တာချီလိတ်မြို့၊ မယ်ယန်းတိုးဂိတ်အနီးခရီးသည်တင်( Express )ကားတိမ်းမှောက်

သျှမ်းပြည်ရှေ့ပိုင်း၊ တာချီလိတ်မြို့ မယ်ယန်းတိုးဂိတ်အနီးတွင် ယနေ့ (မေ ၃၁)ရက် မွန်းတည့်ချိန်တွင် မိုးကောင်းကင် (Express) ကား အရှိန်မထိန်းနိုင်ဘဲ တိမ်မှောက်သွားခဲ့ကြေင်းစုံစမ်းသိရသည်။

ဖြစ်စဉ်မှာ ခရီးသည်ကားသည် တာချီလိတ်မှ ကျိုင်းတုံအသွား မယ်ယန်းတိုးဂိတ်အကျော်တွင် ဆိုင်ကယ်ကို ရှောင်ရာမှအ ရှိန်မထိန်းနိုင်ဘဲ ဖြစ်ပွားခဲ့ ကြောင်း ဦးလှမိုး လူမှုကူညီရေးအသင်းမှ တာဝန်ရှိသူ တစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

“ဆိုင်ကယ်ဖြစ်ဖြစ် ကားဖြစ်ဖြစ် ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းမလိုက်နာကြဘူးလေ ဆိုင်ကယ်ဆိုလည်း ကျော်တက်ချင်ကြတာ ကားလည်း ကားကြီးဆိုပြီး မရှိန်မလျော့ဘူး အဲ့တာတွေကြောင့် ယာဉ်တိုက်မှုတွေ ဖြစ်တာပေါ့ ၊ကြားထဲက ခရီးသည်ပဲ ခံရတာ”ဟု တာချီလိတ် ဒေသခံအမျိုးသားတစ်ဦးကပြောသည်။

ထို ယာဥ်တိမ်းမှောက်မှုကြောင့် ကားပေါ်မှ ပါလာသောခရီးသည် အချို့ ထိခိုက် ဒဏ်ရာရပြီး( မစိုးရိမ်ရ) ဆေးရုံသို့ ပို့ထားသည်။

Express ကားများသည် တာချီလိတ် -ကျိုင်းတုံ- တောင်ကြီး- ရန်ကုန်- မန္တလေး-ပြေးဆွဲသည့် ကားများဖြစ်ကြောင်းသိရသည်။

ပြီးခဲ့သည့် မေလ ၂၁ ရက်နေ့တွင်လည်း သျှမ်းပြည်တောင်ပိုင်း ၊ ဟိုပုံးမြို့နယ်တွင် ကားတစ်စီးသည် လမ်းချော်ကာ ချောက်ထဲကျပြီး လူ (၄)ဦး သေဆုံးကြောင်း သိရသည်။

အလုပ်သင် သတင်းထောက် နန်းလောဝ်ငင်း ရေးသားသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

သျှမ်းပြည်ကျားဖြန့်များ မြေရှားတွင်းများတွင် အဓမ္မခိုင်းစေခံနေရဟု SHRF ဆို

0
သျှမ်းပြည်အရှေ့ပိုင်းရှိ တရုတ်မြေရှားသတ္တုတွင်းများတွင် လူကုန်ကူးခံထားရသည့် အွန်လိုင်းငွေလိမ်ဂိုဏ်း (ကျားဖြန့်) မှ မြန်မာအလုပ်သမားများကို ကျွန်အဖြစ် အဓမ္မခိုင်းစေနေကြောင်း ရှမ်းလူ့အခွင့်အရေးမဏ္ဍိုင် (SHRF) က မေလ ၁၈ ရက်နေ့တွင် ထုတ်ပြန်ခဲ့သည်။ ထိုင်း-မြန်မာနယ်စပ်အနီး မိုင်းဆတ်မြို့နယ်တောင်ပိုင်းရှိ တရုတ်ကုမ္ပဏီတစ်ခု လုပ်ကိုင်နေသော မြေရှားသတ္တုတွင်းများကို တာချီလိတ်မြို့မှ လူကုန်ကူးခံရသည့် မြန်မာအလုပ်သမားများကို အဓမ္မခိုင်းစေနေခြင်း...

ကျိုင်းတုံတွင် ရွှေဆိုင်ပိုင်ရှင်အမျိုးသမီး ဓားပြတိုက်ခံရပြီး သေနတ်ပစ်ခံရသေဆုံး၊ ရွှေ ၃ ပိဿ ပါသွား

0
သျှမ်းပြည် ကျိုင်းတုံမြို့ နေ ရွှေဆိုင်ပိုင်ရှင် အမျိုးသမီးတစ်ဦးကို အမည်မသိ လက်နက်ကိုင် လူတစ်စုက သေနက်ဖြင့် ပစ်ခတ်ခဲ့ပြီး ရွှေ ၃ ပိဿ နှင့် ကားကို ဓားပြတိုက်လုယူခဲ့ကြောင်း သတင်းရရှိသည်။ ယမန်နေ့ (မေလ ၁၃ ရက်) နေ့လည် ၁ နာရီကျော်တွင် ကျိုင်းတုံမြို့...

ကျိုင်းတုံ တောင်ပေါ်ဒေသ လမ်းပန်းခက်ခဲမှုကြောင့် ကိုယ်ဝန်ဆောင်မိခင်များ ကျန်းမာရေးခက်ခဲနေ

0
ကျိုင်းတုံမြို့နယ်ရှိ တောင်ပေါ်ဒေသများတွင် ခေတ်အဆက်ဆက် အစိုးရ မှ လမ်းပန်းဆက်သွယ်ရေးကို ကူညီထောက်ပံ့မှု မရှိခဲ့ခြင်းကြောင့် ကိုယ်ဝန်ဆောင်မိခင်များ ကျန်းမာရေး ဝန်ဆောင်မှု မရရှိကာ သေဆုံးမှုများ ဖြစ်ပွားသည့်အထိ ရှိနေကြောင်း သတင်းရရှိသည်။ ကျိုင်းတုံမြို့နယ်အတွင်း တောင်ပေါ်ကျေးရွာပေါင်း ၃၀ ထက်မနည်ရှိကာ လမ်းပန်းဆက်သွယ်ရေး အခက်အခဲများကို နေ့စဉ်ရန်ဆိုင်နေရသည်။ အဆိုပါ ဒေသများသည် ကျိုင်းတုံမြို့နှင့်...

ကျိုင်းတုံ ဘုန်းကြီးကျောင်းအတွင်း အာဏာပိုင်၏ ခွင့်ပြုချက်ဖြင့် လောင်းကစားဖွင့်လှစ်နေ

0
သျှမ်းပြည်အရှေ့ပိုင်း ကျိုင်းတုံမြို့နယ် ဘုန်းကြီးကျောင်းအတွင်းတစ်ခုတွင် လောင်းကစားဝိုင်းမျိုးစုံကို အာဏာပိုင်များ၏ ခွင့်ပြုချက်ဖြင့် ဖွင့်လှစ်ခွင့်ပေးနေကြောင်း ဒေသခံများက ပြောသည်။ ကျိုင်းတုံမြို့နယ် မိုင်းဇင်းကျေးရွာအုပ်စု နောင်နွန်းကွက်သစ်ရှိ ဝိသုဒ္ဓါရုံစာသင်တိုက်အတွင်း၌ ဧပြီလ ၁ ရက်နေ့မှစတင်ကာ လောင်းကစားဝိုင်းများကို တစ်လကြာ ဖွင့်လှစ်ခွင့်ပေးထားခြင်း ဖြစ်သည်။ အဆိုပါ ဝိုင်းများတွင် ကြက်ဝိုင်း၊ ဂျင်ဝိုင်း၊ ပိုက်ကျူး၊ ငါးပစ်ဂိမ်း၊...

ကျိုင်းတုံမှာ စစ်ကော်မရှင်တပ်က လူငယ်များကိုပေါ်တာဆွဲ ကျပ်သိန်းတစ်ရာဖြင့် ပြန်ရွေးခိုင်း

0
သျှမ်းပြည်အရှေ့ပိုင်း၊ ကျိုင်းတုံမြို့တွင် စစ်ကော်မရှင်တပ်က လူငယ်များကို ပေါ်တာဆွဲဖမ်းဆီးမှုများ လုပ်ဆောင်နေပြီး ဖမ်းဆီးခံရသူများကို ငွေကျပ်သိန်း တစ်ရာဖြင့် ပြန်ရွေးခိုင်းကြောင်း သတင်းရရှိသည်။ ပြီးခဲ့သည့် ဖေဖော်ဝါရီလ နောက်ဆုံးပတ်မှစပြီး ကျိုင်းတုံမြို့တွင် စစ်ကော်မရှင်တပ်က လူငယ်များကို ပေါ်တာဆွဲ ဖမ်းဆီးမှုများ ပေါ်ပေါ်ထင်ထင်လုပ်လာပြီး ညနေခင်းအချိန်တွင် စစ်ကော်မရှင်တပ်က အိမ်စီးကားများဖြင့် လူငယ်များကို ဖမ်းဆီးနေကာ...