လွိုင်ကော်ဘက် စစ်ကောင်စီဘက်က စစ်ကြောင်းထိုး၊ ရပ်ကွက်ထဲ မိုင်းထောင်ထား

ကရင်နီ (ကယားပြည်) လွိုင်ကော်မြို့အနီးသို့ စစ်ကောင်စီဘက် မှ စစ်အင်အားဖြည့်တင်းနေပြီး၊ မိုင်းလုံရပ်ကွက်အနီးတွင် စစ်ကောင်စီဘက်က တပ်စွဲထားပြီး မိုင်းထောင်ထားကြောင်း စုံစမ်းသိရသည်။

ကရင်နီပြည် လွိုင်ကော်မြို့နယ် မိုင်းလုံရပ်ကွက်အနီးတွင် စစ်ကောင်စီဘက်က တပ်စွဲထားပြီး မိုင်းထောင်တာတွေ ရှိသကဲ့သို့ စစ်ကောင်စီ စစ်ကြောင်းထိုးရင်လည်း ပြည်သူများကို ဓားစာခံအဖြစ်ပြုလုပ်မည်ကို စိုးရိမ်သဖြင့် ထပ်မံရှောင်နေကြကြောင်း လွိုင်ကော်မြို့ခံ အမျိုးသားတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

‘’ရပ်ကွက်ထဲမှာက အစကတည်းက လူသိပ်မရှိပါဘူး ။ ဘာလို့ဆို စစ်ကောင်စီတွေက အဲနားမှာတပ်တွေစွဲတယ်။မိုင်းထောင်တာတွေ လုပ်တော့ တော်တော်များများက မနေရဲတော့ဘူးလေ၊ စစ်ကြောင်းထိုးရင် ပြည်သူတွေကို ဓားစာခံ လူသားဒိုင်းလုပ်မယ်၊ ကိုယ့်အိုးကိုယ့်အိမ်မို့ မရှောင်နိုင်ပဲ ကျန်တဲ့ပြည်သူတွေ ကြားညှပ်ပြီး ခံရတော့မှာစိုးရိမ်တယ်’’ဟု ၎င်းက ပြောသည်။

စစ်ကောင်စီမှ ၎င်းတို့ ခြေကုတ်ရယူထားတော့ စစ်စခန်းများကို လက်မလွတ်စေရေးအတွက် အပြင်းအထန်ကြိုးစားနေပြီး နည်းအမျိုးမျိုးဖြင့် ကာကွယ်ထိုးစစ်ဆင်လျက်ရှိကြောင်း သိရသည်။

‘’ စစ်တပ်ကတော့ သူတို့ရရှိပြီးသားနေရာတွေ လက်မလွတ်ရအောင် နောက်ထပ်စိုးမိုးနယ်မြေတွေ ရရှိအောင် လုပ်မှာဖြစ်သလို့ ၊ ကျွန်တော်တို့အနေနဲ့လည်း ထိုးစစ် ခံစစ် နည်းအမျိုးမျိုးနဲ့ ပြည်သူတွေကို နိုင်သလောက် ကာကွယ်ပေးနေမှာပဲ’’ဟု လွိုင်ကော်မြို့ ပြည်သူ့ကာကွယ်ရေးတပ်သား တစ်ဦးကသျှမ်းသံတော်ဆင့်ကို ပြောသည်။

စစ်ကောင်စီတပ်သားများက လွိုင်ကော်မြို့တွင်း၌ အရပ်သားဝတ်ဖြင့် လှုပ်ရှားနေပြီး တော်လှန်ရေး တပ်ဖွဲ့ ၊စစ်ရေးသတင်းများကို စုဆောင်းနေကြောင်း၊ ပြည်သူများအနေဖြင့် ဂရုစိုက်သွားလာရန်လိုအပ်ကြောင်း တော်လှန်ရေးတပ်ဖွဲ့ဝင်က ပြောသည်။

စစ်ကောင်စီ၏ စစ်ကြောင်းအလုံးအရင်း အင်အားဖြည့်မှုကြောင့် သျှမ်းတောင် ဆီဆိုင်မြို့နှင့် ကရင်နီပြည် လွိုင်လင်လေးကျေးရွာတွင် စစ်ရေး ထိတွေ့မှုရှိလာနိုင်သဖြင့် ပြည်သူများ သတိဖြင့်နေထိုင်ကြရန် JOBS For Kayah မှ တာဝန်ရှိသူက ပြောသည်။

စစ်ကောင်စီ တပ်သားအင်အား ၅၀၀ နီးပါးရှိသော စစ်ကြောင်းသည် ဆီဆိုင်မြို့မှ တဆင့် ချီတက်လာပြီး လက်ရှိ ဆီဆိုင်-မိုးဗြဲ-လွိုင်ကော် လမ်းခွဲတွင် ရောက်ရှိနေပြီဟု သိရသည်။

၂၀၂၃ နိုဝင်ဘာလ ၁၁ ရက်မှစတင်ခဲ့သည့် (၁၁၁၁) စစ်ဆင်ရေး ကာလအတွင်း စစ်ကောင်စီ တပ်စခန်းများ ဖြစ်သည့် လွိုင်ကောက်မြို့နယ် စခန်း (၁၂) ခု၊ ဒီးမော့ဆိုမြိုနယ် စခန်း (၁၃) ခု၊ ဖားဆောင်မြို့နယ် စခန်း (၉) ခု၊ ဘောလခဲမြို့နယ် စခန်း (၅) ခု၊ ရှားတောမြို့နယ် စခန်း (၇)၊ ဖယ်ခုံမြို့နယ် (၁၇) ခုနှင့် မယ်စဲမြို့နယ် (၁) ခုနှင့် ဖရူဆိုမြို့နယ် စခန်း (၁) ခု စုစုပေါင်း တပ်စခန်း (၆၅) ခုကို ပြည်သူ့ကာကွယ်ရေးတပ်များက သိမ်းဆည်းနိုင်ခဲ့သည်၊

လက်ရှိ ကရင်နီ စစ်ဘေးရှောင် (၆၀၀၀၀) ဝန်းကျင်ရှိလာပြီဟု သိရသည်။

အလုပ်သင် သတင်းထောက် နန်းဆိုင်ခမ်း ရေးသားသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

မိုးဗြဲ- နန်းမယ်ခုံကြား တိုက်ပွဲပြင်းထန်၊ စစ်ကော်မရှင်တပ် လေကြောင်းတိုက်ခိုက်မှု ပြုလုပ်နေ

0
သျှမ်းပြည် တောင်ပိုင်း မိုးဗြဲမြို့အနီးတွင် စစ်ကော်မရှင်တပ် နှင့် ၎င်း လက်အောက်ခံ ပအိုဝ်းပြည်သူ့စစ် PNO တို့က ကရင်နီတော်လှန်ရေးတပ်ပေါင်းစုရှိရာနေရာသို့  မြေပြင်ထိုးစစ်ဆင်မှုပြုလုပ်သဖြင့် တိုက်ပွဲ ပြင်းထန်နေကြောင်း သတင်းရရှိသည်။ ယခု ရက်တပတ်အတွင်း မိုးဗြဲမြို့ နှင့် နန်းမယ်ခုံမြို့ကြားတွင် စစ်ကော်မရှင်တပ်က  မြေပြင် ထိုးစစ်ဆင်မှုကြောင့် ကရင်နီတော်လှန်‌ရေးတပ်ပေါင်းစုများ နှင့် နေ့စဉ်နီးပါး ထိတွေ့ တိုက်ပွဲများဖြစ်ပွားနေကြောင်း စစ်မြေပြင်တွင်လှုပ်ရှားနေသည့်...

သန္နီမြို့နယ် စစ်ကျန်ဗုံးပေါက်ကွဲ ကလေး နှစ် ဦးအပါအဝင် ၄ ဦး ထိခိုက်ဒဏ်ရာရ

0
သျှမ်းပြည် မြောက်ပိုင်း  ကိုးကန့်တပ်ဖွဲ့ (MNDAA)ထိန်းချုပ်သည့် သန္နီမြို့နယ်တွင် စစ်အကြွင်းအကျန်ဗုံး ပေါက်ကွဲမှုဖြစ်ပွားပြီး ကလေး ၂ ဦးအပါအဝင် ၄ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သတင်းရရှိသည်။ ယနေ့ (မေလ ၁၆ ရက်) မနက် ၈ နာရီကျော်အချိန် သိန္နီမြို့နယ် ပိန်းဆာကျေးရွာရှိ လယ်ယာတခုထဲတွင် “၁၀၂၇ စစ်ဆင်ရေး” ကာလအတွင်း...

“ဝမ်းရေးအိပ်မက်ကြား အသက်ပါရင်းလိုက်ရသည့် ၁၆ နှစ်သမီးလေး”

0
“သမီး အခန်းထဲကနေ ထွက်လာတော့ သူ (သူငယ်ချင်း)က စားပွဲခုံပေါ်မှာ မှောက်ပြီး လဲနေတာ တွေ့တယ်။ သူ့ရဲ့ မျက်နှာတွေမှာရော လက်တွေမှာရော ဒဏ်ရာတွေ အများကြီး တွေ့ရတယ်။ သမီး သူ့ကို သွားနိုးသေးတယ်။ သူက မထလာတော့ဘူး” သျှမ်းပြည် တောင်ကြီးမြို့ ဗိုလ်ချုပ်အောင်ဆန်းလမ်းပေါ်ရှိ Peter ဘားဆိုင်တွင်...

စစ်ကော်မရှင် တရုတ်ကုန်စည်စီးဆင်းမှု တားမြစ်ပိတ်ပင်မှု တင်းကြပ်လာ

0
သျှမ်းပြည်မြောက်ပိုင်းသည် တရုတ်ကုန်စည်ကိုသာ အဓိက အားကိုးနေရချိန်တွင် စစ်ကော်မရှင်က ရက် ၁၀၀ စီမံကိန်းအနေဖြင့် ၎င်းကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်တင်းကြပ်လာသည်။ ထိုကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်မှု တင်းကြပ်လာသဖြင့် ပြည်တွင်းကုန်တင်ယာဉ်များလည်း အလုပ်ရပ်နားထားရပြီး ပြည်သူများလည်း ကုန်စည်စျေးနှုန်းများ ထပ်မံမြင့်တက်လာမှုကို ရင်ဆိုင်နေရကြောင်း သျှမ်းမြောက်ပြည်သူများထံမှ စုံစမ်းသိရှိရသည်။ ပြီးခဲ့သည့် ရက်ပိုင်အတွင်းမှ စတင်ကာ စစ်ကော်မရှင်သည် လားရှိုးမြို့သို့...

ဆောင်းပြောင်း နေရပ်ပြန် ဒေသခံများ မြေမြှုပ်မိုင်းများကြောင့် စိုက်ပျိုးရေး ပြန်မလုပ်နိုင်သေး

0
သျှမ်းပြည်တောင်ပိုင်း ပင်လောင်းမြို့နယ် ဆောင်းပြောင်းကျေးရွာသို့ နေရပ်ပြန် ဒေသခံများသည့် မြေမြှုပ်မိုင်းများကြောင့် စိုက်ပျိုးရေးလုပ်ငန်း ပြန်မလုပ်နိုင်သေးကြောင်း စုံစမ်းသိရသည်။ ဆောင်းပြောင်းကျေးရွာသည် ပြီးခဲ့သည့် ၂၀၂၄ ခုနှစ်အတွင်း စစ်ကော်မရှင်တပ်၊ ပအိုဝ်းပြည်သူ့စစ် (PNO) နှင့် ကရင်နီတော်လှန်ရေး တပ်ပေါင်းစုတို့ တိုက်ပွဲများ ဖြစ်ပွားခဲ့ခြင်းကြောင့် ဒေသခံများ ထွက်ပြေး တိမ်းရှောင်ခဲ့ရသည်။ သို့သော် ၂၀၂၅...