ဖောင်တော်ဦးဘုရားပွဲလုပ်ရန်အတွက် PNOမှ ဒေသခံများကို ကင်းစောင့်ခိုင်းမည်ပြော

သျှမ်းပြည်နယ်တောင်ပိုင်း၊ ညောင်ရွှေမြို့နယ် အင်းလေးဖောင်တောင်ဦးဘုရာပွဲပြုလုပ်ရာတွင် ပအိုဝ်းပြည်သူ့စစ် (PNO)မှ ဒေသခံများကို ကင်းစောင့်ခိုင်းမည်ဟု သတင်းရရှိသည်။

နိုင်ငံရေးအခြေနေများကြောင့် ဖောင်တော်ဦးဘုရားပွဲပြုလုပ်ရန် အတည်ပြုချက်မရခဲ့သော်လည်းယခု ဒုတိယအကြိမ်အစည်းဝေးတွင် စစ်ကောင်စီအမိန့်ဖြင့် ပြုလုပ်သွားရန်ရှိပြီး PNO မှ တာဝန်ယူဆောင်ရွက်ရန်ရှိကာ ဒေသခံများကို လုံခြုံရေးအတွက် ကင်းစောင့်ခိုင်းမည်ဟု သတင်းများ ထွက်ပေါ်နေသည်။

ထိုသို့ဘုရားပွဲပြုလုပ်ရာတွင် ငွေကောက်ခံသွားမည်ဖြစ်တာကြောင့် ဒေသခံများအတွက် ငွေကြေးအခက်ခဲရှိကာ သွားရေးလာရေးကပါ ခက်ခဲလာကြောင်း သိရသည်။

ဖောင်တော်ဦး

“အင်းလေးထဲ ရေတွေတက်နေတာ ဒီအချိန် သွားရေးလာရေးကလည်း အရမ်းခက်တယ်။ အခြေခံစားဝတ်နေရေးအတွက် လည်း ခက်ခဲနေကြတယ်။ ဒါပေမဲ့ သာသနာ အကြောင်းပြပြီး လုပ်နေကြတော့ မတတ်နိုင်ဘူးပေါ့။PNOကလည်း မနှစ်ကလိုမျိုး ဒေသခံတွေ ကင်းစောင့်ခိုင်းအုံးမယ်လည်း ကြားတယ်။ “ဟု အင်းလေးဒေသခံတစ်ဦးက ပြောသည်။

စစ်ကောင်စီမှ အစည်းဝေးတွင် ဆုံးဖြတ်ချက်ပြီးနောက် (PNO) ပြည်သူ့စစ်များ အင်းလေးဒေသသို့ ယခင်ထက်ပိုမို ဝင်ရောက်လာပြီး နေရာ ယူလာကြကြောင်းသိရသည်။

ဘုရားပွဲပြုလုပ်လျှင် ခရီးသွားလာသူများကို အားထားကာ စားဝတ်နေရေးအတွက် ရုန်းကန်နေရသည့် ဒေသခံများအတွက် ပိုအဆင်ပြေနိုင်ဖွယ်ရှိကြောင်းနှင့် စစ်ကောင်စီအသိုင်းဝိုင်းနှင့် ဆက်နွယ်သည့် ဟိုတယ်များမှာလည်း ပို၍ ဝင်ငွေရရှိလာနိုင်ကြောင်း သိရသည်။

ဖောင်တော်ဦး

“ ဒေသခံတွေ အတွက်တော့ ပိုကောင်းသွားတာပေါ့လေ။ ခရီးသွားများရင်တော့ သူတို့ စားဝတ်နေရေးအတွက် ရှာရအဆင်ပြေတာပေါ့။ စစ်ကောင်စီနဲ့ ဆက်စပ်တဲ့ ဟိုတယ်တွေလည်း ဝင်ငွေတွေ ရရှိမှာပေါ့”ဟု ဒေသခံ အမျိုးသား တစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

ထို့အပြင် ယခင်နှစ်များတွင် ဖောင်တော်ဦးဘုရားပွဲတွင် အင်းလေးရိုးရားဝတ်စုံထက် PNO မှ စီစဉ် ပအိုဝ်းဝတ်စုံကိုသာ အများဆုံးမြင်တွေ့ရတာကြောင့် လူမျိုးရေးအရ ကြီးစိုးမှုပါ တွေ့နေရကြောင်း ၎င်းအမျိုးသားက ဆိုသည်။

အင်းလေးဖော်တော်ဦး ဘုရားပွဲကို နှစ်စဉ်နှစ်တိုင်း သတင်းကျွတ်လဆန်းတစ်ရက်နေ့တွင် ပြုလုပ်ကျင်းပလေ့ရှိပြီး အနယ်နယ်အရပ်ရပ်မှ ခရီးသွားများ ကစိတ်ဝင်စားပြီး စည်စည်ကားကားဖြင့်ကျင်းပခဲ့ကြသည်။

အလုပ်သင် သတင်းထောက် နန်းလရောင် ရေးသားသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

တောင်ကြီးမြို့နယ် အတွင်း စစ်တပ်နှင့် PNO က စစ်အသုံးစရိတ် တလ ကျပ်ငါးသောင်းကောက်

0
သျှမ်းပြည်တောင်ပိုင်း၊ တောင်ကြီးမြို့နယ် အတွင်း စစ်ကော်မရှင်တပ်နှင့် ပအိုဝ်းပြည်သူ့စစ် (PNO) က စစ်အသုံးစရိတ်အတွက် တစ်လ ကျပ်ငါးသောင်း ကောက်ခံနေကြောင်း သတင်းရရှိသည်။ စစ်ကော်မရှင်တပ်သည် တောင်နီကျေးရွာနှင့် ကျောက်နီကျေးရွာဘက်တွင် စစ်မှုထမ်းကြေးနှင့် စစ်အသုံးစရိတ်အတွက်ဟု ဆိုကာ တစ်အိမ်လျှင် ကျပ်ငါးသောင်းကို တစ်လတစ်ကြိမ် ပေးဆောင်ရန် ညွှန်ကြားခဲ့သည်။ ထိုသို့ ညွှန်ကြားထားသောကြောင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးများက...

“အကျပ်အတည်း နှင့် ဖြစ်နိုင်ချေကြားမှ မြန်မာ့ အသွင်းကူးပြောင်းရေးအတွက် အသံ”

0
“အကျပ်အတည်းကြား နှင့် ဖြစ်နိုင်ချေကြားမှ မြန်မာ့ အသွင်းကူးပြောင်းရေးအတွက် အသံ” ဆိုသည့် ခေါင်းစဉ်ကို ဉီးတည်ကာ အဓိကထားဆွေးနွေးသွားမည့် (၅)ကြိမ်းမြောက် မြန်မာ့အရေး နိုင်ငံတကာ လေ့လာရေး ညီလာခံ (International Conference on Burma/Myanmar Studies) ကို ယနေ့ (သြဂုတ် ၁၄ရက်မှ...

မြေသိမ်းခံရသည့် ဟိုပုံးဒေသခံများ တရားမျှတမှု မရရှိသေး

0
သျှမ်းပြည်တောင်ပိုင်း၊ ဟိုပုံးမြို့နယ် တွင် ပအိုဝ်းပြည်သူ့စစ် (PNO) နှင့် မြေပွဲစားများပူးပေါင်းပြီး အသိမ်းခံရ မြေယာနှင့်ပတ်သက်ပြီး ယနေ့ (သြဂုတ် ၇)ရက်အထိ ပြည်သူများ တရားမျှတမှု မရရှိသေးကြောင်း ဒေသခံများထံမှ သိရသည်။ ပြီးခဲ့သည့် ဖေဖော်ဝါရီလ ဒုတိယပတ်မှစပြီး ဟိုပုံးမြို့နယ် ညောင်ဗက်ကျေးရွာရှိ အိမ်ခြေ၂၀၀ ကျော်ကို ကျူးကျော်နေထိုင်သူဟုဆိုကာ...

ညောင်ရွှေ PNO က စစ်သားသစ်အတွက် ငွေကောက်၊ ပိုင်ဆိုင်မှုရောင်းပြီး ပေးဆောင်နေရ

0
သျှမ်းပြည်တောင်ပိုင်း ညောင်ရွှေမြို့နယ်ရှိ ကျေးရွာများကို ပအိုဝ်းပြည်သူ့စစ် (PNO) မှ တပ်သားသစ် အစားထိုးရန်အတွက် တအိမ်လျှင် ကျပ်သိန်းနှင့်ချီသော ငွေကြေးများကို အတင်းအဓမ္မ ကောက်ခံနေကြောင်း နေရပ်ပြန်စစ်ဘေးရှောင်များထံမှ သိရသည်။ ညောင်ရွှေမြို့နယ် လင်လံ (တောင်) ကျေးရွာအုပ်စုရှိ တောင်ပို့ကွဲ၊ ဟိုပန်၊ နမ့်ပွန်နှင့် ထီရိ စသည့် ကျေးရွာများတွင်...

ဆီဆိုင်တွင် PNO ကားဖြင့် အတိုက်ခံရပြီး အမျိုးသားတဉီး သေဆုံး၊ အမျိုးသမီး ထိခိုက်ဒဏ်ရာရ

0
သျှမ်းပြည်တောင်ပိုင်း၊ ဆီဆိုင်မြို့နယ် ဆမ်ဆိုင်ရွာနှင့် ကွန်ကောင်းမူးရွာကြားတွင် ပအိုဝ်းပြည်သူ့စစ်(PNO) မောင်းလာသည်ကားနှင့် ဆိုင်ကယ်တိုက်မိဖြစ်ပွားကာ အမျိုးသားတဉီး ပွဲချင်းပြီးသေဆုံးပြီး အမျိုးသမီး ထိခိုက်ဒဏ်ရာ ပြင်းထန်ကာ ဆေးရုံသို့ပို့ဆောင်ထားကြောင်း သတင်းရရှိသည်။ ဖြစ်စဉ်မှာ ပြီးခဲ့သည့် ဇူလိုင်လ (၂၀)ရက်ည နေ (၅)နာရီဝန်းကျင်တွင် ဆီဆိုင်မြို့နယ် ဆမ်ဆိုင်ရွာနှင့် ကွန်ကောင်းမူးရွာကြားတွင် တောင်ယာမှ ဆိုင်ကယ်ဖြင့်...