လင်းခေးမြို့ သျှမ်းနှစ်သစ်ကူးပွဲတော် စိုင်းအောင်ထီးခမ်းနှင့် စိုင်းထီးဆိုင်သမီး ဖျော်ဖြေမည်

သျှမ်းပြည်တောင်ပိုင်း လင်းခေးခရိုင် လင်းခေးမြို့တွင် ၂၁၁၂ ခု သျှမ်းနှစ်သစ်ကူးပွဲတော်ကို နို၀င်ဘာလ ၁၆ ရက်မှ ၁၈ ရက်နေ့အထိ ကျင်းပမည်ဖြစ်ကြောင်းသိရသည်။

ယခုနှစ်သျှမ်းနှစ်သစ်ကူးပွဲတော် ကို တောင်ရွာရပ်ကွက်ရှိ ဟိုနားကျောင်းတွင် ကျင်းပမည်ဖြစ်ပြီး ပွဲတော်ပထမညတွင် အဆိုတော်စိုင်းအောင်ထီးခမ်းနှင့် စိုင်းထီးဆိုင်၏သမီး နန်းဆိုင်စံတို့မှ သီဆိုဖျော်ဖြေကြမည်ဖြစ်ကြောင်း ပွဲတော်ဖြစ်မြောက်ရေးကော်မတီဝင် ယိင်းဟတ်ကပြောသည်။

“၁၆ ကနေ ၁၈ အထိ ပွဲကျင်းပပါမယ်။ အဆိုတော်တွေတော့ ၁၆ တညတည်း လာဆိုပေးဖို့အစီအစဉ်ရှိပါတယ်။ ခုလူငယ်တွေ တုတ်ဆူး အလှူခံလည်း ပြီးသွားပါပြီ။ ကျမတို့ဘက်ကလည်း မုန့်စျေးတန်းအတွက် စျေး ရောင်း သမားတွေကို အခန်းချပေးနေပါပြီ။ ဒီနှစ်အလုပ်လုပ်ရတာ လွယ်ကူမြန်ဆန်တယ်လို့ပြော လို့ရပါမယ်။မြို့နယ်၊ ခရိုင်အာဏာပိုင်တွေဘက်ကလည်း ကူညီမှုအပြည့်ပေးပါတယ်။ ”- ဟု သျှမ်းသံတော်ဆင့်အားပြောသည်။

သျှမ်းပြည်မြောက်ပိုင်းတွင် ဒေသခံလူထုရင်ဆိုင်ရသော စစ်ဘေးစစ်ဒဏ်အတွက် ၀မ်းနည်းမှုပြသည့်အနေဖြင့် လင်းခေးမြို့တွင် ၂၀၁၆ ခုနှစ်က သျှမ်းနှစ်သစ်ကူးပွဲတော်မကျင်းပဖြစ်ခဲ့ပေ။

လင်းခေးမြို့ သျှမ်းနှစ်သစ်ကူးပွဲတော်ဖြစ်မြောက်ရေးအတွက်ဦးဆောင်ဦးရွက်ပြုသည့် မြို့နယ် သျှမ်းစာပေယဉ်ကျေးမှုအသင်း၏ ဥက္ကဌနှင့်အလုပ်အမှုဆောင်အသစ်ကို ပြီးခဲ့သည့်စက်တင်ဘာလကပင် ပြန်လည်ရွေးချယ်ခဲ့သည်။ လက်ရှိတွင် ဥက္ကဌအဖြစ်ဆရာစိုင်းအောင်ခင်ကတာဝန်ယူဆောင်ရွက်ထားပါသည်။

လင်းခေးမြို့သည် ကွယ်လွန်ပြီးသော နိုင်ငံကျော်အဆိုတော် စိုင်းထီးဆိုင် ၏ ဇာတိမြို့ဖြစ်သည်။ သျှမ်းတေးသီ ချင်းအဓိက သီဆိုပြီး သျှမ်းလူထုကြား အထင်ကရ အဆိုတော်ဖြစ်သည့် စိုင်းအောင်ထီးခမ်းသည်လည်း စိုင်းထီးဆိုင်၏ ညီဖြစ်သည်။ စိုင်းထီးဆိုင်၏ သမီး နန်းဆိုင်စံမှာမူ ၄င်းဖခင်၏ သီချင်းများ ပြန်လည်သီဆိုရာမှ မြန်မာအသိုင်းအဝိုင်းကြား ထင်ပေါ်ကျော်ကြားလာသည့် အဆိုတော်တဦးဖြစ်သည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

စစ်စရိတ်နှင့် သယံဇာတ – တအာင်းဒေသတွင် မြေရှားသတ္တုတူးဖော်မှု အရှိန်အဟုန်ဖြင့် တိုးလာနေ

0
ကမ္ဘာ့နည်းပညာလောက၏ လျှပ်စစ်ကား (EV) ဘက်ထရီများနှင့် ခတ်မီစစ်လက်နက်များ ထုတ်လုပ်ရန်အတွက် လေးလံမြေရှားဒြပ်စင် (Heavy Rare Earth) များသည် မရှိမဖြစ် လိုအပ်လာနေသည်။ ထိုလိုအပ်ချက်ကို ဖြည့်ဆည်းပေးနေသည့် ကမ္ဘာ့အကြီးဆုံး ရင်းမြစ်တစ်ခုမှာ မြန်မာနိုင်ငံ ဖြစ်လာခဲ့သည်။ သို့သော်လည်း လက်ရှိတွင် အဆိုပါလုပ်ငန်းများသည် ကချင်ပြည်နယ်မှတစ်ဆင့် သျှမ်းပြည်မြောက်ပိုင်းရှိ တအာင်း (ပလောင်)...

တုက္ကစီဒိုသခင်လေးနဲ့ ခေတ်သစ်မြို့ပြလူတွေရဲ့ အဖော်မွန်

0
မနက်တိုင်း ကျနော့မှာ နာရီနှိုးစက် သီးသန့်ပေးထားစရာ မလိုပါဘူး။ ဘာလို့လဲဆိုတော့ (၇) ကီလိုလောက်ရှိတဲ့ အမွေးပွ "နှိုးစက်ကြီး" က ကျနော့်ရင်ဘတ်ပေါ် တက်ထိုင်ပြီး နှိုးတတ်လို့ပါ။ သူကတော့ ကျနော်ရဲ့ ပထမဆုံး ကိုယ်တိုင်မွေးထားတဲ့ "အိုက်တမ်" ဆိုတဲ့ ကြောင်လေးပေါ့။ "အိုက်တမ်" ဆိုတာ မြန်မာလိုဆိုရင်တော့ "အမဲလေး"...

“အကျပ်အတည်း နှင့် ဖြစ်နိုင်ချေကြားမှ မြန်မာ့ အသွင်းကူးပြောင်းရေးအတွက် အသံ”

0
“အကျပ်အတည်းကြား နှင့် ဖြစ်နိုင်ချေကြားမှ မြန်မာ့ အသွင်းကူးပြောင်းရေးအတွက် အသံ” ဆိုသည့် ခေါင်းစဉ်ကို ဉီးတည်ကာ အဓိကထားဆွေးနွေးသွားမည့် (၅)ကြိမ်းမြောက် မြန်မာ့အရေး နိုင်ငံတကာ လေ့လာရေး ညီလာခံ (International Conference on Burma/Myanmar Studies) ကို ယနေ့ (သြဂုတ် ၁၄ရက်မှ...

တောင်ကြီး လူငယ်တဦး ပေါ်တာဆွဲခံရ၊ ပြန်ထုတ်ရန်ပွဲစားငှားရမ်းရာ လိမ်ခံရပြန်

0
သျှမ်းပြည်တောင်ပိုင်း တောင်ကြီးမြို့တွင် စစ်ကော်ရှင်တပ်က လူငယ်တဉီးကို ဖမ်းဆီးပေါ်တာဆွဲခဲ့ရာ မိသားစုဝင်များ ကလူငယ်ကို ပြန်ထုန်ရန် အတွက် ပွဲစားငှားရမ်းရာာတွင် လိမ်ခံရပြန်ကြောင်း သတင်းရရှိသည်။ ပြီးခဲ့သည့် ဩဂုတ်လ ပထမပတ်တွင် စစ်ကော်မရှင်၏ တပ်သားများသည် ညဈေးမှမုန့်ဝယ်ပြီး နေအိမ်သို့ ပြန်လာသည့် တောင်ကြီးမြို့ခံ အသက် (၂၈) နှစ်အရွယ် အမျိုးသားတစ်ဦးကို...

လုံခြုံရေးအရ သီပေါ စာသင်ကျောင်း (၁၇)ကျောင်း စစ်တပ်က ပိတ်ခိုင်း 

0
သျှမ်းပြည်မြောက်ပိုင်း၊ သီပေါမြို့နယ်အတွင်း စာသင်ကျောင်း ၁၇ ကျောင်းကို  အရှေ့မြောက်ပိုင်းစစ်ဌာနချုပ် (ရမခ) တိုင်းမှူး က  လုံခြုံရေးအရဟုဆိုကာ ပိတ်ဆိုင်းထားခိုင်းကြောင်း သတင်းရရှိသည်။​ ယခု (သြဂုတ်လ)ပထမပတ်မှ စတင်ပြီး ရမခ တိုင်းမှူးညွှန်ကြားချက်အရ သီပေါမြို့နယ် အတွင်းရှိသည့်  စာသင်ကျောင်း (၁၇)ကျောင်းကို ပိတ်ဆိုင်းရပြီး ကျောင်းဆက်တက်လိုသည့် ကျောင်းသားများသည့် သီပေါမြို့ပေါ်သို့ သွားရောက်တက်ရကြောင်း သီပေါမြို့နယ် ကျောင်းပိတ်ဆိုင်းခံရသည့်...