တန့်ယန်း စစ်ကောင်စီတပ်ဖွဲ့မှ စစ်မှုထမ်း ဆင့်ခေါ်ရန် အစည်းအဝေးပြုလုပ်

သျှမ်းပြည် တန့်ယန်းမြို့တွင် စစ်ကောင်စီတပ်ဖွဲ့မှ ဦးဆောင်ပြီး ရပ်ကွက်နှင့် ကျေးရွာအုပ်စုများကို စစ်မှုထမ်းဆင့်ခေါ်ရန် အစည်းအဝေး ပြုလုပ်ခဲ့ကြောင်း စုံစမ်းသိရသည်။

ယမန်နေ့ (မတ်လ ၁၄ ရက်) နံနက် ၉ နာရီမှ စတင်ပြီး တန့်ယန်းမြို့ အခြေစိုက် စစ်ကောင်စီတပ်မှ ဦးဆောင်ပြီး ရဲတပ်ဖွဲ့နှင့် ထွေအုပ်ဝန်ထမ်းများမှ ရပ်ကွက်နှင့် ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများကို တန့်ယန်းမြို့တော်ခန်းမတွင် စစ်မှုထမ်းစာရင်း ကောက်ယူရန် အစည်းအဝေး ခေါ်ယူခဲ့ကြောင်း တန့်ယန်းဒေသခံများက ပြောသည်။

“အခု ပထမသုတ်မှာ တစ်ရပ်ကွက်ကို ၂ ယောက် အရင်ခေါ်မယ်၊ ကျား/မ မရွေး အသက် ၁၈ ကနေ ၃၅ နှစ်အထိ ယူမယ်။ ပြီးရင် တန့်ယန်းတပ်ထဲမှာ တစ်လ စစ်သင်တန်း ပေးမယ်လို့ ပြောတာ။ အဲ့လိုပုံစံနဲ့ တစ်သုတ်ပြီးတစ်သုတ် ခေါ်သွားမယ်လို့တော့ ပြောတာပဲ။ ဘယ်အချိန် စစ်သင်တန်း ခေါ်ပေးမလဲတော့ မသိသေးဘူး”ဟု တန့်ယန်းမြို့မှ ဒေသခံအမျိုးသားတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

တန့်ယန်းအခြေစိုက် စစ်ကောင်စီတပ်က မြို့ပေါ်ရပ်ကွက် (၁၀)ခုနှင့် ကျေးရွာအုပ်စု အားလုံးသို့ စစ်မှုထမ်းရန် အရပ်သား ၂ ဦးစီ ဆင့်ခေါ်ထားပြီး မတ်လ ၁၇ ရက် နောက်ဆုံးထား၍ စာရင်းပေးပို့ရန် ညွှန်ကြားခဲ့ကြောင်း တန့်ယန်းမြို့ ဒေသခံများထံမှ သိရသည်။

သျှမ်းမြောက်တွင် စစ်ရေးအဘက်ဘက်က ရှုံးနိမ့်ခဲ့သည့် စစ်ကောင်စီတပ်သည် တပ်သားအင်အား နည်းပါးလာခြင်းကြောင့် ဖေဖော်ဝါရီလ (၁၀)ရက်နေ့တွင် ပြည်သူ့စစ်မှုထမ်းဥပဒေကို အသက်သွင်းပြီးနောက် သျှမ်းပြည်အတွင်းရှိ မြို့နယ်များတွင်လည်း အသက်ပြည့်ပြီးသူများကို စစ်မှုထမ်းနှင့် ပြည်သူ့စစ်လုပ်ရန် ဆင့်ခေါ်လာခြင်း ဖြစ်ကြောင်း ဒေသခံများက ပြောသည်။

တန့်ယန်းမြို့နယ်တွင် စစ်ကောင်စီတပ်၏ အခြေချ စစ်ဗျူဟာတပ်ရင်း (စဗခ-တန့်ယန်း)၊ ခမရ-၃၂၆၊ ခမရ-၅၂၃ နှင့် အမြောက်တပ်-၃၅၁ တို့ အခြေစိုက်ထားပြီး SSPP တပ်ဖွဲ့၏ ဝမ်ဟိုင်းဌာနချုပ်နှင့် မျက်နှာချင်းဆိုင် တည်ရှိနေသလို “ဝ”တပ်ဖွဲ့ UWSA နှင့်လည်း သံလွင်မြစ်သာ ခြားပြီး သိပ်မဝေးကြောင်း သိရသည်။

အလားတူ မတ်လ ၁၃ ရက်ကလည်း ကျေးသီးမြို့အခြေစိုက် ခလရ-၁၃၁ တပ်မှ ဗိုလ်ကြီး အာကာကိုကို ဦးဆောင်ပြီး ကျေးသီးမြို့ပေါ်ရပ်ကွက်နှင့် ကျေးရွာအုပ်ချုပ်ရေးမှူးများကို တပ်တွင်းသို့ ‌ခေါ်ယူ၍ စစ်မှုထမ်း စာရင်းကောက်ယူရန် ညွှန်ကြားခဲ့ကြောင်း ကျေးသီးဒေသခံများက ပြောသည်။

ထို့အပြင် စစ်ကောင်စီလက်အောက်ခံ ကျေးသီးမြို့နယ် အုပ်ချုပ်ရေးမှူး ဦးထူးထက် ကလည်း ရပ်ကျေးစာရေးများမှတဆင့် ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများသို့ ပြည်သူ့စစ်လုပ်ရန် ဆင့်ခေါ်ခိုင်းခဲ့ရာ ကျေးရွာအုပ်စု တစ်ခုလျှင် လူဦးရေ (၁၅၀)မှ (၂၀၀)ကြားအထိ ကောက်ခံခိုင်းပြီး စစ်မှုမထမ်းလျှင် မှတ်ပုံတင်စာရင်း ဖျက်ပစ်မည်ဟု ခြိမ်းခြောက်ခဲ့ကြောင်း ကျေးသီးဒေသခံများထံမှ သိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

“ဝမ်းရေးအိပ်မက်ကြား အသက်ပါရင်းလိုက်ရသည့် ၁၆ နှစ်သမီးလေး”

0
“သမီး အခန်းထဲကနေ ထွက်လာတော့ သူ (သူငယ်ချင်း)က စားပွဲခုံပေါ်မှာ မှောက်ပြီး လဲနေတာ တွေ့တယ်။ သူ့ရဲ့ မျက်နှာတွေမှာရော လက်တွေမှာရော ဒဏ်ရာတွေ အများကြီး တွေ့ရတယ်။ သမီး သူ့ကို သွားနိုးသေးတယ်။ သူက မထလာတော့ဘူး” သျှမ်းပြည် တောင်ကြီးမြို့ ဗိုလ်ချုပ်အောင်ဆန်းလမ်းပေါ်ရှိ Peter ဘားဆိုင်တွင်...

စစ်ကော်မရှင် တရုတ်ကုန်စည်စီးဆင်းမှု တားမြစ်ပိတ်ပင်မှု တင်းကြပ်လာ

0
သျှမ်းပြည်မြောက်ပိုင်းသည် တရုတ်ကုန်စည်ကိုသာ အဓိက အားကိုးနေရချိန်တွင် စစ်ကော်မရှင်က ရက် ၁၀၀ စီမံကိန်းအနေဖြင့် ၎င်းကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်တင်းကြပ်လာသည်။ ထိုကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်မှု တင်းကြပ်လာသဖြင့် ပြည်တွင်းကုန်တင်ယာဉ်များလည်း အလုပ်ရပ်နားထားရပြီး ပြည်သူများလည်း ကုန်စည်စျေးနှုန်းများ ထပ်မံမြင့်တက်လာမှုကို ရင်ဆိုင်နေရကြောင်း သျှမ်းမြောက်ပြည်သူများထံမှ စုံစမ်းသိရှိရသည်။ ပြီးခဲ့သည့် ရက်ပိုင်အတွင်းမှ စတင်ကာ စစ်ကော်မရှင်သည် လားရှိုးမြို့သို့...

ကျောက်မဲတွင် ဌာနဆိုင်ရာရုံးများကိုသာ လျှပ်စစ်မီးကွက်ပေး၊ ပြည်သူနေအိမ်များ မီးကြိုးခိုးယူခံနေရ

0
သျှမ်းပြည် ကျောက်မဲမြို့ပေါ် ရပ်ကွက်ရှိ ပြည်သူနေအိမ်များတွင် လျှပ်စစ်မီး မရရှိခြင်းကြောင့် မီးကြိုးခိုးယူခံနေရကြောင်း စုံစမ်းသိရသည်။ ကျောက်မဲမြို့ကို တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA ထံမှ စစ်တပ်ပြန်လည်ထိန်းချုပ်ခဲ့သည့် ယမန်နှစ် ၂၀၂၅ အောက်တိုဘာလ နောက်ပိုင်းမှ စတင်၍ စစ်အစိုးရလက်အောက်ခံ ဌာနဆိုင်ရာရုံးများကိုသာ လျှပ်စစ်မီး ဖြန့်ဝေထားပြီး ရပ်ကွက်အတွင်းရှိ ပြည်သူနေအိမ်များမှာ...

ကျိုင်းတုံ တောင်ပေါ်ဒေသ လမ်းပန်းခက်ခဲမှုကြောင့် ကိုယ်ဝန်ဆောင်မိခင်များ ကျန်းမာရေးခက်ခဲနေ

0
ကျိုင်းတုံမြို့နယ်ရှိ တောင်ပေါ်ဒေသများတွင် ခေတ်အဆက်ဆက် အစိုးရ မှ လမ်းပန်းဆက်သွယ်ရေးကို ကူညီထောက်ပံ့မှု မရှိခဲ့ခြင်းကြောင့် ကိုယ်ဝန်ဆောင်မိခင်များ ကျန်းမာရေး ဝန်ဆောင်မှု မရရှိကာ သေဆုံးမှုများ ဖြစ်ပွားသည့်အထိ ရှိနေကြောင်း သတင်းရရှိသည်။ ကျိုင်းတုံမြို့နယ်အတွင်း တောင်ပေါ်ကျေးရွာပေါင်း ၃၀ ထက်မနည်ရှိကာ လမ်းပန်းဆက်သွယ်ရေး အခက်အခဲများကို နေ့စဉ်ရန်ဆိုင်နေရသည်။ အဆိုပါ ဒေသများသည် ကျိုင်းတုံမြို့နှင့်...

“စစ်ရေး ၊ နိုင်ငံရေးက သူတို့စစ်အုပ်စုချမှတ်ထားတဲ့ လမ်းစဉ်အတိုင်း ဆက်သွားမယ်”

0
အာဏာသိမ်း စစ်တပ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ၅ နှစ်အကြာမှာ ၎င်းပုံဖော်ထားတဲ့အတိုင်း နိုင်ငံတော် သမ္မတရာထူးယူလိုက်ပါတယ်။ ဒါ့ကြောင့် စစ်ဝတ်စုံကနေ အရပ်သားဝတ်စုံပြောင်း စစ်ခေါင်းဆောင် သမ္မတ ဉီးမင်းအောင်လှိုင် တက်လာပြီး သျှမ်းပြည် နိုင်ငံရေး အပြောင်းအလဲတွေ ဘယ်လိုဖြစ်လာခဲ့ပါသလဲ။ အစိုးရသစ် စစ်ခေါင်းဆော်င သမ္မတ ဉီးမင်းအောင်လှိုင်တက်လာချိန်မှာလည်း စစ်အာဏရှင်ကို...