Sunday, December 8, 2024

တောင်ကြီး-အေးသာယာ အဆင်းလမ်း တွဲကားမှောက် ၄ ဦးသေ ၈ ဦး ဒဏ်ရာပြင်းထန်

Must read

သျှမ်းပြည် တောင်ကြီးမြို့နယ် တောင်ကြီး-အေးသာယာလမ်းတွင် ယာဉ်တိမ်းမှောက်မှု ဖြစ်ပွားခဲ့ပြီး ၄ဦးသေဆုံးခဲ့ပြီး ၈ဦး ဒဏ်ရာပြင်းထန်းကြောင်း သိရသည်။

သျှမ်းပြည်‌ တောင်ကြီးမြို့နယ် တောင်ကြီး-‌အေးသားယာ အဆင်းလမ်း ယမန်နေ့ (ဧပြီလ ၇ ရက် )ညနေ ၆ နာရီ ဝန်းကျင် တွင် တွဲကား ၂၂ဘီး တစ်စီး ဘရိတ်ပေါက်ကာ အတက်လမ်းသို့ ထိုးကျ တိမ်းမှောက်သွား၍ အိမ်စီးကား နှင့် တိုက်မိပြီး အမျိုသားတစ်ဦးနှင့် အမျိုးသမီး ၃ ဦးသေဆုံးခဲ့ပြီး ၈ ဦး ဒဏ်ရာ အပြင်းအထန်ရရှိခဲ့ကြောင်း မြို့နယ်မီးသတ်တပ်ဖွဲ့ဝင် တစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

“သေတာ ၄ ယောက် အကုန် လုံးဆိုရင် ၁၂ ယောက်ပေါ့။သူက တွဲကားက ပ အဆင်းလမ်းကို မတွေ့နိုင်ပဲ ပရိတ်ပေါက်ပြီး အတက်လမ်းဖက်ကို ထိုးဆင်းသွားတာ။ကားအငယ် တစ်စီးကို ဖိမိပြီး နှစ်စီးကိုတော့ ချိတ်သွားတာ။တွဲကားကလည်း ကျောက်မီးသွေးတင်တာပေါ့။”ဟု မြို့နယ်မီးသတ်တပ်ဖွဲ့ဝင် တစ်ဦးက ပြောသည်။

ယာဉ်တိမ်းမှောက်ပြီး ယာဉ်တိုက်မှုကြောင့် ထိခိုက်ဒဏ်ရာရရှိသူ အမျိုးသား ၄ ဦး နှင့် အမျိုးသမီး ၄ ဦး ဒဏ်ရာရရှိခဲ့ကြောင်း ၎င်းက ဆင်ပြောသည်။

ထို အခင်းဖြစ်ပွားရာနေရာရှိ သေဆုံးသူများနှင့် ဒဏ်ရာရရှိသူများကို ‌တောင်ကြီး စစ်စံထွန်းပြည်သူ့ ဆေးရုံသို့ ပို့ဆောင်ခဲ့ကြောင်း သိရသည်။

တောင်ကြီးမြို့နယ်တွင် ကုန်တင်ကားများကို မနက် ၅ နာရီမှ ည ၇ နာရီ အချိန်အတွင်းသာ ဖြတ်သန်းသွားလာခွင့်ရှိကြောင်း သိရသည်။

Leave a Comments

- Advertisement -spot_img

Latest article