ဘဏ်များပိတ်ဆိုင်း Kpayထုတ်ရခက် စစ်ရှောင်ကူညီရန်အခက်အခဲကြုံနေရ

“၁၀၂၇ စစ်ဆင်ရေး” ဒုတိယလှိုင်းစတင်လာပြီးနောက် သျှမ်းပြည်မြောက်ပိုင်း မြို့အချို့တွင် ဘဏ်များပိတ်ထားကြပြီး KPay ဖြင့် ငွေသားထုတ်ယူ၍မရသဖြင့် စစ်ဘေးရှောင်များကို ကူညီရန်ခက်ခဲနေကြောင်း စစ်ဘေးရှောင်ကူညီသူများက ပြောသည်။

ဇွန်လ ၂၅ ရက်မှစပြီး နောက်ချို၊ ကျောက်မဲ၊ မိုးကုတ်၊ မိုးမိတ်၊ သိန္နီနှင့် လားရှိုးမြို့တို့တွင် တိုက်ပွဲဖြစ်ပွား လာပြီးနောက် ထိုမြို့ရှိဘဏ်များအားလုံး နီးပါးပိတ်ထားရခြင်းဖြစ်သည်။

“မြို့ထဲမှာလည်းဘာမှမရှိတော့ဘူး။ ငွေထုတ်ပေးမဲ့သူလည်းမရှိတော့ဘူး။ ဘဏ်တွေလည်း ပိတ်ထားတယ်။ တိုက်ပွဲစဖြစ်ကတည်းဘဲ ပိတ်ထားတာ တစ်လကျော်နေပြီ။ Kpay ကလည်း ထုတ်ရခက်တယ်လေ။ ” ဟု စစ်ဘေးရှောင်များကို ကူညီပေးနေသည့် ကျောက်မဲမြို့ဒေသခံ အမျိုးသားတစ်ဦးကပြောသည်။

ထိုသို့ ဘဏ်များပိတ်ထားသောကြောင့် စစ်ဘေးရှောင်များအတွက် အလှူငွေများ လက်မခံနိုင်သဖြင့် စစ်ဘေးရှောင်များကိုလည်း သွားရောက်မလှူဒါန်းနိုင်တော့ကြောင်း ၎င်း ထပ်လောင်းပြောသည်။

“စစ်ဘေးရှောင်များအတွက် အလှူတော်များလက်မခံတော့ဘူး။ ဘာကြောင့်လဲဆိုတော့ ကိုယ်ကိုယ်တိုင်ကလည်း စစ်ဘေးရှောင်နေရပြီ။ KBZ Pay လည်းထုတ်ရခက်၊ သွားလှူပေးဖို့လည်းခက်တော့။ လက်ခံပြီးသားဟာတော့ အားလုံးဆောင်ရွက်ပေးပြီးသွာပါပြီ။ နောက်ထပ်တော့ မသွားလှူပေးနိုင်၊ မဆောင်ရွက်နိုင်လို့ စိတ်တော့မကောင်းဖြစ်မိတယ်” ဟု ထပ်လောင်းပြောသည်။

လက်ရှိ “၁၀၂၇ စစ်ဆင်ရေး” ဒုတိယလှိုင်းကြောင့် လားရှိုး၊ သိန္နီ၊ ကျောက်မဲ၊ နောင်ချို၊ မိုးကုတ်နှင့် မိုးမိတ်မြို့တွင် ထောင်နှင့်ချီရှိ စစ်ဘေးရှောင်များ ထွက်ပြေးတိမ်းရှောင်နေရသည်။

စစ်ဘေးရှောင် အများစုမှာ သျှမ်းပြည်တောင်ပိုင်း တောင်ကြီးမြို့၊ ညောင်ရွှေမြို့သို့ တိမ်းရှောင်သွားနိုင်ကြသော်လည်း တချို့တွင် ငွေရေးကြေးရေးအခက်ခဲကြောင့် မတိမ်းရှောင်နိုင်ကာ တိုက်ပွဲကြား ပိတ်မိနေလျက်ရှိသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

နမ့်ခမ်းတွင် ရေကြီးမှုကြောင့် လမ်းများ ရွှံ့ဖုံးနေ

0
သျှမ်းပြည် မြောက်ပိုင်း၊ နမ့်ခမ်းမြို့တွင် တောင်ကျရေကြောင့် ရေကြီးရေလျှံမှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။ အဆိုပါ ရေကြီးရေလျှံမှုသည် ယမန်နေ့ (ဩဂုတ်လ ၃၀ ရက်)တွင် နမ့်ခမ်းမြို့ ပန်ပွဲ၊ ပေါက်လုံရပ်ကွက်၊ ပေါက်နေရပ်ကွက် နှင့် ဖောင်ရပ်ကွက်(ဖောင်ချောင်း)တို့၌ ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး တောင်ကျရေ ရုတ်တရက် ကျဆင်းလာမှုတို့ကြောင့် ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း နမ့်ခမ်းမြို့နယ်ဒေသခံ...

သီပေါတွင် အသက်၁၄နှစ် ညီမဝမ်းကွဲအား မုဒိမ်းကျင့် သတ်ဖြတ်ခဲ့သူကို SSPP သေဒဏ်ပေး

0
သျှမ်းပြည် သီပေါမြို့နယ်တွင် အသက်(၁၄) နှစ်အရွယ် ညီမဝမ်းကွဲတော်စပ်သူကို မုဒိမ်းကျင့် သတ်ဖြတ်ခဲ့သည့် အမျိုးသားတစ်ဦးအား ရှမ်းပြည်တိုးတက်ရေးပါတီ/ ရှမ်းပြည်တပ်မတော် (SSPP/SSA) တရားရုံးတစ်ခုမှ သေဒဏ်ပေးကာ ကွပ်မျက်လိုက်ကြောင်း သတင်းသိရသည်။ ပြီးခဲ့သည့် ဇွန်လ (၁၄) ရက် နေ့လယ်ပိုင်းတွင် သီပေါမြို့နယ် စံဖိတ်ကျေးရွာအုပ်စု၊ လွယ်ကျိုင်းကျေးရွာရှိ အသက်(၂၄) နှစ်အရွယ်ရှိ...

ညောင်ရွှေမြို့နယ် အတွင်းလှုပ်ရှားနေသည့် အရပ်ဘက်လူမှုအဖွဲ့အစည်းများကို လိုက်လံဖမ်းဆီးနေ

0
သျှမ်းပြည်တောင်ပိုင်း၊ ညောင်ရွှေမြို့ပေါ်နှင့် အင်းလေးဒေသဘက်တွင် လှုပ်ရှားဆောင်ရွက်နေသည့် အရပ်ဘက် လူမှုအဖွဲ့အစည်းများကို စစ်ကော်မရှင်က လိုက်လံ ဖမ်းဆီးနေကြောင်း သတင်းရရှိသည်။ ပြီးခဲ့သည့် ၂၀၂၂ခုနှစ် အောက်တိုဘာလ (၂၈) ရက်နေ့တွင် အသင်းအဖွဲ့ မှတ်ပုံတင်ခြင်းဆိုင်ရာ ဥပဒေ ပုဒ်မ ၄၁၉ ဖြင့် ပြဌာန်းခဲ့ပြီးနောက် ထိုဥပဒေအထဲတွင် အစိုးရမဟုတ်သော အသင်းအဖွဲ့များကို...

“ကျနော်တို့က အတင်းအဓမ္မ ဖမ်းတာမျိုးတွေကတော့ မလုပ်ဖို့ တားမြစ်ထားတာ ရှိပါတယ်”

0
ပြီးခဲ့သည့် ၂၀၂၄ ခုနှစ် နှစ်ဆန်းပိုင်းက ကချင်ပြည်နယ် မိုးမောက်မြို့နယ်တွင် အာဏာသိမ်းစစ်တပ်နှင့် KIA တို့အကြား ဖြစ်ပွားခဲ့သည့် မြို့သိမ်းတိုက်ပွဲများကြောင့် ဒေသခံများသည် တရုတ်-မြန်မာနယ်စပ် လွယ်ဂျယ်မြို့ဘက်သို့ ထွက်ပြေးတိမ်းရှောင်နေရသည်။ လွယ်ဂျယ်မြို့နယ်ခွဲသို့ ရောက်ရှိလာသည့် စစ်ဘေးရှောင်များကို KIA ဘက်မှ တပ်သားစုဆောင်းရေး ပြုလုပ်နေခြင်းသည် ယခုနှစ်ဆန်းပိုင်းမှ စတင်ကာ ဩဂုတ်လအတွင်း ရက်ခြား ခပ်စိပ်စိပ် စောင့်ဖမ်းလာကြောင်း စစ်ဘေးရှောင်ပြောပြချက်အရ သိရသည်။ တရုတ်-မြန်မာနယ်စပ် မိုးမောက်မြို့နယ် လွယ်ဂျယ်မြို့နယ်ခွဲရှိ မန်ဂေါ်ကောင်း၊ လွယ်ဂျယ်တောင်ပေါ် စေတီကုန်း၊ ကောင်းဆာ၊...

မူဆယ် ၁၀၅ မိုင် ညီနောင်မဟာမိတ်စစ်ဆေးရေးဂိတ်အနီး ကားရပ်မပေးသည့် ယာဉ်မောင်းတစ်ဦး သေနတ်ပစ်သတ်ခံရ

0
သျှမ်းပြည် မူဆယ်မြို့နယ် ၁၀၅ မိုင်ရှိ ညီနောင်မဟာမိတ်တပ် စစ်ဆေးရေးဂိတ်တွင် ကားရပ်မပေးသည့် ယာဉ်မောင်းအမျိုးသားတစ်ဦး သေနတ်ပစ်ခတ်ခံရ၍ ပွဲချင်းပြီး သေဆုံးသွားခဲ့ကြောင်း စုံစမ်းသိရသည်။ ယမန်နေ့ (ဩဂုတ်လ ၂၉ ရက်) နေ့လယ် ၁ နာရီကျော်တွင် မူဆယ်မြို့နှင့် ၁၀၅ မိုင် နယ်စပ်ကုန်သွယ်ရေးဇုန်ကြား နမ့်ပန်းရွာအနီးရှိ ညီနောင်မဟာမိတ်တပ်...