စစ်ရှုံး စစ်ကောင်စီတပ် အတွဲလိုက်ဒုံးများ ထုတ်သုံး၊ တိုက်လေယာဉ်ဖြင့် ဗုံးကြဲမှု တရုတ် ပစ်ခတ်သတိပေး

ကချင်ပြည်နယ်တွင် စစ်ရှုံးနေသည့် စစ်ကောင်စီတပ်က ယမန်နေ့ (မေလ ၂၁ ရက်) ညပိုင်းက ဝိုင်းမော်မြို့နယ်သို့ အတွဲလိုက်ဒုံးများဖြင့် ပစ်ခတ်ပြီး KIA/KIO ဌာနချုပ် တည်ရှိရာ လိုင်ဇာမြို့အနီး တိုက်လေယာဥ်ဖြင့် ဗုံးကြဲ တိုက်ခိုက်ခဲ့ရာ တရုတ်ဘက်မှ ပြန်လှန် သတိပေး ပစ်ခတ်ခဲ့သည်ဟု စစ်ရေးသတင်းရင်းမြစ်များက ပြောသည်။

ဝိုင်းမော်မြို့နယ်၊ ရွှေညောင်ပင်ရွာရှိ စစ်ကောင်စီ ခမရ (၃၂၁) တပ်ရင်းကို ယမန်နေ့ ညပိုင်းက KIA တိုက်ခိုက် သိမ်းပိုက်ပြီးနောက် မြစ်ကြီးနားမြို့ မြောက်ပိုင်းတိုင်း စစ်ဌာနချုပ် အတွင်းမှ ဝိုင်းမော်ဘက်သို့ အတွဲလိုက်ဒုံးဖြင့် အကြိမ်များစွာ ပစ်ခတ်ကာ လိုင်ဇာမြို့အနီး တောင်ကြောများပေါ် ၃ ကြိမ် ဗုံးကြဲ တိုက်ခိုက်ခဲ့သည်ဟု သတင်းရင်းမြစ်က ပြောဆိုသည်။

“မနေ့ညက ဝိုင်းမော် ရွှေညောင်ပင်ဘက် အတွဲလိုက်ဒုံးတွေနဲ့ တောက်လျှောက်ပစ်တယ်။ လိုင်ဇာနားကို ဗုံးကြဲတယ်။ လိုင်ဇာနား ဗုံးကြဲတော့ လေယာဥ်က တရုတ်ဘက် ကျော်သွားလို့ထင်တယ် တရုတ်က ပစ်ခတ် သတိပေးတာရှိတယ်။ နယ်စပ်မျဥ်း မကျော်ဖို့ မီးကျည်နဲ့ အချက်ပြ ပစ်တာလို့ ထင်ပါတယ်” ဟု ၎င်းက ရှင်းပြသည်။

စစ်ကောင်စီတပ်သည် ယမန်နေ့ ည ၉ နာရီကျော်က ဝိုင်းမော်ဘက်သို့ အတွဲလိုက်ဒုံးများဖြင့် ပစ်ခတ် တိုက်ခိုက်ခဲ့ပြီး ည ၁၁ နာရီကျော်တွင် တိုက်လေယာဥ◌်ဖြင့် လိုင်ဇာ အနီး ၃ ကြိမ် ဗုံကြဲ တိုက်ခိုက်ခဲ့သည်ဟု သိရသည်။

ယင်းတိုက်ခိုက်မှုများ အတွင်း ထိခိုက် ပျက်စီးမှု၊ သေဆုံးမှု အခြေအနေများနှင့် ပတ်သက်၍ ထပ်မံ မေးမြန်းနေဆဲ ဖြစ်သည်။

တိုက်ပွဲများကြောင့် ဝိုင်းမော်မြို့ပေါ်နှင့် ကျေးလက်ဒေသရှိ ပြည်သူများ စစ်ဘေးတိမ်းရှောင်နေပြီး ထောင်နှင့်ချီသည့် ပြည်သူများ မြစ်ကြီးနားမြို့နှင့် အနီးတဝိုက် လာရောက်ခိုလှုံနေသည်ဟု မြစ်ကြီးနားမြို့ခံ တစ်ဦးက ပြောသည်။

“မနေ့ကတည်းက ဝိုင်းမော်ဘက်ကလူတွေ ဝင်လာကြတယ်။ ညကလည်း တညလုံး ဒုံးတွေပစ်နေတာ။ အခု စစ်ဘေးရှောင်တွေ ဘုရားကျောင်းတွေမှာ ခိုလှုံနေတာရှိမယ်။ အသိမိတ်ဆွေတွေနား နေတာရှိမယ်။ တချို့လည်း ဘယ်မှာ ခိုလှုံရမလဲ မေးနေတာ တွေ့တယ်” ဟု ၄င်းက ရှင်းပြသည်။

ဝိုင်းမော်မြို့နယ်ရှိ စစ်ကောင်စီတပ်စခန်းများကို KIA ပူးပေါင်းတပ် မေလ ၁၈ ရက်နေ့က စတင် ထိုးစစ်ဆင် တိုက်ခိုက်ခဲ့ရာ ရွှေညောင်ပင် ခမရ (၃၂၁) တပ်ရင်းကို မေလ ၂၁ ရက် ညပိုင်းက သိမ်းပိုက်ခဲ့ခြင်း ဖြစ်သည်။

ဝိုင်းမော်မြို့နယ် တိုက်ပွဲများ အတွင်း စစ်ကောင်စီတပ် လက်နက်ကြီး ပစ်ခတ်မှုနှင့် ဗုံးကြဲမှုများကြောင့် ဒေသခံများ ထိခိုက်သေဆုံးမှု ရှိနေရာ ယခုရက်ပိုင်းအတွင်း ခတ်ချိုရွာမှ ပြည်သူ ၁၀ ဦးဝန်းကျင် သေဆုံးပြီး ဒဏ်ရာရရှိသူ များပြားကြောင်း သိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

KIA ထိန်းချုပ် မဘိမ်းမြို့နယ်ထဲ စစ်တပ်လေကြောင်းဗုံးကြဲ

0
သျှမ်းပြည်မြောက်ပိုင်း မဘိမ်းမြို့ပေါ်နှင့် ဘဟဲကျေးရွာတို့ကို စစ်တပ်က လေကြောင်းဗုံးကြဲ တိုက်ခိုက်ခဲ့ခြင်းကြောင့် လူထိခိုက်မှုရှိကြောင်း စုံစမ်းသိရသည်။ ယနေ့ (ဇူလိုင်လ ၃၀ ရက်) ညနေ ၃ နာရီခွဲကျော်တွင် ကချင်လွတ်လပ်ရေးတပ် KIA ထိန်းချုပ်ထားသည့် မဘိမ်းမြို့ပေါ် ရဲစခန်း နေရာဟောင်းနှင့် ဘဟဲကျေးရွာတို့ကို စစ်တပ်က လေကြောင်းမှ Yak-130...

“တံလျှပ်” ဖြစ်နေသော အာဏာသိမ်းစစ်တပ်၏ ထင်ယောင်ထင်မှား အရှိန်အဟုန် သို့မဟုတ်စစ်တပ်၏ အထင်မှား “အောင်ပွဲများ”

0
မြန်မာစစ်တပ်သည် ဖလမ်း၊ လားရှိုး၊ မြဝတီ၊ ကျောက်မဲနှင့် တကောင်း ကဲ့သို့သော အဓိကဗဟိုချက်များအပါအဝင် အနည်းဆုံး မဟာဗျူဟာမြောက်နယ်မြေ ၂၀ ကို ပြန်လည်ထိန်းချုပ်နိုင်ခဲ့ကြောင်း ဇွန်လနှောင်းပိုင်းတွင် သံလွင်တိုင်းမ် (ThanLwin Times) သတင်းဌာနက ဖော်ပြခဲ့သည်။ သို့သော် ဘားမားနယူးစ်အင်တာနေရှင်နယ် (BNI) နှင့် မြန်မာ့ငြိမ်းချမ်းရေးစောင့်ကြည့်မှုအဖွဲ့ (MPM)...

မိုးဗြဲ- နန်းမယ်ခုံကြား တိုက်ပွဲပြင်းထန်၊ စစ်ကော်မရှင်တပ် လေကြောင်းတိုက်ခိုက်မှု ပြုလုပ်နေ

0
သျှမ်းပြည် တောင်ပိုင်း မိုးဗြဲမြို့အနီးတွင် စစ်ကော်မရှင်တပ် နှင့် ၎င်း လက်အောက်ခံ ပအိုဝ်းပြည်သူ့စစ် PNO တို့က ကရင်နီတော်လှန်ရေးတပ်ပေါင်းစုရှိရာနေရာသို့  မြေပြင်ထိုးစစ်ဆင်မှုပြုလုပ်သဖြင့် တိုက်ပွဲ ပြင်းထန်နေကြောင်း သတင်းရရှိသည်။ ယခု ရက်တပတ်အတွင်း မိုးဗြဲမြို့ နှင့် နန်းမယ်ခုံမြို့ကြားတွင် စစ်ကော်မရှင်တပ်က  မြေပြင် ထိုးစစ်ဆင်မှုကြောင့် ကရင်နီတော်လှန်‌ရေးတပ်ပေါင်းစုများ နှင့် နေ့စဉ်နီးပါး ထိတွေ့ တိုက်ပွဲများဖြစ်ပွားနေကြောင်း စစ်မြေပြင်တွင်လှုပ်ရှားနေသည့်...

သန္နီမြို့နယ် စစ်ကျန်ဗုံးပေါက်ကွဲ ကလေး နှစ် ဦးအပါအဝင် ၄ ဦး ထိခိုက်ဒဏ်ရာရ

0
သျှမ်းပြည် မြောက်ပိုင်း  ကိုးကန့်တပ်ဖွဲ့ (MNDAA)ထိန်းချုပ်သည့် သန္နီမြို့နယ်တွင် စစ်အကြွင်းအကျန်ဗုံး ပေါက်ကွဲမှုဖြစ်ပွားပြီး ကလေး ၂ ဦးအပါအဝင် ၄ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သတင်းရရှိသည်။ ယနေ့ (မေလ ၁၆ ရက်) မနက် ၈ နာရီကျော်အချိန် သိန္နီမြို့နယ် ပိန်းဆာကျေးရွာရှိ လယ်ယာတခုထဲတွင် “၁၀၂၇ စစ်ဆင်ရေး” ကာလအတွင်း...

“ဝမ်းရေးအိပ်မက်ကြား အသက်ပါရင်းလိုက်ရသည့် ၁၆ နှစ်သမီးလေး”

0
“သမီး အခန်းထဲကနေ ထွက်လာတော့ သူ (သူငယ်ချင်း)က စားပွဲခုံပေါ်မှာ မှောက်ပြီး လဲနေတာ တွေ့တယ်။ သူ့ရဲ့ မျက်နှာတွေမှာရော လက်တွေမှာရော ဒဏ်ရာတွေ အများကြီး တွေ့ရတယ်။ သမီး သူ့ကို သွားနိုးသေးတယ်။ သူက မထလာတော့ဘူး” သျှမ်းပြည် တောင်ကြီးမြို့ ဗိုလ်ချုပ်အောင်ဆန်းလမ်းပေါ်ရှိ Peter ဘားဆိုင်တွင်...