သျှမ်းပြည်တပ်မတော် SSA နှစ် (၆၀) ပြည့်အခမ်းအနား AA ဒုစစ်ဦးစီးချုပ် တက်ရောက်ခဲ့

သျှမ်းပြည်တပ်မတော် SSA ထူထောင်ခြင်း နှစ် (၆၀)ပြည့် အခမ်းအနားကို SSPP/SSA ဌာနချုပ်တွင် ကျင်းပခဲ့ပြီး ရက္ခိုင့်တပ်တော် AA မှ ဒုစစ်ဦးစီးချုပ် ဒေါက်တာညိုထွန်းအောင် တက်ရောက်ခဲ့ကြောင်း စုံစမ်းသိရသည်။

ယနေ့ (ဧပြီလ ၂၄ ရက်)တွင် ကျရောက်သည့် သျှမ်းပြည်တပ်မတော် SSA ထူထောင်ခြင်း နှစ်(၆၀)ပြည့် အခမ်းအနားကို သျှမ်းပြည်တိုးတက်ရေးပါတီ/ သျှမ်းပြည်တပ်မတော် (SSPP/SSA) ဌာနချုပ်ဖြစ်သည့် ကျေးသီးမြို့နယ်၊ ဝမ်ဟိုင်းတွင် ကျင်းပခဲ့ရာ SSPP/SSA ဉက္ကဋ္ဌ ဗိုလ်ချုပ်ကြီး ပန်ဖ နှင့်အတူ ရက္ခိုင့်တပ်တော် AA မှ ဒုစစ်ဦးစီးချုပ် ဒေါက်တာညိုထွန်းအောင် တက်ရောက်ခဲ့သည်။

၎င်းအခမ်းအနားသို့ ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် (SNLD) နှင့် ပအိုဝ်းအမျိုးသား လွတ်မြောက်ရေးတပ်မတော် (PNLO/PNLA) တို့က သဝဏ်လွှာ ပေးပို့ခဲ့ပြီး ရက္ခိုင့်တပ်တော် (ULA/AA) မှ ဒုစစ်ဦးစီးချုပ် ဒေါက်တာညိုထွန်းအောင် က ဂုဏ်ပြုအမှာစကား ပြောကြားခဲ့ကြောင်း အခမ်းအနား တက်ရောက်သူများထံမှ သိရသည်။

“၂၀၂၁ အာဏာသိမ်းမှုနောက်ပိုင်း အပြောင်းအလဲ ရှိခဲ့သလို ၂၀၂၃ က “၁၀၂၇ စစ်ဆင်ရေး”ကာလ အပြီးမှာလည်း စစ်ရေး၊ နိုင်ငံရေး အပြောင်းအလဲတွေ အများကြီး ရှိခဲ့ပါတယ်။ ပြောင်းလဲလာတဲ့ နိုင်ငံရေး ရေစီးကြောင်းနဲ့အတူ ကိုယ့်လူမျိုး၊ ကိုယ့်ဒေသအတွက် အကျိုးဖြစ်ထွန်းတဲ့ အခြေအနေ အချိန်အခါ ပေါ်မှာ မူတည်ပြီး SSPP/SSA နဲ့ သျှမ်းပြည်သူလူထုအနေနဲ့ အဖွဲ့အစည်းရဲ့ ရည်မှန်းချက်တွေ ဒီထက်ပိုပြီးမှပဲ ပြည့်ဝနိုင်ပါစေ”ဟု ဒေါက်တာညိုထွန်းအောင်က ဂုဏ်ပြုအမှာစကားတွင် ပြောကြားသွားခဲ့သည်။

ထို့အပြင် ရခိုင်အမျိုးသားအဖွဲ့ချုပ် (ULA/AA) ၏ ဂုဏ်ထူးဆောင်တံဆိပ်ကို SSPP/SSA ဉက္ကဋ္ဌ ဗိုလ်ချုပ်ကြီး ပန်ဖ အား AA မှ ဒုစစ်ဦးစီးချုပ် ဒေါက်တာညိုထွန်းအောင် ကိုယ်တိုင် ပေးအပ်ချီးမြှင့်ခဲ့ကြောင်း အခမ်းအနား တက်ရောက်သူများက ပြောသည်။

SSPP/SSA ဌာနချုပ်တွင် ကျင်းပခဲ့သည့် သျှမ်းပြည်တပ်မတော် SSA ထူထောင်ခြင်း နှစ်(၆၀)ပြည့် အခမ်းအနားတွင် SSPP/SSA နာယက ဗိုလ်ချုပ်ကြီး ဆေထင် က အဖွင့်အမှာစကား ပြောကြားခဲ့ပြီး ဗိုလ်မှူးစိုင်းဖုန်းဟန်က သျှမ်းပြည်တပ်မတော် SSA ဖြတ်သန်းလာခဲ့သည့် သမိုင်းဖြစ်စဉ်များကို ဖတ်ကြားခဲ့သည်။

SSPP/SSA တပ်ဖွဲ့အနေဖြင့် နယ်ချဲ့စနစ်၊ အာဏာရှင်စနစ်နှင့် အရင်းရှင်စနစ်တို့ကို တိုက်ဖျက်ပြီး မဟာလူမျိုးကြီးဝါဒနှင့် ကျဉ်းမြောင်းသော ကိုယ့်လူမျိုးရေးဝါဒတို့ကိုလည်း ဆန့်ကျင်ကာ ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်ရေးကို ဆက်လက်လျှောက်လှမ်းသွားမည်ဖြစ်ကြောင်း အခမ်းအနားတွင် ဗိုလ်မှူးစိုင်းဖုန်းဟန်က ပြောဆိုသွားခဲ့သည်။

၁၉၅၈ ခုနှစ် မေလ ၂၁ ရက်မှ စတင်ခဲ့သည့် သျှမ်းလက်နက်ကိုင် တော်လှန်ရေးလမ်းစဉ်တွင် တကွဲတပြား ဖြစ်နေသည့် သျှမ်းတပ်များကို ၁၉၆၄ ခုနှစ် ဧပြီလ ၂၄ ရက်တွင် စုစည်း၍ မြန်မာနိုင်ငံ၏ ပထမဆုံးသမ္မတဖြစ်သူ ညောင်ရွှေစော်ဘွား စဝ်ရွှေသိုက်၏ မဟာဒေဝီ စဝ်နန်းဟိန်းခမ်းအား နာယကအဖြစ် တင်မြောက်ပြီး သျှမ်းပြည်တပ်မတော် (Shan State Army – SSA) ဟူ၍ တည်ထောင်ခဲ့ခြင်း ဖြစ်သည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

“စစ်ရေး ၊ နိုင်ငံရေးက သူတို့စစ်အုပ်စုချမှတ်ထားတဲ့ လမ်းစဉ်အတိုင်း ဆက်သွားမယ်”

0
အာဏာသိမ်း စစ်တပ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ၅ နှစ်အကြာမှာ ၎င်းပုံဖော်ထားတဲ့အတိုင်း နိုင်ငံတော် သမ္မတရာထူးယူလိုက်ပါတယ်။ ဒါ့ကြောင့် စစ်ဝတ်စုံကနေ အရပ်သားဝတ်စုံပြောင်း စစ်ခေါင်းဆောင် သမ္မတ ဉီးမင်းအောင်လှိုင် တက်လာပြီး သျှမ်းပြည် နိုင်ငံရေး အပြောင်းအလဲတွေ ဘယ်လိုဖြစ်လာခဲ့ပါသလဲ။ အစိုးရသစ် စစ်ခေါင်းဆော်င သမ္မတ ဉီးမင်းအောင်လှိုင်တက်လာချိန်မှာလည်း စစ်အာဏရှင်ကို...

သျှမ်းမြောက် BRI စီမံကိန်း အမြန်ဖော်ဆောင်နိုင်ရန် တရုတ် နှင့် တိုင်းရင်းသားလက်နက်ကိုင်တွေ့ဆုံ

0
တရုတ်နိုင်ငံ၏ ဘီလီယံနှင့်ချီတန်သော (BRI) ပိုးလမ်းမစီမံကိန်းထဲမှ ရထားလမ်း အကောင်အထည်ဖော်နိုင်ရေး အတွက် တရုတ်ကိုယ်စားလှယ်အဖွဲ့သည် စစ်ကောင်စီနှင့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များကို တွေ့ဆုံခဲ့ကြောင်း သိရသည်။ တရုတ်နိုင်ငံ ယူနန်ပြည်နယ်မှ သျှမ်းပြည်မြောက်ပိုင်း၊ မန္တလေးတိုင်းတို့ကို ဖြတ်သန်းကာ ရခိုင်ပြည်နယ် ကျောက်ဖြူ ရေနက်ဆိပ်ကမ်းအထိ ပေါက်ရောက်မည့် အဆိုပါ ပိုးလမ်းမစီမံကိန်းသည် အာဏာသိမ်းပြီး...

ရပ်စောက်-နောင်ချိုကြား SSPP စစ်ဆေးရေးဂိတ်များကို စစ်ကော်မရှင်တပ်ဆုတ်ခိုင်း

0
သျှမ်းပြည်တောင်ပိုင်း ရပ်စောက်မြို့နယ်အတွင်း ပြည်ထောင်စုလမ်းမကြီးပေါ်ရှိ ရှမ်းပြည်တိုးတက်ရေးပါတီ/ ရှမ်းပြည်တပ်မတော် (SSPP/SSA) စစ်ဆေးရေးဂိတ်များ ဖြုတ်သိမ်း ဆုတ်ခွာခဲ့ကြောင်း စုံစမ်းသိရသည်။ ပြီးခဲ့သည့် မတ်လ ဒုတိယပတ်အတွင်း ရပ်စောက်နှင့် နောင်ချိုမြို့နယ်ကြား ပြည်ထောင်စုလမ်မကြီးပေါ်ရှိ ရှမ်းပြည်တိုးတက်ရေးပါတီ/ ရှမ်းပြည်တပ်မတော် (SSPP/SSA) စစ်ဆေးရေးဂိတ်အချို့ကို ဖယ်ရှားပေးရန် စစ်ကော်မရှင်တပ်က ဖိအားပေးခဲ့ကြောင်း စစ်ရေးသတင်းရင်းမြစ် တစ်ဦးက...

MNDAA နှင့် TNLA တို့ကြား စစ်ရေးတင်းမာမှု လူထုအခက်အခဲကြုံတွေ့

0
သျှမ်းပြည်မြောက်ပိုင်း ကွတ်ခိုင်မြို့နယ်တွင် ကိုးကန့်တပ်ဖွဲ့ MNDAA နှင့် တအာင်း(ပလောင်) အမျိုးသား လွတ်မြောက်ရေးတပ်မတော် TNLA တို့ကြား နှစ်ဖက်စစ်ရေး တင်းမာမှုကြောင့် ပြည်သူလူထု အခက်အခဲ ကြုံတွေ့နေကြောင်း စုံစမ်းသိရသည်။ လက်ရှိတွင် ကိုးကန့်တပ်ဖွဲ့ MNDAA နှင့် တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေး တပ်မတော် TNLA ကြား...

ကျောက်မဲတွင် စစ်ကော်မရှင်တပ်နှင့် SSPP ထိတွေ့တိုက်ပွဲဖြစ်

0
သျှမ်းပြည် ကျောက်မဲမြို့နယ်အတွင်း အွန်လိုင်းငွေလိမ် ကျားဖြန့်လုပ်ငန်းများကို လာရောက်ရှာဖွေသည့် စစ်ကော်မရှင်တပ်နှင့် ရှမ်းပြည်တိုးတက်ရေးပါတီ/ ရှမ်းပြည်တပ်မတော် (SSPP/SSA) ကြား ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့ကြောင်း စုံစမ်းသိရသည်။ ယနေ့ (မတ်လ ၁၀ ရက်) နံနက် ၁၁ နာရီကျော်တွင် ကျောက်မဲမြို့နယ် ပုံဝိုးကျေးရွာအုပ်စုအတွင်း အွန်လိုင်းငွေလိမ် ကျားဖြန့်လုပ်ငန်းများကို ရှာဖွေရန်...