Tuesday, January 27, 2026

ဖမ်းခံရ RCSS တပ်သား ၂ ဦးအား ရုံး ၄ ကြိမ် ချိန်းရာ တရားလိုတပ်မတော်ဘက် ၃ ကြိမ်ပျက်ကွက်

မိုင်းပြင်းမြို့နယ် မိုင်းပူးလုံအုပ်စုတွင် အဖမ်းခံရသော RCSS/SSA ၏ တပ်သား ၂ ဦးအား တရားရုံးတော်သို့ ၄ ကြိမ် ချိန်းဆိုသည့်အနက် တရားလိုဖြစ်သော အစိုးရတပ်မတော်သားများဘက်မှ သုံးကြိမ်ပျက်ကွက်ခဲ့သည် သိရသည်။

စတုတ္ထ အကြိမ် အဖြစ် တရားရုံးတော်က RCSS/SSA ၏ တပ်သား ၂ ဦးအား တနင်္လာနေ့ က ရုံးချိန်းဆိုကြောင်း၊ သို့သော် ဖမ်ဆီးတရားစွဲဆိုထားသည့် တပ်မတော်သား တရားလိုဘက်က ရုံးတော်သို့ ရောက်ရှိလာခြင်းမရှိကြောင်း၊ ဒီ့အတွက် နိုဝင်ဘာ ၂၀ ရက်နေ့ ရုံးထပ်မံ ချိန်းဆိုကြောင်း ကျိုင်းတုံမြို့ RCSS/SSA တာဝန်ကျ အရာရှိကပြောသည်။

ရုံးချိန်းရက်မှာ တရားလိုဘက်က ၁၃ ယောက်ရှိရမယ်လေ။ သူတို့ခေါ်ထားတဲ့ လူထု ၄ ယောက်ဘဲ လာတက်တော့ လူမစုံလို့ အမှုကြားနာလို့မရဘူးဆိုပြီး ထပ်ရွှေ့လိုက်တာ။ နို၀င်ဘာလ ၂၀ ရက်နေ့မှာ ရက်ချိန်းလိုက်တယ် – ဟု ကျိုင်းတုံမြို့မှ RCSS/SSA ၏ ဆက်သွယ်ရေးရုံးတာဝန်ကျ ကပြောသည်။

RCSS/SSA တပ်သား စိုင်းလုံနှင့် စိုင်းဆေလုံတို့အား ဂျူလိုင်လ ၂၅ ရက်နေ့က မိုင်းပြင်းမြို့နယ် မိုင်းပူးလုံအုပ်စုတွင်အစိုးရတပ်မတော်က ဖမ်းဆီးလိုက်သည်။

၄င်းတို့ ၂ ဦးအား လက်နက်လက်ဝယ်ထားရှိမှု၊ စကားပြောစက်လက်ဝယ်ရှိမှုနှင့် လူထုထံမှ အခွန် ကောက်ခံမှုဟုဆိုကာ မိုင်းဆတ်အခြေစိုက် တပ်မတော် စစ်ကြောင်း က ဂျူလိုင်လက ဖမ်းဆီးကာ တရားစွဲဆိုထား သည်။

စက်တင်ဘာလတွင်တကြိမ် အောက်တိုဘာလတွင် နှစ်ကြိမ် နို၀င်ဘာလ ၆ ရက်နေ့တွင်တကြိမ်စုစုပေါင်း ၄ ကြိမ် ရုံးချိန်းခဲ့သော်လည်း တရားလိုဖြစ်သောအစိုးရတပ်မတော်ဘက်က ၁ ကြိမ်သာရုံးတက်ကြားနာခဲ့ပြီး ၃ ကြိမ်မှာပျက်ကွက်သဖြင့် ယနေ့တိုင်ထပ်မံကြားနာနိုင်ခြင်းမရှိသေးပေ။

အစိုးရတပ်မတော် စွပ်စွဲပြောဆိုချက်မှာ ခိုင်မာမှုမရှိကြောင်း သျှမ်းပြည်တပ်မတော် ပြောခွင့်ရ ဒုတိယ ဗိုလ်မှူးကြီး စိုင်းမိဏ်းက ပြောသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

အဆောင်ထဲက အိပ်မက်ဆိုး – ပုဂ္ဂလိကကျောင်းဆရာ ပြုကျင့်သည့် သက်ငယ်မုဒိမ်းမှု

0
“ကလေးက ကြောက်နေတယ်၊ အခု သူဘယ်သူနဲ့မှ အတွေ့မခံဘူး။ မျက်နှာမှာလည်း ဒဏ်ရာတွေ ရထားတယ်” ဟု မုဒိမ်းကျင့်ခံရသည့် မိန်းကလေးငယ်နှင့် နီးစပ်သူတစ်ဦးက ပြောသည်။ ဘာသာရပ်တွေကို လေ့လာသင်ယူချင်စိတ်၊ ကစားချင်စိတ်တို့ဖြင့် တောက်ပနေရမည့် မိန်းကလေးငယ်တစ်ဦး၏ မျက်ဝန်းများတွင် ယခုတော့ အကြောက်တရားနှင့် သံသယများသာ လွှမ်းမိုးထားတော့မည်။ ဤဖြစ်ရပ်သည် ဇန်နဝါရီလ ၁၅...

လားရှိုးမြို့နယ်တွင် စစ်ကော်မရှင်တပ်နှင့် ကိုးကန့်တပ် အပြိုင်အဆိုင် တပ်သားသစ်စုဆောင်း

0
သျှမ်းပြည် လားရှိုးမြို့တွင် စစ်ကော်မရှင်တပ်မှ ပထမအကြိမ် စစ်မှုထမ်းတပ်သားသစ် ခေါ်ယူရန် ရပ်ကွက်အတွင်း လူဦးရေစာရင်း ပြန်လည်ကောက်ယူနေကြောင်း စုံစမ်းသိရသည်။ စစ်ကော်မရှင် ပြန်လည်ထိန်းချုပ်ထားသည့် လားရှိုးမြို့ပေါ် ရပ်ကွက်များကို ယခု ဇန်နဝါရီ ၂၁ရက်မှစတင်ပြီး အုပ်ချုပ်ရေးမှူးများမှ နေအိမ်များတွင် လူဦးရေစာရင်း ဝင်ရောက်စစ်ဆေးပြီး စာရင်းကောက်ယူနေခြင်းကြောင့် စစ်မှုထမ်းခေါ်ယူမည်ကို စိုးရိမ်နေရကြောင်း လားရှိုးဒေသခံများက...

“ပလက်ဖောင်း ကိုကိုကြီး” ဟု ခေါ်ခံရသည့် PP ဥက္ကဌ ရွေးကောက်ပွဲရှုံးနိမ့်

0
ရန်ကုန်တိုင်း၊ လမ်းမတော်မြို့နယ် ပြည်သူ့လွှတ်တော် နေရာ ဝင်ရောက် ယှဉ်ပြိုင်သည့် ပြည်သူ့ပါတီ ဥက္ကဌ ဦးကိုကိုကြီး ရွေးကောက်ပွဲ ရှုံးနိမ့်ကြောင်း ပါတီ တာဝန်ရှိသူ တဦးက သျှမ်းသံတော်ဆင့်ကို ဇန်နဝါရီလ ၂၅ ရက် ညပိုင်းတွင် အတည်ပြုပြောသည်။ စစ်ကောင်စီ ရွေးကောက်ပွဲသည် မြေပေါ် နိုင်ငံရေး (ဝါ)...

တာချီလိတ်တွင် ပြန်ပေးဆွဲမှု၊ ဓားပြတိုက်မှုများ ဆက်တိုက်ဖြစ်ပွားနေ

0
ထိုင်း-မြန်မာနယ်စပ် တာချီလိတ်မြို့ပေါ်တွင် ပြန်ပေးဆွဲမှု၊ ဓားပြတိုက်မှုများ ဆက်တိုက်ဖြစ်ပွားနေသဖြင့် လုံခြုံရေးအတွက် စိုးရိမ်နေရကြောင်း မြို့ခံများက ပြောသည်။ ဖြစ်စဉ်မှာ ယမန်နေ့ ဇန်နဝါရီလ ၂၄ ရက် နံနက် ၉ နာရီကျော် အချိန်တွင် ဆန်ဆိုင်း (က) ရပ်ကွက်နေ အသက် (၅၀) အရွယ်ခန့် အမျိုးသမီးတစ်ဦးသည်...

ပင်လောင်းတွင် စစ်ဘေးရှောင်များ နေရပ်ပြန်မဲမထည့်ပါက ရွာထဲနေခွင့်မပြုဟု ရွာသူကြီးများက ဖိအားပေးနေ

0
သျှမ်းပြည် ပင်လောင်းမြို့နယ်တွင် စစ်ဘေးရှောင်များအား ရောက်ရာအရပ်မှ ပြန်လာခိုင်းပြီး မဲထည့်ခိုင်းကာ မဲမထည့်ပါက နောင်တွင် ရွာထဲ၌နေခွင့်မပြုဟုဆိုကာ ရွာသူကြီးများက ဖိအားပေးနေကြောင်း ဒေသခံများက ပြောသည်။ ယနေ့ ဇန်နဝါရီလ ၂၅ ရက် နံနက်ပိုင်းမှစတင်၍ ပင်လောင်းမြို့ပေါ် ရပ်ကွက်နှင့် ကျေးရွာအုပ်စု အသီးသီးရှိ မဲရုံများတွင် ရွေးကောက်ပွဲ အပိုင်း...