လားရှိုးမှ စစ်ဘေးရှောင်လာသည့် အမျိူးသမီးတစ်ဦး လမ်းခရီးတွင် သေဆုံး

သျှမ်းပြည်မြောက်ပိုင်း လားရှိုးမြို့အတွင်း စစ်ကောင်စီနှင့် ကိုးကန့်တပ်ဖွဲ့ (MNDAA) တို့ တိုက်ပွဲ ပြင်းထန်မှုကြောင့် ထွက်ပြေးတိမ်းရှောင်သည့် အသက် ၅၃နှစ်အရွယ် အမျိုးသမီးသည် အပြင်းဖျားနာပြီး သေဆုံးသွားကြောင်း သတင်းရရှိသည်။

အဆိုပါ အမျိုးသမီးသည် လားရှိုးမြို့မှ မန္တလေးသို့ စစ်ဘေးရှောင်ရန် သွားနေစဉ် လမ်းခရီးအတွင်း အပြင်းဖျားနာကာ ယမန်နေ့ (ဇူလိုင် ၃၀) ရက် ညနေ ၅နာရီတွင် သျှမ်းပြည်တောင်ပိုင်း ပင်လုံမြို့သို့ ရောက်ရှိလာချိန် သေဆုံးသွားကြောင်း မြတ်နှလုံးသား လူမှုကူညီရေးအသင်း မှ တာဝန်ရှိသူ တစ်ဦးက သျှမ်းသံတော်ဆင့် ကိုပြောသည်။

“နဂိုတည်းက ကျန်းမာရေး မကောင်းဘူး၊ မနေ့က ညနေ ၅ နာရီလောက် ပင်လုံကိုရောက်တယ်၊ ရောက်ရောက်ချင်းပဲ အောက်ဆီဂျင်တွေ ဘာတွေသွင်းပေးပေမယ့် ရောက်ရောက်ချင်းပဲ ဆုံးသွားတယ်၊ လားရှိုးကနေ မန္တလေးကို စစ်ရှောင်မလို့ ပင်လုံအရောက်မှာပဲဆုံးသွားတာ” ဟု ၎င်းကပြောသည်။

လက်ရှိပင်လုံမြို့တွင်း လားရှိုးမြို့မှ စစ်ဘေးရှောင်လာသူ သုံးထောင် (၃,၀၀၀)ခန့်ရှိပြီး ၊ ထိုသူအများစုသည် အိမ်ခန်း ငှားရမ်း နေထိုင် နေရကြောင်း သိရသည်။

“တချို့စစ်ရှောင်တွေကို‌ တော်တော်လေးသနားတယ် ကလေးငယ်လေးတွေနဲ့ ဆိုင်ကယ်တွေနဲ့လေ တချို့ဆို မွေးစ တစ်လ သုံးလလေးတွေနဲ့လည်း မိုးထဲရေထဲပြေးနေရတာတွေရှိတယ်” ဟု သူကပြောသည်။

သျှမ်းသံတော်ဆင့်မှ ကောက်ယူထားသော စာရင်းများအရ လားရှိုးမှ စစ်ရှောင်လာစဉ် လမ်းခရီးတွင် သေဆုံးသွားသည့် အသက်ကြီးရွယ်အို ၅ဦးထက်မနည်း ရှိကြောင်းသိရသည်။

လက်ရှိအချိန်ထိ လားရှိုးမြို့တွင် တိုက်ပွဲများ ဆက်လက်ပြင်းထန်နေပြီး မီးလောင်ကျွမ်းမှုများ ရှိနေကြောင်း၊ ရမခ စစ်ဌာနချုပ် အတွင်း ရှော့တိုက်ဒုံးများ ကျရောက်ပေါက်ကွဲကြောင်း ဒေသခံများပြောပြချက်အရသိရသည်။

ပြီးခဲ့သည့် ဇူလိုင် ၂၈ ရက်နှင့် ၂၉ ရက်နေ့တွင် လားရှိုးရှိ ဆက်သွယ်ရေးတပ်ရင်း၊ အမှတ် (၇၀၀၅) သံချပ်ကာ တပ်ရင်း၊ အမှတ် (၂၄၂) စစ်လက်နက်တပ်ခွဲ၊ လားရှိုးဘူတာ၊ တပ်မတော် ဂေါက်ကွင်း တို့ကို တိုက်ခိုက် သိမ်းပိုက်ခဲ့ကြောင်း ကိုးကန့် ပူးပေါင်းတပ်က ထုတ်ပြန်ထားသည်။

အလုပ်သင် သတင်းထောက် ယူဂျင်း ရေးသားသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

စာဖတ်ခြင်းအလေ့အထ

0
ယခုရက်ပိုင်းအတွင်း ကျနော် စာအုပ်မဖတ်ဖြစ်သည်မှာ ကြာလှပြီ ဖြစ်သည်။ ယခင်က တလလျှင် အနည်းဆုံး စာအုပ်တအုပ် ဖတ်မည်ဟု ကိုယ့်ကိုယ်ကိုယ် ကြုံးဝါးခဲ့ဖူးသည်ကို မှတ်မိနေသေး၏။ သို့သော်လည်း လက်တွေ့တွင်မူ ဖုန်းစကရင်ပေါ်မှ ဗီဒီယိုနှင့် ဇာတ်လမ်းတိုများကို ကြည့်ကာ အချိန်များ ကုန်ဆုံးနေခဲ့သည်။ တကယ်တော့ စာဖတ်ခြင်းဆိုသည်မှာ ပညာဗဟုသုတ တိုးပွားရန်နှင့် အတွေးအခေါ်...

ဘဏ်အကောင့်ဖွင့်ပေးမည်ဆိုပြီး မှတ်ပုံတင်များကို ပုံရိုက်ယူကာ ကျားဖြန့်ထံရောင်းစားသူများရှိ

0
သျှမ်းပြည် တောင်ပိုင်း တောင်ကြီးမြို့နယ်အတွင်းတွင် ကားရပ်နားရာ နေရာများနှင့် အခြားသော လူသွားလူလာ များပြားသည့် နေရာများတွင် လူတစုမှ ဧရာဝတီဘဏ်အကောင့်နှင့် ကမ္ဘောဇဘဏ် အကောင့် ဖွင့်ပေးမည်ဆို၍ မှတ်ပုံတင်နှင့် မျက်နှာကို ပုံရယူကာ ကျားဖြန့်များထံ ရောင်းစားမှုရှိနေကြောင်း စုံစမ်းသိရသည်။ သျှမ်းတောင်၊ တောင်ကြီးမြို့နယ် အောင်ပန်းမြို့ ဘက်တွင် သက်လတ်ပိုင်းလူတစုက...

မူဆယ်မြို့တွင် အိမ်ထောင်စုစာရင်းပြုလုပ်ရန် မြို့ခံများပင် သိန်းချီကုန်ကျနေ

0
သျှမ်းပြည်မြောက်ပိုင်း၊ မူဆယ်မြို့တွင် အိမ်ထောင်စုစာရင်း ပြုလုပ်ခြင်းနှင့် ပြောင်းရွှေ့ခြင်းအတွက် ငွေကြေးကုန်ကျမှုများပြားလာပြီး မြို့ခံကိုယ်တိုင် အိမ်ထောင်စုစာရင်း ပြုလုပ်ရာတွင် ကျပ်သိန်းနှင့်ချီ ကုန်ကျနေကြောင်း စုံစမ်းသိရသည်။ မူဆယ်မြို့နယ်သို့ အခြားမြို့နယ်မှ ပြောင်းရွှေ့လာသည့် ပြည်သူများ၊ တရုတ်နိုင်ငံသားများလည်း ပြောင်းရွှေ့လာကာ အိမ်ထောင်စုစာရင်းသွင်းခြင်း၊ ဝယ်ယူခြင်းများကြောင်း မူဆယ်မြို့နယ် ဒေသခံများအတွက်လည်း အခက်ကြုံနေရကြောင်း မူဆယ်မြို့ ဒေသခံအမျိုးသားတဦးက...

ဒီဂျစ်တယ်ထောင်ချောက်နှင့် နယ်စပ်ဖြတ်ကျော် ငွေလိမ်ဂိုဏ်းများ

0
မိမိ၏ ဘဏ်အကောင့်ထဲသို့ အမည်မသိဘဲ ဝင်လာသည့် ငွေလွဲတခုသည် ဘဝတစ်သက်တာ စုဆောင်းငွေများကို မိနစ်ပိုင်းအတွင်း ပျောက်ကွယ်သွားစေနိုင်ရုံသာမက အပြစ်မဲ့ပြည်သူတဉီးဘဝကနေ တရားခံတဉီးအဖြစ်သို့ ဥပဒေကြောင်းအရ အရေးယူခံရစေနိုင်သည့် ဒီဂျစ်တယ်ထောက်ချောက်တခု ဖြစ်လာနေသည်။ လက်ရှိတွင် ထိုင်းနိုင်ငံရောက် ရွှေ့ပြောင်းလုပ်သားများနှင့် သျှမ်းပြည်တွင်းရှိ အသေးစားစီးပွားရေး လုပ်ငန်းရှင်များသည် အွန်လိုင်းငွေလိမ်ဂိုဏ်း (ကျားဖြန့်) များ၏ နည်းပညာသုံး...

တာချီလိတ်-မိုင်းရှူး ကုန်တင်ကားများ လမ်းကြေး ၂၄ သိန်းအထက် ပေးနေရ

0
သျှမ်းပြည် အရှေ့ပိုင်း တာချီလိတ် - မိုင်းရှူး လမ်းတလျှောက်ရှိ စစ်ကောင်စီ စစ်ဆေးရေး ဂိတ်များတွင် ကုန်တင်သွားလာ နေသည့် ကားသမားများထံ ငွေကြေးအဆမတန် တောင်းနေကြောင်း စုံစမ်းသိရသည်။ တာချီလိတ်မှ မိုင်းရှူးသို့ ပြန်သည့် ကားအသေးတစ်စီးအတွက် ခရီးစဉ်တစ်ကြိမ်လျှင် လမ်းကြေး ကျပ် ၂၄ သိန်းကျော် ကုန်ကျခဲ့ကြောင်း...