Wednesday, January 28, 2026

ဆီဆိုင်မြို့သို့ ပို့ဆောင်ခံရသည့် အခြားပြည်နယ်က စစ်သင်တန်းဆင်း တပ်သားသစ် သေဆုံးမှုများ

သျှမ်းပြည် ဆီဆိုင်မြို့သို့ ပို့ဆောင်ခံရသည့် အခြားပြည်နယ်က စစ်မှုထမ်းသင်တန်းဆင်း တပ်သားသစ်များ သေဆုံးမှုများနေကြောင်း သိရသည်။

သြဂုတ်လဆန်းမှစ၍ ဆီဆိုင်မြို့နယ်တွင် စစ်ကောင်စီတပ်နှင့် ပအိုဝ်းအမျိုးသားလွတ်မြောက်ရေး တပ်မတော် PNLA တို့ တိုက်ပွဲပြန်ဖြစ်ပွားလာရာ တစ်လနီးပါးအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင် ၅၀ ခန့်သေဆုံးခဲ့သည်ဟု PNLA ကသြဂုတ် ၂၄ ရက်တွင် ထုတ်ပြန်ထားသည်။

တိုက်ပွဲအတွင်း သေဆုံးသွားခဲ့သည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များမှာ စစ်မှုထမ်းသင်တန်းဆင်းမှ တပ်သားသစ်များ ဖြစ်ကြပြီး ဆီဆိုင်မြို့နယ် ခမရ (၄၂၃)၊ (၄၂၅) တပ်ရင်းသို့ ပို့ခံရသည်မှာ တစ်လဝန်းကျင်သာရှိသေးကြောင်း၊ ရှေ့တန်းသို့ ပို့ဆောင်ခံရကြောင်း PNLA ဖမ်းမိသည့် စစ်သုံ့ပန်းများ၏ ထွက်ဆိုချက်အရ သိရသည်။

တိုက်ပွဲကြားမီးလောင်သွားသည့် ဆီဆိုင်နေအိမ်

“လက်ရှိအနေအထားကတော့ တိုက်ပွဲဖြစ်ပွားနေဆဲလို့ ပြောရမှာဖြစ်ပါတယ်။ တိုက်ပွဲအတွင်း သေဆုံးတဲ့ စစ်ကောင်စီတပ်သားတွေဟာ ၄၂၃ ၊ ၄၂၄ က တပ်တွေနဲ့ စစ်ကောင်စီလက်အောက်ခံ PNO ပြည်သူ့စစ်တွေဖြစ်ပါတယ်။ သေဆုံးတဲ့သူတွေဟာ ဖမ်းမိတဲ့ စစ်သုံ့ပန်းတွေရဲ့ ထွက်ဆိုချက်အရ အများစုက တပ်သားသစ်တွေဖြစ်ပြီး ဆီဆိုင်ကို အပို့ခံရတာ တလဝန်းကျင်သာရှိသေးတဲ့ သူတွေဖြစ်ပါတယ်” ဟု PNLA ၏ ပြန်ကြားရေးတာဝန်ခံ ခွန်ရိန်းယံက သျှမ်းသံတောဆင့်ကို ပြောသည်။

အဆိုပါ တခြားပြည်နယ်ဖြစ်သည့် စစ်ကိုင်းတိုင်း ရွှေဘိုမြို့ဘက်မှ တက်လာသည့် စစ်သင်တန်းဆင်း တပ်သားသစ်များဖြစ်ကြောင်း သိရသည်။

ထို့အပြင် တိုက်ပွဲအတွင်း လက်နက်ငယ် ၁၄ လက်၊ ၆၀ မမ ပြောင်းတို ၁ လက်နှင့် ဒရုန်း ၂ စင်း သိမ်းဆည်းရမိကြောင်း ထုတ်ပြန်ချက်၌ရေးသားဖော်ပြထားသည်။

ထိုတိုက်ပွဲအတွင်း စစ်ကောင်စီတပ်မှ လေယာဉ်ဖြင့် ပေါင် ၅၀၀ ဗုံး၊ ပေါင် ၃၀၀ ဗုံးဖြင့် အသုံးပြုပြီး တိုက်ခိုက်သကဲ့သို့ လက်နက်ကြီးဖြင့်လည်း ပစ်ခတ်တိုက်ခိုက်ခဲ့သည်မှာ အကြိမ်ပေါင်း ၁၀၀ ရှိကြောင်း ဆိုသည်။

စစ်ကောင်စီတပ်၏ လက်နက်ကြီး ပစ်ခတ်မှုကြောင့် ဒေသခံ ၁ ဦးသေဆုံးပြီး ၃ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည်ဟု PNLA ကထုတ်ပြန်ထားသည်။

လက်ရှိ ဆီဆိုင်မြို့နယ်အတွင်း တိုက်ပွဲကြောင့် စစ်ဘေးရှောင် ၃,၀၀၀ ကျော် ထွက်ပြေးတိမ်းရှောင်နေရပြီး စားနပ်ရိက္ခာနှင့် အမိုးအကာလိုအပ်နေသည်ဟု စစ်ဘေးရှောင်ကူညီသူများထံမှသိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

“သား..သမီးပေးမလား၊ ငွေပေးမလား” – လက်နက်ကိုင်များ၏ ဓားစာခံ ဖြစ်လာရသည့် လူငယ်များ

0
ရပ်ကျေးအုပ်ချုပ်ရေးမှူးဆီက စာတစ်စောင်ရောက်လာတိုင်း မိခင်တစ်ယောက်အတွက် “စာရင်းထဲ ပါသလား” ဆိုသည့် မေးခွန်းက အရိပ်မဲတခုလိုပင် နေ့စဉ်ခြောက်လန့်နေသည်။ “သားသမီးကို စစ်တပ်ဆီ ပို့ရမလား၊ မပို့ချင်ရင် ငွေရှာပေးရမလား” ဆိုသည့် ရွေးချယ်မှုကြားတွင် မိဘများ၏ အသက်ရှူသံမှာ လေးလံနေပြီ။ သို့သော် ယခုအခါ ထိုရွေးချယ်များထဲတွင် “အသက်ပေးမလား” ဆိုသည့် အစွန်းရောက်သော...

ကျောက်မဲမြို့နယ် SSPP နှင့် TNLA စစ်ရေးတင်းမာ၊ တိုက်ပွဲဖြစ်မည်ကို ဒေသခံစိုးရိမ်

0
သျှမ်းပြည် ကျောက်မဲမြို့နယ်တွင် ရှမ်းပြည်တိုးတက်ရေးပါတီ/ ရှမ်းပြည်တပ်မတော် (SSPP/SSA) နှင့် တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA တို့ မြေပြင် စစ်ရေးတင်းမာနေကြောင်း စုံစမ်းသိရသည်။ ဇန်နဝါရီလ ၁၇ ရက်မှ ညနေပိုင်းမှ စတင်ပြီး ကျောက်မဲမြို့နယ်အတွင်း တော့ဆန်ကျေးရွာအုပ်စုရှိ SSPP တပ်စခန်း အနီးသို့ TNLA ဘက်မှ...

စစ်ကော်မရှင်နှင့် PNO စစ်သုံးစရိတ်နှင့် တပ်သားစုဆောင်းမှုကြား စိတ်ရောကိုယ်ပါ ပင်ပန်းနေ

0
အာဏာသိမ်းစစ်တပ်က စစ်မှုထမ်းဥပဒေကို ပြန်လည်အသက်သွင်းပြီးနောက်ပိုင်း စစ်မှုထမ်း လစဉ်ကြေးနှင့် တပ်သားသစ် စုဆောင်းမှုဒဏ်ကြောင့် လူထုကြား စိတ်ရောကိုယ်ပါ ပင်ပန်းနွမ်းနယ်နေကြောင်း ဒေသခံများက ပြောသည်။ တရားဝင် လူဖမ်းစစ်သားစုဆောင်းရန်အတွက် စစ်တပ်က စစ်မှုထမ်းဥပဒေကို ပြန်လည်အသက်သွင်းခဲ့သည်မှာ လာမည့် ၂၀၂၆ ဖေဖော်ဝါရီလ ၁၀ ရက်နေ့တွင် ၂ နှစ်ပြည့်ပြီ ဖြစ်သည်။ သို့သော်...

လူငယ်များအား အဓမ္မ စစ်ထဲဆွဲထည့်နေသည့် စစ်ခေါင်းဆောင် ဦးဆောင်၍ လူငယ် ငြိမ်းချမ်းရေးဖိုရမ် ကျင်းပနေ

0
အနည်းဆုံး လူငယ် ၆၀၀၀၀ ကျော်ကို အဓမ္မ စစ်တပ်ထဲ ဆွဲထည့်ထားသည့် စစ်ခေါင်းဆောင် မင်းအောင်လှိုင် ဦးဆောင်သော လူငယ် ငြိမ်းချမ်းရေး ဖိုရမ် ၂၀၂၆ ကို ယမန်နေ့ (ဇန်နဝါရီ ၁၃ ရက်) နံနက်ပိုင်းက နေပြည်တော်၌ စတင် ကျင်းပနေကြောင်း စစ်ကောင်စီက...

မဲပေးစက်ပြဿနာနှင့် ကြိုတင်မဲကြောင့် ကြံ့ခိုင်ရေးပါတီက အများစုအနိုင်ရ

0
သျှမ်းပြည် ၁၇ မြို့နယ်တွင် ပြီးခဲ့သော ဇန်နဝါရီလ ၁၁ ရက်က ကျင်းပသည့် ရွေးကောက်ပွဲ အပိုင်း (၂) ၏ အနိုင်အရှုံးစာရင်းများကို ကြည့်လျှင် စစ်တပ်ကျောထောက်နောက်ခံ ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး (USDP) ပါတီက အများစုအနိုင်ရထားသည်။ ကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေး (USDP) ပါတီသည် ၁၉၉၃ ခုနှစ်က...