Tuesday, January 27, 2026

ကြံ့ခိုင်ရေးပါတီ ဥက္ကဌ ဦးခင်ရီ ရေးဘေးသင့်ပြည်သူများအား ခေါက်ဆွဲခြောက် ၂ ထုတ်စီ ထောက်ပံ့

ရေဘေးဒဏ် ဆိုးဝါးစွာ ကြုံတွေ့နေရသည့် နေပြည်တော်တွင် ပါတီ ဥက္ကဌ ဦးခင်ရီ ရေဘေးသင့် ပြည်သူများအား သွားရောက် တွေ့ဆုံ၍ ခေါက်ဆွဲခြောက်နှင့် ရေသန့်ဗူးများ ထောက်ပံ့ခဲ့ကြောင်း ကြံ့ခိုင်ရေးပါတီက ယနေ့ (စက်တင်ဘာလ ၁၂ ရက်) တွင် ထုတ်ပြန်သည်။

ပုဗ္ပသီရိမြို့နယ်၊ အောင်ပန်းကျေးရွာ၊ ကျည်ထောင်ကန်အမှတ်(၁)ရပ်ကွက်၊ စျေးကုန်း ဘုန်းတော်ကျောင်း၊ ကျည်ထောင်ကန်အမှတ် (၃)ရပ်ကွက်၊ မြို့မ ဘုန်းတော်ကြီးကျောင်း တို့တွင် ခိုလှုံနေသော ပြည်သူများထံသို့ သွားရောက်၍ ခေါက်ဆွဲခြောက်နှင့် ရေသန့်ဗူးများ လှူဒါန်းခဲ့ကြောင်း ဆိုသည်။

“ခေါက်ဆွဲခြောက်က တယောက်ကို ၂ ထုတ်။ ရေသန့်ကတယောက်တဗူး ပေးပြီးတော့ ဓာတ်ပုံရိုက်တာပေါ့ဗျာ။ သူ (ဦးခင်ရီ) သွားတဲ့နေရာတွေက ပါတီဌာနချုပ် အမာခံရွာတွေ။ နောက်ရက် ဆေးလာကုပေးမယ် ဘာညာတွေ ပြောတာပေါ့” ဟု ကြံ့ခိုင်ရေးပါတီနှင့် နီးစပ်သူ တဦးက ပြောသည်။

ကြံ့ခိုင်ရေးပါတီ ဥက္ကဌ ဦးခင်ရီ ရေးဘေးသင့်ပြည်သူများအား ခေါက်ဆွဲခြောက် ၂ ထုတ်စီ ထောက်ပံ့

နေပြည်တော် ရေးဘေးကိစ္စ ကြံ့ခိုင်ရေးပါတီက ကူညီခြင်းမပြုဘဲ ရေကျချိန်မှသာ ဟန်ပြကူညီ ဓာတ်ပုံရိုက်မည်ဟု ယူဆကြောင်း ယမန်နေ့က စစ်တပ် ဝါဒဖြန့် တယ်လီဂရမ်များတွင် ဝေဖန်ရေးသားပြီးနောက် ယနေ့ နံနက် ကြံ့ခိုင်ရေးပါတီ ဥက္ကဌ ဦးဆောင်သည့် ပါတီထိပ်ပိုင်း ခေါင်းဆောင်များ၏ ခေါက်ဆွဲခြောက် ခရီးစဉ် ဓာတ်ပံုများ ထွက်ပေါ်လာခြင်း ဖြစ်သည်။

ကြံ့ခိုင်ရေးပါတီက ယနေ့ညပိုင်း ထုတ်ပြန်သည့် ရုပ်သံတွင် ပါတီဥက္ကဌ ဦးခင်ရီ စီးနင်းလာသည့် လန်ခရူဇာ ကားနက်ကြီးပါသည့် ယာဥ်တန်းကို တွေ့ရပြီး ရေဘေးသင့် ပြည်သူ ခေါင်းစဥ်တပ်ထားသည့် နေအိမ်တချို့ရှေ့တွင် ခေါက်ဆွဲခြောက် ပေးနေသည်ကို ဖော်ပြထား သကဲ့သို့ ဘုန်းကြီးကျောင်းတွင် ခိုလှုံနေသည့် ပြည်သူများနှင့် စကားပြောနေပုံများကိုလည်း ဖော်ပြထားသည်ကို တွေ့ရသည်။

ကြံ့ခိုင်ရေးပါတီ ဥက္ကဌ ဦးခင်ရီ ရေးဘေးသင့်ပြည်သူများအား ခေါက်ဆွဲခြောက် ၂ ထုတ်စီ ထောက်ပံ့

စစ်တပ်၏ လက်ကိုင်တုတ် ပါတီဖြစ်သည့် ကြံ့ခိုင်ရေးပါတီသည် အစဥ်အဆက် ပြည်သူလူထုကို ထိထိရောက်ရောက် ကူညီလေ့မရှိဘဲ ဝါဒဖြန့် ဓာတ်ပုံရိုက်ရန်သာ ဟန်ပြ ကူညီလေ့ရှိသည့် ပါတီ အဖြစ် သတင်းကြီးသည်။

ရဲချုပ်ဟောင်းဖြစ်သူ ဦးခင်ရီ သည် စစ်တပ် အာဏာသိမ်းရန် စစ်ခေါင်းဆောင် မင်းအောင်လှိုင် ကို အစဥ်တစိုက် တိုက်တွန်းခဲ့သူဖြစ်ပြီး လက်ရှိ စစ်တပ် အကောင်အထည်ဖော်နေသည့် ပြည်သူ့လုံခြုံရေးစနစ် အတွက် ကူညီပေးနေသူလည်း ဖြစ်သည်။

ယခင် နအဖ စစ်အစိုးရလက်ထက် ရဲချုပ်တာဝန်ယုခဲ့စဥ်က ရန်ကုန် လူမိုက်ဂိုဏ်း အသိုင်းအဝိုင်းကြားတွင် လူမိုက်ခင်ရီ အဖြစ် နာမည်ကျော်သူ ပါတီဥက္ကဌကြီးသည် ဗစ်တိုးရီးယား အမှု အဖြစ် နာမည်ကျော်သည့် သက်ငယ်မုဒိန်းမှု ဖြစ်ပွားခဲ့ရာ ကျောင်း၏ နောက်ကွယ်က ပိုင်ရှင်လည်း ဖြစ်သည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

စစ်ရေးပဋိပက္ခများဖြစ်ပွားနေသည့် ဖယ်ခုံမြို့နယ်တွင် ကြံ့ခိုင်ရေးပါတီက ပြိုင်ဘက်မရှိဘဲ အနိုင်ရ

0
စစ်ကော်မရှင်တပ်နှင့် ကရင်နီတော်လှန်ရေး အင်အားစုတပ်ဖွဲ့တို့အကြား တိုက်ပွဲဖြစ်ပွားနေသည့် သျှမ်းပြည်တောင်ပိုင်း ဖယ်ခုံမြို့နယ်တွင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး (USDP) ပါတီက ပြိုင်ဘက်မရှိဘဲ အနိုင်ရနေကြောင်း စုံစမ်းသိရသည်။ လာမည့် ဇန်ဝါရီလ ၂၅ ရက်နေ့တွင် စစ်ကော်မရှင်က ဦးဆောင်ကျင်းပမည့် ရွေးကောက်ပွဲ အပိုင်း (၃) တွင် ဖယ်ခုံ၊ ပင်လောင်း၊...

လေတပ်နှင့် စစ်တိုင်း အခြေစိုက်ရာ နမ့်စန်မြို့နယ် ကြံ့ခိုင်ရေး အနိုင်ရရေး စစ်တိုင်းမှူး ကွင်းဆင်း ဖိအားပေး

0
သျှမ်းတောင် လေတပ် အခြေစိုက် စခန်းနှင့် စစ်တိုင်း တည်ရှိရာ နမ့်စန်မြို့နယ်တွင် ကြံ့ခိုင်ရေးပါတီ အနိုင်ရရေး အတွက် စစ်တိုင်းမှူး ကိုယ်တိုင် ကွင်းဆင်း ဖိအားပေးနေသည်ဟု ဒေသခံများက ယနေ့ ဒီဇင်ဘာလ ၂၇ ရက်နေ့တွင် ပြောသည်။ စစ်ကောင်စီ အရှေ့အလယ်ပိုင်းတိုင်း စစ်ဌာနချုပ် အခြေစိုက်ရာ ခိုလမ်မြို့သည်...

ဒုတိယဗိုလ်ချုပ်ကြီးညိုစော အပါအဝင် ကြံ့ခိုင်ရေးပါတီခေါင်းဆောင် အချို့ စစ်ဆေးခံနေရဟု သတင်းထွက်

0
စစ်တပ်နှင့် အရပ်ဘက် စီးပွားရေးနှင့် ပတ်သက်၍ ရာထူးများစွာ ရယူထားသည့် ဒုတိယဗိုလ်ချုပ်ကြီးညိုစော အပါအဝင် ကြံ့ခိုင်ရေးပါတီ ခေါင်းဆောင်ပိုင်း အချို့ကို စစ်ခေါင်းဆောင် မင်းအောင်လှိုင် အမိန့်ဖြင့် စစ်ဆေးနေသည်ဟု နေပြည်တော် သတင်းရင်းမြစ် ၂ ခုက ယနေ့ (ဧပြီလ ၁၂ ရက်နေ့) တွင်...

တောင်ကြီးရောက် USDP ဥက္ကဌ ဦးခင်ရီက ရွေးကောက်ပွဲကို ဝန်းရံရန်ပြော

0
ပြည်ထောင်စု ကြံ့ခိုင်ရေး နှင့် ဖွံ့ဖြိုးရေးပါတီ USDP ပါတီ၏ ဥက္ကဌ ခေါင်းဆောင် ဦးခင်ရီ သည် ၂၀၂၃ ခုနှစ် အတွင်း ကျင်းပသည့် ရွေးကောက်ပွဲကို ဝန်းရံကြရန်အတွက် တိုင်းရင်းသားများ စာပေ၊ ယဥ်ကျေးမှု အဖွဲ့(၈) ဖွဲ့ကို လာရောက် ဆွေးနွေးခဲ့ကြောင်း သတင်းသိရသည်။ Photo...

သျှမ်း/အရှေ့ မင်္ဂလာစည်တော်ပါတီ ရွေးကောက်ပွဲမ၀င်

0
သျှမ်းပြည်အရှေ့ပိုင်းက သျှမ်းပါတီ  တခုဖြစ်သော သျှမ်းပြည်အရှေ့ပိုင်း ဒီမိုကရက်တစ်ဖွံ့ဖြိုးတိုးတက်ရေးပါတီ ESSDDP (မင်္ဂလာစည်တော်ပါတီ )သည် ယခုနှစ်ရွေးကောက်ပွဲတွင် ၀င်ရောက်ယှဉ်ပြိုင်မည်မဟုတ်ကြောင်း သိရသည်။ ပြီးခဲ့သည့် ၂၀၁၅ ရွေးကောက်ပွဲက ကျိုင်းတုံ မြို့တွင် သျှမ်းပါတီကြီး ၃ ခုဖြစ်သော မင်္ဂလာစည်တော်ပါတီ ESSDDP ကျားဖြူပါတီ SNDP  ကျားခေါင်းပါတီ...