လားရှိုး ရမခ ဒုတိုင်းမှူး ဗိုလ်မှူးချုပ်တင်ထွန်းအောင် ဒဏ်ရာပြင်းထန်

သျှမ်းမြောက်၊ လားရှိုး တိုက်ပွဲ အတွင်း စစ်မြေပြင်တွင် ကြီးကြပ် ကွက်ကဲနေသည့် ရမခ ဒုစစ်တိုင်းမှူး ဗိုလ်မှူးချုပ် တင်းထွန်းအောင် ဒဏ်ရာပြင်းထန် သဖြင့် ဆေးကုသမှု ခံယူနေရသည်ဟု စစ်ရေးသတင်းရင်းမြစ်က ယနေ့ (ဇူလိုင်လ ၂၈ ရက်) တွင် ပြောသည်။

ပြီးခဲ့သည့် ဇူလိုင်လ ၂၆ ရက်နေ့က လားရှိုးမြို့တွင်းရှိ မြို့တော်ခန်းမတွင် အထိုင်ကျတပ်စွဲ၍ စစ်မြေပြင်ကို ကွက်ကဲနေစဥ် ကိုးကန့်တပ် ကြဲချသည့် ဒရုန်းဗုံးထိမှန်သဖြင့် ဗိုလ်မှူးချုပ်တင်ထွန်းအောင် နှင့် ပြည်နယ်အဆင့် ရဲအရာရှိ တစ်ဦး ပြင်းထန် ဒဏ်ရာရခဲ့ကြောင်း ၎င်းကဆိုသည်။

“ဒုတိုင်းမှူး မကျဘူး။ သူနဲ့ ရဲမှူး တစ်ယောက် ဒဏ်ရာရတယ်။ ဒဏ်ရာပြင်းထန်တယ်လို့ သိရတယ်။ အခု မေမြို့စစ်ဆေးရုံမှာ ကုသနေတယ်လို့ သိရပါတယ်။ ရမခ ဆေးတပ်က ကျသွားပြီ ဆိုတော့။ သူဒဏ်ရာရပြီးတော့ ခန်းမလည်း ကျသွားပါပြီ” ဟု ၎င်းကဆိုသည်။

ယမန်နေ့က လားရှိုးမြို့ သိမ်းပိုက်မှု အခြေအနေကို ကိုးကန့်တပ်က ရုပ်သံနှင့်တကွ ထုတ်ပြန်ရာတွင် လက်နက် ထိမှန် ထားသဖြင့် မြို့တော်ခန်းမ ခေါင်မိုးများ ပွင့်ထွက်နေသည်ကို တွေ့ရသည်။

လက်ရှိ လားရှိုးခံစစ်ကို ရမခ တိုင်း စစ်ဦးစီးအရာရှိချုပ်က ဦးစီးကွက်ကဲ နေသည်ဟု သိရသည်။

ယနေ့ မနက်ပိုင်း ဖုန်းနှင့် အင်တာနက်လိုင်းများ ပြတ်တောက်နေပြီး လားရှိုးမြို့တွင်း လူသူကင်းမဲ့နေကာ တိုက်ပွဲသံများ ကြားနေရဆဲ ဖြစ်သည်ဟု မြို့ခံ တစ်ဦးက ပြောသည်။

“ဖုန်းက စစ်တပ် MEC ဖုန်းလိုင်းရသေးတယ်။ တချို့ အမြင့်ပိုင်းတွေမှာတော့ MPT ရတယ်။ MPT တာဝါတိုင် ထပ်ကျိုးတယ်လည်း ကြားတယ်။ ထောင်ဘက် တိုက်ပွဲပြင်းနေတယ်လည်း ကြားတယ်” ဟု ၎င်းကရှင်းပြသည်။

ယမန်နေ့က လားရှိုးထောင် ဆရာဝန်များနှင့် ထောင်အာဏာပိုင် တချို့ လားရှိုးမှ တောင်ကြီးသို့ ကားဖြင့် ထွက်ပြေးသွားသဖြင့် စစ်တပ် အသုံးပြုနေသည့် သျှမ်းမြောက်-သျှမ်းတောင် လမ်းမ ကောင်းမွန်နေဆဲဟု သုံးသပ်နိုင်ကြောင်း CDM ဗိုလ်ကြီးဇင်ယော်က ဆိုသည်။

မြို့ကို အလုံးစုံ ထိန်းချုပ်ထားပြီဟု ကိုးကန့်တပ်က ကြေညာထားသော်လည်း လားရှိုး ရမခ စစ်တိုင်းဌာနချုပ်၊ AT ဝန်တင်တပ်၊ အမှတ် (၆၀၀၇) တင့်ကားတပ်၊ အမှတ် (၇) အဆင့်မြင့် ဆက်သွဘ်ရေးတပ်၊ လျှပ်စစစ်နှင့် အင်ဂျင်နီယာတပ်၊ အမှတ် (၃၄၆) အမြောက်တပ်၊ အမှတ် (၆၂၆) ထောက်ပို့တပ်၊ လားရှိုးလေတပ်ဆွယ်တို့ ကျန်ရှိနေသေး သဖြင့် တိုက်ပွဲများ ဆက်လက် ပြင်းထန်နိုင်ကြောင်း သိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

ရွာငံမြို့နယ် စစ်တပ် လူငယ်(၅)ဦးကို သေနတ်ပစ် တဉီးထိ၊ (၄)ဉီးရိုက်နှက်ခံရ

0
သျှမ်းပြည်တောင်ပိုင်း ရွာငံမြို့နယ် သိမ်ကုန်းကျေးရွာအုပ်စုတွင် စစ်ကော်မရှင်တပ်က အထိုင်ချ တပ်စွဲထားပြီး အသက် ၂၀အရွယ်ရှိ လူငယ် (၅)ဉီးကို သေနတ်ဖြင့် ပစ်ခတ်ကာ၊ ထိုထဲတွင် တဉီး ထိမှန်ခဲ့ပြီး ကျန်သူများကည်း ဖမ်းဆီးရိုက်နှက်မှုပြုလုပ်ခဲ့ကြောင်း မျက်မြင်တွေ့ရှိသူများကပြောသည် သျှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ် တောင်ဘက်ရှိ ကျေးရွာများတွင် စစ်တပ်က ရှောင်တိမ်းခိုင်းထားသော်လည်း ပစ္စည်းပျောက်မည်စိုး၍...

မူဆယ်-နမ့်ခမ်း လမ်းမပေါ် KIA တပ်သားက အမျိုးသားတဉီးကို သေနတ်ဖြင့်ပစ်

0
သျှမ်းပြည် မြောက်ပိုင်း မူဆယ်-နမ့်ခမ်း လမ်းမကြီးပေါ်ရှိ ကချင်လွတ်မြောက်ရေး တပ်မတော် (KIA) စစ်ဆေးရေးဂိတ်တွင် လုံခြုံရေး တာဝန်ယူထားသည့် တပ်သားတဉီးက ဒေသခံ အမျိုးသားတဦးကို သေနတ်ဖြင့် ပစ်ခဲ့ကြောင်း သတင်းရရှိသည်။  ယနေ့ (ဩဂုတ်လ ၁၈ ရက်) မနက် ၁၀ နာရီခွဲဝန်းကျင်တွင်  မူဆယ်-နမ့်ခမ်း လမ်းမကြီးပေါ် နမ့်လျှန်ကျေးရွာအနီးရှိ   (KIA) စစ်ဆေးရေးဂိတ်...

ရွာငံမြို့နယ် အတွင်းရှိ ကျေးရွာများကို စစ်တပ်က ၃ရက်အတွင်း အပြီးပြောင်းရွှေ့ခိုင်း

0
သျှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ် မြိုင်ကျေးရွာ အုပ်စုရှိ ကျေးရွာများကို စစ်တပ်မှ သုံးရက်အတွင်း ပြောင်းရွှေ့ရန် အမိန့်ထုတ်ထားကြောင်း သတင်းရရှိသည်။ ပြီးခဲ့သည့် ဩဂုတ်လ ၁၆ ရက်မှ စပြီး ရွာငံမြို့နယ် မြိုင်ကျေးရွာ အုပ်စုအပါဝင် ရွာငံတောင်ပိုင်းမှ ကျေးရွာ အများစုကို စစ်တပ်မှ ပြောင်းရွှေ့ရန် အမိန့်ပေးထားပြီးနောက် ဒေသခံများ...

နမ့်ခမ်း TNLA တပ်သားများ “မူးယစ်ဆေးဝါး တိုက်ဖျက်ရေး” အကြောင်းပြကာ ကျေးရွာအတွင်း ဝင်ရောက်တပ်စွဲ

0
သျှမ်းပြည် မြောက်ပိုင်း၊ နမ့်ခမ်းမြို့နယ်ရှိ သျှမ်းကျေးရွာများအတွင်း TNLA တပ်ဖွဲ့ဝင်များ “မူးယစ်ဆေးဝါး တိုက်ဖျက်ရေး”အကြောင်ပြကာ ဝင်ရောက် တပ်စွဲထားကြောင်း စုံစမ်းသိရသည်။ တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA တပ်ဖွဲ့ဝင်များသည် ယခု ဩဂုတ်လအတွင်း နမ့်ခမ်းမြို့နယ် ဝိန်းဆာကျေးရွာ၊ နောင်ခန်ကျေးရွာ၊ ကောင်းဝိန်းကျေးရွာ၊ မန်ခမ်းကျေးရွာ၊ ကုန်းဆာကျေးရွာ၊ ဆံလွယ်ကျေးရွာများအတွင်း ဝင်ရောက်တပ်စွဲနေထိုင်နေကြောင်း...

တရုတ်ဖိအားကြောင့် မူဆယ် ခိုတိန်ကျားဖြန့်ဝန်းကို SSPP စီးနင်း၊ ဟန်ပြလုပ်ဆောင်မှုဟု ဒေသခံများ ဝေဖန်

0
သျှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့နယ်အတွင်း အခြေစိုက်သည့် အွန်လိုင်းငွေလိမ်လည်မှု (ကျားဖြန့်) ဝန်းတစ်ခုကို သျှမ်းပြည်တိုးတက်ရေးပါတီ (SSPP) က ဝင်ရောက်စီးနင်းခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။ ပြီးခဲ့သည့် ဩဂုတ်လ ၁၃ ရက်နေ့တွင် မူဆယ်မြို့နယ် မော်တောင်းကျေးရွာအုပ်စုရှိ ခိုတိန်ရွာ ကျားဖြန့်ဝန်းကို SSPP က ဝင်ရောက်စီးနင်းခဲ့ခြင်းဖြစ်ပြီး အဆိုပါစီးနင်းမှုအတွင်း သျှမ်း၊...