ဒုတိယဗိုလ်ချုပ်ကြီးညိုစော အပါအဝင် ကြံ့ခိုင်ရေးပါတီခေါင်းဆောင် အချို့ စစ်ဆေးခံနေရဟု သတင်းထွက်

စစ်တပ်နှင့် အရပ်ဘက် စီးပွားရေးနှင့် ပတ်သက်၍ ရာထူးများစွာ ရယူထားသည့် ဒုတိယဗိုလ်ချုပ်ကြီးညိုစော အပါအဝင် ကြံ့ခိုင်ရေးပါတီ ခေါင်းဆောင်ပိုင်း အချို့ကို စစ်ခေါင်းဆောင် မင်းအောင်လှိုင် အမိန့်ဖြင့် စစ်ဆေးနေသည်ဟု နေပြည်တော် သတင်းရင်းမြစ် ၂ ခုက ယနေ့ (ဧပြီလ ၁၂ ရက်နေ့) တွင် သျှမ်းသံတော်ဆင့်ကိုပြောသည်။

ပြီးခဲ့သည့် ဧပြီလ ၉ ရက်နေ့ နံနက်ပိုင်းက လယ်ယာစိုက်ပျိုးရေးနှင့် ဆည်မြောင်းဝန်ကြီးဟောင်း ဦးမြင့်လှိုင် အကတိလိုက်စားမှုဖြင့် ဖမ်းဆီး အမှုဖွင့်ခံရပြီးနောက် စစ်ခေါင်းဆောင်၏ အချစ်တော် ဒုတိယဗိုလ်ချုပ်ကြီးညိုစောနှင့် ကြံ့ခိုင်ရေးပါတီ ခေါင်းဆောင်ပိုင်း အချို့ ဖမ်းဆီးစစ်ဆေးခံနေရသည့် သတင်း ထွက်ပေါ်လာခြင်း ဖြစ်သည်။

“စစ်ဆေးနေတာပါ။ အမှုဖွင့် ဖမ်းဆီးတာတော့ မရှိသေးပါဘူး။ ဘာကြောင့် စစ်ဆေးနေတယ်ဆိုတာ ပြောဖို့ စောပါသေးတယ်။ ကြံ့ခိုင်ရေးကို ပြောင်းသွားတဲ့ ဒုတိယဗိုလ်ချုပ်ကြီး တစ်ဥ◌ီးလည်းပါတယ်။ တခြားလူတွေလည်းပါတယ်” ဟု နေပြည်တော် သတင်းရင်းမြစ်က အတည်ပြုပြောသည်။

၂၀၂၂ ခုနှစ် အောက်တိုဘာလ အတွင်းက ပြည်ထဲရေး ဒုဝန်ကြီးအဖြစ်မှ ထုတ်ပယ်ခံရပြီး ကြံ့ခိုင်ရေးပါတီ နိုင်ငံခြားရေးတာဝန်ခံ အဖြစ် တာဝန်ယူထားသည့် ဒုတိယဗိုလ်ချုပ်ကြီးအောင်စိုး နှင့် ပါတီထိပ်ပိုင်း သဘောထား တင်းမာသည့် အုပ်စုကို ဖမ်းဆီး စစ်ဆေးနေသည်ဟု သတင်းကြားရကြောင်း နေပြည်တော် ကြံ့ခိုင်ရေး သတင်းရင်းမြစ်က ပြောသည်။

“ဒုတိယဗိုလ်ချုပ်ကြီး အောင်စိုး လို့ ကြားပါတယ်။ တခြားလူတွေကော သတင်းကြားတယ်ဗျ။ စစ်တာပါ၊ ဖမ်းတာ မဟုတ်ပါဘူး” ဟု ၎င်းကဆိုသည်။

စစ်ခေါင်းဆောင်းက စီးပွားရေးနှင့် ပတ်သက်၍ စစ်ဘက် အရပ်ဘက် ရာထူးပေါင်းများစွာ ပေးအပ်ခံထားရပြီး အယုံကြည်ရဆုံးလူ အဖြစ် သတ်မှတ်ခံထားရသည့် ဒုတိယဗိုလ်ချုပ်ကြီးညိုစော အနေဖြင့် တိုင်ကြားခံရမှုကြောင့် စစ်ဆေးခံနေရပြီး မကြာမီ ပြန်လည် လွတ်မြောက်မည်ဟု နေပြည်တော် သတင်းရင်းမြစ်က သုံးသပ်သည်။

နေပြည်တော်ရှိ ဦးမြင့်လှိုင် ၏ နေအိမ်ကို ဝင်ရောက်စီးနင်း ဖမ်းဆီးရာတွင် တရုတ်နိုင်ငံသားဟု ယူဆရသူ အချို့ပါ ဖမ်းမိသည့် အတွက် အခြအနေ ရှုပ်ထွေးနေကြောင်း ၎င်းက ထပ်လောင်းပြောသည်။

“(ဒုတိယဗိုလ်ချုပ်ကြီးညိုစော) အတိုင်ခံရလို့ စစ်ဆေးတယ်ဆိုတဲ့ သဘောပါ။ စောင့်ကြည့်ရမှာပေါ့။ အခြအနေတွေက ရှုပ်ထွေးနေတယ်” ဟု ၎င်းကသုံးသပ်သည်။

ယခုရက်ပိုင်း အတွင်း တရုတ်နိုင်ငံဘက်မှ ကျားဖြန့်နှင့် ပတ်သက်၍ နေပြည်တော် စစ်ကောင်စီကို ဆက်တိုက် ဖိအားပေးနေချိန်တွင် နေပြည်တော်၌ ဖမ်းဆီးမှုများ ပေါ်ပေါက်လာခြင်း ဖြစ်သည်။

ပြီးခဲ့သည့် ဧပြီလ ပထမ အပတ်က ပြည်ထဲရေး ဒုဝန်ကြီး ဗိုလ်ချုပ်အောင်လင်းထွန်း ဖမ်းဆီးခံခဲ့ရပြီးနောက် ယခုကဲ့သို့ နေပြည်တော် ဖမ်းဆီး စစ်ဆေးမှုများ ဆက်တိုက် ဖြစ်ပေါ်လာခြင်း ဖြစ်သည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

“ဝမ်းရေးအိပ်မက်ကြား အသက်ပါရင်းလိုက်ရသည့် ၁၆ နှစ်သမီးလေး”

0
“သမီး အခန်းထဲကနေ ထွက်လာတော့ သူ (သူငယ်ချင်း)က စားပွဲခုံပေါ်မှာ မှောက်ပြီး လဲနေတာ တွေ့တယ်။ သူ့ရဲ့ မျက်နှာတွေမှာရော လက်တွေမှာရော ဒဏ်ရာတွေ အများကြီး တွေ့ရတယ်။ သမီး သူ့ကို သွားနိုးသေးတယ်။ သူက မထလာတော့ဘူး” သျှမ်းပြည် တောင်ကြီးမြို့ ဗိုလ်ချုပ်အောင်ဆန်းလမ်းပေါ်ရှိ Peter ဘားဆိုင်တွင်...

စစ်ကော်မရှင် တရုတ်ကုန်စည်စီးဆင်းမှု တားမြစ်ပိတ်ပင်မှု တင်းကြပ်လာ

0
သျှမ်းပြည်မြောက်ပိုင်းသည် တရုတ်ကုန်စည်ကိုသာ အဓိက အားကိုးနေရချိန်တွင် စစ်ကော်မရှင်က ရက် ၁၀၀ စီမံကိန်းအနေဖြင့် ၎င်းကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်တင်းကြပ်လာသည်။ ထိုကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်မှု တင်းကြပ်လာသဖြင့် ပြည်တွင်းကုန်တင်ယာဉ်များလည်း အလုပ်ရပ်နားထားရပြီး ပြည်သူများလည်း ကုန်စည်စျေးနှုန်းများ ထပ်မံမြင့်တက်လာမှုကို ရင်ဆိုင်နေရကြောင်း သျှမ်းမြောက်ပြည်သူများထံမှ စုံစမ်းသိရှိရသည်။ ပြီးခဲ့သည့် ရက်ပိုင်အတွင်းမှ စတင်ကာ စစ်ကော်မရှင်သည် လားရှိုးမြို့သို့...

ကျောက်မဲတွင် ဌာနဆိုင်ရာရုံးများကိုသာ လျှပ်စစ်မီးကွက်ပေး၊ ပြည်သူနေအိမ်များ မီးကြိုးခိုးယူခံနေရ

0
သျှမ်းပြည် ကျောက်မဲမြို့ပေါ် ရပ်ကွက်ရှိ ပြည်သူနေအိမ်များတွင် လျှပ်စစ်မီး မရရှိခြင်းကြောင့် မီးကြိုးခိုးယူခံနေရကြောင်း စုံစမ်းသိရသည်။ ကျောက်မဲမြို့ကို တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA ထံမှ စစ်တပ်ပြန်လည်ထိန်းချုပ်ခဲ့သည့် ယမန်နှစ် ၂၀၂၅ အောက်တိုဘာလ နောက်ပိုင်းမှ စတင်၍ စစ်အစိုးရလက်အောက်ခံ ဌာနဆိုင်ရာရုံးများကိုသာ လျှပ်စစ်မီး ဖြန့်ဝေထားပြီး ရပ်ကွက်အတွင်းရှိ ပြည်သူနေအိမ်များမှာ...

ကျိုင်းတုံ တောင်ပေါ်ဒေသ လမ်းပန်းခက်ခဲမှုကြောင့် ကိုယ်ဝန်ဆောင်မိခင်များ ကျန်းမာရေးခက်ခဲနေ

0
ကျိုင်းတုံမြို့နယ်ရှိ တောင်ပေါ်ဒေသများတွင် ခေတ်အဆက်ဆက် အစိုးရ မှ လမ်းပန်းဆက်သွယ်ရေးကို ကူညီထောက်ပံ့မှု မရှိခဲ့ခြင်းကြောင့် ကိုယ်ဝန်ဆောင်မိခင်များ ကျန်းမာရေး ဝန်ဆောင်မှု မရရှိကာ သေဆုံးမှုများ ဖြစ်ပွားသည့်အထိ ရှိနေကြောင်း သတင်းရရှိသည်။ ကျိုင်းတုံမြို့နယ်အတွင်း တောင်ပေါ်ကျေးရွာပေါင်း ၃၀ ထက်မနည်ရှိကာ လမ်းပန်းဆက်သွယ်ရေး အခက်အခဲများကို နေ့စဉ်ရန်ဆိုင်နေရသည်။ အဆိုပါ ဒေသများသည် ကျိုင်းတုံမြို့နှင့်...

“စစ်ရေး ၊ နိုင်ငံရေးက သူတို့စစ်အုပ်စုချမှတ်ထားတဲ့ လမ်းစဉ်အတိုင်း ဆက်သွားမယ်”

0
အာဏာသိမ်း စစ်တပ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ၅ နှစ်အကြာမှာ ၎င်းပုံဖော်ထားတဲ့အတိုင်း နိုင်ငံတော် သမ္မတရာထူးယူလိုက်ပါတယ်။ ဒါ့ကြောင့် စစ်ဝတ်စုံကနေ အရပ်သားဝတ်စုံပြောင်း စစ်ခေါင်းဆောင် သမ္မတ ဉီးမင်းအောင်လှိုင် တက်လာပြီး သျှမ်းပြည် နိုင်ငံရေး အပြောင်းအလဲတွေ ဘယ်လိုဖြစ်လာခဲ့ပါသလဲ။ အစိုးရသစ် စစ်ခေါင်းဆော်င သမ္မတ ဉီးမင်းအောင်လှိုင်တက်လာချိန်မှာလည်း စစ်အာဏရှင်ကို...