ရပ်စောက် SSPP နှင့် RCSS နှစ်ရက်အတွင်း တိုက်ပွဲ ၃ နေရာဖြစ်ပွား၊ မိခင်နှင့်ကလေး အပါအဝင် ၄ ဦးဒဏ်ရာရ

သျှမ်းပြည် ရပ်စောက်မြို့နယ်တွင် ရှမ်းပြည်တိုးတက်ရေးပါတီ (SSPP/SSA )နှင့် သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ ( RCSS/SSA) တို့အကြား ဖြစ်ပွားခဲ့သည့် တိုက်ပွဲအတွင်း မိခင်နှင့် ကလေး အပါအဝင် အရပ်သား ၄ ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်း စုံစမ်းသိရသည်။

ယမန်နေ့ (ဇူလိုင်လ ၂၂ ရက်) နံနက် ၂ နာရီခန့်မှ စတင်ပြီး ရပ်စောက်မြို့ မြောက်ဘက်ရှိ မြေနီရွာ (ဝၢၼ်ႈလိၼ်လႅင်)၊ ဝမ်ဟွေး ပန်းကုန်းမ (ဝၢၼ်ႈၵူၺ်ႈ) နှင့် ကုန်းကျောင်း၊ မြစ်ကွေ့ရွာဘက် တကြောတွင် SSPP နှင့် RCSS တပ်ဖွဲ့တို့ နှစ်ရက်အတွင်း တိုက်ပွဲ ၃ နေရာ ဖြစ်ပွားခဲ့ပြီး မိခင်နှင့် ကလေးအပါအဝင် အရပ်သား ၄ ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်း ဒေသခံများက ပြောသည်။

“မြို့အထွက် ဝမ်ဟွေးနဲ့ ဝမ်ကွေ(ဝၢၼ်ႈၵူၺ်ႈ)ရွာကြား တံတားနားမှာ မိုင်းပေါက်ကွဲတယ်။ ဒဏ်ရာရတာက မြို့မြောက်ဘက်က ကုန်းကျောင်းနဲ့ မြစ်ကွေ့ရွာမှာ ဖြစ်တာ။ ရွာသစ်မှာလည်း တိုက်ပွဲဖြစ်တယ်။ နောက်ထပ် မြေနီရွာ (ဝၢၼ်ႈလိၼ်လႅင်) လွယ်စန့်မှာလည်း ဗုံးဆံမှန်ပြီးတော့ ကျောင်းဆရာအိမ်က သူ့မိန်းမနဲ့ ကလေး ဒဏ်ရာရတယ်”ဟု ရပ်စောက်ဒေသခံ အမျိုးသားတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

ရပ်စောက်မြို့နယ် မြေနီရွာမှ ဗုံးဆံထိမှန်ပြီး ထိခိုက်ဒဏ်ရာရရှိခဲ့သည့် မိခင်နှင့် ကလေးတို့ကို ရပ်စောက်မြို့ ပြည်သူ့ဆေးရုံသို့ ဆေးကုသရန် ပို့ဆောင်ထားကြောင်း သိရသည်။

အလားတူ ရပ်စောက်မြို့နယ် ရွာသစ်ကျေးရွာတွင်လည်း SSPP နှင့် RCSS တပ်ဖွဲ့တို့၏ နှစ်ဘက်တိုက်ပွဲအတွင်း ဒရုန်းအသုံးပြု တိုက်ခိုက်ခြင်းကြောင့် ပြည်သူနေအိမ်ပေါ် ဗုံးထိမှန်ကာ အိမ်ထဲရှိ အမျိုးသမီးအပါအဝင် ၂ ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့ပြီး မည်သည့်အဖွဲ့၏ ဒရုန်းဗုံးမှန်း မသိရှိရကြောင်း ဒေသခံများက ပြောသည်။

“မနက် ၂ နာရီကတည်းက ရွာသစ်ဘက်တကြော ပစ်ကြတာ မနက် ၉ နာရီဝန်းကျင်အထိ အနောက်ရွာဘက် ရောက်လာတယ်။ နည်းနည်း တောလိုဖြစ်တဲ့နေရာ သင်္ချိုင်းနဲ့ နတ်စင်တွေမှာ ဒရုန်းနဲ့ လိုက်ချတာ၊ ၁၁ နာရီခွဲ ဝန်းကျင်မှာ အိမ်တစ်လုံးထိတယ်။ အိမ်ထဲက လူနှစ်ဦး အပေါ်ပိုင်း ထိရှဒဏ်ရာ ရတယ်”ဟု ဖြစ်စဉ်သိရှိသူ ရပ်စောက်ဒေသခံ အမျိုးသမီးတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

SSPP နှင့် RCSS တိုက်ပွဲအကြား နှစ်ဘက်တပ်ဖွဲ့အချင်းချင်း ဒရုန်းအသုံးပြု တိုက်ခိုက်ခြင်းနှင့် ပတ်သက်ပြီး SSPP ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးကြီး စိုင်းဆုနှင့် RCSS ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးစိုင်းခမ်းစံတို့ထံ သျှမ်းသံတော်ဆင့်မှ ဖုန်းဖြင့်ဆက်သွယ်ခဲ့သော်လည်း ဖုန်းလက်ခံဖြေကြားခြင်း မရှိသေးပါ။

ပြီးခဲ့သည့် ဇူလိုင်လ ၂၁ ရက်တွင် ရပ်စောက်မြို့နယ် မိုင်းပျဉ်းကျေးရွာအုပ်စုအတွင်း SSPP စစ်ဝတ်စုံ ဝတ်ဆင်ထားသည့် တပ်သား ၅ ဦးနှင့် သေနတ် ၉ လက် အပါအဝင် လက်နက်ခဲယမ်းများ သိမ်းဆည်းရမိခဲ့ကြောင်း RCSS သတင်းများ ဖော်ပြနေသည့် Tai Freedom မီဒီယာမှ ထုတ်ပြန်ထားသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

နမ့်ခမ်းတွင် ရေကြီးမှုကြောင့် လမ်းများ ရွှံ့ဖုံးနေ

0
သျှမ်းပြည် မြောက်ပိုင်း၊ နမ့်ခမ်းမြို့တွင် တောင်ကျရေကြောင့် ရေကြီးရေလျှံမှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။ အဆိုပါ ရေကြီးရေလျှံမှုသည် ယမန်နေ့ (ဩဂုတ်လ ၃၀ ရက်)တွင် နမ့်ခမ်းမြို့ ပန်ပွဲ၊ ပေါက်လုံရပ်ကွက်၊ ပေါက်နေရပ်ကွက် နှင့် ဖောင်ရပ်ကွက်(ဖောင်ချောင်း)တို့၌ ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး တောင်ကျရေ ရုတ်တရက် ကျဆင်းလာမှုတို့ကြောင့် ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း နမ့်ခမ်းမြို့နယ်ဒေသခံ...

သီပေါတွင် အသက်၁၄နှစ် ညီမဝမ်းကွဲအား မုဒိမ်းကျင့် သတ်ဖြတ်ခဲ့သူကို SSPP သေဒဏ်ပေး

0
သျှမ်းပြည် သီပေါမြို့နယ်တွင် အသက်(၁၄) နှစ်အရွယ် ညီမဝမ်းကွဲတော်စပ်သူကို မုဒိမ်းကျင့် သတ်ဖြတ်ခဲ့သည့် အမျိုးသားတစ်ဦးအား ရှမ်းပြည်တိုးတက်ရေးပါတီ/ ရှမ်းပြည်တပ်မတော် (SSPP/SSA) တရားရုံးတစ်ခုမှ သေဒဏ်ပေးကာ ကွပ်မျက်လိုက်ကြောင်း သတင်းသိရသည်။ ပြီးခဲ့သည့် ဇွန်လ (၁၄) ရက် နေ့လယ်ပိုင်းတွင် သီပေါမြို့နယ် စံဖိတ်ကျေးရွာအုပ်စု၊ လွယ်ကျိုင်းကျေးရွာရှိ အသက်(၂၄) နှစ်အရွယ်ရှိ...

ညောင်ရွှေမြို့နယ် အတွင်းလှုပ်ရှားနေသည့် အရပ်ဘက်လူမှုအဖွဲ့အစည်းများကို လိုက်လံဖမ်းဆီးနေ

0
သျှမ်းပြည်တောင်ပိုင်း၊ ညောင်ရွှေမြို့ပေါ်နှင့် အင်းလေးဒေသဘက်တွင် လှုပ်ရှားဆောင်ရွက်နေသည့် အရပ်ဘက် လူမှုအဖွဲ့အစည်းများကို စစ်ကော်မရှင်က လိုက်လံ ဖမ်းဆီးနေကြောင်း သတင်းရရှိသည်။ ပြီးခဲ့သည့် ၂၀၂၂ခုနှစ် အောက်တိုဘာလ (၂၈) ရက်နေ့တွင် အသင်းအဖွဲ့ မှတ်ပုံတင်ခြင်းဆိုင်ရာ ဥပဒေ ပုဒ်မ ၄၁၉ ဖြင့် ပြဌာန်းခဲ့ပြီးနောက် ထိုဥပဒေအထဲတွင် အစိုးရမဟုတ်သော အသင်းအဖွဲ့များကို...

“ကျနော်တို့က အတင်းအဓမ္မ ဖမ်းတာမျိုးတွေကတော့ မလုပ်ဖို့ တားမြစ်ထားတာ ရှိပါတယ်”

0
ပြီးခဲ့သည့် ၂၀၂၄ ခုနှစ် နှစ်ဆန်းပိုင်းက ကချင်ပြည်နယ် မိုးမောက်မြို့နယ်တွင် အာဏာသိမ်းစစ်တပ်နှင့် KIA တို့အကြား ဖြစ်ပွားခဲ့သည့် မြို့သိမ်းတိုက်ပွဲများကြောင့် ဒေသခံများသည် တရုတ်-မြန်မာနယ်စပ် လွယ်ဂျယ်မြို့ဘက်သို့ ထွက်ပြေးတိမ်းရှောင်နေရသည်။ လွယ်ဂျယ်မြို့နယ်ခွဲသို့ ရောက်ရှိလာသည့် စစ်ဘေးရှောင်များကို KIA ဘက်မှ တပ်သားစုဆောင်းရေး ပြုလုပ်နေခြင်းသည် ယခုနှစ်ဆန်းပိုင်းမှ စတင်ကာ ဩဂုတ်လအတွင်း ရက်ခြား ခပ်စိပ်စိပ် စောင့်ဖမ်းလာကြောင်း စစ်ဘေးရှောင်ပြောပြချက်အရ သိရသည်။ တရုတ်-မြန်မာနယ်စပ် မိုးမောက်မြို့နယ် လွယ်ဂျယ်မြို့နယ်ခွဲရှိ မန်ဂေါ်ကောင်း၊ လွယ်ဂျယ်တောင်ပေါ် စေတီကုန်း၊ ကောင်းဆာ၊...

မူဆယ် ၁၀၅ မိုင် ညီနောင်မဟာမိတ်စစ်ဆေးရေးဂိတ်အနီး ကားရပ်မပေးသည့် ယာဉ်မောင်းတစ်ဦး သေနတ်ပစ်သတ်ခံရ

0
သျှမ်းပြည် မူဆယ်မြို့နယ် ၁၀၅ မိုင်ရှိ ညီနောင်မဟာမိတ်တပ် စစ်ဆေးရေးဂိတ်တွင် ကားရပ်မပေးသည့် ယာဉ်မောင်းအမျိုးသားတစ်ဦး သေနတ်ပစ်ခတ်ခံရ၍ ပွဲချင်းပြီး သေဆုံးသွားခဲ့ကြောင်း စုံစမ်းသိရသည်။ ယမန်နေ့ (ဩဂုတ်လ ၂၉ ရက်) နေ့လယ် ၁ နာရီကျော်တွင် မူဆယ်မြို့နှင့် ၁၀၅ မိုင် နယ်စပ်ကုန်သွယ်ရေးဇုန်ကြား နမ့်ပန်းရွာအနီးရှိ ညီနောင်မဟာမိတ်တပ်...