မြန်မာစာမပါသည့် မိုင်းနန်းအုပ်စု အဝင်ဆိုင်းဘုတ်အားဖြုတ်ချရန် ရလခ တိုင်းမှူးညွှန်ကြား

သျှမ်းပြည်အလယ်ပိုင်း ကျေးသီးမြို့နယ်အတွင်းရှိ မိုင်းနောင်မြို့နယ်ခွဲ မိုင်းနန်းအုပ်စုအဝင်ဆိုင်းဘုတ်မှာ မြန်မာစာ မပါရှိသဖြင့် ဆိုင်းဘုတ်ဖြုတ်ပစ်ရန် အရှေ့အလယ်ပိုင်း တိုင်းစစ်ဌာနချုပ် (ရလခ) တိုင်းမှူးက အုပ်စုဥက္ကဌအား ခေါ်ယူပြောကြားခဲ့သည်ဟုသိရသည်။

နို၀င်ဘာလ ၁၀ ရက်နေ့ မနက် ၁၀ နာရီက ရလခတိုင်း တိုင်းမှူး ဗိုလ်ချုပ်သန်းလှိုင်က ကျေးသီးမြို့အရှေ့ တောင်ဘက် ၊ မိုင်းနောင်မြို့နယ်ခွဲ အနောက်မြောက်ဘက်ရှိ မိုင်းနန်းအုပ်စုအတွင်း လှုပ်ရှားနေသည့် တပ်စခန်းအား ကျန်းမာရေးစစ်ဆေးမှုပြုလုပ်ရန်သွားစဉ် သျှမ်းဘာသာနှင့် အင်္ဂလိပ် ဘာသာဖြင့် ရေးသားထားသည့် မိုင်းနန်းအုပ်စုအဝင် ဆိုင်းဘုတ်အား အမြန်ဆုံးဖျက်ပစ်ရန် အုပ်စု ဥက္ကဌကို ခေါ်ယူပြောဆိုခဲ့သည်ဟု မိုင်းနန်းမှ ဒေသခံတဦး ကသျှမ်းသံတော်ဆင့်အားပြောပြသည်။

ဆိုင်းဘုတ်ချိတ်ဆွဲသည့်နေရာ

“ကျနော်တို့ ဆိုင်းဘုတ်လုပ်တုန်းကတော့စဉ်းစားမိပါသေးတယ်။ ဗမာစာတလုံး နှစ်လုံးထည့်မလို့။ စာလုံးကို သူများကိုလုပ်ခိုင်းတော့ စာလုံးကြီးသွားလို့ ဗမာစာလုံးထည့်ဖို့မဆန့်တော့တာနဲ့ မထည့်ဖြစ်တာ။ တဖက်က လည်း အသစ်လုပ်ရင်ပိုက်ဆံထပ်ကုန်မယ်လေ။ အုပ်စုအဆင့်ဘဲဖြစ်နေသေး တော့ ဒီတိုင်းဘဲထားလိုက်ပါဆိုပြီး မပြင်ဘဲထားလိုက်တာ ။ အဲတာကိုတိုင်းမှူးက ဆိုင်းဘုတ်တွေ့တာနဲ့ မိုင်နန်းစာသင်ကျောင်းမှာကျောင်း ဆရာတွေကိုတွေ့ဆုံရင်း အုပ်စုဥက္ကဌကိုခေါ်ဆူတာ။ ဗမာစာမထည့်ချင်ရင် ကလေးကို ဗမာကျောင်း လဲမထားနဲ့တဲ့ ။ ဒါက ဗမာပြည်ဆိုတာ သေဘောပေါက်တဲ့ ငေါက်တာ” – ဟု မည်မဖေါ်လိုသည့် ဒေသခံ နောက်တဦးက သျှမ်းသံတော်ဆင့်အားပြောပြသည်။

မိုင်းနန်းအုပ်စုအဝင်ဆိုင်းဘုတ်အား မိုင်းနောင်ဘက်အထွက်လမ်းတွင် ထောင်ထားသည်။ ဆိုင်းဘုတ်တွင် သျှမ်းဘာသာဖြင့် “မိုင်းနန်းအုပ်စုမှလှိုက်လှဲစွာကြိုဆိုပါ၏” ဟုရေးသားထားပြီး အင်္ဂလိပ်ဘာသာဖြင့် MONG NANG ဟုလည်း ရေးသားထားသည်။

သျှမ်းပြည်နယ်အတွင်းရှိ မြို့ဝင်/ထွက် များ၏ ဆိုင်းဘုတ်များကို အများသုံး၊ ရုံးသုံးဖြစ်သည့် မြန်မာဘာသာ စကားအပြင် သက်ဆိုင်ရာမြို့နယ်ရှိ ဒေသခံတိုင်းရင်းသားလူမျိုးတို့၏ ဘာသာစကား များထည့်သွင်းရေးသား လိုက လွတ်လပ်စွာ ရေးသားနိုင်ကြောင်း သျှမ်းပြည်နယ်အစိုးရ စည်ပင်သာယာရေးဝန်ကြီးက ယမန်နှစ် ဂျွန်လက စာထုတ်ပြန်ထားဖူးသည်။ ထိုစဉ်က တောင်ကြီးမြို့အပါအဝင် မြို့နယ်အများအပြားလည်း တိုင်းရင်းသားဘာသာစာပေဖြင့်ရေးသားထားသည့် ဆိုင်းဘုတ်များ တင်ကြသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

သီပေါဟော်နန်းကို ယဉ်ကျေးမှုအထိမ်းအမှတ်အဖြစ် ဆက်လက်ထားရှိရန် ဆုံးဖြတ်

0
သျှမ်းပြည် သီပေါမြို့ရှိ သမိုင်းဝင် သီပေါဟော်နန်းကို အများပြည်သူ ဝင်ရောက်လေ့လာနိုင်သည့် ယဉ်ကျေးမှုအမွေအနှစ် အထိမ်းအမှတ်အဖြစ် ဆက်လက်ထားရှိရန် ဆုံးဖြတ်ထားကြောင်း စုံစမ်းသိရသည်။ ဇူလိုင်လ ၂၄ ရက် နေ့လယ်ပိုင်းတွင် သီပေါဟော် ထိန်းသိမ်းစောင့်ရှောက်ရေးနှင့် ဗုဒ္ဓကောလိပ် တည်ဆောက်ရေးအတွက် ညှိနှိုင်းဆွေးနွေးပွဲကို သီပေါဟော်နန်းတွင် ကျင်းပပြုလုပ်ခဲ့ရာ သီပေါမြို့ပေါ်ရှိ သံဃာတော်များနှင့် ဖိတ်ကြားထားသူများ...

မူးယစ်သားကောင်ဘဝမှ လူငယ်ပြုစုပျိုးထောင်သူ ဘဝအဖြစ်ရောက်ရှိလာ

0
ကမ္ဘာ့အကြီးဆုံး စိတ်ကြွရူးသွပ်ဆေးပြား ထုတ်လုပ်ရာ နိုင်ငံ အဖြစ် မြန်မာနိုင်ငံရောက်ရှိနေကြောင်း  ကုလသမဂ္ဂ မူးယစ်ဆေးဝါးနှင့် ပြစ်မှုဆိုင်ရာရုံး (UNODC) က ၂၀၂၆ ခုနှစ် အစီရင်ခံစာတွင် ထုတ်ပြန်လိုက်သည်။ နိုင်ငံတွင်း ဖြစ်ပွားနေသည့် လက်နက်ကိုင်ပဋိက္ခများကြောင့် သျှမ်းပြည်သည် နိုင်ငံဖြတ်ကျော် ရာဇဝတ်မှုဂိုဏ်းများ၏ ဗဟိုချက်ဖြစ်လာပြီး မူးယစ်ဆေးဝါး ထုတ်လုပ်မှုမှာ အွန်လိုင်းငွေလိမ်လည်မှု လုပ်ငန်းများနှင့်ပါ စနစ်တကျ...

မူဆယ်တွင် တရုတ်နိုင်ငံသား ၁၇ ဦးအပါအဝင် ကျားဖြန့်လုပ်ကိုင်သူ ၅၅ ဦး ဖမ်းဆီးခံရ

0
သျှမ်းပြည် မူဆယ်မြို့တွင် အွန်လိုင်းငွေလိမ် ကျားဖြန့်လုပ်ကိုင်သည့် တရုတ်နိုင်ငံသား (၁၇) ဦး အပါအဝင် (၅၅) ဦး ဖမ်းဆီးရမိခဲ့ကြောင်း သတင်းသိရသည်။ ယနေ့ (ဇူလိုင်လ ၂၅ ရက်) နံနက် ၁၀ နာရီခွဲခန့်တွင် မူဆယ်မြို့ စွမ်စော်ရပ်ကွက် စွမ်စော်(၂)လမ်းရှိ နေအိမ်(၂) လုံးကို စစ်တပ်လက်အောက်ခံ...

မူဆယ် KTV များတွင် မူးယစ်ဆေးကြောင့် လူငယ်များ ဆက်တိုက်သေဆုံး၊ တရုတ်ဘက်ကပါ ဆေးကုသခွင့် ပိတ်ပင်

0
မြန်မာ-တရုတ်နယ်စပ် မူဆယ်မြို့ရှိ KTV များတွင် မူးယစ်ဆေးဝါး အလွန်အကျွံသုံးစွဲခြင်းကြောင့် လူငယ်များ သေဆုံးမှု ဆက်တိုက်ဖြစ်ပွားနေကြောင်း စုံစမ်းသိရသည်။ မူးယစ်ဆေး သောက်သုံးပြီး စိုးရိမ်ရသည့် အရေးပေါ်လူနာများကိုလည်း တရုတ်နိုင်ငံဘက်သို့ ဆေးကုသရန် သွားရောက်ခွင့် ပိတ်ပင်ခံနေရကြောင်း ဒေသတွင်း လူမှုကယ်ဆယ်ရေးအသင်းက ပြောသည်။ ယမန်နေ့ (ဇူလိုင် ၂၄ ရက်) နံနက်ပိုင်းက...

ချင်းမိုင်တွင် ရုံးအကူအဖြစ်လုပ်ကိုင်နေသည့် မြန်မာတစ်ဦး ဖမ်းဆီးခံရ

0
ထိုင်းနိုင်ငံ၊ ချင်းမိုင်မြို့နယ်အတွင်း ခွင့်ပြုထားသည့် အလုပ်လုပ်ခွင့် (Work Permit) အမျိုးအစားနှင့် ကိုက်ညီမှုမရှိဘဲ ရုံးအကူဝန်ထမ်းအဖြစ် ကျော်လွန် လုပ်ကိုင်နေသည့် မြန်မာနိုင်ငံသားတစ်ဦးကို ချင်းမိုင်ခရိုင် လူဝင်မှုကြီးကြပ်ရေးနှင့် အလုပ်အကိုင်ရှာဖွေရေးရုံး ပူးပေါင်းတပ်ဖွဲ့က ဖမ်းဆီးလိုက်ကြောင်း သိရသည်။ ပြီးခဲ့သည့် ဇူလိုင်လ ၂၃ ရက်နေ့က ချင်းမိုင်ခရိုင်၊ ပါတန် (Pa...