ညောင်‌ရွှေမြို့ရောက် စစ်ရှောင်တစ်ထောင်ကျော် အလှူရှင်မရှိ၊ စားနပ်ရိက္ခာ အရေးပေါ်လိုအပ်နေ

သျှမ်းပြည် ညောင်ရွှေမြို့နယ်သို့ တစ်လခန့်အကြာ ရောက်ရှိနေသည့် စစ်ဘေးရှောင် ၁ ထောင်ကျော်သည် အလှူရှင် မရှိသည့်အတွက် စားနပ်ရိက္ခာများ ပြတ်လပ်ကာ အကူအညီ အရေးပေါ် လိုအပ်နေကြောင်း သတင်းရရှိသည်။

အဆိုပါ စစ်ဘေးရှောင်များသည့် ပြီးခဲ့သည့် ဇွန်လ ၁၈ ရက်မှ စတင်ခဲ့သည့် စစ်ကောင်စီတပ်နှင့် ကရင်နီတော်လှန်ရေး အင်အားစုတပ်ဖွဲ့များကြောင့် ပင်လောင်းမြို့မှ ထွက်ပြေး တိမ်းရှောင်လာသူများ ဖြစ်သည်။

လက်ရှိတွင် ၎င်းစစ်ဘေးရှောင်များသည် ညောင်ရွှေမြို့နယ်အတွင်းရှိ ဆန်းရေကြည်ကျေးရွာ၊ သရက်အုပ်ကျေးရွာ၊ လုံကန်ကျေးရွာ၊ နန်းဟူးကျေးရွာ၊ တက်ဦးမုတ်ကျေးရွာ၊ တောင်ပါကျေးရွာ၊ နှင့် ကီးကာကျေးရွာများတွင် ရောက်ရှိနေကြပြီး အလုပ်အကိုင် ရှားပါးမှုကြောင့် စားနပ်ရိက္ခာများ အရေးပေါ် လိုအပ်နေကြောင်း စစ်ဘေးရှောင် ကူညီနေသည့် အမျိုးသားတစ်ဦး သျှမ်းသံတော်ဆင့်ကို ပြောသည်။

ညောင်ရွှေမြို့

“စစ်ဘေးရှောင်တွေကတော့ အရင်ကထက် ပိုဆိုးသွားပြီ၊ အရင်ကလည်း စားနပ်ရိက္ခာတွေ လိုနေပါတယ်ဆိုမှ အခု တစ်လ‌‌လောက် စစ်ထပ်ရှောင်နေရတော့ အရမ်းခက်ခဲနေတယ်။ အကူအညီလည်း လိုနေပြီ၊ အလုပ်ကလည်း မရှိတော့ စားစရာတွေ ကုန်နေကြပြီ။ အလှူရှင်မရှိတော့ ပြန်မကူညီနိုင်ဘူး”ဟု စစ်ဘေးရှောင်ကူညီသူ အမျိုးသားတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

ပင်လောင်းမြို့နယ်မှ ထွက်ပြေးလာသော စစ်ဘေး‌ရှောင်များသည် ကျေးရွာရှိ ဆွေမျိုးနေအိမ်များ၊ ဘုန်းကြီးကျောင်းများတွင် နေထိုင်နေကြကြောင်း၊ စစ်ဘေးရှောင်စခန်း ဟု သီးသန့် ဖွင့်လှစ်ထားခြင်း မရှိကြောင်းလည်း ၎င်းက ထပ်လောင်းပြောကြားသည်။

“အခုက နေ့စားအလုပ်လည်း တစ်ရက် ၁သောင်း လောက်ပဲ ရတာ။ မိန်းကလေးဆို ၈ ထောင်ပဲ ပေးတာ။ အဲ့လောက် ပေးတာတောင် အလုပ်က မရှိဘူး။ ဆန်တွေကလည်း ဒီဘက်မှာ ပိဿာနဲ့ ရောင်းတော့ တစ်ပိဿာကို ၄ ထောင်နဲ့ ၅ ထောင်နီးပါး ရှိတယ်။ မိသားစုများရင် တကယ်ခက်ခဲတယ်”ဟု ၎င်းအမျိုးသားက သျှမ်းသံတော်ဆင့်ကို ဆက်ပြောသည်။

ညောင်ရွှေမြို့ရောက် စစ်ဘေးရှောင်များသည် အလုပ်အကိုင် ရှားပါးမှုနှင့် အလှူရှင်များ မရှိသည့် အတွက်ကြောင့် ရေရှည်ဆက်ပြီး တိုက်ပွဲများဖြစ်လျှင် ရိက္ခာပြတ်လပ်နိုင်သည့် အခြေအနေ ရှိကြောင်းလည်း စစ်ဘေးရှောင်ကူညီနေသူများက ပြောသည်။

“ဒီတစ်လ‌လောက် ထွက်ပြေးနေရတဲ့ လူတွေက စစ်ဘေးရှောင်တွေက စားသောက်ဖို့အတွက် အရေးပေါ် လိုအပ်နေတာ တော်တော်ကြာနေပါပြီ။ သူတို့အတွက်ကို ကူညီစေချင်တယ်။ တချို့တွေကလည်း ရှိတဲ့လူတွေဆီကနေ ချေးငှားပြီး ဝမ်းရေးဖြေရှင်းနေရတာတွေ ရှိတယ်”ဟု အသက် ၄၀အရွယ်ရှိ စစ်ဘေးရှောင် ကူညီသည့် အမျိုးသားက ဆက်ပြောသည်။

ပင်‌လောင်းမြို့နယ်အတွင်းတွင် စစ်ကောင်စီတပ်နှင့် ကရင်နီတော်လှန်ရေး အင်အားစုတပ်ဖွဲ့ တို့သည် စစ်ရေး ဆက်လက် တင်းမာနေပြီး လက်ရှိအချိန်ထိ ဖုန်းလိုင်းနှင့် အင်တာနက်လိုင်း ဖြတ်တောက်ခံထားရကြောင်း သိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

နမ့်ခမ်းတွင် ရေကြီးမှုကြောင့် လမ်းများ ရွှံ့ဖုံးနေ

0
သျှမ်းပြည် မြောက်ပိုင်း၊ နမ့်ခမ်းမြို့တွင် တောင်ကျရေကြောင့် ရေကြီးရေလျှံမှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။ အဆိုပါ ရေကြီးရေလျှံမှုသည် ယမန်နေ့ (ဩဂုတ်လ ၃၀ ရက်)တွင် နမ့်ခမ်းမြို့ ပန်ပွဲ၊ ပေါက်လုံရပ်ကွက်၊ ပေါက်နေရပ်ကွက် နှင့် ဖောင်ရပ်ကွက်(ဖောင်ချောင်း)တို့၌ ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး တောင်ကျရေ ရုတ်တရက် ကျဆင်းလာမှုတို့ကြောင့် ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း နမ့်ခမ်းမြို့နယ်ဒေသခံ...

သီပေါတွင် အသက်၁၄နှစ် ညီမဝမ်းကွဲအား မုဒိမ်းကျင့် သတ်ဖြတ်ခဲ့သူကို SSPP သေဒဏ်ပေး

0
သျှမ်းပြည် သီပေါမြို့နယ်တွင် အသက်(၁၄) နှစ်အရွယ် ညီမဝမ်းကွဲတော်စပ်သူကို မုဒိမ်းကျင့် သတ်ဖြတ်ခဲ့သည့် အမျိုးသားတစ်ဦးအား ရှမ်းပြည်တိုးတက်ရေးပါတီ/ ရှမ်းပြည်တပ်မတော် (SSPP/SSA) တရားရုံးတစ်ခုမှ သေဒဏ်ပေးကာ ကွပ်မျက်လိုက်ကြောင်း သတင်းသိရသည်။ ပြီးခဲ့သည့် ဇွန်လ (၁၄) ရက် နေ့လယ်ပိုင်းတွင် သီပေါမြို့နယ် စံဖိတ်ကျေးရွာအုပ်စု၊ လွယ်ကျိုင်းကျေးရွာရှိ အသက်(၂၄) နှစ်အရွယ်ရှိ...

ညောင်ရွှေမြို့နယ် အတွင်းလှုပ်ရှားနေသည့် အရပ်ဘက်လူမှုအဖွဲ့အစည်းများကို လိုက်လံဖမ်းဆီးနေ

0
သျှမ်းပြည်တောင်ပိုင်း၊ ညောင်ရွှေမြို့ပေါ်နှင့် အင်းလေးဒေသဘက်တွင် လှုပ်ရှားဆောင်ရွက်နေသည့် အရပ်ဘက် လူမှုအဖွဲ့အစည်းများကို စစ်ကော်မရှင်က လိုက်လံ ဖမ်းဆီးနေကြောင်း သတင်းရရှိသည်။ ပြီးခဲ့သည့် ၂၀၂၂ခုနှစ် အောက်တိုဘာလ (၂၈) ရက်နေ့တွင် အသင်းအဖွဲ့ မှတ်ပုံတင်ခြင်းဆိုင်ရာ ဥပဒေ ပုဒ်မ ၄၁၉ ဖြင့် ပြဌာန်းခဲ့ပြီးနောက် ထိုဥပဒေအထဲတွင် အစိုးရမဟုတ်သော အသင်းအဖွဲ့များကို...

“ကျနော်တို့က အတင်းအဓမ္မ ဖမ်းတာမျိုးတွေကတော့ မလုပ်ဖို့ တားမြစ်ထားတာ ရှိပါတယ်”

0
ပြီးခဲ့သည့် ၂၀၂၄ ခုနှစ် နှစ်ဆန်းပိုင်းက ကချင်ပြည်နယ် မိုးမောက်မြို့နယ်တွင် အာဏာသိမ်းစစ်တပ်နှင့် KIA တို့အကြား ဖြစ်ပွားခဲ့သည့် မြို့သိမ်းတိုက်ပွဲများကြောင့် ဒေသခံများသည် တရုတ်-မြန်မာနယ်စပ် လွယ်ဂျယ်မြို့ဘက်သို့ ထွက်ပြေးတိမ်းရှောင်နေရသည်။ လွယ်ဂျယ်မြို့နယ်ခွဲသို့ ရောက်ရှိလာသည့် စစ်ဘေးရှောင်များကို KIA ဘက်မှ တပ်သားစုဆောင်းရေး ပြုလုပ်နေခြင်းသည် ယခုနှစ်ဆန်းပိုင်းမှ စတင်ကာ ဩဂုတ်လအတွင်း ရက်ခြား ခပ်စိပ်စိပ် စောင့်ဖမ်းလာကြောင်း စစ်ဘေးရှောင်ပြောပြချက်အရ သိရသည်။ တရုတ်-မြန်မာနယ်စပ် မိုးမောက်မြို့နယ် လွယ်ဂျယ်မြို့နယ်ခွဲရှိ မန်ဂေါ်ကောင်း၊ လွယ်ဂျယ်တောင်ပေါ် စေတီကုန်း၊ ကောင်းဆာ၊...

မူဆယ် ၁၀၅ မိုင် ညီနောင်မဟာမိတ်စစ်ဆေးရေးဂိတ်အနီး ကားရပ်မပေးသည့် ယာဉ်မောင်းတစ်ဦး သေနတ်ပစ်သတ်ခံရ

0
သျှမ်းပြည် မူဆယ်မြို့နယ် ၁၀၅ မိုင်ရှိ ညီနောင်မဟာမိတ်တပ် စစ်ဆေးရေးဂိတ်တွင် ကားရပ်မပေးသည့် ယာဉ်မောင်းအမျိုးသားတစ်ဦး သေနတ်ပစ်ခတ်ခံရ၍ ပွဲချင်းပြီး သေဆုံးသွားခဲ့ကြောင်း စုံစမ်းသိရသည်။ ယမန်နေ့ (ဩဂုတ်လ ၂၉ ရက်) နေ့လယ် ၁ နာရီကျော်တွင် မူဆယ်မြို့နှင့် ၁၀၅ မိုင် နယ်စပ်ကုန်သွယ်ရေးဇုန်ကြား နမ့်ပန်းရွာအနီးရှိ ညီနောင်မဟာမိတ်တပ်...