လားရှိုးမြို့မှ ထွက်ပြေးတိမ်းရှောင်သူများ ကားပိတ်မှုနှင့် တောလမ်းအခက်အခဲများ ကြုံနေရ

သျှမ်းပြည် လားရှိုးမြို့နယ်အတွင်း ဖြစ်ပွားလျက်ရှိသည့် တိုက်ပွဲများကြောင့် ထွက်ပြေးတိမ်းရှောင်လာသော စစ်ဘေးရှောင်များသည် တောလမ်းကို အသုံးပြုသွားလာနေရသဖြင့် အခက်အခဲများ ကြုံတွေ့နေရကြောင်း စုံစမ်းသိရသည်။

ဇူလိုင်လ ၃ ရက်မှ စတင်၍ လားရှိုးမြို့ပေါ်တွင် စစ်ကောင်စီတပ်နှင့် ညီနောင်မဟာမိတ်တပ်တို့ တိုက်ပွဲများအကြား မြို့ပေါ်ရပ်ကွက်များသို့ လက်နက်ကြီး ကျရောက်ပေါက်ကွဲမှုများကြောင့် ဒေသခံများ နေ့စဉ် ကားရာနှင့်ချီ ထွက်ပြေးတိမ်းရှောင်နေကြပြီး လမ်းများတွင် ကားများပိတ်ကာ တောလမ်းထဲတွင်လည်း အခက်အခဲများ ကြုံတွေ့နေရကြောင်း စစ်ဘေးရှောင်များက ပြောသည်။

“လမ်းက တောလမ်းကနေ လာခဲ့ရတာ။ နမ့်လန်ဘက်ကို လာတော့ တောလမ်းမှာ ကားပျက်တာတွေရှိတယ်။ ရွှံ့ဗွက်ထဲ ကားခံ တာတွေရှိတယ်။ တစ်စီးခံရင် နောက်က ကားတွေက ကျော်လို့မရဘူး။ လမ်းအရမ်း ကျဉ်းတယ်လေ၊ နမ္မ အိပ်ရတာတွေလည်း ရှိတယ်။ လားရှိုးကနေ ထွက်ပြေးရင် နမ္မ ဘက်ကိုပဲ ထွက်ကြတာ”ဟု လားရှိုးမြို့မှ ထွက်ပြေးတိမ်းရှောင်လာသည့် အမျိုးသမီးတစ်ဦးက သျှမ်းသံတော်ဆင့်ကိုပြောသည်။

လားရှိုးမြို့နယ်တွင် တိုက်ပွဲများဖြစ်ပွားပြီးနောက် တန့်ယန်း၊ မိုင်းရယ်၊ ပင်လုံ၊ နမ့်စန်၊
လဲချားနှင့် အောင်ပန်း စသည့် ဘေးလွတ်ကင်းရာ အခြားဒေသသို့ ဦးတည်၍ ထွက်ပြေးတိမ်းရှောင်နေကြပြီး ထွက်ပြေးလာသော စစ်ဘေးရှောင်များတွင် ကျန်းမာရေးမကောင်းသူများလည်း ပါရှိသဖြင့် လားရှိုးမြို့တွင်းသို့ လှည့်ပြန်လိုက်ရသူများလည်း ရှိကြောင်း လားရှိုးမြို့မှ ထွက်ပြေးတိမ်းရှောင်လာသူများထံမှ သိရသည်။

“မနေ့ကတော့ အများဆုံးပဲ ကားတွေနဲ့ ထွက်ပြေးကြတာ။ ဒါပေမယ့် ကားတွေအရမ်း ပိတ်တယ် တိုးလို့လည်းမရဘူး။ အသက်ကြီးတဲ့ လူကြီးတွေပါတော့ လမ်းမှာဆက်နေဖို့ အဆင်မပြေတော့ လားရှိုးထဲကို ပြန်လှည့်ခဲ့ရတယ်။ သူတို့ကလည်း အပြန်အလှန် ပစ်နေရင် ကြောက်ရတယ် လမ်းမှာဆိုတော့” ဟု စစ်ဘေးရှောင် အမျိုးသမီးတစ်ဦးက သျှမ်းသံတော်ဆင့်ကို ဆက်ပြောသည်။

စစ်ကောင်စီတပ်နှင့် ညီနောင်မဟာမိတ်တပ်များ၏ နှစ်ဘက်တိုက်ပွဲကြား လားရှိုးမြို့မှ ရုတ်တရက် ထွက်ပြေးတိမ်းရှောင်ခဲ့ရသည့်အတွက် နေအိမ်နှင့် အိမ်တွင် မွေးထားသော တိရစ္ဆာန်များကို စိုးရိမ်ပူပန်နေရကြောင်း စစ်ဘေးရှောင်အမျိုးသမီးတစ်ဦးက ဆက်ပြောသည်။

“အိမ်ကို လက်နက်ကြီးကျမှာ စိတ်ပူရတယ်။ မွေးထားတဲ့ ခွေး၊ ကြောင်၊ ဝက်တွေကို ထားခဲ့ရတော့ စိတ်ထဲ မကောင်းဘူး။ အိမ်မှာလည်း ဘယ်သူမှ မရှိထားဘူး။ အိမ်ကနေ ရုတ်တရက် ထိတ်ထိတ်လန့်လန့် ထွက်လာရတော့ ဘာကိုမှ ကောင်းကောင်း မယူလာလိုက်ရဘူး”ဟု ၎င်းစစ်ဘေးရှောင် အမျိုးသမီးက ပြောသည်။

လက်ရှိတွင် လားရှိုးမြို့မှ စစ်ဘေးရှောင် ထောင်နှင့်ချီ ထွက်ပြေးနေရပြီး သီပေါမြို့နယ် စဉ့်အင် ဖောင်ဆိပ်တွင် ကားများ ရာနှင့်ချီ ပိတ်မိနေပြီး ညအိပ်စောင့်ရသည့်အပြင် ကမ်းကူးနိုင်ရန်အတွက် ပိုက်ဆံပိုပေးနိုင်သူကိုသာ ဦးစားပေး ကူးပေးနေကြောင်း စစ်ဘေးရှောင်များက ပြောသည်။

လားရှိုးမြို့မှ ထွက်ပြေးတိမ်းရှောင်သူများသည် တစ်ဦးလျှင် ကားခ ၃ သိန်းခန့် ပေးရပြီး၊ စဉ့်အင်ဖောင်ဆိပ်တွင် VIP ခေါင်းစဉ်ဖြင့် ကားတစ်စီးလျှင် ၅ သိန်းပေးသူကို စက်လှေဖြင့် ဦးစားပေး ကမ်းကူးပေးကြောင်း သိရသည်။

လားရှိုးမြို့ပေါ် လူနေရပ်ကွက်များသို့ လက်နက်ကြီး၊ ရှော့တိုက်ဒုံးများ နေ့စဉ်နီးပါး ကျရောက်ပေါက်ကွဲခြင်းကြောင့် အရပ်သား ထိခိုက်သေဆုံးမှု၂၀ ဦး ကျော်အထိ ရှိနေပြီး ထိခိုက်ဒဏ်ရာရရှိသူ ၃၀ ထက်မနည်း ရှိနေကြောင်း ဒေသခံများထံမှ သိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

သန္နီမြို့နယ် စစ်ကျန်ဗုံးပေါက်ကွဲ ကလေး နှစ် ဦးအပါအဝင် ၄ ဦး ထိခိုက်ဒဏ်ရာရ

0
သျှမ်းပြည် မြောက်ပိုင်း  ကိုးကန့်တပ်ဖွဲ့ (MNDAA)ထိန်းချုပ်သည့် သန္နီမြို့နယ်တွင် စစ်အကြွင်းအကျန်ဗုံး ပေါက်ကွဲမှုဖြစ်ပွားပြီး ကလေး ၂ ဦးအပါအဝင် ၄ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သတင်းရရှိသည်။ ယနေ့ (မေလ ၁၆ ရက်) မနက် ၈ နာရီကျော်အချိန် သိန္နီမြို့နယ် ပိန်းဆာကျေးရွာရှိ လယ်ယာတခုထဲတွင် “၁၀၂၇ စစ်ဆင်ရေး” ကာလအတွင်း...

“ဝမ်းရေးအိပ်မက်ကြား အသက်ပါရင်းလိုက်ရသည့် ၁၆ နှစ်သမီးလေး”

0
“သမီး အခန်းထဲကနေ ထွက်လာတော့ သူ (သူငယ်ချင်း)က စားပွဲခုံပေါ်မှာ မှောက်ပြီး လဲနေတာ တွေ့တယ်။ သူ့ရဲ့ မျက်နှာတွေမှာရော လက်တွေမှာရော ဒဏ်ရာတွေ အများကြီး တွေ့ရတယ်။ သမီး သူ့ကို သွားနိုးသေးတယ်။ သူက မထလာတော့ဘူး” သျှမ်းပြည် တောင်ကြီးမြို့ ဗိုလ်ချုပ်အောင်ဆန်းလမ်းပေါ်ရှိ Peter ဘားဆိုင်တွင်...

စစ်ကော်မရှင် တရုတ်ကုန်စည်စီးဆင်းမှု တားမြစ်ပိတ်ပင်မှု တင်းကြပ်လာ

0
သျှမ်းပြည်မြောက်ပိုင်းသည် တရုတ်ကုန်စည်ကိုသာ အဓိက အားကိုးနေရချိန်တွင် စစ်ကော်မရှင်က ရက် ၁၀၀ စီမံကိန်းအနေဖြင့် ၎င်းကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်တင်းကြပ်လာသည်။ ထိုကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်မှု တင်းကြပ်လာသဖြင့် ပြည်တွင်းကုန်တင်ယာဉ်များလည်း အလုပ်ရပ်နားထားရပြီး ပြည်သူများလည်း ကုန်စည်စျေးနှုန်းများ ထပ်မံမြင့်တက်လာမှုကို ရင်ဆိုင်နေရကြောင်း သျှမ်းမြောက်ပြည်သူများထံမှ စုံစမ်းသိရှိရသည်။ ပြီးခဲ့သည့် ရက်ပိုင်အတွင်းမှ စတင်ကာ စစ်ကော်မရှင်သည် လားရှိုးမြို့သို့...

ဆောင်းပြောင်း နေရပ်ပြန် ဒေသခံများ မြေမြှုပ်မိုင်းများကြောင့် စိုက်ပျိုးရေး ပြန်မလုပ်နိုင်သေး

0
သျှမ်းပြည်တောင်ပိုင်း ပင်လောင်းမြို့နယ် ဆောင်းပြောင်းကျေးရွာသို့ နေရပ်ပြန် ဒေသခံများသည့် မြေမြှုပ်မိုင်းများကြောင့် စိုက်ပျိုးရေးလုပ်ငန်း ပြန်မလုပ်နိုင်သေးကြောင်း စုံစမ်းသိရသည်။ ဆောင်းပြောင်းကျေးရွာသည် ပြီးခဲ့သည့် ၂၀၂၄ ခုနှစ်အတွင်း စစ်ကော်မရှင်တပ်၊ ပအိုဝ်းပြည်သူ့စစ် (PNO) နှင့် ကရင်နီတော်လှန်ရေး တပ်ပေါင်းစုတို့ တိုက်ပွဲများ ဖြစ်ပွားခဲ့ခြင်းကြောင့် ဒေသခံများ ထွက်ပြေး တိမ်းရှောင်ခဲ့ရသည်။ သို့သော် ၂၀၂၅...

ကျောက်မဲတွင် ဌာနဆိုင်ရာရုံးများကိုသာ လျှပ်စစ်မီးကွက်ပေး၊ ပြည်သူနေအိမ်များ မီးကြိုးခိုးယူခံနေရ

0
သျှမ်းပြည် ကျောက်မဲမြို့ပေါ် ရပ်ကွက်ရှိ ပြည်သူနေအိမ်များတွင် လျှပ်စစ်မီး မရရှိခြင်းကြောင့် မီးကြိုးခိုးယူခံနေရကြောင်း စုံစမ်းသိရသည်။ ကျောက်မဲမြို့ကို တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA ထံမှ စစ်တပ်ပြန်လည်ထိန်းချုပ်ခဲ့သည့် ယမန်နှစ် ၂၀၂၅ အောက်တိုဘာလ နောက်ပိုင်းမှ စတင်၍ စစ်အစိုးရလက်အောက်ခံ ဌာနဆိုင်ရာရုံးများကိုသာ လျှပ်စစ်မီး ဖြန့်ဝေထားပြီး ရပ်ကွက်အတွင်းရှိ ပြည်သူနေအိမ်များမှာ...