ကျောက်မဲ တိုက်ပွဲပြင်းထန်၊ ၃ရက်အတွင်းလေကြောင်း ဗုံးဒဏ် အရပ်သား ၁၅ ဦးထက်မနည်း သေဆုံး

သျှမ်းပြည် ကျောက်မဲမြို့တွင် စစ်ကောင်စီတပ်၏ လက်နက်ကြီးနှင့် လေကြောင်းဗုံးကြဲ တိုက်ခိုက်မှုကြောင့် ၃ ရက်အတွင်း အရပ်သား ၁၅ ဦးထက်မနည်း ထပ်မံသေဆုံးခဲ့ကြောင်း စုံစမ်းသိရသည်။

ကျောက်မဲမြို့ပေါ် ရပ်ကွက်များသို့ ဇူလိုင် ၂၀ရက်မှစတင်ပြီးစစ်ကောင်စီ ဘက်မှ စစ်အင်အားဖြည့်တင်းလာသဖြင့် တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA) တို့ တိုက်ပွဲဖြစ်ပွားခဲ့သည်။

ထို့နောက် စစ်ကောင်စီတပ်ဘက်မှ လေကြောင်းပစ်ကူပစ်ခတ်သဖြင့် ဇူလိုင်း ၂၀ရက်မှ ဇူလိုင် ၂၂ရက် အထိ သုံးရက်အတွင်း အရပ်သား (၁၅) ဦးထက်မနည်း ထပ်မံသေဆုံးခဲ့ကြောင်း ကျောက်မဲဒေသခံများက ပြောသည်။

“လူထိခိုက်သေဆုံးတာလည်း စနေနေ့ကနေ ဒီနေ့အထိ ၁၀ ယောက်ကျော် ရှိတယ်။ မနေ့က တိုက်ပွဲအရမ်းပြင်းတော့ အပြင်မထွက်ရဲကြဘူး၊ ဒီမနက် မိုးရွာထဲ အလောင်းသယ်တာ ၈ လောင်းရှိပြီ၊ မသယ်ထုတ်နိုင်သေးတာ ၄ လောင်းကျန်သေးတယ်။ ထိခိုက်ဒဏ်ရာရတာတော့ များတယ်။ မြို့ထဲကလည်း တော်တော်များများ ပြန်ထွက်နေကြတယ်”ဟု ကျောက်မဲမြို့ ဒေသခံအမျိုးသားတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

ကျောက်မဲမြို့ပေါ် ရပ်ကွက်(၈) လွယ်ပေါင်း၊ ပတ္တမြားတောင်၊ ရပ်ကွက်(၂) နမ့်စလင်း၊ ငြိမ်းချမ်းရေးကုန်း၊ နမ့်ဟူးတောင်း အပေါ်ရွာနှင့် ကျွဲကုန်းကျေးရွာဘက်သို့ စစ်ကောင်စီတပ်မှ လေကြောင်းဖြင့် အပြင်းအထန် ဗုံးကြဲတိုက်ခိုက်ခဲ့ရာ လူထိခိုက်သေဆုံးမှု များပြားပြီး နေအိမ်အများအပြား ထိခိုက်ပျက်စီးခဲ့ကြောင်း သိရသည်။

အလားတူ ကျောက်မဲမြို့ ငြိမ်းချမ်းရေးကုန်းဘက်တွင်လည်း နေအိမ်အတွင်း သေဆုံးနေသူများကို အလောင်းကောက်ယူနိုင်ခြင်း မရှိသေးဘဲ ထိခိုက်သေဆုံးသူများထဲတွင် လတ်တလော တိုက်ပွဲပြန်လည်ပြင်းထန်ချိန် စိုးရိမ်ထိတ်လန့်ပြီး ထွက်ပြေးတိမ်းရှောင်ရန် ကြိုးစားရာမှ လက်နက်ကြီးနှင့် လေကြောင်းဗုံးထိမှန်၍ သေဆုံးသူ များပြားကြောင်း အလောင်းကောက်ယူပေးနေသည့် လူမှုကူညီသူများက ပြောသည်။

“အကုန်လုံးက အရပ်သားတွေကြီးပဲ။ တချို့လည်း သေနတ်ဒဏ်ရာနဲ့၊ တချို့လည်း တိုက်ပွဲကြား ကြောက်လှန့်ပြီးတော့ အပြင်ထွက်တဲ့အချိန် လက်နက်ကြီးစ မှန်ပြီး ဆုံးတာမျိုးလဲ ရှိတယ်။ ဒီမနက်တော့ သေနတ်ပစ်ခတ်ကြတာ မရှိသေးဘူး၊ လေယာဉ်နဲ့ လာပစ်တာ ၄ ခါရှိပြီ။ ဒီမနက် ၃ နာရီကတည်းက လေယာဉ်လာဝဲနေတာ”ဟု ကျောက်မဲမြို့မှ လူမှုကူညီနေသူ အမျိုးသားတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

ကျောက်မဲမြို့ကို ပြန်လည်ထိန်းချုပ်နိုင်ရန် နောင်ပိန်လေးဘက်မှ အင်အားဖြည့်တင်းလာသည့် စစ်ကောင်စီတပ်နှင့် တအာင်း(ပလောင်)တပ်ဖွဲ့ TNLA တို့ တိုက်ပွဲအပြင်းအထန် ဖြစ်ပွားနေပြီး စစ်ကောင်စီတပ်မှ လေကြောင်းပစ်ကူဖြင့် ပြန်လည်ခုခံတိုက်ခိုက်နေကြောင်း ကျောက်မဲဒေသခံများက ပြောသည်။

ကျောက်မဲမြို့ပေါ်သို့ စစ်ကောင်စီတပ်မှ ဂျက်ဖိုက်တာနှင့် Y-12 ထောက်ပို့ရဟတ်ယာဉ်ဖြင့် လေကြောင်းဗုံး ရာနှင့်ချီ ကြဲချတိုက်ခိုက်ခဲ့ရာ တိုက်ပွဲတစ်လနီးပါးအတွင်း အရပ်သားသေဆုံးမှု (၈၀) ဦးထက်မနည်း မြှင့်တက်လာကြောင်း လူမှုကူညီရေးအသင်းများက ပြောသည်။

လက်ရှိတွင် ကျောက်မဲမြို့ပေါ် တိုက်ပွဲများကြောင့် နမ့်ဟူးတောင်းနှင့် ကျောက်တောင်ရပ်နေ ပြည်သူများမှာ မြို့အနီးအနားရှိ နားပြိန်း၊ ခိုအုံ၊ ခိုမုန်းနှင့် နောင်ပိန်၊ ပုံဝိုး စသည့် ဘေးလွတ်ကင်းရာသို့ ထွက်ပြေးတိမ်းရှောင် နေရပြီး စစ်ဘေးရှောင် ၁၂,၀၀၀ ကျော် အတွက် စားနပ်ရိက္ခာနှင့် ဆေးဝါးအကူအညီများ လိုအပ်နေကြောင်း စစ်ရှောင်ကူညီသူများထံမှ သိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

စာဖတ်ခြင်းအလေ့အထ

0
ယခုရက်ပိုင်းအတွင်း ကျနော် စာအုပ်မဖတ်ဖြစ်သည်မှာ ကြာလှပြီ ဖြစ်သည်။ ယခင်က တလလျှင် အနည်းဆုံး စာအုပ်တအုပ် ဖတ်မည်ဟု ကိုယ့်ကိုယ်ကိုယ် ကြုံးဝါးခဲ့ဖူးသည်ကို မှတ်မိနေသေး၏။ သို့သော်လည်း လက်တွေ့တွင်မူ ဖုန်းစကရင်ပေါ်မှ ဗီဒီယိုနှင့် ဇာတ်လမ်းတိုများကို ကြည့်ကာ အချိန်များ ကုန်ဆုံးနေခဲ့သည်။ တကယ်တော့ စာဖတ်ခြင်းဆိုသည်မှာ ပညာဗဟုသုတ တိုးပွားရန်နှင့် အတွေးအခေါ်...

ဘဏ်အကောင့်ဖွင့်ပေးမည်ဆိုပြီး မှတ်ပုံတင်များကို ပုံရိုက်ယူကာ ကျားဖြန့်ထံရောင်းစားသူများရှိ

0
သျှမ်းပြည် တောင်ပိုင်း တောင်ကြီးမြို့နယ်အတွင်းတွင် ကားရပ်နားရာ နေရာများနှင့် အခြားသော လူသွားလူလာ များပြားသည့် နေရာများတွင် လူတစုမှ ဧရာဝတီဘဏ်အကောင့်နှင့် ကမ္ဘောဇဘဏ် အကောင့် ဖွင့်ပေးမည်ဆို၍ မှတ်ပုံတင်နှင့် မျက်နှာကို ပုံရယူကာ ကျားဖြန့်များထံ ရောင်းစားမှုရှိနေကြောင်း စုံစမ်းသိရသည်။ သျှမ်းတောင်၊ တောင်ကြီးမြို့နယ် အောင်ပန်းမြို့ ဘက်တွင် သက်လတ်ပိုင်းလူတစုက...

မူဆယ်မြို့တွင် အိမ်ထောင်စုစာရင်းပြုလုပ်ရန် မြို့ခံများပင် သိန်းချီကုန်ကျနေ

0
သျှမ်းပြည်မြောက်ပိုင်း၊ မူဆယ်မြို့တွင် အိမ်ထောင်စုစာရင်း ပြုလုပ်ခြင်းနှင့် ပြောင်းရွှေ့ခြင်းအတွက် ငွေကြေးကုန်ကျမှုများပြားလာပြီး မြို့ခံကိုယ်တိုင် အိမ်ထောင်စုစာရင်း ပြုလုပ်ရာတွင် ကျပ်သိန်းနှင့်ချီ ကုန်ကျနေကြောင်း စုံစမ်းသိရသည်။ မူဆယ်မြို့နယ်သို့ အခြားမြို့နယ်မှ ပြောင်းရွှေ့လာသည့် ပြည်သူများ၊ တရုတ်နိုင်ငံသားများလည်း ပြောင်းရွှေ့လာကာ အိမ်ထောင်စုစာရင်းသွင်းခြင်း၊ ဝယ်ယူခြင်းများကြောင်း မူဆယ်မြို့နယ် ဒေသခံများအတွက်လည်း အခက်ကြုံနေရကြောင်း မူဆယ်မြို့ ဒေသခံအမျိုးသားတဦးက...

ဒီဂျစ်တယ်ထောင်ချောက်နှင့် နယ်စပ်ဖြတ်ကျော် ငွေလိမ်ဂိုဏ်းများ

0
မိမိ၏ ဘဏ်အကောင့်ထဲသို့ အမည်မသိဘဲ ဝင်လာသည့် ငွေလွဲတခုသည် ဘဝတစ်သက်တာ စုဆောင်းငွေများကို မိနစ်ပိုင်းအတွင်း ပျောက်ကွယ်သွားစေနိုင်ရုံသာမက အပြစ်မဲ့ပြည်သူတဉီးဘဝကနေ တရားခံတဉီးအဖြစ်သို့ ဥပဒေကြောင်းအရ အရေးယူခံရစေနိုင်သည့် ဒီဂျစ်တယ်ထောက်ချောက်တခု ဖြစ်လာနေသည်။ လက်ရှိတွင် ထိုင်းနိုင်ငံရောက် ရွှေ့ပြောင်းလုပ်သားများနှင့် သျှမ်းပြည်တွင်းရှိ အသေးစားစီးပွားရေး လုပ်ငန်းရှင်များသည် အွန်လိုင်းငွေလိမ်ဂိုဏ်း (ကျားဖြန့်) များ၏ နည်းပညာသုံး...

တာချီလိတ်-မိုင်းရှူး ကုန်တင်ကားများ လမ်းကြေး ၂၄ သိန်းအထက် ပေးနေရ

0
သျှမ်းပြည် အရှေ့ပိုင်း တာချီလိတ် - မိုင်းရှူး လမ်းတလျှောက်ရှိ စစ်ကောင်စီ စစ်ဆေးရေး ဂိတ်များတွင် ကုန်တင်သွားလာ နေသည့် ကားသမားများထံ ငွေကြေးအဆမတန် တောင်းနေကြောင်း စုံစမ်းသိရသည်။ တာချီလိတ်မှ မိုင်းရှူးသို့ ပြန်သည့် ကားအသေးတစ်စီးအတွက် ခရီးစဉ်တစ်ကြိမ်လျှင် လမ်းကြေး ကျပ် ၂၄ သိန်းကျော် ကုန်ကျခဲ့ကြောင်း...