သိန္နီမြို့ စစ်ကောင်စီ ထပ်မံလေကြောင်းဗုံးကြဲ၊ မြေးအဖွား (၂)ဦး သေဆုံး

သျှမ်းပြည်မြောက်ပိုင်း သိန္နီမြို့တွင် ယနေ့ (ဇူလိုင် ၂၈)ရက် နံနက် ၂နာရီခွဲဝန်းကျင်တွင် စစ်ကောင်စီ က လေကြောင်းဖြင့် ဗုံးကြဲသဖြင့် မြေးအဖွား (၂)ဦး သေဆုံးခဲ့ကြောင်း သတင်းရရှိသည်။

ယနေ့ (ဇူလိုင် ၂၈)ရက် နံနက် ၂နာရီခွဲဝန်းကျင်တွင် သိန္နီမြို့ ကွမ်လုံလမ်းခွဲ အနီးတွင် စစ်ကောင်စီမှ လေကြောင်းဖြင့် ဗုံးကြဲသဖြင့် အသက် ၆၀အရွယ် အမျိုးသမီးနှင့် အသက် ၄နှစ်အရွယ်ရှိ ယောက်ျားလေး တစ်ဦး ပွဲချင်းပြီးသေဆုံးခဲ့ပြီး၊ ၎င်းမိသားစုဝင်များလည်း ထိခိုက်ဒဏ်ရာရရှိကာ ကွတ်ခိုင်မြို့ရှိ ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ထားကြောင်း ဒေသခံ အမျိုးသမီး တစ်ဦးက သျှမ်းသံတော်ဆင့်ကိုပြောသည်။

“ ဒီမနက် ၂နာရီလောက်မှာ လေယာဥ်နဲ့လာဝဲတယ်။ ၂နာရီခွဲ လောက်မှာ ဗုံး ၂လုံးချသွားတာပဲ။ သူတို့က ချချင်တဲ့နေရာချနေကြတာ။ အိမ်ကတော့ ရစရာမရှိတော့ဘူး။ အရင်ရက်တွေက မြို့တွင်းထဲချတော့၊ မြို့တွင်းအိပ်ရမှာ စိတ်မချလို့ဆိုပြီး မြို့ပြင်သွားအိပ်မှပဲ မြို့ပြင်မှာ ချပြန်တာပေါ့” ဟု သိန္နီမြို့တွင် ကျန်ရှိနေသည့် ဒေသခံအမျိုးသမီးက ဆိုသည်။

လက်ရှိ စစ်ကောင်စီ ၏ လေကြောင်းဗုံးကြဲမှုသည့် ခန့်မှန်းရခက်ကြောင်း၊ အချိန်မတော် ပြုလုပ်မှုကြောင့် ပြည်သူများထိခိုက်မှုများကြောင်း လည်း ၎င်းကဆိုသည်။

သိန္နီထိခိုက်ပျက်စီးမှု

“ ခုက ခန့်မှန်းမရပါဘူး၊ ပစ်ချင်တဲ့အချိန်၊ ပစ်ချင်တဲ့နေရာ ပစ်နေကြတော့ ရှောင်လည်းထိကြတာပဲ၊ ကံတရားပေါ့။ ပြေးဖို့ကြတော့ တာချီလိတ်ကို ကားခ ၇သိန်းလောက်ဆိုတော့ ပိုက်ဆံရှိတဲ့သူတွေပဲ သွားတာများတယ်” ဟု ၎င်းအမျိုးသမီးက ဆိုပြန်သည်။

လွန်ခဲ့သည့် ဇူလိုင် ၂၅ရက် ညနေ ၅နာရီခွဲတွင်လည်း ကိုးကန့်တပ်ဖွဲ့ (MNDAA) သိမ်းပိုက်ထားသည့် သိန္နီမြို့ကို စစ်ကောင်စီ က လေကြောင်းဖြင့် ဗုံးကြဲခြင်း၊စက်သေနတ်ဖြင့် ပစ်ခတ်ခြင်းတို့ကို ပြုလုပ်ခဲ့ကြောင်း သိရသည်။

ဇူလိုင် ၁၈ရက် ည ၄နာရီတွင်လည်း သိန္နီမြို့ရှိ မြို့မစျေးကို စစ်ကောင်စီ က လေကြောင်းဖြင့် ဗုံးကြဲခဲ့ပြီး လူအသေအပျောက် (၁၀)ဦးခန့်ရှိပြီး ဒဏ်ရာရရှိသူ (၂၀)ဦး ဝန်းကျင်ရှိကြောင်းသိရသည်။

ထို လေကြောင်းဗုံးကြဲမှုကြောင့် ပြည်သူများလည်း စျေးထွက်ရောင်းချခြင်း မလုပ်ရဲတော့သကဲ့သို့ သိန္နီမြို့တွင်း ကျန်ရှိသူများသည် စားဝတ်နေရေးအတွက် ပိုပြီး ကြပ်တည်းလာကြောင်း ဒေသခံများပြောပြချက်အရသိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

နမ့်ခမ်းတွင် ရေကြီးမှုကြောင့် လမ်းများ ရွှံ့ဖုံးနေ

0
သျှမ်းပြည် မြောက်ပိုင်း၊ နမ့်ခမ်းမြို့တွင် တောင်ကျရေကြောင့် ရေကြီးရေလျှံမှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။ အဆိုပါ ရေကြီးရေလျှံမှုသည် ယမန်နေ့ (ဩဂုတ်လ ၃၀ ရက်)တွင် နမ့်ခမ်းမြို့ ပန်ပွဲ၊ ပေါက်လုံရပ်ကွက်၊ ပေါက်နေရပ်ကွက် နှင့် ဖောင်ရပ်ကွက်(ဖောင်ချောင်း)တို့၌ ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး တောင်ကျရေ ရုတ်တရက် ကျဆင်းလာမှုတို့ကြောင့် ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း နမ့်ခမ်းမြို့နယ်ဒေသခံ...

သီပေါတွင် အသက်၁၄နှစ် ညီမဝမ်းကွဲအား မုဒိမ်းကျင့် သတ်ဖြတ်ခဲ့သူကို SSPP သေဒဏ်ပေး

0
သျှမ်းပြည် သီပေါမြို့နယ်တွင် အသက်(၁၄) နှစ်အရွယ် ညီမဝမ်းကွဲတော်စပ်သူကို မုဒိမ်းကျင့် သတ်ဖြတ်ခဲ့သည့် အမျိုးသားတစ်ဦးအား ရှမ်းပြည်တိုးတက်ရေးပါတီ/ ရှမ်းပြည်တပ်မတော် (SSPP/SSA) တရားရုံးတစ်ခုမှ သေဒဏ်ပေးကာ ကွပ်မျက်လိုက်ကြောင်း သတင်းသိရသည်။ ပြီးခဲ့သည့် ဇွန်လ (၁၄) ရက် နေ့လယ်ပိုင်းတွင် သီပေါမြို့နယ် စံဖိတ်ကျေးရွာအုပ်စု၊ လွယ်ကျိုင်းကျေးရွာရှိ အသက်(၂၄) နှစ်အရွယ်ရှိ...

ညောင်ရွှေမြို့နယ် အတွင်းလှုပ်ရှားနေသည့် အရပ်ဘက်လူမှုအဖွဲ့အစည်းများကို လိုက်လံဖမ်းဆီးနေ

0
သျှမ်းပြည်တောင်ပိုင်း၊ ညောင်ရွှေမြို့ပေါ်နှင့် အင်းလေးဒေသဘက်တွင် လှုပ်ရှားဆောင်ရွက်နေသည့် အရပ်ဘက် လူမှုအဖွဲ့အစည်းများကို စစ်ကော်မရှင်က လိုက်လံ ဖမ်းဆီးနေကြောင်း သတင်းရရှိသည်။ ပြီးခဲ့သည့် ၂၀၂၂ခုနှစ် အောက်တိုဘာလ (၂၈) ရက်နေ့တွင် အသင်းအဖွဲ့ မှတ်ပုံတင်ခြင်းဆိုင်ရာ ဥပဒေ ပုဒ်မ ၄၁၉ ဖြင့် ပြဌာန်းခဲ့ပြီးနောက် ထိုဥပဒေအထဲတွင် အစိုးရမဟုတ်သော အသင်းအဖွဲ့များကို...

“ကျနော်တို့က အတင်းအဓမ္မ ဖမ်းတာမျိုးတွေကတော့ မလုပ်ဖို့ တားမြစ်ထားတာ ရှိပါတယ်”

0
ပြီးခဲ့သည့် ၂၀၂၄ ခုနှစ် နှစ်ဆန်းပိုင်းက ကချင်ပြည်နယ် မိုးမောက်မြို့နယ်တွင် အာဏာသိမ်းစစ်တပ်နှင့် KIA တို့အကြား ဖြစ်ပွားခဲ့သည့် မြို့သိမ်းတိုက်ပွဲများကြောင့် ဒေသခံများသည် တရုတ်-မြန်မာနယ်စပ် လွယ်ဂျယ်မြို့ဘက်သို့ ထွက်ပြေးတိမ်းရှောင်နေရသည်။ လွယ်ဂျယ်မြို့နယ်ခွဲသို့ ရောက်ရှိလာသည့် စစ်ဘေးရှောင်များကို KIA ဘက်မှ တပ်သားစုဆောင်းရေး ပြုလုပ်နေခြင်းသည် ယခုနှစ်ဆန်းပိုင်းမှ စတင်ကာ ဩဂုတ်လအတွင်း ရက်ခြား ခပ်စိပ်စိပ် စောင့်ဖမ်းလာကြောင်း စစ်ဘေးရှောင်ပြောပြချက်အရ သိရသည်။ တရုတ်-မြန်မာနယ်စပ် မိုးမောက်မြို့နယ် လွယ်ဂျယ်မြို့နယ်ခွဲရှိ မန်ဂေါ်ကောင်း၊ လွယ်ဂျယ်တောင်ပေါ် စေတီကုန်း၊ ကောင်းဆာ၊...

မူဆယ် ၁၀၅ မိုင် ညီနောင်မဟာမိတ်စစ်ဆေးရေးဂိတ်အနီး ကားရပ်မပေးသည့် ယာဉ်မောင်းတစ်ဦး သေနတ်ပစ်သတ်ခံရ

0
သျှမ်းပြည် မူဆယ်မြို့နယ် ၁၀၅ မိုင်ရှိ ညီနောင်မဟာမိတ်တပ် စစ်ဆေးရေးဂိတ်တွင် ကားရပ်မပေးသည့် ယာဉ်မောင်းအမျိုးသားတစ်ဦး သေနတ်ပစ်ခတ်ခံရ၍ ပွဲချင်းပြီး သေဆုံးသွားခဲ့ကြောင်း စုံစမ်းသိရသည်။ ယမန်နေ့ (ဩဂုတ်လ ၂၉ ရက်) နေ့လယ် ၁ နာရီကျော်တွင် မူဆယ်မြို့နှင့် ၁၀၅ မိုင် နယ်စပ်ကုန်သွယ်ရေးဇုန်ကြား နမ့်ပန်းရွာအနီးရှိ ညီနောင်မဟာမိတ်တပ်...