အမျိုးသမီးများ နှင့် ကလေးသူငယ်များ အကာအကွယ်ပေးရေး အမျိုးသမီးနှင့် ငြိမ်းချမ်းရေးဖိုရမ် တွင်တောင်းဆို

တတိယအကြိမ်မြောက် အမျိုးသမီးနှင့် ငြိမ်းချမ်းရေးဖိုရမ်ကို သျှမ်းပြည်တောင်ပိုင်း တောင်ကြီးမြို့တွင် ကျင်းပရာ အမျိုးသမီးနှင့်ကလေးများဘေးကင်းစေရေး အကာအကွယ်ပေးနိုင်သည့် ဥပဒေအမြန်ဆုံး ပေါ်ပေါက်လာဖို့ ဆွေးနွေးနိုင်ခဲ့ကြောင်းသိရသည်။

မိတ်သစ်သျှမ်းပြည်မှ ဦးဆောင်ပြုလုပ်သည့် လူမှုအခြေပြုအသင်းအဖွဲ့များဆွေးနွေးပွဲဖိုရမ်ကို နို၀င် ဘာလ ၁၁ နှင့် ၁၂ ရက်နေ့တွင် တောင်ကြီးမြို့ လမ်းမတော်လမ်းရှိ ခရိယာန်ဘုရားကျောင်းတွင် ကျင်းပရာ နေပြည်တော်၊ တောင်ကြီးမှ အမျိုးသမီးအဖွဲ့အစည်း ကိုယ်စားလှယ်များ၊ ငြိမ်းချမ်းရေး ကိုယ်စားလှယ်များ စုစုပေါင်း ၁၃၅ ဦးတက်ရောက်ခဲ့ကြောင်းသိရသည်။

“နိုင်ငံရေးပြောင်းလဲပြီဆိုပေမယ့် အမျိုးသမီးနဲ့ကလေးတွေ ဘဝလုံခြုံရေး မရှိသေးဘူး။ တိုက်ပွဲ တွေဖြစ်ပွါးနေ တဲ့ကာလပတ်လုံး အမျိုးသမီးနဲ့ကလေးတွေ အနိုင်ကျင့်မှုတွေ လူ့အခွင့်အရေးချိုး ဖောက်မှုတွေခံနေရဦးမယ်။ ဒီအတွက်အကာအကွယ်ပေးနိုင်မယ့် ဥပဒေအမြန်ဆုံးပေါ်ပေါက် လာဖို့လိုအပ်တယ်။ ဒါ့အပြင် အမျိုးသမီးတွေ ငြိမ်းချမ်းရေးမှာ နိုင်ငံရေးမှာ အများအပြား ပါ၀င် လာနိုင်ဖို့လမ်းဖွင့်ပေးဖို့လိုအပ်ပါတယ်”- ဟု သျှမ်းပြည်အရှေ့ ပိုင်း မှ ပါ၀င်တက်ရောက် ဆွေးနွေးသည့်နန်းဝိုးဖတ်ကပြောသည်။

အမျိုးသမီးနှင့် ငြိမ်းချမ်းရေး၊ အမျိုးသမီးနှင့်လုံခြုံရေး၊ အမျိုးသမီးကူညီစောင့်ရှောက်ရေးအစ ရှိခေါင်းစဉ် များအားဆွေးနွေးခဲ့ပြီး ပါ၀င်ဆွေးနွေးသူများမှာ သျှမ်း၊ ပအိုဝ်း၊ ဓနု အမျိုးသမီး ကိုယ်စားလှယ်များ ပါ၀င်ကြောင်းသိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

သီပေါဟော်နန်းကို ယဉ်ကျေးမှုအထိမ်းအမှတ်အဖြစ် ဆက်လက်ထားရှိရန် ဆုံးဖြတ်

0
သျှမ်းပြည် သီပေါမြို့ရှိ သမိုင်းဝင် သီပေါဟော်နန်းကို အများပြည်သူ ဝင်ရောက်လေ့လာနိုင်သည့် ယဉ်ကျေးမှုအမွေအနှစ် အထိမ်းအမှတ်အဖြစ် ဆက်လက်ထားရှိရန် ဆုံးဖြတ်ထားကြောင်း စုံစမ်းသိရသည်။ ဇူလိုင်လ ၂၄ ရက် နေ့လယ်ပိုင်းတွင် သီပေါဟော် ထိန်းသိမ်းစောင့်ရှောက်ရေးနှင့် ဗုဒ္ဓကောလိပ် တည်ဆောက်ရေးအတွက် ညှိနှိုင်းဆွေးနွေးပွဲကို သီပေါဟော်နန်းတွင် ကျင်းပပြုလုပ်ခဲ့ရာ သီပေါမြို့ပေါ်ရှိ သံဃာတော်များနှင့် ဖိတ်ကြားထားသူများ...

မူးယစ်သားကောင်ဘဝမှ လူငယ်ပြုစုပျိုးထောင်သူ ဘဝအဖြစ်ရောက်ရှိလာ

0
ကမ္ဘာ့အကြီးဆုံး စိတ်ကြွရူးသွပ်ဆေးပြား ထုတ်လုပ်ရာ နိုင်ငံ အဖြစ် မြန်မာနိုင်ငံရောက်ရှိနေကြောင်း  ကုလသမဂ္ဂ မူးယစ်ဆေးဝါးနှင့် ပြစ်မှုဆိုင်ရာရုံး (UNODC) က ၂၀၂၆ ခုနှစ် အစီရင်ခံစာတွင် ထုတ်ပြန်လိုက်သည်။ နိုင်ငံတွင်း ဖြစ်ပွားနေသည့် လက်နက်ကိုင်ပဋိက္ခများကြောင့် သျှမ်းပြည်သည် နိုင်ငံဖြတ်ကျော် ရာဇဝတ်မှုဂိုဏ်းများ၏ ဗဟိုချက်ဖြစ်လာပြီး မူးယစ်ဆေးဝါး ထုတ်လုပ်မှုမှာ အွန်လိုင်းငွေလိမ်လည်မှု လုပ်ငန်းများနှင့်ပါ စနစ်တကျ...

မူဆယ်တွင် တရုတ်နိုင်ငံသား ၁၇ ဦးအပါအဝင် ကျားဖြန့်လုပ်ကိုင်သူ ၅၅ ဦး ဖမ်းဆီးခံရ

0
သျှမ်းပြည် မူဆယ်မြို့တွင် အွန်လိုင်းငွေလိမ် ကျားဖြန့်လုပ်ကိုင်သည့် တရုတ်နိုင်ငံသား (၁၇) ဦး အပါအဝင် (၅၅) ဦး ဖမ်းဆီးရမိခဲ့ကြောင်း သတင်းသိရသည်။ ယနေ့ (ဇူလိုင်လ ၂၅ ရက်) နံနက် ၁၀ နာရီခွဲခန့်တွင် မူဆယ်မြို့ စွမ်စော်ရပ်ကွက် စွမ်စော်(၂)လမ်းရှိ နေအိမ်(၂) လုံးကို စစ်တပ်လက်အောက်ခံ...

မူဆယ် KTV များတွင် မူးယစ်ဆေးကြောင့် လူငယ်များ ဆက်တိုက်သေဆုံး၊ တရုတ်ဘက်ကပါ ဆေးကုသခွင့် ပိတ်ပင်

0
မြန်မာ-တရုတ်နယ်စပ် မူဆယ်မြို့ရှိ KTV များတွင် မူးယစ်ဆေးဝါး အလွန်အကျွံသုံးစွဲခြင်းကြောင့် လူငယ်များ သေဆုံးမှု ဆက်တိုက်ဖြစ်ပွားနေကြောင်း စုံစမ်းသိရသည်။ မူးယစ်ဆေး သောက်သုံးပြီး စိုးရိမ်ရသည့် အရေးပေါ်လူနာများကိုလည်း တရုတ်နိုင်ငံဘက်သို့ ဆေးကုသရန် သွားရောက်ခွင့် ပိတ်ပင်ခံနေရကြောင်း ဒေသတွင်း လူမှုကယ်ဆယ်ရေးအသင်းက ပြောသည်။ ယမန်နေ့ (ဇူလိုင် ၂၄ ရက်) နံနက်ပိုင်းက...

ချင်းမိုင်တွင် ရုံးအကူအဖြစ်လုပ်ကိုင်နေသည့် မြန်မာတစ်ဦး ဖမ်းဆီးခံရ

0
ထိုင်းနိုင်ငံ၊ ချင်းမိုင်မြို့နယ်အတွင်း ခွင့်ပြုထားသည့် အလုပ်လုပ်ခွင့် (Work Permit) အမျိုးအစားနှင့် ကိုက်ညီမှုမရှိဘဲ ရုံးအကူဝန်ထမ်းအဖြစ် ကျော်လွန် လုပ်ကိုင်နေသည့် မြန်မာနိုင်ငံသားတစ်ဦးကို ချင်းမိုင်ခရိုင် လူဝင်မှုကြီးကြပ်ရေးနှင့် အလုပ်အကိုင်ရှာဖွေရေးရုံး ပူးပေါင်းတပ်ဖွဲ့က ဖမ်းဆီးလိုက်ကြောင်း သိရသည်။ ပြီးခဲ့သည့် ဇူလိုင်လ ၂၃ ရက်နေ့က ချင်းမိုင်ခရိုင်၊ ပါတန် (Pa...