မြန်မာ့လျှပ်စစ်ဓါတ်အား အများဆုံးထုတ်ပေးသည့် ကျိုင်းတောင်းရေတံခွန်နှင့် ကပ်လျှက်ရှိသည့် လင်းခေးမြို့နယ်က ကျေးရွာပေါင်း ၂၀ ကျော်လက်စစ်မီးမရသေး

မြန်မာနိုင်ငံတွင် လျှပ်စစ်ဓါတ်အားအများဆုံးထုတ်ပေးနေသည့် ကျိုင်းတောင်းရေအားလျှပ်စစ်စက်ရုံနှင့် ကပ်လျှက်ရှိသည့် လင်းခေးမြို့နယ်က ကျေးရွာပေါင်း ၂၀ ကျော် လျှပ်စစ်မီးမရရှိသေးဟု ပြည်နယ် လွှတ်တော်အမတ်မင်းကပြောသည်။

ကျိုင်းတောင်း ရေအားလျှပ်စစ်ဓါတ်အားထုတ်လုပ်ရေးနှင့်ကပ်လျှက် လင်းခေးမြို့နယ်အတွင်း လျှပ်စစ်မီးမရသေး သည့် ကျေးရွာအုပ်စု ၃ စု ရွာပေါင်း ၂၀ ကျော်ရှိကြောင်း၊ အစိုးရက သျှမ်းပြည်တောင်ပိုင်း အတွင်း ကျေးရွာ ပေါင်း ၄၁၆ ရွာ မီးပေးဖို့ စီစဉ်နေသော်လည်း ထိုစီမံကိန်းတွင် လင်းခေးမြို့နယ်အတွက် ၂ ရွာသာ ပါ၀င်ကြောင်း လင်းခေးမြို့နယ် ပြည်နယ်လွှတ်တော်အမတ်က သျှမ်းသံတော်ဆင့် သို့ပြောသည်။

“ကျနော်တို့လင်းခေးမြို့တွင်းရပ်ကွက်တွေတော့ လျှပ်စစ်မီးရပါပြီ။ မရသေးတာက လင်းခေးမြို့ရဲ့မြောက်ဘက် မှာရှိတဲ့ အုပ်စု ၃ ခုပေါ့။ နောင်လုံ၊ ၀မ့်စစ်၊ ဟိုင်းကွေ။ ရွာပေါင်း ၂၀ ကျော် ရှိတယ်။ တကယ်လို့ ၄၁၆ ရွာမီးရရေးစီမံကိန်း တကယ်စဖြစ်မယ်ဆိုရင် 11 kv မီးလိုင်းနဲ့ ၂ မိုင်ပတ်လည်သာဝေး တဲ့ ရွာဆီ ကိုအရင်ပို့ မယ်။ ကနဦး မီးပေးမယ့်ရွာများ စာရင်းထဲပါထားတာတော့ ၂ ရွာဘဲရှိ သေးတယ်။ ဒါအကောင်အထည်ဖော်ပြီးမှ နောက်မှ တဖြည်းဖြည်း ထပ်တိုးပြီးပေးသွားနိုင်ဖို့စီစဉ်ထားပါတယ်။” – ဟု လင်းခေးမြို့နယ် ပြည်နယ်လွှတ်တော် အမှတ် ၁ SNLD ပါတီ လွှတ်တော်ကိုယ်စားလှယ် စိုင်းအောင်မျိုးကျော်က ပြောသည်။

သျှမ်းပြည်နယ် တောင်ပိုင်း တောင်ကြီးခရိုင် ၊ လင်းခေးခရိုင် ၊ လွိုင်လင်ခရိုင် များရှိ ကျေးရွာ ၄၁၆ ရွာ အိမ်ထောင်စု ပေါင်း ၃၂၆၇၄ စုအား နိုင်ငံတော် ဓာတ်အား စနစ်ဖြင့် ဓာတ်အား ရရှိစေရေး အတွက် မြန်မာနိုင်ငံအစိုးရနှင့် ဂျာမနီ နိုင်ငံ KfW Development Bank တို့အကြား ချေးငွေ နှင့် ကူညီထောက်ပံ့ငွေ စာချုပ်များ ယခုနှစ် စက်တင်ဘာလက လက်မှတ် ရေးထိုးခဲ့ကြောင်း ပြန်ကြားရေး ၀န်ကြီးဌာနက သတင်း ထုတ်ပြန် ခဲ့သည်။

ကျိုင်းတောင်းရေတံခွန် တည်ရှိရာ လင်းခေးခရိုင် မိုးနဲမြို့နယ်အတွင်းတွင်လည်း လျှပ်စစ်မီးမရသေးသည့်ရွာ ပေါင်း ၄၀ ခန့်ရှိနေသေးကြောင်း၊ ပြည်ထောင် စု လမ်းမကြီးအနီးရှိရွာတချို့တွင်ပင် လျှပ်စစ်မီးမရသေးကြောင်း မိုးနဲမြို့ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် စိုင်းမွန်းလိန်ကပြောသည်။

“ကျိုင်းတောင်းရေအားလျှပ်စစ်ကနေ လျှပ်စစ်တွေထုတ်လုပ်ဖြန့်ဖြူးပေးတယ်ဆိုပေမယ့် လင်းခေးခရိုင်အတွင်းမှာ လျှပ်စစ်မီးမရသေးတဲ့ရွာအများကြီးရှိနေပါသေးတယ်။ အတိအကျသိနိုင်ဖို့က စာရင်းတောင်းထားပါတယ်။ လျှပ်စစ်မီးလင်းရေးအတွက်ဂျာမနီဆီက အစိုးရချေးငွေယူထားတယ်ဆိုပေမယ့် ခုချိန်အထိအကောင် အထည်မဖော်သေးတော့ သူတို့ဘာလုပ်မယ်ဆိုတာ သေချာမသိရသေးပါဘူး။ ဒီလာမယ့်လွှတ်တော် အစည်းအဝေးကျရင်တော့ သိရလိမ့်မယ်လို့ထင်ပါတယ် ” – ဟုလည်းမိုးနဲမြို့နယ် ပြည်နယ်အမှတ် ၂ SNLD လွှတ်တော်ကိုယ်စားလှယ် စိုင်းမျိုးမြင့်ကပြောသည်။

နိုင်ငံတော် ဓာတ်အားစနစ်ဖြင့် ဓာတ်အား ရရှိစေရေး အတွက် ချေးငွေ ယူရို ၂၃ ဒသမ ၈၈၃ သန်းနှင့် ကူညီ ထောက်ပံ့ငွေ ယူရို ၆ ဒသမ ၅၃၅ သန်း စုစုပေါင်း ယူရို ၃ဝ ဒသမ ၄၁၈ သန်း ရယူခြင်း အတွက် ချေးငွေ သဘောတူညီချက် စာချုပ်များအား အစိုးရနှင့် ဂျာမနီ နိုင်ငံ KfW Development Bankတို့အကြား လက် မှတ် ရေးထိုးခဲ့ကြောင်း ၊ စာချုပ်အရ သျှမ်းပြည်တောင်ပိုင်း အတွင်း ၂ဝ၁၈-၂ဝ၁၉ ဘဏ္ဍာနှစ်မှ ၂ဝ၂၁-၂ဝ၂၂ ဘဏ္ဍာနှစ်အထိ လေးနှစ် အတွင်း ဓာတ်အားလိုင်းနှင့် ဓာတ်အားခွဲရုံ တည်ဆောက်ခြင်း လုပ်ငန်း များအား အကောင်အထည်ဖော် ဆောင်ရွက်သွား မည်ဖြစ်ကြောင်း လည်း ပြန်ကြားရေးဝန်ကြီးဌာနက ထုတ်ပြန် ထားပါသည်။

လင်းခေးခရိုင် မိုးနဲမြို့နယ် ကျိုင်းတောင်းမြို့နယ်ခွဲ အတွင်းရှိ ကျိုင်းတောင်းရေတံခွန် လျှပ်စစ်ဓါတ်အားပေး စက်ရုံသည် ပြည်ထောင်စုမြန်မာနိုင်ငံတွင် လျှပ်စစ်ဓါတ်အား အများဆုံးထုတ်လုပ်ပေးနေသည်။ အဆိုပါ စက်ရုံထွက် လျှပ်စစ်ဓါတ်အားများအား မြန်မာနိုင်ငံမြို့ကြီးများဖြစ်သည့် နေပြည်တော်၊ ရန်ကုန် နှင့် မန္တလေးမြို့ သို့ အများဆုံးပို့လွှတ်ပေးနေသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

ထိုင်းရောက် အာဏာသိမ်းသမ္မတနှင့် စစ်ရာဇဝတ်မှု စွပ်စွဲချက်များ

0
အာဏာသိမ်း သမ္မတ၏ ထိုင်းနိုင်ငံခရီးစဉ်အတွင်း ထိုင်းအစိုးရက လက်ခံတွေ့ဆုံမှုကို ထိုင်းအရပ်ဘက်အဖွဲ့အစည်းများက ပြင်းပြင်းထန်ထန်ကန့်ကွက်ရှုတ်ချကြောင်း ထိုင်းသတင်းများတွင် ဖော်ပြသည်။ ၂၀၂၁ ခုနှစ် မြန်မာနိုင်ငံတွင် စစ်အာဏာသိမ်းပြီးနောက် စစ်ခေါင်းဆောင်ဖြစ်ခဲ့ပြီး ၎င်းကိုယ်တိုင် စီစဉ်ကျင်းပခဲ့သည့် ရွေးကောက်ပွဲများမှ သမ္မတဖြစ်လာသူ ဦးမင်းအောင်လှိုင်၏ ထိုတွေ့ဆုံမှုသည် စစ်အာဏာသိမ်းမှုကို နိုင်ငံရေးအရ တရားဝင်မှု ပေးအပ်ရာရောက်ပြီး မြန်မာပြည်သူများ...

အောင်ပန်းတွင် အသက် (၆) နှစ်အရွယ်ကလေး နားကပ်လုခံရပြီး ရေထဲပစ်ချခံရ

0
သျှမ်းပြည်တောင်ပိုင်း၊ အောင်ပန်းမြို့ နောင်ရဲကျေးရွာနေ အသက် (၆)နှစ်အရွယ် ကလေးတဉီးသည် နားကပ် လုခံရပြီး ရေတွင်းထဲ ပစ်ချခံရကာ သေဆုံးသွားကြောင်း သတင်းရရှိသည်။   ဖြစ်စဉ်မှာ ယမန်နေ့ ဩဂုတ်လ (၆) ရက်နေ့ ညနေ ၅ နာရီခွဲ တွင် အောင်ပန်းမြို့ နောင်ရဲကျေးရွာရှိ အသက် (၆)...

လားရှိုး ရေကြီး၊ နေအိမ်နှင့် လယ်များ ရေနစ်မြှုပ်

0
သျှမ်းပြည် မြောက်ပိုင်း လားရှိုးမြို့နယ်တွင် မိုးဆက်တိုက် ရွာသွန်းမှုကြောင့် နမ့်ယောင်ချောင်းရေ မြင့်တက်ကာ နေအိမ်များ နှင့် လယ်ကွက်များ ရေနစ်မြှုပ်နေကြောင်း သတင်းရရှိသည်။ ယခုရက်ပိုင်းအတွင်း မိုးအဆက်မပြတ် ရွာသွန်းမှုကြောင့် လားရှိုးမြို့နယ် နမ့်ယောင်ချောင်းရေ မြင့်တက်လာကာ လားရှိုးမြို့ရှိ ရပ်ကွက် (၁၂)၊ ရပ်ကွက် (၅) နှင့် ခေးခမ်းကျေးရွာဘက်ရှိ...

မြန်မာ အာဏာသိမ်း သမ္မတ ထိုင်းလွှတ်တော်သို့ ရောက်ရှိစဉ် ထိုင်းလွှတ်တော်အမတ်တစ်ဦး အော်ဟစ် ဆန္ဒပြ

0
ထိုင်းနိုင်ငံသို့ ရောက်ရှိနေသည့် အာဏာသိမ်း သမ္မတ ဦးမင်းအောင်လှိုင် ယနေ့ ဩဂုတ်လ ၇ ရက် (သောကြာနေ့) က ထိုင်းလွှတ်တော်သို့ ရောက်ရှိလာစဉ် ထိုင်းလွှတ်တော်အမတ်တစ်ဦးက "ငြိမ်းချမ်းရေးအတွက်၊ လူသားချင်းစာနာမှုအတွက်" (For peace, for humanity) ဟု ကျယ်လောင်စွာ ကြွေးကြော်၍ ပြင်းပြင်းထန်ထန်...

ချင်းမိုင်တွင် ကာယလုပ်သားအဖြစ် မှတ်ပုံတင်ထားပြီး သန့်ရှင်းရေးအလုပ်လုပ်ကိုင်သည့် မြန်မာအမျိုးသမီးတစ်ဦး ထိုင်းလဝကဖမ်းဆီး

0
ထိုင်းနိုင်ငံ၊ ချင်းမိုင်ခရိုင်၊ ချင်းဒေါင်မြို့နယ်ရှိ Resort တစ်ခုတွင် တရားဝင် ခွင့်ပြုထားသည့် အလုပ်အကိုင်အား‌ ကျော်လွန်လုပ်ကိုင်ပြီး အလုပ်ရှင်နှင့် အလုပ်နေရာ ပြောင်းလဲမှုကို အလုပ်သမားရုံးထဲ အကြောင်းကြားရန် ပျက်ကွက်ခဲ့သည့် မြန်မာရွှေ့ပြောင်း အလုပ်သမား အမျိုးသမီးတစ်ဦးကို ဖမ်းဆီးခဲ့ကြောင်း ချင်းမိုင်သတင်းတွင်ဖော်ပြသည်။ ချင်းမိုင် လူဝင်မှုကြီးကြပ်ရေးဌာနနှင့် စုံစမ်းစစ်ဆေးရေးဌာနခွဲတို့မှ ပူးပေါင်းတပ်ဖွဲ့များ ဝင်ရောက်...