Wednesday, January 28, 2026

သျှမ်းပြည်တပ်မတော် SSA နှစ် (၆၀) ပြည့်အခမ်းအနား AA ဒုစစ်ဦးစီးချုပ် တက်ရောက်ခဲ့

သျှမ်းပြည်တပ်မတော် SSA ထူထောင်ခြင်း နှစ် (၆၀)ပြည့် အခမ်းအနားကို SSPP/SSA ဌာနချုပ်တွင် ကျင်းပခဲ့ပြီး ရက္ခိုင့်တပ်တော် AA မှ ဒုစစ်ဦးစီးချုပ် ဒေါက်တာညိုထွန်းအောင် တက်ရောက်ခဲ့ကြောင်း စုံစမ်းသိရသည်။

ယနေ့ (ဧပြီလ ၂၄ ရက်)တွင် ကျရောက်သည့် သျှမ်းပြည်တပ်မတော် SSA ထူထောင်ခြင်း နှစ်(၆၀)ပြည့် အခမ်းအနားကို သျှမ်းပြည်တိုးတက်ရေးပါတီ/ သျှမ်းပြည်တပ်မတော် (SSPP/SSA) ဌာနချုပ်ဖြစ်သည့် ကျေးသီးမြို့နယ်၊ ဝမ်ဟိုင်းတွင် ကျင်းပခဲ့ရာ SSPP/SSA ဉက္ကဋ္ဌ ဗိုလ်ချုပ်ကြီး ပန်ဖ နှင့်အတူ ရက္ခိုင့်တပ်တော် AA မှ ဒုစစ်ဦးစီးချုပ် ဒေါက်တာညိုထွန်းအောင် တက်ရောက်ခဲ့သည်။

၎င်းအခမ်းအနားသို့ ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် (SNLD) နှင့် ပအိုဝ်းအမျိုးသား လွတ်မြောက်ရေးတပ်မတော် (PNLO/PNLA) တို့က သဝဏ်လွှာ ပေးပို့ခဲ့ပြီး ရက္ခိုင့်တပ်တော် (ULA/AA) မှ ဒုစစ်ဦးစီးချုပ် ဒေါက်တာညိုထွန်းအောင် က ဂုဏ်ပြုအမှာစကား ပြောကြားခဲ့ကြောင်း အခမ်းအနား တက်ရောက်သူများထံမှ သိရသည်။

“၂၀၂၁ အာဏာသိမ်းမှုနောက်ပိုင်း အပြောင်းအလဲ ရှိခဲ့သလို ၂၀၂၃ က “၁၀၂၇ စစ်ဆင်ရေး”ကာလ အပြီးမှာလည်း စစ်ရေး၊ နိုင်ငံရေး အပြောင်းအလဲတွေ အများကြီး ရှိခဲ့ပါတယ်။ ပြောင်းလဲလာတဲ့ နိုင်ငံရေး ရေစီးကြောင်းနဲ့အတူ ကိုယ့်လူမျိုး၊ ကိုယ့်ဒေသအတွက် အကျိုးဖြစ်ထွန်းတဲ့ အခြေအနေ အချိန်အခါ ပေါ်မှာ မူတည်ပြီး SSPP/SSA နဲ့ သျှမ်းပြည်သူလူထုအနေနဲ့ အဖွဲ့အစည်းရဲ့ ရည်မှန်းချက်တွေ ဒီထက်ပိုပြီးမှပဲ ပြည့်ဝနိုင်ပါစေ”ဟု ဒေါက်တာညိုထွန်းအောင်က ဂုဏ်ပြုအမှာစကားတွင် ပြောကြားသွားခဲ့သည်။

ထို့အပြင် ရခိုင်အမျိုးသားအဖွဲ့ချုပ် (ULA/AA) ၏ ဂုဏ်ထူးဆောင်တံဆိပ်ကို SSPP/SSA ဉက္ကဋ္ဌ ဗိုလ်ချုပ်ကြီး ပန်ဖ အား AA မှ ဒုစစ်ဦးစီးချုပ် ဒေါက်တာညိုထွန်းအောင် ကိုယ်တိုင် ပေးအပ်ချီးမြှင့်ခဲ့ကြောင်း အခမ်းအနား တက်ရောက်သူများက ပြောသည်။

SSPP/SSA ဌာနချုပ်တွင် ကျင်းပခဲ့သည့် သျှမ်းပြည်တပ်မတော် SSA ထူထောင်ခြင်း နှစ်(၆၀)ပြည့် အခမ်းအနားတွင် SSPP/SSA နာယက ဗိုလ်ချုပ်ကြီး ဆေထင် က အဖွင့်အမှာစကား ပြောကြားခဲ့ပြီး ဗိုလ်မှူးစိုင်းဖုန်းဟန်က သျှမ်းပြည်တပ်မတော် SSA ဖြတ်သန်းလာခဲ့သည့် သမိုင်းဖြစ်စဉ်များကို ဖတ်ကြားခဲ့သည်။

SSPP/SSA တပ်ဖွဲ့အနေဖြင့် နယ်ချဲ့စနစ်၊ အာဏာရှင်စနစ်နှင့် အရင်းရှင်စနစ်တို့ကို တိုက်ဖျက်ပြီး မဟာလူမျိုးကြီးဝါဒနှင့် ကျဉ်းမြောင်းသော ကိုယ့်လူမျိုးရေးဝါဒတို့ကိုလည်း ဆန့်ကျင်ကာ ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်ရေးကို ဆက်လက်လျှောက်လှမ်းသွားမည်ဖြစ်ကြောင်း အခမ်းအနားတွင် ဗိုလ်မှူးစိုင်းဖုန်းဟန်က ပြောဆိုသွားခဲ့သည်။

၁၉၅၈ ခုနှစ် မေလ ၂၁ ရက်မှ စတင်ခဲ့သည့် သျှမ်းလက်နက်ကိုင် တော်လှန်ရေးလမ်းစဉ်တွင် တကွဲတပြား ဖြစ်နေသည့် သျှမ်းတပ်များကို ၁၉၆၄ ခုနှစ် ဧပြီလ ၂၄ ရက်တွင် စုစည်း၍ မြန်မာနိုင်ငံ၏ ပထမဆုံးသမ္မတဖြစ်သူ ညောင်ရွှေစော်ဘွား စဝ်ရွှေသိုက်၏ မဟာဒေဝီ စဝ်နန်းဟိန်းခမ်းအား နာယကအဖြစ် တင်မြောက်ပြီး သျှမ်းပြည်တပ်မတော် (Shan State Army – SSA) ဟူ၍ တည်ထောင်ခဲ့ခြင်း ဖြစ်သည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

ကျောက်မဲမြို့နယ် SSPP နှင့် TNLA စစ်ရေးတင်းမာ၊ တိုက်ပွဲဖြစ်မည်ကို ဒေသခံစိုးရိမ်

0
သျှမ်းပြည် ကျောက်မဲမြို့နယ်တွင် ရှမ်းပြည်တိုးတက်ရေးပါတီ/ ရှမ်းပြည်တပ်မတော် (SSPP/SSA) နှင့် တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA တို့ မြေပြင် စစ်ရေးတင်းမာနေကြောင်း စုံစမ်းသိရသည်။ ဇန်နဝါရီလ ၁၇ ရက်မှ ညနေပိုင်းမှ စတင်ပြီး ကျောက်မဲမြို့နယ်အတွင်း တော့ဆန်ကျေးရွာအုပ်စုရှိ SSPP တပ်စခန်း အနီးသို့ TNLA ဘက်မှ...
TangYan_Polling Station

တန့်ယန်း၊ မိုင်းရယ်တွင် မဲရလဒ်ကွာဟမှု မတိမ်းမယိမ်းဖြစ်ပါက မဲပေးသူစာရင်း ပြန်စိစစ်မည်ဟု ခြိမ်းခြောက်

0
သျှမ်းပြည် တန့်ယန်းနှင့် မိုင်းရယ်မြို့နယ်တွင် မဲရလဒ်ကွာဟမှု မတိမ်းမယိမ်းဖြစ်ပါက မဲပေးသူစာရင်း ပြန်လည်စိစစ်မည်ဟု စစ်ကော်မရှင်ခန့် အုပ်ချုပ်ရေးမှူးများ ခြိမ်းခြောက်ပြောဆိုခဲ့ကြောင်း စုံစမ်းသိရသည်။ ယနေ့ (ဇန်နဝါရီလ ၁၁ ရက်) တွင် စစ်ကော်မရှင် ကျင်းပနေသည့် ရွေးကောက်ပွဲ ဒုတိယပိုင်းတွင် သျှမ်းပြည်မြောက်ပိုင်းမှ တန့်ယန်းမြို့နယ်နှင့် မိုင်းရယ်မြို့နယ်တို့ ပါဝင်သည်။ ထိုသို့ ပြည်သူများ...
SAC Arrested 3 SSPP in Namlan

သီပေါ ကျားဖြန့်ကိစ္စ တရုတ်နိုင်ငံသား ၅ ဦးနှင့် SSPP တပ်ဖွဲ့ဝင် ၃ ဦးကို ဖမ်းဆီးဟု စစ်ကော်မရှင်ထုတ်ပြန်

0
သျှမ်းပြည် သီပေါမြို့နယ် နမ့်လန်မြို့အနီးတွင် အွန်လိုင်းငွေလိမ် ကျားဖြန့်လုပ်ကိုင်နေသည့် တရုတ်နိုင်ငံသား (၅) ဦးနှင့်အတူ SSPP တပ်ဖွဲ့ဝင် ၃ ဦးတို့ကို လက်နက်နှင့်အကွ ဖမ်းဆီးရမိခဲ့ကြောင်း စစ်ကော်မရှင်ဘက်မှ သတင်းထုတ်ပြန်သည်။ ယမန်နေ့ (ဒီဇင်ဘာလ ၁၇ ရက်) နံနက်ပိုင်း ၉ နာရီကျော်တွင် သီပေါမြို့နယ် နမ့်လန်မြို့အထွက်...

SSPP/SSA ထိန်းချုပ်နယ်မြေ KTV ပိတ်ရန် ညွှန်ကြားသော်လည်း ဆက်လက်ဖွင့်နေဆဲ

0
ရှမ်းပြည်တိုးတက်ရေးပါတီ/ ရှမ်းပြည်တပ်မတော်(SSPP/SSA) ထိန်းချုပ်နယ်မြေအတွင်းရှိ ကေတီဗွီ KTV ဆိုင်များကို ဒီဇင်ဘာလဆန်းပိုင်းမှ စတင်ပြီး ပိတ်သိမ်းရန် အမိန့်စာ ထုတ်ပြန်ခဲ့သော်လည်း ဆက်လက်ဖွင့်လှစ်နေကြောင်း သတင်းရရှိသည်။ SSPP/SSA တပ်ဖွဲ့သည် ပြီးခဲ့သည့် နိုဝင်ဘာ (၂၆)ရက်တွင် ၎င်းတို့ထိန်းချုပ်သည့် နယ်မြေအတွင်း လူမှုစာရိတ္တပျက်ပြားခြင်း၊ မူးယစ်ဆေးဝါး သုံးစွဲခြင်း၊ အလုပ်အကိုင် ပျက်ခြင်း...

ကျောက်မဲမြို့နယ် SSPP တပ်စခန်းအနီး စစ်ကော်မရှင်တပ် ထိုးစစ်ဆင်၊ တိုက်ပွဲပြင်းထန်

0
သျှမ်းပြည် ကျောက်မဲမြို့နယ် ပုံဝိုးကျေးရွာအုပ်စုအနီးရှိ ရှမ်းပြည်တိုးတက်ရေးပါတီ/ ရှမ်းပြည်တပ်မတော် (SSPP/SSA) တပ်စခန်းအနီး စစ်ကော်မရှင်တပ် မြေပြင် ထိုးစစ်ဆင်ခဲ့ခြင်းကြောင့် နှစ်ဘက်ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့ကြောင်း စုံစမ်းသိရသည်။