Tuesday, January 27, 2026

ကလောမြိုနယ် တွဲကား ၁၂ ဘီးနှင့် ဆိုင်ကယ် ယာဉ်တိုက်မှုဖြစ် တစ်ဦးသေဆုံး

သျှမ်းပြည် ကလောမြိုန့ယ် တွင် တွဲကား ၁၂ ဘီး နှင့် ဆိုင်ကယ် ယာဉ်တိုက်မှုဖြစ်ပွားရာမှ အမျိုးသားတစ်ဦး သေဆုံးခဲ့ကြောင်း သိရသည်။

သျှမ်းပြည် ကလောမြို့နယ် ယမန်နေ့ (မေလ ၂၆) ရက် ည ၇ နာရီခွဲ ဝန်းကျင်တွင် ရေယားကျေးရွာ၊ရွှေရေယား စားသောက်ဆိုင်‌ အနီး၌ တွဲကား ၁၂ ဘီးနှင့် အားလူးကြော်ပို့ဆောင်သည့် ဆိုင်ကယ်သမား တစ်ဦး ယာဉ်တိုက်မှုဖြစ်ပွားရာမှ ဆိုင်ကယ်မောင်းသူ အမျိုးသားသေဆုံးခဲ့ကြောင်း အသက် ၄၀ ဝန်းကျင် အမျိုးသားတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

ကလောမြို့

“ဆိုင်ကယ်သမားကတော့ အောင်ပန်းကိုအပြန်ပေါ့။ ကားကြီးကတော့ အဆင်း မိတ္ထိလာဘက်အဆင်းပေါ့။ ဆိုင်ကယ် နဲ့ အမျိုးသားကတော့ မနေ့ကပဲချက်ချင်း ဆုံးသွားတယ်။ကျနော်တို့ရောက်သွားတဲ့အချိန်ကျတော့ ၉ နာရီဝန်းကျင်လောက်ဖြစ်သွားပြီ။”ဟု ၎င်းပြောသည်။

ထိုပြင်ထန်စွာဒဏ်ရာရရှိသွားသော အမျိုးသားကို ကလောဆေရုံးတွင် ပို့ဆောင်ပြီးနောက် ရရှိထားသော ဒဏ်ရာများကြောင့် ကွယ်လွန်သွားခဲ့ကြောင်း၊ထိုသေဆုံးသွားသည့်အမျိုးသားသည် အသက် ၃၁ ဝန်းကျင် ကိုဇော်နိုင်ဖြစ်ပြီး အောင်ပန်းမြို့ မင်္ဂလာရပ်ကွက် နေထိုင်သူဖြစ်ကြောင်း သိရသည်။

ပြီးခဲ့သည့် မေလ ၁၈ ရက်တွင်လည်း အောင်ပန်းမြို့ ပြည်ထောင်စု လမ်းမကြီးပေါ်တွင် ‌‌ ၁၀ ဘီးကားနှင့် ဆိုင်ကယ် တိုက်မိရာမှ အမျိုးသားတစ်ဦးသေဆုံးခဲ့ကြောင်း သိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

ကလောမြို့နယ် စစ်တပ် ကြိုတင်မဲကြောင့် ရှုံးနိမ့်ဟု ဓနုပါတီ ဥက္ကဌဆို

0
သျှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ စစ်ကောင်စီ ရွေးကောက်ပွဲတွင် စစ်တပ် ကြိုတင်မဲကြောင့် ရှုံးနိမ့်ခဲ့ရသည်ဟု ဓနုတိုင်းရင်းသားလူမျိုးများ ဒီမိုကရေစီပါတီ (DNDP) ဥက္ကဌ ဦးမင်းလွင်ဦး က ၎င်း၏ လူမှုကွန်ရက် စာမျက်နှာတွင် ယနေ့ (ဇန်နဝါရီလ ၁၂) ရက်တွင် ရေးသားထားသည်။ ယမန်နေ့ (ဇန်နဝါရီလ ၁၁ ရက်)...

ကလောမြို့နယ် PNO ပြည်သူ့စစ် အနိုင်ရပါက ဆက်ကြေးနှင့် စစ်သားကောက်မည်ကို ဒေသခံများ စိုးရိမ်

0
သျှပြည်တောင်ပိုင်း၊ ကလေမြို့နယ်၊ စစ်ကောင်စီ ရွေးကောက်ပွဲတွင် PNO ပအိုဝ်း ပြည်သူ့စစ်ပါတီ အနိုင်ရပါက ဆက်ကြေးနှင့် စစ်သား ကောက်မည်ကို စိုးရိမ်ကြောင်း ကျေးရွာနေ ဒေသခံများက သျှမ်းသံတော်ဆင့်ကို ယနေ့ ဇန်နဝါရီလ ၁၀ ရက်တွင် ပြောသည်။ မနက်ဖြန် (ဇန်နဝါရီ ၁၁ )ရက်တွင် ကျင်းပမည့်...

ကလောမြို့နယ် လိုင်စင်မဲ့ကား စီးနင်းခွင့် ပြုမည်ဟု PNO ပြည်သူ့စစ် မဲဆွယ်

0
သျှမ်းတောင်၊ ကလောမြို့နယ်၌ လာမည့် ဇန်နဝါရီ ၁၁ ရက် ကျင်းပမည့် စစ်ကောင်စီ ရွေးကောက်ပွဲတွင် မဲထည့်ပါက လိုင်စင်မဲ့ကား တရားဝင် စီးနင်းခွင့်ပြုမည်ဖြစ်ကြောင်း PNO- ပြည်သူ့စစ်ပါတီက မဲဆွယ် စည်းရုံးနေသည်ဟု ဒေသခံများက သျှမ်းသံတော်ဆင့်ကို ပြောသည်။ ယင်းသို့ လိုင်စင်မဲ့ကား တရားဝင် စီးနင်းခွင့် ရမည်ဟု...

တောင်ကြီးနှင့် ကလောမြို့နယ် ကြိုတင်မဲ ကြံ့ခိုင်ရေးပါတီ အပြတ်အသတ် အနိုင်ရ

0
သျှမ်းတောင်၊ တောင်ကြီးမြို့နယ်နှင့် ကလောမြို့နယ်တို့တွင် ယမန်နေ့ ဒီဇင်ဘာလ ၂၆ ရက်နေ့က ကြိုတင်မဲများ ရေတွက်ရာ ကြံ့ခိုင်ရေးပါတီက မဲထောင်ချီ အပြတ်အသတ် အနိုင်ရရှိကြောင်း သတင်းရင်းမြစ်က သျှမ်းသံတော်ဆင့်သို့ ပြောသည်။ စစ်တပ် ပြုလုပ်သည့် ရွေးကောက်ပွဲ ကြိုတင်မဲများကို ရေတွက်ရာ တောင်ကြီးမြို့နယ်တွင် ပြည်သူ့လွှတ်တော် နေရာ အတွက်...

စစ်တပ် ရွေးကောက်ပွဲ မဲပေးရေး အောင်ပန်း ဒေသခံများ စိတ်မဝင်စား

0
သျှမ်းတောင်၊ ကလောမြို့နယ်၊ အောင်ပန်းမြို့နေ ပြည်သူ အများစု အနေဖြင့် စစ်တပ် ကျင်းပမည့် ရွေးကောက်ပွဲတွင် သွားရောက် မဲပေးရေးကို စိတ်မဝင်စားကြောင်း သျှမ်းသံတော်ဆင့်သို့ ပြောသည်။ လာမည့် နှစ်ကုန်တွင် ပြုလုပ်ရန် ပြင်ဆင်နေသည့် စစ်တပ် ရွေးကောက်ပွဲ အပေါ် သဘောထားအမြင်များနှင့် ပတ်သက်၍ အောင်ပန်းမြို့ခံများအား ယခုရက်ပိုင်း...