လင်းခေးမြို့တွင် ၂၁၁၂ ခုသျှမ်းနှစ်သစ်ကူးအထိမ်းအမှတ် သျှမ်းဘာသာစာမေးစာပြန်ပွဲ ကလေး၊ လူကြီး ရာဂဏန်းဝင်ရောက်ဖြေဆို

သျှမ်းပြည်တောင်ပိုင်း လင်းခေးခရိုင် လင်းခေးမြို့တွင် ၂၁၁၂ ခုနှစ် သျှမ်းနှစ်သစ်ကူးပွဲတော် အထိမ်း အမှတ်အဖြစ် သျှမ်းစာပေယဉ်ကျေးမှုကော်မတီမှ သျှမ်းစာပေ နှင့် ဗုဒ္ဓဘာသာဆိုင်ရာ ဗဟုသုတ စာမေးစာပြန်ပွဲ လူငယ်မောင်မယ် ၁၉၀ ၀င်ရောက်ဖြေဆိုခဲ့သည်ဟုသိရသည်။

လင်းခေးမြို့နယ်အတွင်းမှ ကလေး ၅၃ ဦးနှင့် လူကြီး ၁၃၇ ဦး စုစုပေါင်း ၁၉၀ မှာ နို၀င်ဘာလ ၁၂ ရက်နေ့က လင်းခေးမြို့ အထက ကျောင်းတွင် သျှမ်းစာပေဖွံ့ဖြိုးတိုးတက်ရေးအတွက် သျှမ်းစာပေ ဖြေကြားကြရာ အမှတ်အများဆုံးရရှိသူအား နို၀င်ဘာလ ၁၆ မှ ၁၈ ရက်နေ့အထိ ကျင်းပမည့် သျှမ်း နှစ်သစ်ကူးပွဲတော်တွင် ဆုပေးသွားမည်ဖြစ်ကြောင်း လင်းခေးမြို့ သျှမ်းစာပေနှင့်ယဉ်ကျေးမှုကော်မတီ ဥက္ကဌ ဆရာစိုင်းအောင်ခင်ကပြောသည်။

“ကျနော်တို့ ပညာရေးဌာနကထုတ်တဲ့ ဖတ်မှတ်စွမ်းရည် လိုမျိုး ဒါကျနော်တို့ လုပ်တာ ပထမဆုံး အကြိမ်လို့ လည်း ပြောလို့ရပါမယ်။ ကလေးလူကြီး ၁၉၀ ၀င်ရောက်ဖြေဆိုတာ အားရစရာတော့ ကောင်းပါတယ်။ ဗုဒ္ဓရာဇဝင်အကြောင်းမေးထားတယ်။ သျှမ်းစာပေပညာရှင်ကြီးတွေ အကြောင်းမေး ထားတယ်။ သျှမ်းနှစ်သစ်ကူးအကြောင်းနဲ့ပတ်သက်ပြီးမေးထားတယ်။ နောက်ပြီးတော့ကိုယ့်ဇာတိ လင်းခေးမြို့နဲ့ ပတ်သက်ပြီးမေးထားပါတယ်။ သျှမ်းစာပေယဉ်ကျေးမှုကော်မတီရဲ့ ပညာရေးပိုင်း ဆိုင်ရာကော်မတီတွေက ဦးစီးကြပ်မတ်သွားတာဖြစ်ပါတယ်”- ဟု ဆရာစိုင်းအောင်ခင်ကပြောသည်။

လက်ရှိတွင် အစိုးရပညာသင်ကျောင်း၌ သင်ကြားမှုမဏ္ဍိုင်မှာ မြန်မာစာဖြစ်နေသဖြင့် မြန်မာစာအပြင် မိခင်ဘာသာစာဖြစ်သော သျှမ်းစာပေ၊ ကမ္ဘာသုံးဖြစ်သော အင်္ဂလိပ်စာတို့ကိုပါ ဒေသတွင်းလူငယ်ထုတို့ ကျွမ်းကျင်တတ်မြောက်စေလိုသည့်ရည်ရွယ်ချက်ဖြင့် သျှမ်းစာပေဖြေကြားမှုပြုလုပ်ပေးခြင်းဖြစ်ကြောင်း ဆက်လက်ပြောသည်။

ပညာတတ်လူငယ်များ၊ သံဃာတော်များ စုပေါင်းကာ ကလေးသူငယ်များအတွက် ဗုဒ္ဓဘာသာ ယဉ်ကျေးမှု အား စန်းဒေးစကူး ပုံစံဖြင့် လွန်ခဲ့သည့် ၂ – ၃ နှစ်မှစ၍ တနင်္ဂနွေနေ့ နေ့တိုင်းသင်ကြား ပို့ချ မှုလည်းရှိနေကြောင်း၊ အဆိုပါ ယဉ်ကျေးလိမ်မာ သင်တန်းကျောင်းက ကလေးလူငယ်များအား ဗုဒ္ဓ ဇါတ်နိပါတ်တော်များ၊ အဆို ဆုံးမ များ သင်ကြားပို့ချ ပေးမှု ကလည်း များစွာ အထောက်အကူပြု ကြောင်း ကျောင်းသားမိဘ တဦးဖြစ်သူ နန်းအေးပီးက လည်းပြောသည်။

Photo by Ying Hak

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

မူဆယ် KTV များတွင် မူးယစ်ဆေးကြောင့် လူငယ်များ ဆက်တိုက်သေဆုံး၊ တရုတ်ဘက်ကပါ ဆေးကုသခွင့် ပိတ်ပင်

0
မြန်မာ-တရုတ်နယ်စပ် မူဆယ်မြို့ရှိ KTV များတွင် မူးယစ်ဆေးဝါး အလွန်အကျွံသုံးစွဲခြင်းကြောင့် လူငယ်များ သေဆုံးမှု ဆက်တိုက်ဖြစ်ပွားနေကြောင်း စုံစမ်းသိရသည်။ မူးယစ်ဆေး သောက်သုံးပြီး စိုးရိမ်ရသည့် အရေးပေါ်လူနာများကိုလည်း တရုတ်နိုင်ငံဘက်သို့ ဆေးကုသရန် သွားရောက်ခွင့် ပိတ်ပင်ခံနေရကြောင်း ဒေသတွင်း လူမှုကယ်ဆယ်ရေးအသင်းက ပြောသည်။ ယမန်နေ့ (ဇူလိုင် ၂၄ ရက်) နံနက်ပိုင်းက...

ချင်းမိုင်တွင် ရုံးအကူအဖြစ်လုပ်ကိုင်နေသည့် မြန်မာတစ်ဦး ဖမ်းဆီးခံရ

0
ထိုင်းနိုင်ငံ၊ ချင်းမိုင်မြို့နယ်အတွင်း ခွင့်ပြုထားသည့် အလုပ်လုပ်ခွင့် (Work Permit) အမျိုးအစားနှင့် ကိုက်ညီမှုမရှိဘဲ ရုံးအကူဝန်ထမ်းအဖြစ် ကျော်လွန် လုပ်ကိုင်နေသည့် မြန်မာနိုင်ငံသားတစ်ဦးကို ချင်းမိုင်ခရိုင် လူဝင်မှုကြီးကြပ်ရေးနှင့် အလုပ်အကိုင်ရှာဖွေရေးရုံး ပူးပေါင်းတပ်ဖွဲ့က ဖမ်းဆီးလိုက်ကြောင်း သိရသည်။ ပြီးခဲ့သည့် ဇူလိုင်လ ၂၃ ရက်နေ့က ချင်းမိုင်ခရိုင်၊ ပါတန် (Pa...

အောင်ပန်းမြို့ ပြည်သူကို ဒုက္ခပေးနေတဲ့ KTV ထဲက  HI ခန်းများ

0
အောင်ပန်းမြို့ဟာ စိုက်ပျိုးရေး ၊ပွဲစားမြို့တော်လို့ လူသိများတဲ့မြို့ဖြစ်ပြီး၊ နေ့စဉ်နဲ့အမျှ ရာသီသီနှံတွေ ကုန်စိမ်းတွေ ကို မြန်မာပြည်တဝှမ်းပို့ဆောင်ရန် အတွက် အလွန်စည်းကားတဲ့မြို့တခုဖြစ်ပါတယ်။ လူမျိုးစုံ၊ ဒေသစုံကလာရောက်ပြီး ဝမ်းရေးရှာဖွေ စားသောက်တဲ့နယ်မြေလည်းဖြစ်ပါတယ်။  စစ်အာဏာမသိမ်းခင်မှာတော့ ရာသီဉတု နဲ့ သန့်ရှင်းလတ်ဆတ်တဲ့ သီးနှံ တွေရရှိတဲ့အတွက် အလွန်နေချင်စဖွယ်ကောင်းတဲ့မြို့ဖြစ်ပါတယ်။ ဒါပေမယ့် စစ်အာဏာသိမ်းပြီး ၅နှစ်ကျော်ကာလမှာတော့ အောင်ပန်းမြို့ဟာ...

ခိုလမ်မြို့နယ် နွား ၁၁ ကောင် မိုးကြိုးစက်ကွင်းထိပြီး သေဆုံး

0
သျှမ်းပြည် တောင်ပိုင်း ခိုလမ်မြို့နယ်တွင်း နွား ၁၁ ကောင် သည် မိုးကြိုးစက်ကွင်း ထိမှန်ပြီး သေဆုံးခဲ့ကြောင်း သတင်းရရှိသည်။ အဆိုပါဖြစ်စဉ်သည် ဇူလိုင်လ ၂၂ ရက် နေ့လည်ပိုင်း ခိုလမ်မြို့နယ် ဟိုနောင်ကျေးရွာတွင် ဖြစ်ပွားခဲ့ပြီး မိုးရွာသွန်းနေချိန် နွားများ သစ်ပင်အောက်တွင် ခိုနားနေစဉ် မိုးကြိုးစက်ကွင်း ထိမှန်ခြင်းကြောင့်...

မိုးဗြဲ-ဖယ်ခုံဘက် စစ်တပ် ဒရုန်း၊ လက်နက်ကြီးပစ်၊ ဒေသခံများထပ်မံ စစ်ရှောင်ရ

0
သျှမ်း-ကရင်နီ (ကယား)ပြည် နယ်စပ် မိုးဗြဲ၊ဖယ်ခုံဘက်တွင် စစ်ကော်မရှင်တပ်က ဒရုန်း၊ လက်နက်ကြီးများဖြင့် နေ့စဉ်နီးပါး တိုက်ခိုက်နေသဖြင့် ဒေသခံများ ထပ်မံ စစ်ဘေးရှောင်နေရကြောင်း သတင်းရရှိသည်။ ပြီးခဲ့သည့် ဇူလိုင်လ တတိယပတ်မှစပြီး မိုးဗြဲ အနောက်ဘက်ခြမ်းကို စစ်ကော်မရှင်တပ်က လက်နက်ကြီး၊ ဒရုန်းအသုံးပြု နေ့စဉ်တိုက်ခိုက်နေသဖြင့် လုပ်လက်စ စိုက်ခင်းများကို ချန်လှပ်ထားပြီး...