MNDAA တပ်သား မိုင်းရယ် အမျိုးသားတစ်ဦးကို ပစ်သတ်

သျှမ်းပြည် မိုင်းရယ်မြို့နယ်၌ ဟိုတိကျေးရွာအတွင်းနေထိုင်သည့် အမျိုးသားတစ်ဦးကို ယနေ့ (ဇူလိုင် ၂၂)ရက် နံနက် ၂နာရီဝန်းကျင်တွင် ကိုးကန့်တပ်ဖွဲ့ (MNDAA) က ပစ်သတ်ခဲ့ကြောင်း စုံစမ်းသိရသည်။

ဖြစ်စဥ်မှာ ယနေ့ (ဇူလိုင် ၂၂) ရက် နံနက် ၂နာရီတွင် စစ်ကောင်စီသည် မိုင်းရယ်မြို့နယ် ဟိုတိကျေးရွာအတွင်း MNDAA တပ် ရှိသည် ဆိုသော သတင်းကြောင့် လက်နက်ကြီးဖြင့် လှမ်းပစ်ခဲ့သည်။

ထို့လက်နက်ကြီးသံကြောင့် အသက် ၂၀ နှစ် အရွယ်ရှိ စိုင်းလင်း တို့မိသားစု ၃ဦးသည် ထိတ်လန့်ကာ ရွာတွင်းသို့ ပြေးဝင်လာစဥ် MNDAA စစ်ဆေးရေးဂိတ်တွင် ပစ်သတ်ခံလိုက်ရကြောင်း မိုင်းရယ်မြို့နယ်မှ ဒေသခံအမျိုးသားတစ်ဦးက သျှမ်းသံတော်ဆင့်ကိုပြောသည်။

“ စိုင်းလင်းတို့ မိသားစုက ရွာပြင်နားမှာနေကြတာ။ အဲ့မှာ လက်နက်ကြီးသံကြေားတော့ သူတို့ မိသားစု က လန့်ပြီး ရွာထဲကို ပြေးဝင်လာတာ၊ ကိုးကန့်တပ်သားတွေရှိတဲ့ဂိတ်ရောက်တော့ ပစ်သတ်ခံရတာ” မိုင်းရယ်ဒေသခံ အမျိုးသားတစ်ဦးက ပြောသည်။

ထိုထွက်ပြးလာချိန်တွင် စိုင်းလင်းနှင့်အတူ အသက် ၄နှစ်အရွယ်သမီးနှင့် ဇနီးလည်း လိုက်ပါလာသည်။

ယနေ့ (ဇူလိုင် ၂၂)ရက် နံနက် ၂နာရီ တွင် စစ်ကောင်စီ၏ လက်နက်ကြီး ပစ်ခတ်မှုကြောင့် ဟိုတိကျေးရွာအတွင်းရှိ နေအိမ်များကို ထိမှန်ခဲ့သည့်အပြင် ထွက်ပြေးတိမ်းရှောင်နေသူများလည်းရှိနေကြောင်း သိရသည်။

“ကျနော်တို့က စိတ်ပူရတယ် ဆန်စပါးတွေလုပ်ဖို့လည်း ရှိသေးတယ်။နောက်နှစ်တွေအတွက်ပါစိတ်ပူရတာပေါ့ သွားလုပ်ဖို့ကလည်း မသွားရဲဘူး။လူကြီးနဲ့ကလေးတွေကလည်း များတယ်။တချို့တွေကလည်း ပြေးနေကြတယ်။ တချို့တွေကလည်း ကျွဲ၊နွားတွေများတော့ စိတ်ပူပြီး စောင့်နေရသေးတယ်။”ဟု ၎င်းက ပြောသည်။

ဟိုတိကျေးရွာတွင် အိမ်ခြေ ၁၂၀ ခန့်ရှိနေပြီး မိုင်းရယ်မြို့နှင့် ၁၆ မိုင်ခန့်သာ ကွာဝေးကြောင်းသိရသည်။

လက်ရှိ မိုင်းရယ်မြို့နယ်တွင် ကိုးကန့်တပ်ဖွဲ့ MNDAA၊ ရှမ်းပြည်တိုးတက်ရေးပါတီ/ ရှမ်းပြည်တပ်မတော် SSPP/SSA နှင့် စစ်ကောင်စီတို့သွားလာလုပ်ရှားနေကြောင်း သိရသည်။

အလားတူ ပြီးခဲ့သည့် (ဇူလိုင် ၂၀)ရက်တွင်လည်း မန္တလေးမြို့မှ လားရှိုးမြို့သို့ ပြေးဆွဲနေသည့် ကားသမားအမျိုးသား တစ်ဦး တန့်ယန်းလမ်းခွဲရှိ MNDAA တပ်စွဲထားသည့် ဂိတ်ကို ဖြတ်သန်းရန် ပြုလုပ်နေစဥ် ပစ်သတ်ခံရကြောင် သိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

နမ့်ခမ်းတွင် ရေကြီးမှုကြောင့် လမ်းများ ရွှံ့ဖုံးနေ

0
သျှမ်းပြည် မြောက်ပိုင်း၊ နမ့်ခမ်းမြို့တွင် တောင်ကျရေကြောင့် ရေကြီးရေလျှံမှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။ အဆိုပါ ရေကြီးရေလျှံမှုသည် ယမန်နေ့ (ဩဂုတ်လ ၃၀ ရက်)တွင် နမ့်ခမ်းမြို့ ပန်ပွဲ၊ ပေါက်လုံရပ်ကွက်၊ ပေါက်နေရပ်ကွက် နှင့် ဖောင်ရပ်ကွက်(ဖောင်ချောင်း)တို့၌ ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး တောင်ကျရေ ရုတ်တရက် ကျဆင်းလာမှုတို့ကြောင့် ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း နမ့်ခမ်းမြို့နယ်ဒေသခံ...

သီပေါတွင် အသက်၁၄နှစ် ညီမဝမ်းကွဲအား မုဒိမ်းကျင့် သတ်ဖြတ်ခဲ့သူကို SSPP သေဒဏ်ပေး

0
သျှမ်းပြည် သီပေါမြို့နယ်တွင် အသက်(၁၄) နှစ်အရွယ် ညီမဝမ်းကွဲတော်စပ်သူကို မုဒိမ်းကျင့် သတ်ဖြတ်ခဲ့သည့် အမျိုးသားတစ်ဦးအား ရှမ်းပြည်တိုးတက်ရေးပါတီ/ ရှမ်းပြည်တပ်မတော် (SSPP/SSA) တရားရုံးတစ်ခုမှ သေဒဏ်ပေးကာ ကွပ်မျက်လိုက်ကြောင်း သတင်းသိရသည်။ ပြီးခဲ့သည့် ဇွန်လ (၁၄) ရက် နေ့လယ်ပိုင်းတွင် သီပေါမြို့နယ် စံဖိတ်ကျေးရွာအုပ်စု၊ လွယ်ကျိုင်းကျေးရွာရှိ အသက်(၂၄) နှစ်အရွယ်ရှိ...

ညောင်ရွှေမြို့နယ် အတွင်းလှုပ်ရှားနေသည့် အရပ်ဘက်လူမှုအဖွဲ့အစည်းများကို လိုက်လံဖမ်းဆီးနေ

0
သျှမ်းပြည်တောင်ပိုင်း၊ ညောင်ရွှေမြို့ပေါ်နှင့် အင်းလေးဒေသဘက်တွင် လှုပ်ရှားဆောင်ရွက်နေသည့် အရပ်ဘက် လူမှုအဖွဲ့အစည်းများကို စစ်ကော်မရှင်က လိုက်လံ ဖမ်းဆီးနေကြောင်း သတင်းရရှိသည်။ ပြီးခဲ့သည့် ၂၀၂၂ခုနှစ် အောက်တိုဘာလ (၂၈) ရက်နေ့တွင် အသင်းအဖွဲ့ မှတ်ပုံတင်ခြင်းဆိုင်ရာ ဥပဒေ ပုဒ်မ ၄၁၉ ဖြင့် ပြဌာန်းခဲ့ပြီးနောက် ထိုဥပဒေအထဲတွင် အစိုးရမဟုတ်သော အသင်းအဖွဲ့များကို...

“ကျနော်တို့က အတင်းအဓမ္မ ဖမ်းတာမျိုးတွေကတော့ မလုပ်ဖို့ တားမြစ်ထားတာ ရှိပါတယ်”

0
ပြီးခဲ့သည့် ၂၀၂၄ ခုနှစ် နှစ်ဆန်းပိုင်းက ကချင်ပြည်နယ် မိုးမောက်မြို့နယ်တွင် အာဏာသိမ်းစစ်တပ်နှင့် KIA တို့အကြား ဖြစ်ပွားခဲ့သည့် မြို့သိမ်းတိုက်ပွဲများကြောင့် ဒေသခံများသည် တရုတ်-မြန်မာနယ်စပ် လွယ်ဂျယ်မြို့ဘက်သို့ ထွက်ပြေးတိမ်းရှောင်နေရသည်။ လွယ်ဂျယ်မြို့နယ်ခွဲသို့ ရောက်ရှိလာသည့် စစ်ဘေးရှောင်များကို KIA ဘက်မှ တပ်သားစုဆောင်းရေး ပြုလုပ်နေခြင်းသည် ယခုနှစ်ဆန်းပိုင်းမှ စတင်ကာ ဩဂုတ်လအတွင်း ရက်ခြား ခပ်စိပ်စိပ် စောင့်ဖမ်းလာကြောင်း စစ်ဘေးရှောင်ပြောပြချက်အရ သိရသည်။ တရုတ်-မြန်မာနယ်စပ် မိုးမောက်မြို့နယ် လွယ်ဂျယ်မြို့နယ်ခွဲရှိ မန်ဂေါ်ကောင်း၊ လွယ်ဂျယ်တောင်ပေါ် စေတီကုန်း၊ ကောင်းဆာ၊...

မူဆယ် ၁၀၅ မိုင် ညီနောင်မဟာမိတ်စစ်ဆေးရေးဂိတ်အနီး ကားရပ်မပေးသည့် ယာဉ်မောင်းတစ်ဦး သေနတ်ပစ်သတ်ခံရ

0
သျှမ်းပြည် မူဆယ်မြို့နယ် ၁၀၅ မိုင်ရှိ ညီနောင်မဟာမိတ်တပ် စစ်ဆေးရေးဂိတ်တွင် ကားရပ်မပေးသည့် ယာဉ်မောင်းအမျိုးသားတစ်ဦး သေနတ်ပစ်ခတ်ခံရ၍ ပွဲချင်းပြီး သေဆုံးသွားခဲ့ကြောင်း စုံစမ်းသိရသည်။ ယမန်နေ့ (ဩဂုတ်လ ၂၉ ရက်) နေ့လယ် ၁ နာရီကျော်တွင် မူဆယ်မြို့နှင့် ၁၀၅ မိုင် နယ်စပ်ကုန်သွယ်ရေးဇုန်ကြား နမ့်ပန်းရွာအနီးရှိ ညီနောင်မဟာမိတ်တပ်...