စစ်မှုထမ်းဆင့်ခေါ်ခြင်းကို ဆန့်ကျင်ကြောင်း တန့်ယန်းတောင်သူလယ်သမား ထုတ်ပြန်

သျှမ်းပြည် တန့်ယန်းမြို့နယ်မှ တောင်သူလယ်သမားများ ကွန်ယက်က ဦးဆောင်ပြီး စစ်ကောင်စီ၏ စစ်မှုထမ်းဆင့်ခေါ်ခြင်းကို ဆန့်ကျင်ကြောင်း ထုတ်ပြန်လိုက်သည်။

ယမန်နေ့ (ဧပြီလ ၁ ရက်)တွင် တန့်ယန်းမြို့နယ် တောင်သူလယ်သမားများကွန်ယက်က ဦးဆောင်ပြီး အရပ်ဘက်အဖွဲ့များ၊ ‌ဒေသခံလူငယ်နှင့် မိဘပြည်သူများက စစ်ကောင်စီ၏ ပြည်သူ့စစ်မှုထမ်း ဆင့်ခေါ်ရေး မြို့နယ်အဖွဲ့မှ စစ်မှုထမ်းရမည့် အသက်အရွယ်ရောက်သူများ၏ စာရင်းထုတ်ပြန် ဆင့်ခေါ်နေမှုအပေါ် ဆန့်ကျင်ကန့်ကွက်ကြောင်း ထုတ်ပြန်လာသည်။

“အခုလို တိုင်းပြည်ရှုပ်ထွေးနေတဲ့အချိန်မှာ စစ်မှုထမ်းဖို့ ကောက်တာက နိုင်ငံခြားတိုင်းပြည်နဲ့ စစ်ဖြစ်နေတဲ့အချိန်လည်း မဟုတ်ဘူး။ ဒီဟာက ကိုယ့်အချင်းချင်း ပြန်တိုက်ဖို့ပဲ ဖြစ်နေတာလေ၊ ဒီလိုလုပ်တာက လုံးဝ မသင့်လျော်ဘူး။ ဘယ်သူမဆို ဘယ်လူမျိုးမဆို မလုပ်ချင်ဘူး၊ ဒါကြောင့်မလို့ ဆန့်ကျင်ကန့်ကွက်ရခြင်း ဖြစ်ပါတယ်”ဟု ထုတ်ပြန်ချက်တွင် ပါဝင်ခဲ့သည့် တန့်ယန်းဒေသခံ အမျိုးသားတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

လက်ရှိအချိန်ကာလတွင် ပြည်သူ့စစ်မှုထမ်းရန် ဆင့်ခေါ်နေခြင်းသည် ပြည်သူများအား အကြပ်အတည်း ပိုမိုကြုံတွေ့စေနိုင်သည့်အပြင် လူငယ်များကို နေရပ်စွန့်ခွာရန် တွန်းအားပေးသလို ဖြစ်နေကြောင်း ဆိုထားသည်။

ထို့အပြင် စစ်မှုထမ်းရမည့် နာမည်စာရင်းသည် ပွင့်လင်းမြင်သာမှုနှင့် အဂတိကင်းရှင်းမှု ရှိမရှိ မေးခွန်းထုတ်စရာဖြစ်နေပြီး ပြည်သူအချင်းချင်းကြား အငြင်းပွားမှု၊ စိတ်ဝမ်းကွဲမှုများလည်း ဖြစ်ပေါ်လာစေနိုင်ကြောင်း ထုတ်ပြန်ချက်တွင် ရေးသားထားသည်။

“စစ်ကောင်စီက အဘက်ဘက်ကနေ တိုက်ခိုက်ခံနေရတော့ သူတို့ အင်အားနည်းလာတာပေါ့။ ဒါကြောင့် သူ့ဒေသမှာရှိတဲ့လူနဲ့ အချင်းချင်း ပြန်တိုက်အောင် လုပ်နေတာ၊ ကိုယ့်နိုင်ငံထဲက လူအချင်းချင်းကို ပြန်တိုက်ခိုင်းနေတာ၊ ငါးကြင်းဆီနဲ့ ငါးကြင်းပြန်ကြော်သလိုပေါ့။ ဒီဟာရဲ့ နောက်ကွယ်မှာ လာဘ်ပေးလာဘ်ယူမှုနဲ့ အကျင့်ပျက်ခြစားမှုတွေလည်း ရှိလာတယ်”ဟု တန့်ယန်းမြို့နယ်မှ ၎င်းဒေသခံ အမျိုးသားက သျှမ်းသံတော်ဆင့်ကို ဆက်ပြောသည်။

စစ်ကောင်စီက ပြည်သူ့စစ်မှုထမ်းဥပဒေ ပြဋ္ဌာန်း၍ အကောင်အထည်ဖော်နေခြင်းသည် သင့်လျော်သည့် အချိန်ကာလ မဟုတ်ဘဲ စစ်မှုထမ်းရန် ဆင့်ခေါ်ခံရသူနှင့် ၎င်းမိသားစု ဘေးကင်းလုံခြုံရေးအတွက်လည်း စိုးရိမ်ရသည့်အပြင် တိုင်းရင်းသား အချင်းချင်းကြား စိတ်ဝမ်းကွဲစေနိုင်ခြင်းကြောင့် စစ်မှုထမ်းဆင့်ခေါ်နေခြင်းကို ပြန်လည်သုံးသပ်ရန် သို့မဟုတ် ရပ်ဆိုင်းရန်၊ ဆိုင်းငံ့ပေးရန် သဘောထားထုတ်ပြန်ကြောင်း ကြေညာချက်တွင် ဖော်ပြထားသည်။

“ဒီလုပ်နည်းလုပ်ဟန်ကို ပြောင်းလဲစေချင်တယ်။ စစ်တပ် အာဏာသိမ်းကတည်းက ပြည်တွင်းစစ် ပြန်ဖြစ်လာတာ အခုထိ အချင်းချင်း တိုက်လို့ မပြီးနိုင်တော့ဘူး။ လက်ရှိဖြစ်နေတဲ့ နိုင်ငံရေး အကြပ်အတည်းကို တွေ့ဆုံဆွေးနွေးပြီး မဖြေရှင်းနိုင်သေးသမျှတော့ ဒီတိုင်းဆက်ဖြစ်နေရင် ပိုနစ်နာသွားဖို့ပဲ ရှိတယ်၊ တိုင်းပြည်ပြိုကွဲနိုင်တဲ့ အခြေအနေထိ ရောက်သွားနိုင်တယ်”ဟု တန့်ယန်းမြို့မှ အသက်(၅၀)ကျော်အရွယ် အမျိုးသားတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

ပြီးခဲ့သည့် မတ်လ ၁၄ ရက်နေ့က တန့်ယန်းမြို့နယ် ပြည်သူ့စစ်မှုထမ်း ဆင့်ခေါ်ရေးအဖွဲ့သည် ရပ်ကွက်နှင့် ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများကို တန့်ယန်းမြို့တော်ခန်းမတွင် စစ်မှုထမ်းစာရင်း ကောက်ယူရန် အစည်းအဝေး ခေါ်ယူခဲ့ပြီး စစ်မှုထမ်းရမည့် အသက်အရွယ်‌ ရောက်သူများ၏ စာရင်းကို မတ်လ ၁၈ ရက်နေ့ အရောက်ပို့ပေးရန် ညွှန်ကြားခဲ့ကြောင်း သိရသည်။

၎င်းနောက်တွင် တန့်ယန်းမြို့နယ် ပြည်သူ့စစ်မှုထမ်း ဆင့်ခေါ်ရေးအဖွဲ့သည် စစ်မှုထမ်းရမည့်သူများစာရင်းကို ထုတ်ပြန်၍ အုပ်ချုပ်ရေးမှူးများကို လက်မှတ်ထိုးခိုင်းကာ မတ်လ ၂၁ ရက်တွင် ၎င်းနာမည်စာရင်းအတိုင်း ရပ်ကွက်နှင့် ကျေးရွာအုပ်စုများထံ ပေးပို့ဆင့်ခေါ်နေကြောင်း တန့်ယန်းဒေသခံများက ပြောသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

ပုံးအင်း ဒေသခံများ ဝင်ငွေ ပုံမှန်မရှိချိန် စစ်တပ်နှင့် PNO ခေါင်းစဉ်မျိုးစုံ လစဉ်ကြေးတောင်း

0
စပါးစိုက်ပျိုးမှုကို အားထားရသည့် သျှမ်းပြည်တောင်ပိုင်း ပုံးအင်းဒေသတွင် သဘာဝဘေးဒဏ်ကြောင့် စပါးစိုက်ပျိုးမှုနှုန်း တနှစ်ထက် တနှစ် ကျဆင်းလာပြီး ဝင်ငွပုံမှန်မရှိသည့်ကြား စစ်တပ်နှင့် ပအိုဝ်းပြည်သူ့စစ် (PNO)က ခေါင်းစဉ်မျိုးစုံဖြင့် လစဉ်ကြေး တောင်းခံနေကြောင်း သတင်းရရှိသည်။ ပုံးအင်းဒေသေသည် စပါးစိုက်ပျိုးမှုကိုသာ အဓိက အသက်မွေးဝမ်းကြောင်းပြုနေသော်လည်း သဘာဝဘေးဒဏ်၊ ကုန်စျေးနှုန်းဒဏ်ကြောင့် မြေသြဇာများ စျေးမြှင့်တက်လာခြင်းနှင့်...

“တံလျှပ်” ဖြစ်နေသော အာဏာသိမ်းစစ်တပ်၏ ထင်ယောင်ထင်မှား အရှိန်အဟုန် သို့မဟုတ်စစ်တပ်၏ အထင်မှား “အောင်ပွဲများ”

0
မြန်မာစစ်တပ်သည် ဖလမ်း၊ လားရှိုး၊ မြဝတီ၊ ကျောက်မဲနှင့် တကောင်း ကဲ့သို့သော အဓိကဗဟိုချက်များအပါအဝင် အနည်းဆုံး မဟာဗျူဟာမြောက်နယ်မြေ ၂၀ ကို ပြန်လည်ထိန်းချုပ်နိုင်ခဲ့ကြောင်း ဇွန်လနှောင်းပိုင်းတွင် သံလွင်တိုင်းမ် (ThanLwin Times) သတင်းဌာနက ဖော်ပြခဲ့သည်။ သို့သော် ဘားမားနယူးစ်အင်တာနေရှင်နယ် (BNI) နှင့် မြန်မာ့ငြိမ်းချမ်းရေးစောင့်ကြည့်မှုအဖွဲ့ (MPM)...

စစ်မှုထမ်းဥပဒေ ကြောင့် နမ့်စန်မြို့နယ် ဒေသခံများ အုပ်ချုပ်ရေးမှူး တာဝန်မထမ်းလို

0
စစ်ကော်မရှင်၏ စစ်မှုထမ်းဥပဒေနှင့် ဆပ်စပ်သည့် ဖိအားကြောင့် နမ့်စန်မြို့နယ်ဒေသခံများ အုပ်ချုပ်ရေးမှူး တာဝန်ယူမထမ်းလိုကြကြောင်း စုံစမ်းသိရသည်။ နမ့်စန်မြို့နယ်တွင် အုပ်ချုပ်ရေးမှူးများသည် စစ်မှုထမ်းဥပဒေနှင့် ပတ်သက်ပြီး ဒေသခံများကို အသိပေးခြင်း၊ စာရင်းကောက်ယူခြင်း၊ စစ်မှုထမ်းခေါ်ယူမှုတွင်လည်း လိုက်ပါကောက်ခံ ဆောင်ရွက်ရသည်။ ထို စစ်မှုထမ်းကိစ္စကြောင့် ဒေသခံများ၏ မကျေနပ်မှုကို ကြုံတွေ့ရသည့်အပြင်၊ လုံခြုံရေးအန္တရာယ်ကို ခြိမ်းခြောက်ခံလာရသည့်အတွက် စိုးရိမ်နေရကြောင်း...

“ဝမ်းရေးအိပ်မက်ကြား အသက်ပါရင်းလိုက်ရသည့် ၁၆ နှစ်သမီးလေး”

0
“သမီး အခန်းထဲကနေ ထွက်လာတော့ သူ (သူငယ်ချင်း)က စားပွဲခုံပေါ်မှာ မှောက်ပြီး လဲနေတာ တွေ့တယ်။ သူ့ရဲ့ မျက်နှာတွေမှာရော လက်တွေမှာရော ဒဏ်ရာတွေ အများကြီး တွေ့ရတယ်။ သမီး သူ့ကို သွားနိုးသေးတယ်။ သူက မထလာတော့ဘူး” သျှမ်းပြည် တောင်ကြီးမြို့ ဗိုလ်ချုပ်အောင်ဆန်းလမ်းပေါ်ရှိ Peter ဘားဆိုင်တွင်...

စစ်ကော်မရှင် တရုတ်ကုန်စည်စီးဆင်းမှု တားမြစ်ပိတ်ပင်မှု တင်းကြပ်လာ

0
သျှမ်းပြည်မြောက်ပိုင်းသည် တရုတ်ကုန်စည်ကိုသာ အဓိက အားကိုးနေရချိန်တွင် စစ်ကော်မရှင်က ရက် ၁၀၀ စီမံကိန်းအနေဖြင့် ၎င်းကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်တင်းကြပ်လာသည်။ ထိုကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်မှု တင်းကြပ်လာသဖြင့် ပြည်တွင်းကုန်တင်ယာဉ်များလည်း အလုပ်ရပ်နားထားရပြီး ပြည်သူများလည်း ကုန်စည်စျေးနှုန်းများ ထပ်မံမြင့်တက်လာမှုကို ရင်ဆိုင်နေရကြောင်း သျှမ်းမြောက်ပြည်သူများထံမှ စုံစမ်းသိရှိရသည်။ ပြီးခဲ့သည့် ရက်ပိုင်အတွင်းမှ စတင်ကာ စစ်ကော်မရှင်သည် လားရှိုးမြို့သို့...