မိုင်းပေါက်မြို့သစ်စီမံကိန်း သိမ်းပိုက်ခံလယ်ယာမြေများအတွက် UWSA စတင်လျော်ကြေးပေး

သျှမ်းပြည်အရှေ့ပိုင်း မိုင်းယန်းမြို့နယ် မိုင်းပေါက်မြို့နယ်ခွဲအတွင်းဒေသခံ အာဏာပိုင်များဖြစ်ကြည့် ဝပြည်သွေးစည်းညီညွတ်ရေးတပ်မတော် UWSA တပ်မဟာ ၄၆၈ မှ မြို့သစ်စီမံကိန်း အတွက် သိမ်းပိုက် ထား သည့် လယ်ယာမြေများအတွက် လျော်ကြေးများ ပေးလျော်သည်ဟု သိရသည်။

မိုင်းပေါက်မြို့အခြေစိုက် တပ်မဟာ ၄၆၈ ပေါက်အိုက်ပန်း ကိုယ်စား ဝ တပ်အရာရှိအချို့မှ တာဝန်ယူ ကာ လယ်သမား ၁၀ ဂဏန်းအတွက် တဧကခန့်ရှိမြေတကွက် ( ဒေသ အခေါ် မြေအကျယ် တစ်မူး) အတွက် ယွမ်ငွေ ၆၅၀၀ ပေးလျော်ကြောင်း၊ ပြင်ပ ပေါက်ဈေး မြေအကျယ် တစ်မူး ယွမ်ငွေ ၇ သောင်းမှ ၁ သိန်း အထိ ရှိကြောင်း ဒေသခံ လယ်သမားတဦးက ဤသို့ပြောသည်။

“ကျနော်တို့က အိမ်အသစ်လဲ ထပ်ဆောက်ရတယ်။ ပိုက်ဆံလဲမလောက်ဘူး။ အိမ်အတွက် ယွမ်ငွေ ၃၅၀၀ ဘဲပေးတယ်။ တချို့ မျက်ရည်နဲ့ မျက်ခွက်နဲ့ ဖြစ်နေတယ်။ ပေါက်ဈေး နဲ့ က တအား ကွာတယ် လေ။ လမ်းမနဲ့ နီးရင် ယွမ်တသိန်း အထိ ရတယ်။ နေရာမကောင်းဘဲ နဲနဲ ဂျောင်ကျ ရင်တောင် ၇ သောင်းက ဘယ်သူ့ကို မဆိုရောင်းရတယ်။ ဒါပေမယ့် အရင်က တမူး ၃၅၀၀ ဘဲ ပေးမယ်။ အခု ၆၅၀၀ ပေးတယ် ဆိုတော့ နည်းနည်းမဆိုးဘူးပေါ့။ ပိုက်ဆံမရှိလို့ယူရတာဘဲ” – ဟု ပိုက်ဆံလက်ခံရ ရှိတဲ့ ဦးအားဆန်းက ပြောသည်။

အမည်မဖေါ်လိုသည့် ဝ အရာရှိ တဦးက – ‘အစက ဆုံးဖြတ်ထားတာ ၇ သောင်း။ အခု က ၆၅၀၀ ဘဲ ကျ လာလို့ ဒီကနေ့ ဝေစုခွဲပေးလိုက်တာ။ ပေးမယ်ဆိုတာ ဆုံးဖြတ်ချက်ချတာကြာပြီ။ ပိုက်ဆံယူသုံးဖို့ အမိန့်က ခုမှကျလို့။ အစည်းအဝေးထိုင်ပြီး အမြန်ဆုံးလုပ်ပေးလိုက်တာ။ ကျနော်တို့ဘက်ကလဲ အတတ်နိုင်ဆုံးကူညီပေးပါတယ်။ ဒါက အထက်အမိန့်အရလုပ်တာ” – ဟု သျှမ်းသံတော်ဆင့်သို့ ပြောသည်။

မိုင်းပေါက်မြို့သစ် တည်ဆောက်ရန်အတွက် တပ်မဟာ ၄၆၈ မှ ဂျတော်ခါးရွာ နှင့် အနီးအနားရှိ လယ်ယာမြေ ဧက ၃၀၀၀ ကျော်အား ဂျူလိုင်လ သိမ်းပိုက်ထားခြင်းဖြစ်သည်။

၂၀၁၇ ဂျူလိုင်လက လားဟူလူမျိုးအများစု နေထိုင်သည့် ဂျတော်ခါးရွာ အားလည်း ဝ ပြည်သွေးစည်းညီညွတ်ရေးတပ်မတော် တပ်မဟာ ၄၆၈ တပ်မဟာမှူး ပေါက်အိုက်ပန်းအမိန်ဖြင့် အိမ်သစ်ဆောက်လုပ်နေထိုင်ရန် တမိသားစု ယွမ်ငွေ ၃၅၀၀ ထောက်ပံ့ကြေးပေးကာ ရွာသစ်ချနေထိုင်စေခဲ့သည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

အောင်ပန်း KTV နှင့်တွဲဖွင့်ထားသည့် Hi ခန်းများ အရေးယူရန် ဒေသခံများ တောင်းဆို

0
သျှမ်းပြည်တောင်ပိုင်း အောင်ပန်းမြို့ရှိ KTV များတွင် မူးယစ်ဆေးဝါးသုံးစွဲသည့် HI ခန်းများ ပြုလုပ်နေခြင်းနှင့် ဒုစရိုက်မှုများ များပြားလာခြင်းကြောင့် ဒေသခံပြည်သူများ အနှောင့်အယှက်ဖြစ်ကာ လုံခြုံရေးအတွက် စိုးရိမ်နေကြရကြောင်း ဒေသခံများထံမှ သိရသည်။ အောင်ပန်းမြို့ပေါ်ရှိ KTV ဆိုင်အချို့တွင် HI ခန်းများပြုလုပ်ကာ အော်ဟစ်ဆူညံခြင်း၊ လှည်းရိုးရပ်ကွက်အတွင်း စားသောက်ဆိုင်အမည်ခံကာ ပြည်တန်ဆာလုပ်ငန်းများ...

ထိုင်း တင်းနစ်ကစားသမားဟောင်း သေဆုံးမှုနှင့် ရွှေ့ပြောင်းမြန်မာတစ်ဦး၏ ဘဏ်အကောင့်သို့ သံယဖြစ်ဖွယ် ငွေလွဲထားမှု

0
ထိုင်းနိုင်ငံ၏ လက်ရွေးစင် တင်းနစ်ကစားသမားဟောင်း ဖြစ်သူ အသက် ၆၄ နှစ်အရွယ် မစ္စတာ နတ်သဝီး နေအိမ်အတွင်း သံသယဖြစ်ဖွယ် သေဆုံးခဲ့သည့် ဖြစ်စဉ်တွင် သေဆုံးသူ၏ iPad မှတစ်ဆင့် မြန်မာရွှေ့ပြောင်းအလုပ်သမားတစ်ဦး၏ ဘဏ်အကောင့်ထဲသို့ ဘတ် ၃၀,၀၀၀ မသင်္ကာဖွယ် လွှဲပြောင်းထားသည်ကို စုံစမ်းတွေ့ရှိရကြောင်း ရဲတပ်ဖွဲ့က...

မိုင်းရှူးမြို့တွင်း ပေါ်တာဆွဲသတင်းကြောင့် ဒေသခံ စိုးရိမ်မှုဖြစ်နေ

0
သျှမ်းပြည် တောင်ပိုင်း မိုင်းရှူးမြို့တွင် စစ်ကော်မရှင်တပ်က ပြည်သူ့စစ်မှုထမ်းရန် ပေါ်တာဆွဲခံနေရဆိုသည့် သတင်းကြောင့် ဒေသခံများ စိုးရိမ်နေကြကြောင်း သတင်းရရှိသည်။ လက်ရှိ ဇူလိုင်လ နောက်ဆုံးပတ်အတွင်း မိုင်းရှူးမြို့တွင် စစ်ကော်မရှင်တပ်၏ ပြည်သူ့စစ်မှုထမ်း ကိစ္စနှင့် ပတ်သက်၍ အမည်စာရင်းတွင် ပါဝင်နေသူများအနေဖြင့် ပေါ်တာဆွဲ ဖမ်းဆီးခံနေရသည်ဆိုသည့် သတင်းကြောင့် ဒေသခံများ စိုးရိမ်နေကြ‌ရကြောင်း...

ထိုင်းဟိုတယ်တခုတွင် တရုတ်လောင်းကစားနှင့် လိင်ဝန်ဆောင်မှုပေးသည့်အုပ်စုဖမ်းမိ မြန်မာနိုင်ငံသား ၃ ဦးပါဝင် 

0
ထိုင်းနိုင်ငံ၊ နွန်သဘူရီ (Nonthaburi) ခရိုင်ရှိ အဆင့်မြင့် ဟိုတယ်တခုတွင်း တရုတ်ဂိုဏ်းတခုက  ငှားရမ်းပြီး တရားမဝင် လောင်းကစားဝိုင်း၊ မူးယစ်ဆေးပါတီနှင့် လိင်ဖျော်ဖြေရေး ဝန်ဆောင်မှုများ ပေးနေကြောင်း သတင်းရသဖြင့် ထိုင်းနိုင်ငံဗဟိုစုံစမ်းရေးဗျူရို (CIB) က ဝင်ရောက်စီးနင်းခဲ့သည်။​ အဆိုပါ ထဲတွင် တရုတ်နိုင်ငံသားများနှင့် မြန်မာနိုင်ငံသား ၃ ဦး ဖမ်းမိကြောင်း သိရသည်။ နွန်သဘူရီခရိုင်၊ ဘာင်ခေန်...

ညောင်ရွှေ PNO က စစ်သားသစ်အတွက် ငွေကောက်၊ ပိုင်ဆိုင်မှုရောင်းပြီး ပေးဆောင်နေရ

0
သျှမ်းပြည်တောင်ပိုင်း ညောင်ရွှေမြို့နယ်ရှိ ကျေးရွာများကို ပအိုဝ်းပြည်သူ့စစ် (PNO) မှ တပ်သားသစ် အစားထိုးရန်အတွက် တအိမ်လျှင် ကျပ်သိန်းနှင့်ချီသော ငွေကြေးများကို အတင်းအဓမ္မ ကောက်ခံနေကြောင်း နေရပ်ပြန်စစ်ဘေးရှောင်များထံမှ သိရသည်။ ညောင်ရွှေမြို့နယ် လင်လံ (တောင်) ကျေးရွာအုပ်စုရှိ တောင်ပို့ကွဲ၊ ဟိုပန်၊ နမ့်ပွန်နှင့် ထီရိ စသည့် ကျေးရွာများတွင်...