ကလော ရေဘေးသင့်ပြည်သူများအတွက် အဝတ်အစားများ အရေးပေါ်လိုအပ်နေ

သျှမ်းပြည်နယ်တောင်ပိုင်း၊ ကလောမြို့တွင် ရေဘေးသင့် ပြည်သူများအတွက် စားနပ်ရိက္ခာနှင့် အဝတ်အထည်များ လိုအပ်နေကြောင်းသတင်းရရှိသည်။

ပြီးခဲ့သည့် စက်တင်ဘာလ ၁၀ ရက်မှ စတင်ပြီး မိုးသည်းထန်စွာရွာသွန်းပြီး တောင်ကျချောင်းရေကြောင့် ရေကြီးရေလျှံခြင်း ၊ မြေပြိုခြင်းများဖြစ်ပေါ်ခဲ့ ကာ နေအိမ်အများပြားပျက်စီးကာ လူသေဆုံးမှုများလည်း ရှိကြောင်းသိရသည်။

ထိုသို့ ရေကြီးတာကြောင့် ကလောဒေသခံ ထောင်နှင့်ချီ ရေဘေးသင့်နေပြီး ဘုန်းကြီးကျောင်းများတွင် ရေဘေးကယ်ဆယ်ရေး စခန်းဖွင့်ကာ ပြည်သူများကိုကယ်ဆယ်ထားကြောင်း ကလော ဒေသခံအမျိုးသမီးတစ်ဉီးက သျှမ်းသံတော်ဆင့်ကိုပြောသည်။

“ လောဆယ်တော့ ရေတော့ပြန်ကျသွားပြီ။ ရပ်ကွက် (၂) နဲ့ (၄) က ကျန်သေးတယ်။ ဘုန်းကြီးကျောင်း တွေမှာတော့ ကယ်ဆယ်ရေးစခန်းပုံစံ နဲ့ ဖွင့်ထားပေးတယ်။ တချိုတွေဆို တစ်အိမ်လုံးရေထဲမျောပါသွားတော့ အိုးခွက်တွေကမှအစ လိုတယ်။ အဝတ်တွေရောပဲ။” ဟု ကလောဒေသခံ အမျိုးသမီးတစ်ဦးက သျှမ်းသံတော်ဆင့်ကိုပြောသည်။

ထို့အပြင် ရပ်ဝေး ရပ်နီးမှ အလှူရှင်များ လာရောက်လှူဒါန်းသည့် ထမင်းဗူးများတွင် ပြည်သူများဆီရောက်လျှင် သိုးကုန်တာကြောင့် အစာခြောက်နှင့် ရေဗူးများပို၍လှူစေချင်ကြောင်း ၎င်းအမျိုးသမီးက ထပ်လောင်းပြောသည်။

မြေပြိုမှုကြောင့် နေအိမ်အများပြားဆုံးရှုံးခဲ့ရပြီး စိုက်ပျိုးမြေနှင့် အသီးနှံပင်များလည်း ပျက်စီးဆုံးရှုံးကုန်သဖြင့် ရှေ့ဆက် စားဝတ်နေရေးအတွက် စိုးရိမ်မှုရှိနေကြကြောင်း အသက် ၄၀အရွယ် အမျိုးသားတစ်ဉီးက ဆိုသည်။

“ ဘဝကို ဟိုး အစကနေပြန်စရတော့မယ်။ အိမ်တွေလည်း ရေထဲပါသွားတယ်။ရှိတဲ့ မြေကွက်ကလည်း အကုန် မြေပြို ရေတိုက်စားနဲ့ မကျန်တော့ဘူး။ ဘဝက ဘာမှကို ကုန်းကောက်စရာ မကျန်တော့ဘူး။”ဟု ၎င်းက ထပ်လောင်းပြောသည်။

ယခုလက်ရှိတွင် ပြည်သူအများစုသည် ရန်ငြိမ်းအေးဘုန်းကြီးကျောင်း၊ မြို့မ ကျောင်း၊ သိမ်နောင်ကျောင်း၊ ဓမ္မစကြံာဘုန်းကြီးကျောင်းနှင့် အလယ်တန်းကျောင်းတို့တွင် ခိုလှုံနေရကြောင်းသိရသည်။

ယခုကဲ့သို့ ရေဘေးကြုံနေရသည်မှာ သျှမ်းပြည်နယ် အရှေ့ပိုင်းနှင့် တောင်ပိုင်းတွင် ပို၍ကြုံနေရပြီး မြန်မာတစ်နိုင်ငံလုံးအတိုင်းတာဖြင့် ကြုံတွေ့နေရကြောင်း သိရသည်။

အလုပ်သင် သတင်းထောက် နန်းလရောင် ရေးသားသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

“ အရေးပေါ်ကာလ အမေ့ခံအမျိုးသမီးများ ဘဝ”

0
လူခန္ဓာကိုယ် ရေထဲမျောပါလုနီးပါး ဖြစ်သည့်အထိ ရေစီးအားပြင်းထန်နေသော်လည်း ဒေါ်လှတင်တို့အဖွဲ့ ရေကြီးမှုထဲ ပိတ်မိနေသည့် မွေးကင်းစကလေးငယ်နှင့် မိခင်ကို ကယ်တင်ရန် လှေတစီးကိုပါဆွဲသွားကြသည်။ ထို့နောက် လှေထဲကို မိခင်နှင့် မွေးကင်းစ ကလေးကို ရေစီးအားပြင်းထန်သည့်ကြား ရအောင် အသက်ကယ်ခဲ့ကြသည်။ ထိုဖြစ်ရပ် လွန်ခဲ့သည့် ၂၀၂၅ခုနစ် ဇူလိုင်လ အတွင်း ထိုင်း-မြန်မာနယ်စပ် တာချီလိတ်မြို့ရှိ...

နမ့်ခမ်းတွင် ရေကြီးမှုကြောင့် လမ်းများ ရွှံ့ဖုံးနေ

0
သျှမ်းပြည် မြောက်ပိုင်း၊ နမ့်ခမ်းမြို့တွင် တောင်ကျရေကြောင့် ရေကြီးရေလျှံမှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။ အဆိုပါ ရေကြီးရေလျှံမှုသည် ယမန်နေ့ (ဩဂုတ်လ ၃၀ ရက်)တွင် နမ့်ခမ်းမြို့ ပန်ပွဲ၊ ပေါက်လုံရပ်ကွက်၊ ပေါက်နေရပ်ကွက် နှင့် ဖောင်ရပ်ကွက်(ဖောင်ချောင်း)တို့၌ ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး တောင်ကျရေ ရုတ်တရက် ကျဆင်းလာမှုတို့ကြောင့် ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း နမ့်ခမ်းမြို့နယ်ဒေသခံ...

ကလောမြို့ ရေကြီးနေ ၊ ရေဘေးအတွက် အရေးပေါ် စားဝတ်နေရေးလိုအပ်

0
မြန်မာတဝှမ်း မိုးဆက်တိုက်ရွာသွန်းမှုကြောင့်နေရာအနှံ့ ရေကြီးမှုဖြစ်ပွာနေပြီး ထိုထဲတင် တောင်ပေါ်ဒေသ ကလောမြို့လည်း အပါအဝင်ဖြစ်သည်။​ ယမန်နေ့ ဩဂုတ်လ (၁၀) ရက်နေ့တွင် မိုးအဆက်မပြတ်ရွာသွန်းမှုကြောင့် ကလောချောင်းရေ လျှံ၍ ကလောမြို့ ရပ်ကွက် (၁၊၂၊၃၊၄) ဘက်တွင် ရေကြီးရေလျှံမှု ဖြစ်ပွားခဲ့သောကြောင့် လူဦးရေ ၂၀၀ ကျော် ရေဘေးသင့်၍ ဘေးလွတ်ရာသို့...

ဟိုပုံးမြို့တွင် မိုးသည်းထန်စွာရွာသွန်းမှုကြောင့် မြေနိမ့်ပိုင်းရပ်ကွက်များ၌ ရေကြီးရေလျှံမှုများဖြစ်ပွား

0
သျှမ်းပြည်တောင်ပိုင်း ဟိုပုံးမြို့တွင် မိုးသည်းထန်စွာ ဆက်တိုက်ရွာသွန်းမှုကြောင့် ယနေ့ (ဩဂုတ်လ ၁၀ ရက်) နံနက်ပိုင်းမှစတင်ကာ မြို့ပေါ်ရှိ မြေနိမ့်ပိုင်းရပ်ကွက်များအတွင်း ရေကြီးရေလျှံမှုများ ဖြစ်ပေါ်လျက်ရှိကြောင်း သိရသည်။ ပြီးခဲ့သည့် ဩဂုတ်လ (၉) ရက်နေ့ ညပိုင်းမှစတင်ကာ မိုးအဆက်မပြတ် ရွာသွန်းခဲ့ခြင်းကြောင့် ယခုကဲ့သို့ ရေဝင်ရောက်မှုများ ဖြစ်ပေါ်လာခြင်းဖြစ်ပြီး၊ မြို့ပေါ်ရပ်ကွက်အချို့ရှိ...

ဒုဋ္ဌဝတီမြစ်ရေ စံချိန်တင် မြှင့်တက်၊ သီပေါအနိမ့်ပိုင်းရပ်ကွက်နေ ပြည်သူများ စတင်ပြောင်းရွှေ့

0
သျှမ်းပြည် သီပေါမြို့နယ်တွင် ဖြတ်သန်းစီးဆင်းသွားသည့် ဒုဋ္ဌဝတီမြစ်ခေါ် မြစ်ငယ်မြစ် စံချိန်တင် ရေမြှင့်တက်လာခြင်းကြောင့် အနိမ့်ပိုင်းရပ်ကွက်ရှိ နေအိမ်များ စတင်ရွှေ့ပြောင်းနေရကြောင်း စုံစမ်းသိရသည်။ ယခုရက်ပိုင်း မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ယမန်နေ့ (ဩဂုတ်လ ၄ ရက်) ညပိုင်းမှ စတင်ပြီး ဒုဋ္ဌဝတီမြစ်ရေ မြင့်တက်လာခြင်းကြောင့် သီပေါမြို့ပေါ် အနိမ့်ပိုင်းရပ်ကွက် မြစ်ကမ်းဘေးရှိ...