နောင်ချို စစ်မှုထမ်း မဲပေါက် လူငယ်များ ပြင်ဦးလွင် စစ်သင်တန်းပို့

သျှမ်းပြည် နောင်ချိုမြို့နယ်တွင် စစ်မှုထမ်းရန် မဲစာရင်းပေါက်သည့် လူငယ်များကို ပြင်ဦးလွင်သို့ စစ်သင်တန်းတက်ရန် ပို့ဆောင်နေကြောင်း စုံစမ်းသိရသည်။

မတ်လ တတိယပတ်မှ စတင်ပြီး နောင်ချိုမြို့နယ်ရှိ ရပ်ကွက်နှင့် ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများထံ အထွေထွေအုပ်ချုပ်ရေးနှင့် လူဝင်မှုကြီးကြပ်ရေး လဝက တို့မှ စစ်မှုထမ်းရန် အသက်ပြည့်မီသည်ဟု ဆိုသော (၁၈)နှစ်အထက် လူငယ်စာရင်းများဖြင့် ဆင့်ခေါ်လာပြီး ၎င်းတို့အထဲမှ မဲပေါက်သူများကို စစ်သင်တန်းတက်ရန် ပြင်ဦးလွင်သို့ ပို့ဆောင်နေကြောင်း နောင်ချိုဒေသခံများက ပြောသည်။

“ကျေးရွာအုပ်စုတစ်ခုကို ၂၀ ယောက် အနည်းဆုံး ကောက်နေတယ်။ ရွာများတဲ့ အုပ်စုဆိုရင်တော့ ရွာလူဦးရေအတိုင်း တစ်ရွာကို ၅ ယောက် အဲ့လိုသွားရတာ။ ကျနော်တို့ဆီမှာ မဲနှိုက်လို့ ပေါက်တာနဲ့ တခါတည်း လူခေါ်သွားတာ။ စစ်မှုထမ်းရမယ့်လူဆိုရင် ပြီးခဲ့တဲ့ ၂ ရက် ၃ ရက်ကတည်းက မေမြို့မှာ စစ်သင်တန်းတက်ဖို့ သွားရပြီ၊ မသွားလို့ မရဘူးလေ”ဟု နောင်ချိုမြို့မှ အမည်မဖော်လိုသည့် ဒေသခံတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

လက်ရှိတွင် နောင်ချိုမြို့နယ်အတွင်းရှိ နားခေါ့၊ ကုန်းသာ၊ ဆမ္မဆယ်၊ အုမ္မခါး၊ ဘန့်ဘွေး စသည့် ကျေးရွာအုပ်စုများမှ အသက်(၁၈)နှစ်မှ (၃၅)နှစ်အတွင်းရှိ စစ်မှုထမ်းရန် မဲပေါက်သူများအား ပြင်ဦးလွင်မြို့ရှိ စစ်တက္ကသိုလ်တွင် နည်းပြများကိုယ်တိုင် သင်ကြားပေးမည်ဟုဆိုကာ ပို့ဆောင်နေကြောင်း နောင်ချိုဒေသခံများက ပြောသည်။

“စစ်တက္ကသိုလ်မှာပဲ နည်းပြတွေနဲ့ သင်တန်းဖွင့်ထားတယ်လို့ ပြောတယ်။ ဘယ်နှရက် တက်ရမှာလဲ မပြောဘူး။ နောင်ချိုက ပြင်ဦးလွင်တပ်နယ်ထဲပါလို့ အဲ့မှာသွားတက်ရတာလို့ ပြောတာ။ ၂၀ ရက်နေ့ နောက်ပိုင်းက စစ်မှုထမ်းဖို့ စကောက်နေတော့ အခု ရွာဘက်ကလူတွေ တအားကြောက်နေကြပြီ။ တခြားရွာတွေကတော့ လူရဖို့ အတင်းကောက်ခိုင်းနေတယ်”ဟု နောင်ချိုမြို့မှ ၎င်းဒေသခံအမျိုးသားက သျှမ်းသံတော်ဆင့်ကို ဆက်ပြောသည်။

စစ်ကောင်စီက စစ်မှုထမ်းရန် ဆင့်ခေါ်ခြင်းနှင့် လူသစ်စုဆောင်းမှုကို သင်္ကြန်ကာလ ရုံးပိတ်ရက်အပြီး ဧပြီလအတွင်း စတင်မည်ဟု စစ်ကောင်စီ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောဆိုထားသည်။

သို့သော် စစ်တက္ကသိုလ်ရှိရာ ပြင်ဦးလွင်မြို့နှင့် ၃၅ မိုင်ခန့်သာ ကွာဝေးသည့် နောင်ချိုမြို့နယ်မှ စစ်မှုထမ်း မဲပေါက်သူများသည် သင်္ကြန်မတိုင်မီ စစ်သင်တန်းတက်ရောက်ရန် စတင်သွားရောက်နေရခြင်းကြောင့် စိုးရိမ်ပူပန်မှုရှိနေကြောင်း နောင်ချိုဒေသခံများက ပြောသည်။

“ရေရှည်ဆိုရင်တော့ ရွာပျက်ဖြစ်တော့မှာ။ တချို့လည်း ထွက်ပြေးကြတာ ဘယ်လိုမှ ပြောလို့မရတော့ဘူး။ သုံးဆယ်ရွာလို အိမ်ခြေ ၆၀၀ ကျော်ရှိတာတောင်မှ ရွာလုံးကျွတ် ထွက်ပြေးရတာမျိုးကျတော့ ဘယ်လိုမှ လူကောက်ပေးလို့ မရတော့ဘူး။ လူစားထိုးလို့လည်း မရဘူးလေ။ အဲ့လိုဆိုတော့ မိဘမောင်နှမတွေလည်း စိတ်ပူရတယ်”ဟု နောင်ချိုမြို့နယ်မှ ဒေသခံအမျိုးသားတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

နောင်ချိုမြို့နယ်တွင် လက်ရှိအချိန်ထိ ညီနောင်မဟာမိတ်၊ PDF ပူးပေါင်းတပ်ဖွဲ့များနှင့် စစ်ကောင်စီတပ်တို့ စစ်ရေးတင်းမာနေလျက် ရှိပြီး အုမ္မသီးကျေးရွာ လမ်းခွဲတွင် တပ်စွဲထားသည့် စစ်ကောင်စီတပ်မှ ဟိုခို၊ သုံးဆယ်နှင့် ဆမ္မဆယ် ကျေးရွာများဘက်သို့ နေ့စဉ်နီးပါး လက်နက်ကြီး ပစ်ခတ်နေခြင်းကြောင့် ရွာသားများမှာ ထွက်ပြေးတိမ်းရှောင်နေရကြောင်း သိရသည်။

ထို့အပြင် နောင်ချိုစစ်ကောင်စီတပ်ကလည်း စစ်မှုထမ်းရန် အသက်(၁၈)နှစ်မှ (၃၅)နှစ်အတွင်းရှိ အမျိုးသားများကို အတင်းအကျပ် စုဆောင်းလာခြင်းကြောင့် စစ်ဘေးရှောင်များနှင့် ဒေသခံပြည်သူများမှာ ထပ်မံထွက်ပြေးနေရကြောင်း နောင်ချိုဒေသခံများက ပြောသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

တောင်ကြီး ရပ်ကွက်အချို့ စစ်တပ်က ဧည့်စာရင်းလိုက်လံစစ်ဆေး အသက်ပြည့်သူများကို စစ်မှုထမ်းရန် စာရင်းသွင်း

0
သျှမ်းပြည်တောင်ပိုင်း၊ တောင်ကြီးမြို့ ရပ်ကွက်အချို့တွင် စစ်တပ်က ဧည့်စာရင်းလိုက်လံ စစ်ဆေးပြီး အသက်ပြည့်သည့် လူငယ်အမျိုးသားများကို စစ်မှုထမ်းရန် စာရင်းသွင်းထားကြောင်း သတင်းရရှိသည်။ စစ်ကော်မရှင်တပ်သည် တောင်ကြီးမြို့အတွင်း စစ်ဘေးလာရှောင်သူများကိုလည်း တစ်လတစ်ကြိမ် ပုံမှန် ဧည့်စာရင်းတိုင်ခိုင်းနေပြီး ရပ်ကွက်အတွင်း စစ်မှုထမ်းရန်လူလိုလျှင် အသက်ပြည့်ပြီးသည့် လူငယ် စစ်ဘေးရှောင်များကိုလည်း စစ်မှုထမ်းရန် စာရင်းသွင်းခိုင်းထားကြောင်း ဒေသခံများက...

“အကျပ်အတည်း နှင့် ဖြစ်နိုင်ချေကြားမှ မြန်မာ့ အသွင်းကူးပြောင်းရေးအတွက် အသံ”

0
“အကျပ်အတည်းကြား နှင့် ဖြစ်နိုင်ချေကြားမှ မြန်မာ့ အသွင်းကူးပြောင်းရေးအတွက် အသံ” ဆိုသည့် ခေါင်းစဉ်ကို ဉီးတည်ကာ အဓိကထားဆွေးနွေးသွားမည့် (၅)ကြိမ်းမြောက် မြန်မာ့အရေး နိုင်ငံတကာ လေ့လာရေး ညီလာခံ (International Conference on Burma/Myanmar Studies) ကို ယနေ့ (သြဂုတ် ၁၄ရက်မှ...

ပုံးအင်း ဒေသခံများ ဝင်ငွေ ပုံမှန်မရှိချိန် စစ်တပ်နှင့် PNO ခေါင်းစဉ်မျိုးစုံ လစဉ်ကြေးတောင်း

0
စပါးစိုက်ပျိုးမှုကို အားထားရသည့် သျှမ်းပြည်တောင်ပိုင်း ပုံးအင်းဒေသတွင် သဘာဝဘေးဒဏ်ကြောင့် စပါးစိုက်ပျိုးမှုနှုန်း တနှစ်ထက် တနှစ် ကျဆင်းလာပြီး ဝင်ငွပုံမှန်မရှိသည့်ကြား စစ်တပ်နှင့် ပအိုဝ်းပြည်သူ့စစ် (PNO)က ခေါင်းစဉ်မျိုးစုံဖြင့် လစဉ်ကြေး တောင်းခံနေကြောင်း သတင်းရရှိသည်။ ပုံးအင်းဒေသေသည် စပါးစိုက်ပျိုးမှုကိုသာ အဓိက အသက်မွေးဝမ်းကြောင်းပြုနေသော်လည်း သဘာဝဘေးဒဏ်၊ ကုန်စျေးနှုန်းဒဏ်ကြောင့် မြေသြဇာများ စျေးမြှင့်တက်လာခြင်းနှင့်...

“တံလျှပ်” ဖြစ်နေသော အာဏာသိမ်းစစ်တပ်၏ ထင်ယောင်ထင်မှား အရှိန်အဟုန် သို့မဟုတ်စစ်တပ်၏ အထင်မှား “အောင်ပွဲများ”

0
မြန်မာစစ်တပ်သည် ဖလမ်း၊ လားရှိုး၊ မြဝတီ၊ ကျောက်မဲနှင့် တကောင်း ကဲ့သို့သော အဓိကဗဟိုချက်များအပါအဝင် အနည်းဆုံး မဟာဗျူဟာမြောက်နယ်မြေ ၂၀ ကို ပြန်လည်ထိန်းချုပ်နိုင်ခဲ့ကြောင်း ဇွန်လနှောင်းပိုင်းတွင် သံလွင်တိုင်းမ် (ThanLwin Times) သတင်းဌာနက ဖော်ပြခဲ့သည်။ သို့သော် ဘားမားနယူးစ်အင်တာနေရှင်နယ် (BNI) နှင့် မြန်မာ့ငြိမ်းချမ်းရေးစောင့်ကြည့်မှုအဖွဲ့ (MPM)...

စစ်မှုထမ်းဥပဒေ ကြောင့် နမ့်စန်မြို့နယ် ဒေသခံများ အုပ်ချုပ်ရေးမှူး တာဝန်မထမ်းလို

0
စစ်ကော်မရှင်၏ စစ်မှုထမ်းဥပဒေနှင့် ဆပ်စပ်သည့် ဖိအားကြောင့် နမ့်စန်မြို့နယ်ဒေသခံများ အုပ်ချုပ်ရေးမှူး တာဝန်ယူမထမ်းလိုကြကြောင်း စုံစမ်းသိရသည်။ နမ့်စန်မြို့နယ်တွင် အုပ်ချုပ်ရေးမှူးများသည် စစ်မှုထမ်းဥပဒေနှင့် ပတ်သက်ပြီး ဒေသခံများကို အသိပေးခြင်း၊ စာရင်းကောက်ယူခြင်း၊ စစ်မှုထမ်းခေါ်ယူမှုတွင်လည်း လိုက်ပါကောက်ခံ ဆောင်ရွက်ရသည်။ ထို စစ်မှုထမ်းကိစ္စကြောင့် ဒေသခံများ၏ မကျေနပ်မှုကို ကြုံတွေ့ရသည့်အပြင်၊ လုံခြုံရေးအန္တရာယ်ကို ခြိမ်းခြောက်ခံလာရသည့်အတွက် စိုးရိမ်နေရကြောင်း...