နောင်ချိုမြို့ အဝင်အထွက်ကို စစ်ကောင်စီပိတ်ထား၊ တိုက်ပွဲပြင်းထန်နေဆဲ

သျှမ်းပြည် နောင်ချိုမြို့နယ်တွင် စစ်ကောင်စီတပ်နှင့် TNLA၊ PDF ပူးပေါင်းတပ်တို့ တိုက်ပွဲပြင်းထန်လျက်ရှိရာ နှစ်ဘက်တိုက်ပွဲအတွင်း ပြည်သူများ ပိတ်မိနေပြီး မြို့အဝင်အထွက် နေရာများကို ပိတ်ထားဆဲဖြစ်ကြောင်း စုံစမ်းသိရသည်။

ယမန်နေ့ (ဇွန်လ ၂၅ ရက်)မှ စတင်ပြီး နောင်ချိုမြို့နယ်အခြေစိုက် စစ်ကောင်စီတပ်စခန်းများကို တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေး တပ်မတော် TNLA နှင့် PDF ပူးပေါင်းတပ်ဖွဲ့များက ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ရာ နှစ်ဘက်တိုက်ပွဲအတွင်း မြို့နေပြည်သူများ ပိတ်မိနေပြီး မြို့အဝင်အထွက် နေရာများကို စစ်ကောင်စီဘက်က ပိတ်ဆို့ထားဆဲဖြစ်ကြောင်း နောင်ချိုဒေသခံများက ပြောသည်။

“ဒီမနက်လည်း မြို့အနောက်ဘက်မှာ ပစ်နေကြတယ်။ မနေ့ညနေက ရဲစခန်းကို မဟာမိတ်ပူးပေါင်းအဖွဲ့တွေ ဝင်ပြီးနောက်ပိုင်း စစ်တပ်က မြို့အဝင်အထွက်တွေ ပိတ်ထားတာ၊ အဝင်လည်း မရ အထွက်လည်း မရဘူး။ ပြည်သူတွေလည်း ဘယ်မှ ရှောင်မရတော့ဘူး၊ အကုန်လုံး မြို့ထဲမှာ ပိတ်မိနေတယ်။ မြောက်ဘက်က‌ တောထဲပြေးဖို့ပဲရှိမှာ”ဟု နောင်ချိုဒေသခံ အမျိုးသားတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

နောင်ချိုမြို့တွင်းရှိ အထင်ကရ ဌာနဆိုင်ရာရုံးများဖြစ်သည့် ပြည်သူ့ဆေးရုံ၊ မိုးလေဝသနှင့် ဇလဗေဒရုံး၊ မီးသတ်စခန်းနှင့် ရဲစခန်းတို့ကို TNLA နှင့် PDF ပူးပေါင်းတပ်ဖွဲ့တို့က ထိန်းချုပ်နိုင်ပြီးနောက် ညနေ (၆) နာရီခန့်တွင် ဘူတာရပ်နှင့် ဈေးရပ်သို့ စစ်ကောင်စီတပ်မှ လက်နက်ကြီးဖြင့် ပစ်ခတ်ခဲ့ရာ အမျိုးသမီး ၂ ဦး ထိမှန်သေဆုံးခဲ့ပြီး အမျိုးသမီးတစ်ဦး ဒဏ်ရာရခဲ့ကြောင်း နောင်ချိုဒေသခံများထံမှ သိရသည်။

အဆိုပါ သေဆုံး၊ထိခိုက်ဒဏ်ရာရရှိသူများကို သျှမ်းသံတော်ဆင့် သတင်းဌာန မှ ဆက်လက် အတည်ပြု စာရင်းကောက်ယူနေသေးသည်။

ယနေ့ (ဇွန်လ ၂၆ ရက်) နံနက် ၆ နာရီကျော်ခန့်မှ စတင်ပြီး နောင်ချိုမြို့ ဘူတာရပ်သို့ စစ်ကောင်စီတပ်မှ လက်နက်ကြီးဖြင့် ဆက်လက်ပစ်ခတ်ခဲ့ရာ ရပ်ကွက်အတွင်း ကျရောက်ပေါက်ကွဲခြင်းကြောင့် အရပ်သားထိခိုက်သေဆုံးပြီး နေအိမ်ပျက်စီးမှုများလည်း ရှိနေကြောင်း နောင်ချိုဒေသခံများက ပြောသည်။

လက်ရှိတွင် နောင်ချိုမြို့နယ်ကို စစ်ကောင်စီမှ ဖုန်းနှင့် အင်တာနက်လိုင်း ဖြတ်တောက်ထားပြီး TNLA နှင့် PDF ပူးပေါင်းတပ်ဖွဲ့များက စစ်ကောင်စီတပ် ခလရ-၁၁၄/၁၁၅ တပ်ရင်းတို့ကို ဝင်ရောက်သိမ်းပိုက်နိုင်ကြောင်း ကနဦး ကြားသိရသော်လည်း သျှမ်းသံတော်ဆင့်အနေဖြင့် သီးခြားအတည်ပြုနိုင်ရန် ဆက်လက်စုံစမ်းနေသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

အောင်ပန်း KTV နှင့်တွဲဖွင့်ထားသည့် Hi ခန်းများ အရေးယူရန် ဒေသခံများ တောင်းဆို

0
သျှမ်းပြည်တောင်ပိုင်း အောင်ပန်းမြို့ရှိ KTV များတွင် မူးယစ်ဆေးဝါးသုံးစွဲသည့် HI ခန်းများ ပြုလုပ်နေခြင်းနှင့် ဒုစရိုက်မှုများ များပြားလာခြင်းကြောင့် ဒေသခံပြည်သူများ အနှောင့်အယှက်ဖြစ်ကာ လုံခြုံရေးအတွက် စိုးရိမ်နေကြရကြောင်း ဒေသခံများထံမှ သိရသည်။ အောင်ပန်းမြို့ပေါ်ရှိ KTV ဆိုင်အချို့တွင် HI ခန်းများပြုလုပ်ကာ အော်ဟစ်ဆူညံခြင်း၊ လှည်းရိုးရပ်ကွက်အတွင်း စားသောက်ဆိုင်အမည်ခံကာ ပြည်တန်ဆာလုပ်ငန်းများ...

ထိုင်း တင်းနစ်ကစားသမားဟောင်း သေဆုံးမှုနှင့် ရွှေ့ပြောင်းမြန်မာတစ်ဦး၏ ဘဏ်အကောင့်သို့ သံယဖြစ်ဖွယ် ငွေလွဲထားမှု

0
ထိုင်းနိုင်ငံ၏ လက်ရွေးစင် တင်းနစ်ကစားသမားဟောင်း ဖြစ်သူ အသက် ၆၄ နှစ်အရွယ် မစ္စတာ နတ်သဝီး နေအိမ်အတွင်း သံသယဖြစ်ဖွယ် သေဆုံးခဲ့သည့် ဖြစ်စဉ်တွင် သေဆုံးသူ၏ iPad မှတစ်ဆင့် မြန်မာရွှေ့ပြောင်းအလုပ်သမားတစ်ဦး၏ ဘဏ်အကောင့်ထဲသို့ ဘတ် ၃၀,၀၀၀ မသင်္ကာဖွယ် လွှဲပြောင်းထားသည်ကို စုံစမ်းတွေ့ရှိရကြောင်း ရဲတပ်ဖွဲ့က...

မိုင်းရှူးမြို့တွင်း ပေါ်တာဆွဲသတင်းကြောင့် ဒေသခံ စိုးရိမ်မှုဖြစ်နေ

0
သျှမ်းပြည် တောင်ပိုင်း မိုင်းရှူးမြို့တွင် စစ်ကော်မရှင်တပ်က ပြည်သူ့စစ်မှုထမ်းရန် ပေါ်တာဆွဲခံနေရဆိုသည့် သတင်းကြောင့် ဒေသခံများ စိုးရိမ်နေကြကြောင်း သတင်းရရှိသည်။ လက်ရှိ ဇူလိုင်လ နောက်ဆုံးပတ်အတွင်း မိုင်းရှူးမြို့တွင် စစ်ကော်မရှင်တပ်၏ ပြည်သူ့စစ်မှုထမ်း ကိစ္စနှင့် ပတ်သက်၍ အမည်စာရင်းတွင် ပါဝင်နေသူများအနေဖြင့် ပေါ်တာဆွဲ ဖမ်းဆီးခံနေရသည်ဆိုသည့် သတင်းကြောင့် ဒေသခံများ စိုးရိမ်နေကြ‌ရကြောင်း...

ထိုင်းဟိုတယ်တခုတွင် တရုတ်လောင်းကစားနှင့် လိင်ဝန်ဆောင်မှုပေးသည့်အုပ်စုဖမ်းမိ မြန်မာနိုင်ငံသား ၃ ဦးပါဝင် 

0
ထိုင်းနိုင်ငံ၊ နွန်သဘူရီ (Nonthaburi) ခရိုင်ရှိ အဆင့်မြင့် ဟိုတယ်တခုတွင်း တရုတ်ဂိုဏ်းတခုက  ငှားရမ်းပြီး တရားမဝင် လောင်းကစားဝိုင်း၊ မူးယစ်ဆေးပါတီနှင့် လိင်ဖျော်ဖြေရေး ဝန်ဆောင်မှုများ ပေးနေကြောင်း သတင်းရသဖြင့် ထိုင်းနိုင်ငံဗဟိုစုံစမ်းရေးဗျူရို (CIB) က ဝင်ရောက်စီးနင်းခဲ့သည်။​ အဆိုပါ ထဲတွင် တရုတ်နိုင်ငံသားများနှင့် မြန်မာနိုင်ငံသား ၃ ဦး ဖမ်းမိကြောင်း သိရသည်။ နွန်သဘူရီခရိုင်၊ ဘာင်ခေန်...

ညောင်ရွှေ PNO က စစ်သားသစ်အတွက် ငွေကောက်၊ ပိုင်ဆိုင်မှုရောင်းပြီး ပေးဆောင်နေရ

0
သျှမ်းပြည်တောင်ပိုင်း ညောင်ရွှေမြို့နယ်ရှိ ကျေးရွာများကို ပအိုဝ်းပြည်သူ့စစ် (PNO) မှ တပ်သားသစ် အစားထိုးရန်အတွက် တအိမ်လျှင် ကျပ်သိန်းနှင့်ချီသော ငွေကြေးများကို အတင်းအဓမ္မ ကောက်ခံနေကြောင်း နေရပ်ပြန်စစ်ဘေးရှောင်များထံမှ သိရသည်။ ညောင်ရွှေမြို့နယ် လင်လံ (တောင်) ကျေးရွာအုပ်စုရှိ တောင်ပို့ကွဲ၊ ဟိုပန်၊ နမ့်ပွန်နှင့် ထီရိ စသည့် ကျေးရွာများတွင်...