စစ်ဘေးရှောင် မိဘမဲ့ကလေးငယ် ၂၀၀ ကျော်အတွက် ရိက္ခာ အကူညီလိုအပ်နေ

သျှမ်းပြည် တောင်ပိုင်းဘက်သို့ ရောက်ရှိလာသည့် စစ်ဘေးရှောင် မိဘမဲ့ကလေးငယ် ၂၀၀ ကျော်အတွက်
စားနပ်ရိက္ခာ နှင့် အဝတ်အထည်များ အကူညီလိုအပ်နေကြောင်း စုံစမ်းသိရသည်။

အဆိုပါ စစ်ဘေးရှောင်များသည် သျှမ်းပြည်မြောက်ပိုင်း လားရှိုးမြို့နယ်အတွင်း စစ်ကောင်စီနှင့် ကိုးကန့်တပ်ဖွဲ့ (MNDAA) တို့ တိုက်ပွဲဖြစ်ပွားမှုကြောင့် ဇူလိုင်လ ဒုတိယအပတ်တွင် ကျေးသီးမြို့နယ် ဝမ်စိမ်းကျေးရွာသို့ ရောက်ရှိလာကြောင်း စစ်ဘေးရှောင် ကူညီနေသည့် အမျိုးသမီးတစ်ဦးက သျှမ်းသံတော်ဆင့်ကိုပြောသည်။

ထိုစစ်ဘေးရှောင်များသည် လက်ရှိမှာ ရုတ်တရက် ရောက်ရှိလာသည့်အတွက် နေရာထိုင်ခင်းများ၊ စားနပ်ရိက္ခာများ၊ အဝတ်အစားများ လိုအပ်နေကြောင်း သိရသည်။

“အဝတ်တွေလည်းလိုတယ်။ကလေးတွေက တောင်ဆိုနေတာ အဝတ်တွေကို အလှူခံပေးပါ။ ဝတ်ပြီးသားတွေ လည်း လျှော်ပြီး ပြန်ဝတ်နိုင်ပါတယ်လို့ သူတို့ကတောင်းဆိုကြတယ်။စားဖို့သောက်ဖို့လည်း အရမ်းလိုအပ်နေ တော့ အဲ့ဒါကို အဓိကထား ကူညီဖို့လိုအပ်နေတယ်” ဟု စစ်ဘေး‌ရှောင်ကူညီသူ အမျိုးသမီးတစ်ဦးက ပြောသည်။

ထိုကလေးများသည် လက်ရှိတွင် ဝမ်စိမ်းကျေးရွာ အဝင်လမ်းရှိ ပြောင်းဖူးသိုလှောင်တဲ့နေရာ နှင့် ကွန်ဟိန်းသို့ အထွက်လမ်းရှိ ပြောင်းဖူးသိုလှောင်တဲ့နေရာတွင် နေထိုင်ကြသဖြင့် အိပ်ရန် အတွက် အခင်းများ လိုအပ်နေကြောင်း ၎င်းအမျိုးသမီးကဆိုသည်။

“သူတို့အိပ်ရတာလည်း မြေကြီးပေါ် မိုးကာလေးခင်းပြီး အိပ်ရတယ်။လူတွေကများတော့ မျှပြီးခွဲပြီးဖြစ်သလို အိပ်နေကြရတာ။ သူတို့ထွက်လာတုန်းကလည်း အဝတ်တစ်ထည် ကိုယ်တစ်ခုနဲ့ထွက်လာကြတော့ စောင်တွေ အခင်းတွေ ခြင်ထောင်တွေ အဝတ်တွေကလည်း မပါတော့လိုတယ်” ဟု သူက ဆက်ပြောသည်။

ထို့အပြင် ကလေးငယ်များ ကျောင်းတက်ရန် အတွက် လက်ရှိတွင် လွယ်အိတ်နှင့် ကျောင်းဝတ်စုံ တစ်စုံ ပေးထားကြောင်း သိရသည်။

ထိုကလေးများသည် လားရှိုးမြို့ မိဘမဲ့ဂေဟာ ၃ ခုမှ လာရောက် စစ်ဘေးရှောင်နေကြပြီး၊ ကလေးများသည် အသက် ၃ နှစ်မှ အသက် ၂၀ ဝန်းကျင်များဖြစ်ကြသည်။

“ အပျိုဖော်ဝင်စ မိန်းကလေးတွေအတွက် လစဉ်သုံး ပစ္စည်းတွေလည်း လိုအပ်နေတယ်။ ကျန်းမာရေး အကူအညီတွေလည်း လိုအပ်တယ်” ဟု စစ်ဘေးရှောင် ကူညီနေသူက ထပ်လောင်းပြောသည်။

အလားတူ ပြီးခဲ့သည့် ဇူလိုင်လ ၂၂ ရက်တွင်လည်း လားရှိုးမြို့တိုက်ပွဲကြားမှ ထွက်ပြေးလာသည့် စစ်ဘေးရှောင် မိဘမဲ့ ကလေးငယ် ၄၀ကျော်သည် သျှမ်းပြည်တောင်ပိုင်း ‌တောင်ကြီးမြို့နယ် ဖာမွန်းပန်းခြံသို့ရောက်ရှိနေသဖြင့် စားဝတ်နေရေး အကူအညီလိုအပ်နေကြောင်း စစ်ဘေးရှောင် ကူညီနေသည့် တာဝန်ရှိသူ အမျိုးသမီးတစ်ဦးက သျှမ်းသံတော်ဆင့်ကိုပြောသည်။

ထိုမိဘမဲ့ ကလေး ၄၀သည် အသက် ၂ နှစ် မှအသက် ၂၀ ဝန်းကျင်အရွယ် ကြောင်းသိရသည်။

“ သူတို့ ဒီကို ရောက်နေတာ ၄ရက် ပဲရှိသေးတယ်။ ကလေးတွေကို ကျောင်းထားရမယ်။ ကိုယ့်နေရာဒေသလည်း မဟုတ်တဲ့ အတွက်ကြောင့်မလို့ စားဝတ်နေရေးက အဆင်မပြေဘူး။ စိုးရိမ်နေရတယ်။အခက်တွေ့ တာပေါ့။ အလှူရှင်တွေရှိ ပါ့မလားဆိုပြီးလည်း စိုးရိမ်ရတာပေ့ါ။ခုက စားသောက်ဖို့ကလည်းအကူညီတွေလိုအပ်နေတာ”ဟု တာဝန်ရှိသူ အမျိုးသမီးတစ်ဦးက ပြောသည်။

ထို ကလေးငယ်များသည် လက်ရှိတွင် ဖာမွန်းပန်းခြံအတွင်းရှိ ခန်းမတစ်ခုတွင်နေထိုင်းပြီး နေရာထိုင်ခင်း အခက်အခဲကြောင့် ကျား၊မအဆောင်ခွဲရန်အတွက် သွပ်၊ပျဉ်သားတို့ဖြင့် ပြန်လည်းတည်ဆောက်နေရကြောင်း ၎င်းက ဆိုပြန်သည်။

လက်ရှိအချိန်ထိ သျှမ်းပြည် မြောက်ပိုင်းတကြောတွင် စစ်ရေးအရှိန် ဆက်လက်မြင့်တက်နေပြီး စစ်ကောင်စီဘက်မှ လေကြောင်းဗုံးကြဲမှုများ ဆက်တိုက်ရှိနေသေးသဖြင့် စစ်ရှောင်များ သောင်းနှင့်ချီ ထွက်ပြေးတိမ်းရှောင် နေကြရကြောင်း သိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

နမ့်ခမ်းတွင် ရေကြီးမှုကြောင့် လမ်းများ ရွှံ့ဖုံးနေ

0
သျှမ်းပြည် မြောက်ပိုင်း၊ နမ့်ခမ်းမြို့တွင် တောင်ကျရေကြောင့် ရေကြီးရေလျှံမှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။ အဆိုပါ ရေကြီးရေလျှံမှုသည် ယမန်နေ့ (ဩဂုတ်လ ၃၀ ရက်)တွင် နမ့်ခမ်းမြို့ ပန်ပွဲ၊ ပေါက်လုံရပ်ကွက်၊ ပေါက်နေရပ်ကွက် နှင့် ဖောင်ရပ်ကွက်(ဖောင်ချောင်း)တို့၌ ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး တောင်ကျရေ ရုတ်တရက် ကျဆင်းလာမှုတို့ကြောင့် ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း နမ့်ခမ်းမြို့နယ်ဒေသခံ...

သီပေါတွင် အသက်၁၄နှစ် ညီမဝမ်းကွဲအား မုဒိမ်းကျင့် သတ်ဖြတ်ခဲ့သူကို SSPP သေဒဏ်ပေး

0
သျှမ်းပြည် သီပေါမြို့နယ်တွင် အသက်(၁၄) နှစ်အရွယ် ညီမဝမ်းကွဲတော်စပ်သူကို မုဒိမ်းကျင့် သတ်ဖြတ်ခဲ့သည့် အမျိုးသားတစ်ဦးအား ရှမ်းပြည်တိုးတက်ရေးပါတီ/ ရှမ်းပြည်တပ်မတော် (SSPP/SSA) တရားရုံးတစ်ခုမှ သေဒဏ်ပေးကာ ကွပ်မျက်လိုက်ကြောင်း သတင်းသိရသည်။ ပြီးခဲ့သည့် ဇွန်လ (၁၄) ရက် နေ့လယ်ပိုင်းတွင် သီပေါမြို့နယ် စံဖိတ်ကျေးရွာအုပ်စု၊ လွယ်ကျိုင်းကျေးရွာရှိ အသက်(၂၄) နှစ်အရွယ်ရှိ...

ညောင်ရွှေမြို့နယ် အတွင်းလှုပ်ရှားနေသည့် အရပ်ဘက်လူမှုအဖွဲ့အစည်းများကို လိုက်လံဖမ်းဆီးနေ

0
သျှမ်းပြည်တောင်ပိုင်း၊ ညောင်ရွှေမြို့ပေါ်နှင့် အင်းလေးဒေသဘက်တွင် လှုပ်ရှားဆောင်ရွက်နေသည့် အရပ်ဘက် လူမှုအဖွဲ့အစည်းများကို စစ်ကော်မရှင်က လိုက်လံ ဖမ်းဆီးနေကြောင်း သတင်းရရှိသည်။ ပြီးခဲ့သည့် ၂၀၂၂ခုနှစ် အောက်တိုဘာလ (၂၈) ရက်နေ့တွင် အသင်းအဖွဲ့ မှတ်ပုံတင်ခြင်းဆိုင်ရာ ဥပဒေ ပုဒ်မ ၄၁၉ ဖြင့် ပြဌာန်းခဲ့ပြီးနောက် ထိုဥပဒေအထဲတွင် အစိုးရမဟုတ်သော အသင်းအဖွဲ့များကို...

“ကျနော်တို့က အတင်းအဓမ္မ ဖမ်းတာမျိုးတွေကတော့ မလုပ်ဖို့ တားမြစ်ထားတာ ရှိပါတယ်”

0
ပြီးခဲ့သည့် ၂၀၂၄ ခုနှစ် နှစ်ဆန်းပိုင်းက ကချင်ပြည်နယ် မိုးမောက်မြို့နယ်တွင် အာဏာသိမ်းစစ်တပ်နှင့် KIA တို့အကြား ဖြစ်ပွားခဲ့သည့် မြို့သိမ်းတိုက်ပွဲများကြောင့် ဒေသခံများသည် တရုတ်-မြန်မာနယ်စပ် လွယ်ဂျယ်မြို့ဘက်သို့ ထွက်ပြေးတိမ်းရှောင်နေရသည်။ လွယ်ဂျယ်မြို့နယ်ခွဲသို့ ရောက်ရှိလာသည့် စစ်ဘေးရှောင်များကို KIA ဘက်မှ တပ်သားစုဆောင်းရေး ပြုလုပ်နေခြင်းသည် ယခုနှစ်ဆန်းပိုင်းမှ စတင်ကာ ဩဂုတ်လအတွင်း ရက်ခြား ခပ်စိပ်စိပ် စောင့်ဖမ်းလာကြောင်း စစ်ဘေးရှောင်ပြောပြချက်အရ သိရသည်။ တရုတ်-မြန်မာနယ်စပ် မိုးမောက်မြို့နယ် လွယ်ဂျယ်မြို့နယ်ခွဲရှိ မန်ဂေါ်ကောင်း၊ လွယ်ဂျယ်တောင်ပေါ် စေတီကုန်း၊ ကောင်းဆာ၊...

မူဆယ် ၁၀၅ မိုင် ညီနောင်မဟာမိတ်စစ်ဆေးရေးဂိတ်အနီး ကားရပ်မပေးသည့် ယာဉ်မောင်းတစ်ဦး သေနတ်ပစ်သတ်ခံရ

0
သျှမ်းပြည် မူဆယ်မြို့နယ် ၁၀၅ မိုင်ရှိ ညီနောင်မဟာမိတ်တပ် စစ်ဆေးရေးဂိတ်တွင် ကားရပ်မပေးသည့် ယာဉ်မောင်းအမျိုးသားတစ်ဦး သေနတ်ပစ်ခတ်ခံရ၍ ပွဲချင်းပြီး သေဆုံးသွားခဲ့ကြောင်း စုံစမ်းသိရသည်။ ယမန်နေ့ (ဩဂုတ်လ ၂၉ ရက်) နေ့လယ် ၁ နာရီကျော်တွင် မူဆယ်မြို့နှင့် ၁၀၅ မိုင် နယ်စပ်ကုန်သွယ်ရေးဇုန်ကြား နမ့်ပန်းရွာအနီးရှိ ညီနောင်မဟာမိတ်တပ်...