သျှမ်းပြည် တောင်ပိုင်း ဆီဆိုင်မြို့နယ် ပန်အောင်ရွာတွင် စစ်ကောင်စီနှင့် ပအိုဝ်းပြည်သူ့စစ် (PNO) ပစ်ခတ်လိုက်သည့် လက်နက်ကြီးကြောင့် သားအမိနှစ်ဦးထိမှန်ကာ မိခင်ဖြစ်သူပွဲချင်းပြီးသေဆုံးကာ သားဖြစ်သူ ပြင်းထန်ဒဏ်ရာရရှိကြောင်း စုံစမ်းသိရသည်။
ဖြစ်စဉ်မှာ ယမန်နေ့ (သြဂုတ် ၁၄)ရက် နံနက်ပိုင်းတွင် စစ်ကောင်စီနှင့် PNO ပစ်ခတ်လိုက်သည့် လက်နက်ကြီးကြောင်း အသက် ၄၀အရွယ်ရှိ မိခင်ဖြစ်သူ မွိုးစွန်သည် ပွဲချင်းပြီးသေဆုံးကာ အသက်၃နှစ်အရွယ်ရှိ ခွန်မောင်ပေသည် ပြင်းထန်ဒဏ်ရာရရှိကြောင်း ပအိုဝ်း အမျိုးသားလွတ်မြောက်ရေးတပ်မတော် PNLA ထံ သိရသည်။

“ စစ်ကောင်စီက ပြည်သူတွေကို ရန်သူအဖြစ်သတ်မှတ်ပြီး တိုက်ခိုက်နေတာ၊ မိခင်ဖြစ်သူကတော့ အခင်းဖြစ်တဲ့နေရာမှာပဲ ပွဲချင်းပြီးသေဆုံးတယ်။ သားဖြစ်သူကတော ဒဏ်ရာတော်တော်ပြင်းထန်နေတယ်။ စိုးရိမ်ရတဲ့ အနေအထားဖြစ်တယ်” PNLA မှ ပြောရေးတိုခွင့်ရှိသူ ခွန်ရိန်းယံက သျှမ်းသံတော်ဆင့်ကိုပြောသည်။
ဒဏ်ရာပြင်းထန်စွာ ရရှိသောကလေးငယ်ကို PNLAဆေးတပ်ဖွဲ့မှ လာရောက်ကယ်ဆယ်ပြီး ဆေးကုပေးနေကြောင်း သိရသည်။
သြဂုတ်လ ၇ရက်တွင်လည်းဆီဆိုင်မြို့ အရှေ့ဘက် ရွာထဲတွင် စစ်ကောင်စီ လက်နက်ကြီးဖြင့် ပစ်ခတ်လာကြောင့် ဆယ်ကျော်သက်စစ်ရှောင် အမျိုးသမီးနှစ်ဦးကို ထိမှန်ပြီး သေဆုံ ခဲ့သေးကြောင်း PNLA ထံမှသိရသည်။
စစ်ကောင်စီတပ်ဖွဲ့နှင့် စစ်ကောင်စီလက်အောက်ခံ ပြည်သူ့စစ်များသည် သြဂုတ်လ ၃ ရက်မှစပြီး ဆီဆိုင်မြို့နယ် အတွင်းရှိ ပအိုဝ်းကျေးရွာ ပအိုဝ်းနယ်မြေအတွင်းသို့ လက်နက်ကြီးများတမင်သက်သက်ပစ်ခတ်နေလျက်ရှိသဖြင့် ပြည်သူများအနေဖြင့် သတိဝီရိယဖြင့် သွားလာကြပါရန်လည်း PNLAက အထူးတိုက်တွန်းထားပါသည်။












Leave a Comments