စစ်ကောင်စီက လူအဝင်အထွက် ထိန်းချုပ်နိုင်ရန် UID (စမတ်ကတ်)ပါမှ နယ်စပ်ပေးဖြတ်မည်

နယ်စပ်ဖြတ်သန်းသွားလာမှုကို လူအဝင်အထွက် ထိန်းချုပ်နိုင်ရန် UID ခေါ် စမတ်ကတ် ပါရှိမှသာ ဖြတ်သန်းခွင့်ပြုမည်ဖြစ်ကြောင်း အာဏာသိမ်း စစ်ကောင်စီက ဧပြီလ ၄ ရက်တွင် ထုတ်ပြန်လိုက်သည်။

လာမည့် မေလ ၁ ရက် မှစတင်ပြီး နယ်စပ်ဖြတ်သန်းသွားလာမှုကို လူဦးရေစာရင်း ထိန်းချုပ်နိုင်ရေးအတွက် စစ်ကောင်စီ လူဝင်မှုကြီးကြပ်ရေး လဝကမှ UID ခေါ် စမတ်ကတ် ပါရှိမှသာ နယ်စပ်ဖြတ်သန်းခွင့်လက်မှတ် (TBP/BP) များ ထုတ်ပေးမည်ဟု ထုတ်ပြန်ကြေညာလာခြင်းဖြစ်သည်။

မြန်မာနိုင်ငံသားများ အနေဖြင့် တရုတ်၊ အိန္ဒိယနှင့် ထိုင်းနိုင်ငံသို့ နယ်စပ်ဂိတ်များမှ ဝင်ထွက်သွားလာရာတွင် ယခင်က ယာယီနယ်စပ်ဖြတ်သန်းခွင့် (TBP/BP) လက်မှတ်များဖြင့် ခွင့်ပြုခဲ့သည်။

စစ်ကောင်စီ၏ ယခုထုတ်ပြန်ချက်အရ တစ်ဘက်နိုင်ငံသို့ သွားရောက်လိုသူများအနေဖြင့် ယာယီနယ်စပ်ဖြတ်သန်းခွင့် (TBP/BP) လက်မှတ်များ လျှောက်ထားရာတွင် မိမိမှတ်ပုံတင် မူရင်းနဲ့အတူ UID ခေါ် စမတ်ကတ် စာရွက်ပါ တစ်ပါတည်း ယူဆောင်သွားရမည်ဖြစ်သည်။

အလားတူ နိုင်ငံကူးလက်မှတ် ပက်စ်ပို့ ပြုလုပ်ရာတွင်လည်း UID ခေါ် စမတ်ကတ် စာရွက်ပါရှိမှသာ ပြုလုပ်ပေးတော့ကြောင်း ပက်စ်ပို့ သွားရောက်ပြုလုပ်သူများထံမှ သိရသည်။

စစ်ကောင်စီလက်အောက်ခံ လူဝင်မှုကြီးကြပ်ရေး လဝက မှ လက်ရှိပြုလုပ်ပေးနေသည့် UID (Unique Identity Number) ခေါ် စမတ်ကတ် သည် နိုင်ငံအတွင်း နေထိုင်သည့် အသက် (၁၀)နှစ်အထက် ရှိသူများကို အီလက်ထရောနစ် စနစ်ဖြင့် ဇီဝအချက်အလက် အပါအဝင် ကိုယ်ရေးအချက်အလက်များကို ကောက်ယူမှတ်ပုံတင်ပြီး ဂဏန်း (၁၀)လုံး ပါရှိသည်။

လက်ရှိတွင် လားရှိုးမြို့နယ်ရှိ ဒေသခံပြည်သူများကို စစ်ကောင်စီ လဝက ဝန်ထမ်းများမှ ရပ်ကွက်အလိုက် UID ခေါ် စမတ်ကတ်များကို ကွင်းဆင်းဆောင်ရွက်ပေးနေပြီး တာချီလိတ်မြို့တွင်လည်း လေဆိပ်၌ ခရီးသွားမည့်သူများကို မှတ်ပုံတင်မိတ္တူများ တောင်းယူ၍ စမတ်ကတ် မလုပ်ရသေးသူများကို တစ်ခါတည်း လုပ်ဆောင်ပေးနေကြောင်း ဒေသခံများက ပြောဆိုသည်။

စစ်ကောင်စီတပ်က ဖေဖော်ဝါရီလတွင် ပြည်သူ့စစ်မှုထမ်းဥပဒေကို ပြဋ္ဌာန်းလိုက်ပြီးနောက် နိုင်ငံအတွင်း ခရီးသွားလာမှုနှင့် ပြည်ပထွက်ခွာလိုသူတို့ကို စစ်ဆေးမှု ပိုမိုတင်းကျပ်လာပြီး မှတ်ပုံတင်အပြင် UID ခေါ် စမတ်ကတ် ယူဆောင်ရန် စသည့် ကန့်သတ်ချက်အသစ်များဖြင့် လုပ်ဆောင်လာကြောင်း ခရီးသည် ပို့ဆောင်ရေးယာဉ်လိုင်းများထံမှ သိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

တာချီလိတ်-မယ်ဆိုင် တံတားဖြတ်ခ သတ်မှတ်နှုန်းထက်ပိုကောက်နေ

0
သျှမ်းပြည်အရှေ့ပိုင်း တာချီလိတ်မြို့နှင့် ထိုင်းနိုင်ငံ မယ်ဆိုင်မြို့ကို ဆက်သွယ်ထားသည့် ချစ်ကြည်ရေးအမှတ် (၁) တံတားတွင် မြန်မာနိုင်ငံသားများ ထိုင်းနိုင်ငံဘက်သို့ ဖြတ်သန်းရာ၌ သတ်မှတ်ထားသည့် အခကြေးငွေထက် စစ်ကော်မရှင် လက်အောက်ခံ လူဝင်မှုကြီးကြပ်ရေးအဖွဲ့ (လဝက) က ပိုပေးဆောင်နေရကြောင်း စုံစမ်းသိရသည်။​ လုပ်ထုံးလုပ်နည်းအရ တံတားဖြတ်သန်းမည့် မြန်မာနိုင်ငံသားများအနေဖြင့် UID စမတ်ကတ်၊...

“အကျပ်အတည်း နှင့် ဖြစ်နိုင်ချေကြားမှ မြန်မာ့ အသွင်းကူးပြောင်းရေးအတွက် အသံ”

0
“အကျပ်အတည်းကြား နှင့် ဖြစ်နိုင်ချေကြားမှ မြန်မာ့ အသွင်းကူးပြောင်းရေးအတွက် အသံ” ဆိုသည့် ခေါင်းစဉ်ကို ဉီးတည်ကာ အဓိကထားဆွေးနွေးသွားမည့် (၅)ကြိမ်းမြောက် မြန်မာ့အရေး နိုင်ငံတကာ လေ့လာရေး ညီလာခံ (International Conference on Burma/Myanmar Studies) ကို ယနေ့ (သြဂုတ် ၁၄ရက်မှ...

“တံလျှပ်” ဖြစ်နေသော အာဏာသိမ်းစစ်တပ်၏ ထင်ယောင်ထင်မှား အရှိန်အဟုန် သို့မဟုတ်စစ်တပ်၏ အထင်မှား “အောင်ပွဲများ”

0
မြန်မာစစ်တပ်သည် ဖလမ်း၊ လားရှိုး၊ မြဝတီ၊ ကျောက်မဲနှင့် တကောင်း ကဲ့သို့သော အဓိကဗဟိုချက်များအပါအဝင် အနည်းဆုံး မဟာဗျူဟာမြောက်နယ်မြေ ၂၀ ကို ပြန်လည်ထိန်းချုပ်နိုင်ခဲ့ကြောင်း ဇွန်လနှောင်းပိုင်းတွင် သံလွင်တိုင်းမ် (ThanLwin Times) သတင်းဌာနက ဖော်ပြခဲ့သည်။ သို့သော် ဘားမားနယူးစ်အင်တာနေရှင်နယ် (BNI) နှင့် မြန်မာ့ငြိမ်းချမ်းရေးစောင့်ကြည့်မှုအဖွဲ့ (MPM)...

“ဝမ်းရေးအိပ်မက်ကြား အသက်ပါရင်းလိုက်ရသည့် ၁၆ နှစ်သမီးလေး”

0
“သမီး အခန်းထဲကနေ ထွက်လာတော့ သူ (သူငယ်ချင်း)က စားပွဲခုံပေါ်မှာ မှောက်ပြီး လဲနေတာ တွေ့တယ်။ သူ့ရဲ့ မျက်နှာတွေမှာရော လက်တွေမှာရော ဒဏ်ရာတွေ အများကြီး တွေ့ရတယ်။ သမီး သူ့ကို သွားနိုးသေးတယ်။ သူက မထလာတော့ဘူး” သျှမ်းပြည် တောင်ကြီးမြို့ ဗိုလ်ချုပ်အောင်ဆန်းလမ်းပေါ်ရှိ Peter ဘားဆိုင်တွင်...

စစ်ကော်မရှင် တရုတ်ကုန်စည်စီးဆင်းမှု တားမြစ်ပိတ်ပင်မှု တင်းကြပ်လာ

0
သျှမ်းပြည်မြောက်ပိုင်းသည် တရုတ်ကုန်စည်ကိုသာ အဓိက အားကိုးနေရချိန်တွင် စစ်ကော်မရှင်က ရက် ၁၀၀ စီမံကိန်းအနေဖြင့် ၎င်းကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်တင်းကြပ်လာသည်။ ထိုကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်မှု တင်းကြပ်လာသဖြင့် ပြည်တွင်းကုန်တင်ယာဉ်များလည်း အလုပ်ရပ်နားထားရပြီး ပြည်သူများလည်း ကုန်စည်စျေးနှုန်းများ ထပ်မံမြင့်တက်လာမှုကို ရင်ဆိုင်နေရကြောင်း သျှမ်းမြောက်ပြည်သူများထံမှ စုံစမ်းသိရှိရသည်။ ပြီးခဲ့သည့် ရက်ပိုင်အတွင်းမှ စတင်ကာ စစ်ကော်မရှင်သည် လားရှိုးမြို့သို့...