များစွာ ရှိနေကြောင်းနှင့် ကျန်းမာရေး တာဝန်ရှိသူများလည်း လာရောက်အသိပေး ဟောပြောခြင်များမရှိနေကြောင်း က ဒေသခံအမျိုးသမီးတစ်ဉီးက ပြောသည်။
“လမ်းပန်းဆက်သွယ်ရေးကခက်ခဲ ဖုန်းလိုင်းတွေ ပြန်မရတာအော်။ ကျန်းမာရေတာဝန်ရှိတဲ့သူတွေလည်း ပညာပေး လာရောက်ဟောပြောတာတွေ မရှိဘူး ။ ရွာတွေဘက်မှာဆို ပိုဆိုးတယ် အရမ်းဖျားကြတယ်။ အဲလိုတွေကြောင့် သေဆုံးသူတွေလည်း ရှိလာပြီ ဘာတွေ ဆက်ဖြစ်အုန်းမလည်းမသိတော့ဘူး “ဟု ၎င်းက ပြောသည်။

လက်ရှိ မိုးရာသီသည် တုပ်ကွေး ဖြစ်များသည့် ရာသီဖြစ်သည့်အတွက် ဒေသခံများ အနေဖြင့် ရေနုတ်မြောင်း၊ ချုံပုတ်များ နှင့် ခြင်များပေါက်များနိုင်သည့် နေရာများ ရှင်းလင်းထားမှုများလည်းရှိသည်ဟု ဒေသခံပြောပြချက်အရ သိရသည်။

မိုးရာသီအချိန်သည် တုပ်ကွေးရောဂါများ အပြင် ကူးစက်လွယ် ရောဂါများ ဖြစ်ကြသည့် နှာစေး၊ ချောင်းဆိုး၊ ဖျားနှာသည့် ရောဂါများလည်း အဖြစ်များကြကြောင်း သိရသည်။

ယင်းကဲ့သို့ ရောဂါကူးစက် ဖြစ်ပွားမှုများကို အချိန်မှီ ကုသမှု မရှိနိုင်ပါက နှလုံးရောဂါ၊ အဆုတ်ရောဂါ နှင့် ခန္ဓာကိုယ်တွင်း ရေဓာတ်ခမ်းခြောက်ခြင်းများ ဖြစ်စေနိုင်ကြောင်းလည်း ကျန်းမာရေးဆိုင်ရာ ဌာနများဖော်ပြချက်တွင် ဖော်ပြထားသည်။

အလုပ်သင် သတင်းထောက် နန်းဆိုင်ခမ်းရေးသားသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

မိုင်းပန်-မိုင်းတုံကြား သံလွင်တံတားသစ်(တာဆန်း)ကို စစ်ခေါင်းဆောင် လာရောက်ဖွင့်လှစ်

0
သျှမ်းပြည် မိုင်းပန်မြို့နှင့် မိုင်းတုံမြို့ကြား အသစ်တည်ဆောက် ပြီးစီးခဲ့သည့် သံလွင်မြစ်ကူးတံတား(တာဆန်း) ကို စစ်ခေါင်းဆောင် မင်းအောင်လှိုင် လာရောက်ဖွင့်လှစ်ပေးခဲ့ကြောင်း စုံစမ်းသိရသည်။ ယမန်နေ့ (ဇန်နဝါရီလ ၂၀ ရက်) နံနက် ၁၁ နာရီခွဲတွင် မိုင်းပန်မြို့နှင့် မိုင်းတုံမြို့ကြားရှိ သံလွင်မြစ်ပေါ်တွင် အသစ်တည်ဆောက် ပြီးစီးခဲ့သည့် သံလွင်မြစ်ကူးတံတား(တာဆန်း) ကို...

ပင်လောင်းမြို့ ပေါင်းလောင်းတွင် တောင်ကျရေကြောင့် လူနှစ်ဦး သေဆုံး၊ နှစ်ဦး အပြင်းထန်ဒဏ်ရာရ

0
သျှမ်းပြည်တောင်ပိုင်း၊ ပင်လောင်းမြို့နယ် ပေါင်းလောင်းမြို့သစ် သပြေကုန်းအုပ်စု ဧဒင်ကျေးရွာတွင် တောင်ကျရေကြောင့် လူနှစ်ဦး သေဆုံးပြီး၊ နှစ်ဦးအပြင်းထန် ဒဏ်ရာရှိသွားကြောင်း သတင်းရရှိသည်။ ဖြစ်စဉ်မှာ ယမန်နေ့ ( ဩဂုလတ် ၂၇) ရက် နံနက် ၂ နာရီ လူအိပ်ချိန်တွင် ရုတ်တရက် တောင်ပြိုပြီး တောင်ကျရေနှင့်အတူ ကျောက်တုံး၊...

မူဆယ်မြို့ အမျိုးသမီးတစ်ဦး ဓားပြတိုက်ခံရပြီး သေဆုံး

0
သျှမ်းပြည် မူဆယ်မြို့တွင် အမျိုးသမီးတစ်ဦး ဓားပြတိုက်ခံရပြီး ဓားခုတ်ဒဏ်ရာများဖြင့် သေဆုံးသည့်အထိရှိကြောင်း သတင်းရရှိသည်။ ယနေ့ (ဇူလိုင်လ ၂၆) ရက် မနက် ၉ နာရီဝန်းကျင်တွင် မူဆယ်မြို့ တောင်ပေါ် ဘုရားအနီးတွင် အမျိုးသမီးတစ်ဉီးး၏ ပိုက်ဆံအိတ် ကို အမည်မသိသူက ဓားပြတိုက်ခံရပြီး ဓားဖြင့် အချက်ပေါင်းများစွာ ခုတ်ခဲ့သည်။ ထိုဓားခုတ်ဒဏ်ရာကြောင့်...

မိုင်းဆတ်-မိုင်းတုံသို့ သယ်ဆောင်လာသည့် စိတ်ကြွရူးသွပ်ဆေးပြား ၂ သန်းဖမ်းမိ

0
သျှမ်းပြည်အရှေ့ပိုင်း မိုင်းဆတ်မြို့နယ် ဝမ်တုံကျေးရွာမှ မိုင်းတုံမြို့နယ် မဲကင်းကျေးရွာအနီးသို့ သယ်ဆောင်လာသော စိတ်ကြွရူးသွပ်ဆေးပြား ၂ သန်း (ဒေသတန်ဖိုး ငွေကျပ်သိန်း ၈,၀၀၀)ကို ဖမ်းဆီးရမိကြောင်း သတင်းရရှိသည်။ ပြီးခဲ့သည့် ဇူလိုင် ၂၀ ရက် မနက် ၈ နာရီခွဲအချိန်တွင် မိုင်းဆတ်မြို့နယ် မယ်ပုလုံကျေးရွာအုပ်စု ဂျူးလုကျေးရွာအနီးတွင် ISUZU...

မိုင်းတုံမြို့နယ် စစ်မှုထမ်းစာရင်းပါသူများ ထွက်ပြေးလျှင် အရေးယူခံရမည်

0
သျှမ်းပြည် အရှေ့ပိုင်း မိုင်းတုံမြို့တွင် စစ်ကောင်စီတပ်မှ စစ်မှုထမ်းအမှတ်စဉ် (၁၅)အတွက် စာရင်းကောက်ခံနေပြီး စစ်မှုထမ်းစာရင်းပါသူများ ထွက်ပြေးလျှင် အရေးယူခံရမည်ဟု စစ်ကောင်စီအဖွဲ့ဝင်များက ပြောဆိုကြောင်း စုံစမ်းသိရှိရသည်။ ယမန်နေ့ (ဇွန်လ ၁၆ ရက်)တွင် မိုင်းတုံမြို့၊ မြို့မရပ်ကွက်တွင် စစ်မှုထမ်းရန်အတွက် အစည်းအဝေးခေါ်ယူကာ ဝန်ထမ်းများ၊ ကျောင်းတက်နေသူများနှင့် မသန်စွမ်းသူများ ကင်းလွတ်ခွင့်ရပြီး...