MNDAA ထံ စစ်ကောင်စီတပ်မှ ဗိုလ်ကြီး ၅ ဦးနှင့် တပ်သား ၃၀၀ ကျော် လက်နက်ချအလင်းဝင်

သျှမ်းပြည်မြောက်ပိုင်း အရှေ့မြောက်တိုင်း စစ်ဌာနချုပ်အခြေစိုက် လားရှိုးမြို့ကို ထိုးစစ်ဆင် တိုက်ခိုက်နေသည့် ကိုးကန့်တပ်ဖွဲ့ MNDAA ထံ စစ်ကောင်စီလက်အောက်ခံ ဗိုလ်ကြီး ၅ ဦးနှင့် တပ်သား ၃၀၀ ကျော် လက်နက်ချ အလင်းဝင်ရောက်ခဲ့ကြောင်း The Kokang မီဒီယာမှ ရုပ်သံနှင့်တကွ ထုတ်ပြန်လာသည်။

ဇူလိုင်လ ၂၁ ရက် နံနက် ၁၀ နာရီတွင် စစ်ကောင်စီတပ်မှ ဒုဗိုလ်မှူးကြီး တစ်ဦးက ဗိုလ်မှူး ၂ ဦးကို ခေါ်ဆောင်၍ ဗိုလ်ကြီး ၅ ဦးနှင့် တပ်သား ၃၁၇ ဦးတို့ သေနတ်နှင့် လက်နက်ခဲယမ်း အများအပြားဖြင့် ကိုးကန့်တပ်ဖွဲ့ MNDAA ထံ လက်နက်ချ အလင်းဝင်ခဲ့ပြီး MNDAA နိုင်ငံရေးဌာန၏ ရှေ့တန်းလုပ်ငန်းအဖွဲ့မှ လက်ခံခဲ့ကြောင်း ထုတ်ပြန်ချက်အရ သိရသည်။

၎င်းနောက် MNDAA နိုင်ငံရေးနှင့် စည်းရုံးရေးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူးက စစ်သုံ့ပန်းများအတွက် ဦးစားပေးဆက်ဆံမှုနှင့် ဆုကြေးမူဝါဒကို ရှင်းပြပေးပြီး ထိခိုက်ဒဏ်ရာရရှိသူနှင့် ဖျားနာသူများကို ဆေးကုသပေးခဲ့ကြောင်း ဆိုထားသည်။

စစ်ကောင်စီတပ်ကို စွန့်ခွာ၍ လက်နက်ချ အလင်းဝင်ရောက်ပါက ဆုကြေးငွေ ပေးအပ်မည်ဖြစ်ပြီး တပ်သားအဆင့် ကျပ် ဆယ်သိန်း၊ ဒုဗိုလ်နဲ့ ဗိုလ်ကြီးအဆင့် ကျပ်သိန်း ၂၀၊ ဗိုလ်မှူးနှင့် ဗိုလ်မှူးကြီးအဆင့် သိန်း ၃၀ ပေးအပ်သွားမည်ဖြစ်ပြီး လက်နက်နှင့်တကွ အညံ့ခံပါက ငါးသိန်း ထပ်တိုးပေးမည်ဟု ကိုးကန့်တပ်ဖွဲ့ MNDAA ဇူလိုင်လ ၁၂ ရက်တွင် ထုတ်ပြန်ခဲ့ပြီးနောက် ယခုကဲ့သို့ စစ်ကောင်စီတပ်သား အစုအပြုံလိုက် လက်နက်ချအလင်းဝင်ရောက်လာခြင်း ဖြစ်သည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

တောင်ကြီး သင်္ကြန်မဏ္ဍပ် (၉)ခုထက်မနည်း ဆောက်လုပ်ထားသော်လည်း စိတ်ဝင်စားသူ နည်းပါး

0
သျှမ်းပြည်မြို့တော် တောင်ကြီးမြို့တွင် သင်္ကြန်ပွဲတော် ကျင်းပရန် မဏ္ဍပ်(၉)ခုထက်မနည်း ဆောက်လုပ်ထားသော်လည်း စိတ်ဝင်စားသူ နည်းပါးကြောင်း သတင်းရရှိသည်။ တောင်ကြီးမြို့ အရှေ့မြို့ပတ်လမ်းဘက်တွင် အတာသင်္ကြန် မဏ္ဍပ် (၉) ခုထက်မနည်း ဆောက်လုပ်ထားပြီး စစ်ကော်မရှင်က စက်သုံးဆီချွေတာရန်ဟုဆိုကာ လမ်းလျှောက်သင်္ကြန် မဏ္ဍပ်လည်း ပြုလုပ်ထားသည်။ ထိုသို့ သင်္ကြန်ပွဲတော် ဆင်နွှဲရန် တောင်ကြီးမြို့တွင် စိတ်ဝင်စားသူ...

ဆိုင်ကယ်ဆူညံကြောင့် ချင်းမိုင်ရှိ အလုပ်သမား ၁၂ ဦး ဖမ်းဆီးခံရ

0
ထိုင်းနိုင်ငံ ချင်းမိုင်မြို့ရှိ Chan Phueak ဈေးအတွင်း အလုပ်လုပ်ကိုင်နေသည့် သျှမ်း (တိုင်ယိုင်) အလုပ်သမား ၁၂ ဦးကို အများပြည်သူအား စိတ်အနှောင့်အယှက်ဖြစ်စေမှုနှင့် အလုပ်သမားဥပဒေ ဖောက်ဖျက်မှုတို့ဖြင့် ဧပြီလ ၈ ရက်နေ့က အာဏာပိုင်များက ဖမ်းဆီးလိုက်ကြောင်း သတင်းရရှိသည်။ ဖြစ်စဉ်မှာ Chan Phueak ဈေးအတွင်း...

မိုးဗြဲမြို့အနီး စစ်တပ်နှင့် ကရင်နီတော်လှန်ရေးတပ်ပေါင်းစုတို့ နေ့စဉ်နီးပါး နှစ်ဘက်ထိတွေ့မှုရှိနေ

0
သျှမ်း-ကရင်နီနယ်စပ် ဖယ်ခုံမြို့နယ် မိုးဗြဲမြို့ အနောက်ဘက်ခြမ်းရှိ ကရင်နီတော်လှန်ရေးတပ်ပေါင်းစုတို့၏ ကာကင်းများကို စစ်ကော်မရှင်တပ်မှ စစ်ကြောင်းထိုးခြင်းကြောင့် ထိတွေ့တိုက်ပွဲများ နေ့စဉ်နီးပါး ဖြစ်ပွားနေကြောင်း စုံစမ်းသိရသည်။ ဧပြီလ ဒုတိယပတ်အတွင်း မိုးဗြဲမြို့ အနောက်ဘက်ခြမ်းရှိ ကရင်နီတော်လှန်ရေး တပ်ပေါင်းစု၏ ကာကင်းများကို စစ်ကော်မရှင်တပ်နှင့် ၎င်းလက်အောက်ခံ PNO ပအိုဝ်းပြည်သူ့စစ်တို့ စစ်ကြောင်းထိုးနေခြင်းကြောင့် နေ့စဉ်နီးပါး...

“တော်လှန်ရေးဆိုတာ သေနတ်တွေနဲ့ ပစ်နေရုံနဲ့လည်း ပြီးမှာမဟုတ်ဘူး။ တစ်ဖက်ကလည်း နိုင်ငံရေးရှိဖို့ လိုတာပဲလေ။”

0
ပြည်ထောင်စုနိုင်ငံရေးအင်အားစုတွေရဲ့ နိုင်ငံရေးဆိုင်ရာညှိနှိုင်းဆွေးနွေးရေးအဖွဲ့ (Political Coordination Body - PCB) ကနေပြီးတော့ ထုတ်ပြန်လိုက်တဲ့ အချက် (၉) ချက်နဲ့ ပတ်သက်ပြီးတော့ ဒီအဖွဲ့မှာပါဝင်နေတဲ့ ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ် (SNLD) ပါတီ ဥက္ကဌ ဦးစိုင်းညွန့်လွင်ကို သျှမ်းသံတော်ဆင့် မြန်မာပိုင်း အယ်ဒီတာ  နန်းဆိုင်နွမ် ကတွေ့ဆုံမေးမြန်းထားပါတယ်။  ။ နန်းဆိုင်နွံ။ ။ အဓိကကတော့ လက်ရှိ PCB အဖွဲ့ကနေပြီးတော့ ထုတ်ပြန်လိုက်တဲ့...

ရွာငံတွင် စစ်တပ်အရာရှိကြီး ခွင့်ပြုချက်ဖြင့် တရားမဝင် မြေနီတူးဖော်နေမှုကြောင့် တောင်သူများ အခက်တွေ့နေ

0
သျှမ်းပြည်တောင်ပိုင်း ရွာငံမြို့နယ်နယ် ကဇက်ကျေးရွာအနီးတွင် စစ်တပ်အရာရှိကြီးများ၏ အကာအကွယ်ဖြင့် တရားမဝင် မြေနီတူးဖော်မှုများ ကျယ်ကျယ်ပြန့်ပြန့် လုပ်ဆောင်နေသဖြင့် ဒေသခံတောင်သူများ၏ စိုက်ပျိုးမြေများ ပျက်စီးဆုံးရှုံးနေကြောင်း ဒေသခံများထံမှ သိရသည်။ အဆိုပါ မြေနီတူးဖော်မှုကို ကိုညီဆိုသူက ဦးဆောင်ကာ တူးဖော်နေခြင်းဖြစ်ပြီး ၎င်းသည် အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ် ဒု-တိုင်းမှုး၏ ခွင့်ပြုချက်ရရှိထားကြောင်း ဆိုကာ တားဆီးသည့်...