ဖမ်းခံရ RCSS တပ်သား ၂ ဦးအား ရုံး ၄ ကြိမ် ချိန်းရာ တရားလိုတပ်မတော်ဘက် ၃ ကြိမ်ပျက်ကွက်

မိုင်းပြင်းမြို့နယ် မိုင်းပူးလုံအုပ်စုတွင် အဖမ်းခံရသော RCSS/SSA ၏ တပ်သား ၂ ဦးအား တရားရုံးတော်သို့ ၄ ကြိမ် ချိန်းဆိုသည့်အနက် တရားလိုဖြစ်သော အစိုးရတပ်မတော်သားများဘက်မှ သုံးကြိမ်ပျက်ကွက်ခဲ့သည် သိရသည်။

စတုတ္ထ အကြိမ် အဖြစ် တရားရုံးတော်က RCSS/SSA ၏ တပ်သား ၂ ဦးအား တနင်္လာနေ့ က ရုံးချိန်းဆိုကြောင်း၊ သို့သော် ဖမ်ဆီးတရားစွဲဆိုထားသည့် တပ်မတော်သား တရားလိုဘက်က ရုံးတော်သို့ ရောက်ရှိလာခြင်းမရှိကြောင်း၊ ဒီ့အတွက် နိုဝင်ဘာ ၂၀ ရက်နေ့ ရုံးထပ်မံ ချိန်းဆိုကြောင်း ကျိုင်းတုံမြို့ RCSS/SSA တာဝန်ကျ အရာရှိကပြောသည်။

ရုံးချိန်းရက်မှာ တရားလိုဘက်က ၁၃ ယောက်ရှိရမယ်လေ။ သူတို့ခေါ်ထားတဲ့ လူထု ၄ ယောက်ဘဲ လာတက်တော့ လူမစုံလို့ အမှုကြားနာလို့မရဘူးဆိုပြီး ထပ်ရွှေ့လိုက်တာ။ နို၀င်ဘာလ ၂၀ ရက်နေ့မှာ ရက်ချိန်းလိုက်တယ် – ဟု ကျိုင်းတုံမြို့မှ RCSS/SSA ၏ ဆက်သွယ်ရေးရုံးတာဝန်ကျ ကပြောသည်။

RCSS/SSA တပ်သား စိုင်းလုံနှင့် စိုင်းဆေလုံတို့အား ဂျူလိုင်လ ၂၅ ရက်နေ့က မိုင်းပြင်းမြို့နယ် မိုင်းပူးလုံအုပ်စုတွင်အစိုးရတပ်မတော်က ဖမ်းဆီးလိုက်သည်။

၄င်းတို့ ၂ ဦးအား လက်နက်လက်ဝယ်ထားရှိမှု၊ စကားပြောစက်လက်ဝယ်ရှိမှုနှင့် လူထုထံမှ အခွန် ကောက်ခံမှုဟုဆိုကာ မိုင်းဆတ်အခြေစိုက် တပ်မတော် စစ်ကြောင်း က ဂျူလိုင်လက ဖမ်းဆီးကာ တရားစွဲဆိုထား သည်။

စက်တင်ဘာလတွင်တကြိမ် အောက်တိုဘာလတွင် နှစ်ကြိမ် နို၀င်ဘာလ ၆ ရက်နေ့တွင်တကြိမ်စုစုပေါင်း ၄ ကြိမ် ရုံးချိန်းခဲ့သော်လည်း တရားလိုဖြစ်သောအစိုးရတပ်မတော်ဘက်က ၁ ကြိမ်သာရုံးတက်ကြားနာခဲ့ပြီး ၃ ကြိမ်မှာပျက်ကွက်သဖြင့် ယနေ့တိုင်ထပ်မံကြားနာနိုင်ခြင်းမရှိသေးပေ။

အစိုးရတပ်မတော် စွပ်စွဲပြောဆိုချက်မှာ ခိုင်မာမှုမရှိကြောင်း သျှမ်းပြည်တပ်မတော် ပြောခွင့်ရ ဒုတိယ ဗိုလ်မှူးကြီး စိုင်းမိဏ်းက ပြောသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

အယုဒ္ဓယတွင် ချစ်သူမိန်းကလေးထံ ကျောင်းရန်ပုံငွေ ဘတ် ၉၂ သန်းကျော်လွှဲပေးသည့် ကျောင်းထိုင်ဘုန်းကြီးဖမ်းခံရ

0
ထိုင်းနိုင်ငံ၊ အယုဒ္ဓယခရိုင် ဘုန်းကြီးကျောင်းတစ်ခုတွင် သက်တော် ၆၆ နှစ်အရွယ််ရှိ ကျောင်းထိုင်ဆရာတော်ဖြစ်သူမှ ဘုန်းကြီးကျောင်း ရန်ပုံငွေ ဘတ် ၉၂ သန်းကျော် (မြန်မာကျပ် ၁၂ ဘီလီယံ နီးပါး) အလွဲသုံးစားလုပ်မှုဖြင့် ဖမ်းဆီးခံရကြောင်း ထိုင်းသတင်းများတွင်ဖော်ပြသည်။ ယနေ့ (စက်တင်ဘာ ၁၀ ရက်) မနက်အစောပိုင်းတွင် ထိုင်းနိုင်ငံ...

တာချီလိတ်တွင် တရုတ်လူမျိုးအပါအဝင် ကျားဖြန့်သမား ၅၆ ဉီး ထပ်မံဖမ်းခံရ

0
သျှမ်းပြည် အရှေ့ပိုင်း၊ တာချီလိတ်မြို့တွင် အွန်လိုင်းငွေလိမ်(ကျားဖြန့်)လုပ်ငန်းများ လုပ်ကိုင်နေသည့် တရုတ်နိုင်ငံသား ၅ ဦးအပါအဝင် စုစုပေါင်း ၅၆ ဦး ဖမ်းဆီးရမိခဲ့ကြောင်း စစ်ကောင်စီက ထုတ်ပြန်ထားသည်။ ယမန်နေ့ (စက်တင်ဘာ ၉ ရက်) ညနေပိုင်းတွင် တာချီလိတ်မြို့ရှိ ဝမ်ကောင်းရပ်ကွက်အတွင်း အွန်လိုင်းငွေလိမ်(ကျားဖြန့်)လုပ်ငန်းများ လုပ်ကိုင်နေသည့် နေရာကို စစ်ကောင်စီတပ်တို့...

မာရီဂိုးလ်ပန်းစက်ရုံထွက်အနံ့ကြောင့် ဒေသခံများ ခေါင်းမူး၊ အော့အန်မှုဖြစ်

0
သျှမ်းပြည်တောင်ပိုင်း၊ ပင်းတယမြို့နယ် ပွေးလှကျေးရွာ နှင့် တောင်ကြီးမြို့နယ် ရေပူကျေးရွာ၊ တောင်နီကျေးရွာတွင် ရှိသည့် မာရီဂိုးလ် ပန်းစက်ရုံထွက် အညစ်အကြေးနှင့် အနံ့ဆိုးကြောင့် ‌ ခေါင်းမူး၊ အော့အန်မှုများဖြစ်၍ ချောင်းအတွင်း ငါးများလည်း သေဆုံးမှုရှိနေကြောင်း သတင်းရရှိသည်။ သျှမ်းတောင်တွင် မာရီဂိုးလ်ပန်းများကို တရုတ်ကုမ္ပဏီများနှင့် စာချုပ်ချုပ်ဆို၍ စိုက်ပျိုးသူများလာပြီး တရုတ်ကုမ္ပဏီဘက်မှ...

ချင်းမိုင်တွင် တစ်ရက်လျှင် ဘတ် ၇,၀၀၀ ဝင်ငွေရှိသည့် မြန်မာနိုင်ငံသား ဈေးသည် တိုင်ကြားခံရပြီး ဖမ်းမိ

0
ထိုင်းနိုင်ငံ၊ ချင်းမိုင်မြို့၊ Chang Phueak နယ်မြေတွင် စျေး လှည့်လည်ရောင်းချနေသော ဆိုင်များအတွင်း တရားဝင်အလုပ်လုပ်ကိုင်ခွင့် (ပါမစ်) မရှိဘဲ ဈေးရောင်းချနေသည့် မြန်မာနိုင်ငံသားတစ်ဦးအား အာဏာပိုင်များမှ ဖမ်းဆီးခဲ့ကြောင်း ချင်းမိုင်သတင်းတွင် ဖော်ပြသည်။ ယမန်နေ့ ( စက်တင်ဘာလ ၉ ရက်) ညနေပိုင်းက ချင်းမိုင်ခရိုင် လဝက၊...

ထိုင်း မူလတန်းကျောင်းတခုတွင် ရဲအရာရှိမှ သေနတ်ဖြင့်ဝင်ပစ်၊ အမျိုးသမီးတဉီးသေဆုံး

0
ထိုင်းနိုင်ငံ၊ ချွန်ပူရီခရိုင် စည်ပင်သာရေးဌာန၏ ကလေးထိန်းကျောင်းတခုအတွင်း ပစ်ခတ်မှုဖြစ်ပွားခဲ့ပြီး အမျိုးသမီးတဉီးသေဆုံးကြောင်း သတင်းရရှိသည်။ ယနေ့ (စက်တင်ဘာ ၉ ရက်) မနက်ပိုင်းတွင် ထိုင်းနိုင်ငံ၊ ချွန်ပူရီခရိုင်အတွင်းရှိ၊ နောင်ပလာလိုင် (Nong Pla Lai) ကလေးထိန်းကျောင်းတွင် သေနတ်ပစ်ခတ်မှုဖြစ်ပွားခဲ့ပြီး အသက် ၄၈ နှစ်အရွယ် အမျိုးသမီးတဉီး သေဆုံးခဲ့ပြီး...