Wednesday, January 28, 2026

မိုးသည်းထန်ရွာသွန်းမှုကြောင့် မိုင်းတုံ-တာဆန်းလမ်းပြတ်တောက်

သျှမ်းပြည် အရှေ့ပိုင်း မိုင်းတုံမြို့နယ်တွင် မိုးသည်းထန်စွာရွာသွန်းမှုကြောင့် မိုင်းတုံ-တာဆန်းလမ်း ပြတ်တောက်သွားကြောင်း သတင်းရရှိသည်။

သြဂုတ် ၁၂ရက်မှ စတင်ပြီး မိုးအဆက်မပြတ်ရွာသွန်းမှုကြောင့် သြဂုတ် ၁၄ရက် ညနေပိုင်းတွင် မိုင်းတုံ-တာဆန်းလမ်းပြတ်တောက်မှု ဖြစ်ပွားကာ လက်ရှိတွင် ယာယီတံတားထိုးပေးထားကြောင်း မိုင်းတုံ ဒေသခံ အမျိုးသားတစ်ဦးက သျှမ်းသံတော််ဆင့်ကို ပြောသည်။

” လမ်းက ပြတ်တောက်သွားတာ။ အခုတော့ သွားလာလို့ရအောင် တံတားထိုးထားတယ်။ ကားကြီးတော့ ဖြတ်မရဘူး။ ယာယီတံတားဆိုတော့ မခိုင်ဘူးပေါ့” ဟု ၎င်းအမျိုးသားက ပြောသည်။

လက်ရှိယာယီတံတားပြုလုပ်ထားပြီး ဆိုင်ကယ်၊ ကားအသေးစားသာ သွားလာနိုင်အောင် တည်ဆောက်ထားသည်။

“ဆိုင်ကယ်နဲ့ ကားအသေးစားတွေလောက်ပဲ သွားလို့ရတယ်။ သက်ဆိုင်ရာ အာဏာပိုင်နဲ့ ပြည်သူတွေက လုပ်အားပေးတဲ့အနေနဲ့ ပါဝင်ကူညီကြတယ်။ ရေတွေက မကျသေးဘူး’’ဟု ၎င်းက ပြောသည်။

မိုင်းတုံ လမ်းပိုင်း

အဆိုပါ လမ်းပြတ်တောက်မှုသည် မိုးသည်းထန်စွာ ရွာသွန်းမှု တစ်ခုတည်းမဟုတ်ဘဲ ယခင် ဆောက်လုပ်ရေးဦးစီးဌာနမှ လမ်းပိုင်းဆောက်လုပ်ရာတွင် အစစအရာရာ ခိုးယူထားမှုကြောင့် ယခုကဲ့သို့ ဖြစ်ကြောင်းလည်း ဒေသခံများက သုံးသပ်ပြောသည်။

” လမ်းပြတ်တောက်သွားတာကြည့်လိုက်တော့ သူတို့တွေ ဆောက်တုန်းကခိုးထားတာ သိသာတယ်။ အောက်ခြေမခိုင်ဘူး။ အပေါ်ယံဘဲ ဆောက််လုပ်ထားတာ” ဟု မိုင်းတုံ ကားသမား တစ်ဦးက သျှမ်းသံတော်ဆင့်ကိုပြောသည်။

သျှမ်းပြည်အရှေ့ပိုင်းတွင် သစ်တောများ အလွန်အကျွံခုတ်ယူခြင်း၊ သတ္တုများအ လွန်အကျွံ တူးဖော်ခြင်း နှင့် တောတောင်တွင် သစ်ပင်များမရှိတော့သဖြင့် မိုးရွာသွန်းသည်အခါ မြေကြီးမှ ရေစုတ်ယူမှု မရှိတော့သဖြင့် ယခုကဲ့သို့ ရေကြီးရေလျှံမှု ဖြစ်ပွားလာရခြင်းဖြစ်ကြောင်း သဘာဝပတ်ဝန်းကျင်စောင့်ကြည့်လေ့လာသူကဆိုပြန်သည်။

အလုပ်သင် သတင်းထောက် နန်းဆိုင်ခမ်း ရေးသားသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

မိုင်းပန်-မိုင်းတုံကြား သံလွင်တံတားသစ်(တာဆန်း)ကို စစ်ခေါင်းဆောင် လာရောက်ဖွင့်လှစ်

0
သျှမ်းပြည် မိုင်းပန်မြို့နှင့် မိုင်းတုံမြို့ကြား အသစ်တည်ဆောက် ပြီးစီးခဲ့သည့် သံလွင်မြစ်ကူးတံတား(တာဆန်း) ကို စစ်ခေါင်းဆောင် မင်းအောင်လှိုင် လာရောက်ဖွင့်လှစ်ပေးခဲ့ကြောင်း စုံစမ်းသိရသည်။ ယမန်နေ့ (ဇန်နဝါရီလ ၂၀ ရက်) နံနက် ၁၁ နာရီခွဲတွင် မိုင်းပန်မြို့နှင့် မိုင်းတုံမြို့ကြားရှိ သံလွင်မြစ်ပေါ်တွင် အသစ်တည်ဆောက် ပြီးစီးခဲ့သည့် သံလွင်မြစ်ကူးတံတား(တာဆန်း) ကို...

မိုင်းဆတ်-မိုင်းတုံသို့ သယ်ဆောင်လာသည့် စိတ်ကြွရူးသွပ်ဆေးပြား ၂ သန်းဖမ်းမိ

0
သျှမ်းပြည်အရှေ့ပိုင်း မိုင်းဆတ်မြို့နယ် ဝမ်တုံကျေးရွာမှ မိုင်းတုံမြို့နယ် မဲကင်းကျေးရွာအနီးသို့ သယ်ဆောင်လာသော စိတ်ကြွရူးသွပ်ဆေးပြား ၂ သန်း (ဒေသတန်ဖိုး ငွေကျပ်သိန်း ၈,၀၀၀)ကို ဖမ်းဆီးရမိကြောင်း သတင်းရရှိသည်။ ပြီးခဲ့သည့် ဇူလိုင် ၂၀ ရက် မနက် ၈ နာရီခွဲအချိန်တွင် မိုင်းဆတ်မြို့နယ် မယ်ပုလုံကျေးရွာအုပ်စု ဂျူးလုကျေးရွာအနီးတွင် ISUZU...

မိုင်းတုံမြို့နယ် စစ်မှုထမ်းစာရင်းပါသူများ ထွက်ပြေးလျှင် အရေးယူခံရမည်

0
သျှမ်းပြည် အရှေ့ပိုင်း မိုင်းတုံမြို့တွင် စစ်ကောင်စီတပ်မှ စစ်မှုထမ်းအမှတ်စဉ် (၁၅)အတွက် စာရင်းကောက်ခံနေပြီး စစ်မှုထမ်းစာရင်းပါသူများ ထွက်ပြေးလျှင် အရေးယူခံရမည်ဟု စစ်ကောင်စီအဖွဲ့ဝင်များက ပြောဆိုကြောင်း စုံစမ်းသိရှိရသည်။ ယမန်နေ့ (ဇွန်လ ၁၆ ရက်)တွင် မိုင်းတုံမြို့၊ မြို့မရပ်ကွက်တွင် စစ်မှုထမ်းရန်အတွက် အစည်းအဝေးခေါ်ယူကာ ဝန်ထမ်းများ၊ ကျောင်းတက်နေသူများနှင့် မသန်စွမ်းသူများ ကင်းလွတ်ခွင့်ရပြီး...

မိုင်းတုံမြို့ စစ်ကောင်စီနှင့်လက်အောက်ခံများက ညအချိန် ရှောင်တခင် ဧည့်စာရင်းစစ်

0
ိသျှမ်းပြည် မိုင်းတုံမြို့နယ်တွင် စစ်မှုထမ်းစာရင်းပါသည့် နေအိမ်များကို စစ်ကောင်စီလက်အောက်ခံ တာဝန်ရှိသူများက ညအချိန် ရှောင်တခင် ဧည့်စာရင်း ဝင်ရောက်စစ်ဆေးနေကြောင်း သတင်းရရှိသည်။ ပြီးခဲ့သည့် မေလ ၁၃ ရက်မှစ၍ မိုင်းတုံမြို့တွင် ညအချိန်၌ စစ်ကောင်စီလက်အောက်ခံ ဌာနဆိုင်ရာ ပူးပေါင်းအဖွဲ့မှ တာဝန်ရှိသူများက ပြည်သူ့စစ်မှုထမ်းစာရင်းတွင် အမည်ပါဝင်ထားသော နေအိမ်များကို အဓိကထား၍...

မိုင်းတုံမြို့တွင် ဘိန်းစာရွက်ရည် သုံးစွဲသူကို ရဲတပ်ဖွဲ့က ဖမ်းဆီးပြီး ထောင်ဒဏ် နှစ် (၂၀)ကျော် ချမှတ်

0
သျှမ်းပြည်အရှေ့ပိုင်း မိုင်းတုံမြို့တွင် ဘိန်းစာရွက်ရည် သုံးစွဲသူကို ရဲတပ်ဖွဲ့များ လာရောက်ဖမ်းဆီးပြီး ထောင်ဒဏ် အနှစ် (၂၀)ကျော် ချမှတ်ကြောင်း စုံစမ်းသိရသည်။ မိုင်းတုံမြို့တွင် နှစ်ကုန်အချိန် (ဒီဇင်ဘာလ အစ)တွင် မူးယစ်ဆေးဝါးသုံးစွဲများကို မူးယစ်ရဲတပ်ဖွဲ့က အမှုလိုအပ်မှုအတွက် လိုက်လံဖမ်းဆီးရာတွင် ထုံးစံဖြစ်နေကြောင်း ၊ ယခင်နှစ်ဖမ်းဆီးမိသူကို ငွေဖြင့် ပြန်လည် ရွေးခိုင်းပြီး...