နောင်ချိုတောင်သူဦးကြီး ရိုက်သတ်ခံရမှု အမျိုးသားရင်ကြားစေ့ရေး ကိုထိခိုက်နိုင်သည်ဟု တောင်သူလယ်သမားကွန်ယက်ပြော

သျှမ်းပြည်မြောက်ပိုင်း နောင်ချိုမြို့နယ်တွင်ဖြစ်ပွါးခဲ့သော တောင်သူလယ်သမားကွန်ယက်မှ တောင်သူဦးကြီးဦးဌေးအောင်ရိုက်နှက်ခံရမှုနှင့်ပတ်သက်ပြီး လျင်မြန်မဖြေရှင်းပေးပါက ငြိမ်းချမ်းရေး၊ အမျိုးသားရင်ကြားစေ့ရေးလုပ်ငန်းစဉ်များအားထိခိုက်စေနိုင်ကြောင်း တောင်သူလယ်သမားများကွန်ယက်က ဦးဇော်ရမ်းက သျှမ်းသံတော်ဆင့်အားပြောသည်။

“ဒီကိစ္စ နိုင်ငံတော်သမ္မတဆီ စာတင်မယ်။ သျှမ်းပြည်နယ်အစိုးရကိုစာတင်မယ်။ လူတွေကိုထိခိုက်သေကြေ အောင်လုပ်တယ်။ တိုင်းရင်းသားဒေသမှာဒါတွေမဖြစ်သင့်ဘူး ။ ဒီလိုတွေက ငြိမ်းချမ်းရေး၊ အမျိုးသားရင်ကြား စေ့ရေး ကိုထိခိုက်စေတယ်။ အသင်းအဖွဲ ့ဖွဲ့စည်းခွင့် တွေကိုထိခိုက်စေတယ်။ လူ့အခွင့်အရေးအတွက်လှုပ်ရှား မှု ဒါကနောင်မလုပ်ရဲအောင် ခြိမ်းခြောက်လိုက်တဲ့သဘောဖြစ်တယ်။ ဒါကြောင့် ဒီကိစ္စတရားမျှတစွာဖြေရှင်းနိုင် ရေးအတွက် သျှမ်းပြည်နယ်အစိုးရနဲ့လည်း ဆွေးနွေးပြီးပြီ။ SNLD ပါတီနဲ့လည်းကျနော်တို့ ဖုန်းဆက်စကားပြောဆွေးနွေးပြီးပြီ။” ဟု ဦးဇော်ရမ်းကပြောသည်။

လယ်မြေဧက ၄၀၀ ခန့်အသိမ်းခံရသော ပါဟဲရွာမှ ရွာသား ဦးဌေးအောင်သည် နောင်ချိုမြို့ ကုန်ကြီးကျေးရွာအုပ်စုအတွင်း ၁၉၉၀ ခုနှစ်ကတည်းကဖြစ်ပွါးလာသော လယ်ယာမြေသိမ်းဆည်းခံရရေး၊ တောင်သူလယ်သမားများအခွင့်အရေးအတွက် အစဉ်လှုပ်ရှားလာသူတဦးဖြစ်သည်။

ထိုစဉ်က လက်နက်ချက် PSLF အဖွဲ့အတွက် စစ်တပ်ကသိမ်းယူပေးသော ပါဟဲရွာသားများ၏ လယ်ယာမြေ ၄၀၀ ကျော်အား ခြံလုပ်ငန်းလုပ်ကိုင်စေသည်။ ခြံလုပ်ငန်းမအောင်မြင်သောကြောင့် ၁၉၉၅ ခုနှစ်က စစ်တပ်က အဆိုပါ မြေနေရာသို့ ပြန်ယူကာတပ်စခန်းစိုက်နေထိုင်သည်။ စစ်တပ်ပြန်ဆုတ်သွားသောအခါ အဆိုပါလယ်ယာမြေများကို ပိုင်ရှင်လယ်သမားများလက်ထဲပြန်မအပ်ပေးဘဲ ငွေရှင်များဖြစ်သည့် ဆင်းရွှေလီ၊ ငွေရည်ပုလဲသကြားစက်ရုံအတွက် ကုန်ကြမ်း (ကြံ) စိုက်ပျိုးပေးရန် ပါဟဲရွာအနီး ပလောင်ကုန်းရွာသားများအား စိုက်ခွင့်ပေးလိုက်ကြောင်းသိရသည်။

အဆိုပါမြေယာ ဧက ၄၀၀ ကျော်အား ပိုင်ရှင်လယ်သမားများလက်ထဲပြန်အပ်ပေးရန် ဦးဌေးအောင် ဦးဆောင်သည့် ပါဟဲရွာသားများက အစဉ်တောင်းဆိုလာခဲ့ရာ အောက်တိုဘာလ ၂၈ ရက်နေ့တွင် ဦးဌေးအောင်ရိုက်နှက်ခံရချိန်အထိဖြစ်ကြောင်း တောင်သူလယ်သမားများ သမဂ္ဂမှ ဦးဇော်ရမ်းက သျှမ်းသံတော်ဆင့်အားပြောပြပါသည်။

“၂၈ ရက်နေ့တုန်းက ကုန်းကြီးအုပ်စု ရာအိမ်မှူး ဦးဝင်းလှိုင်က ဦးဌေးအောင်ကိုဖုန်းဆက်ခေါ်တယ်။ မြေယာတွေကြည့်ရှုစစ်ဆေးဖို့ ဆင်းရွှေလီ ငွေရည်ပုလဲသကြားစက်အနောက်ဘက်က လယ်ယာမြေမှာတွေ့ဖို့ချိန်းတယ်။ ဦးဌေးအောင်ရောက်သွားတော့ လူ ၂၀ လောက်က ၀ုိင်းရိုက်တာ ။ ဦးဌေးအောင်နဲ့ပါသွားတဲ့ မြင့်ဦးနဲ့ သန်းထွန်းကတော့ ထွက်ပြေးလို့လွှတ်သွားတယ်။ ဦးဌေးအောင်ကိုမန်းတလေးဆေးရုံပို့တယ်။ ၁ ရက်နေ့မှာသေသွားတယ်။ ” – ဟုလည်း အမျိုးသမီးအဖွဲ့မှဒေါ်နော်အုန်းလှက ပြောသည်။

ဦးဌေးအောင်အားရိုက်နှက်သူ အယောက် ၂၀ ခန့်အနက် လက်ရှိတွင် ပလောင်ကုန်းရွာသား အိုက်ကျော်၊ ကျော်ဇင်လတ်၊ နော်ငင်း တို့ ၃ ယောက်အား ဘန့်ဘွေးရဲကဖမ်းဆီးထားကြောင်း၊ ဦးဌေးအောင်ကိုဖုန်းဆက်ချိန်းချက်ပြုသော ရာအိမ်မှူးကိုတော့မဖမ်းသေးဟု ဒေါ်နော်အုန်းလှကပြောသည်။

လီဆူအမျိုးသား ဦးဌေးအောင်နှင့် ဇနီး ပလောင်အမျိုးသမီး ဒေါ်အေးစိန်တို့တွင် သားသမီး ၄ ဦးထွန်းကားခဲ့သည်။ အကြီးဆုံးသားမှာ ၁၀ နှစ်ကျော်သာရှိပြီး လူမမယ်သမီးလေး ၃ ဦးမှာ မူလတန်းတွင်သာပညာသင်ယူနေဆဲဖြစ်သည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

တာချီလိတ်မြို့နယ်အတွင်း တရားမဝင် နယ်စပ်ဖြတ်ကျော် တရုတ်နိုင်ငံသားများ ဖမ်းဆီးရမိ

0
စိုင်းဆိုင်အိုက်၊ ၂၀၂၆ ဩဂုတ်လ ၈ ရက် ရွှေတြိဂံဟု နာမည်ကြီးသည် မြန်မာ-ထိုင်း-လာအိုနယ်စပ် သျှမ်းပြည်အရှေ့ပိုင်း တာချီလိတ်မြို့နယ်အတွင်း တရားမဝင် နယ်စပ်ဖြတ်ကျော် ဝင်ရောက်နေထိုင်သည့် တရုတ်နိုင်ငံသားများကို ဖမ်းဆီးရမိကြောင်း သတင်းရရှိသည်။ သြဂုတ် ၆ရက် မနက်ပိုင်းတွင် တာချီလိတ်မြို့နယ် မိုင်းဖုန်း(ခ)အုပ်စု၊ဝှေလေလန် ပူးပေါင်းစစ်ဆေးရေးဂိတ်အနီးရှိ ရှောင်ကွင်းလမ်းတွင် မြန်မာနိုင်ငံသို့ တရားမဝင် ဝင်ရောက်လာသည့်...

ထိုင်းရောက် အာဏာသိမ်းသမ္မတနှင့် စစ်ရာဇဝတ်မှု စွပ်စွဲချက်များ

0
အာဏာသိမ်း သမ္မတ၏ ထိုင်းနိုင်ငံခရီးစဉ်အတွင်း ထိုင်းအစိုးရက လက်ခံတွေ့ဆုံမှုကို ထိုင်းအရပ်ဘက်အဖွဲ့အစည်းများက ပြင်းပြင်းထန်ထန်ကန့်ကွက်ရှုတ်ချကြောင်း ထိုင်းသတင်းများတွင် ဖော်ပြသည်။ ၂၀၂၁ ခုနှစ် မြန်မာနိုင်ငံတွင် စစ်အာဏာသိမ်းပြီးနောက် စစ်ခေါင်းဆောင်ဖြစ်ခဲ့ပြီး ၎င်းကိုယ်တိုင် စီစဉ်ကျင်းပခဲ့သည့် ရွေးကောက်ပွဲများမှ သမ္မတဖြစ်လာသူ ဦးမင်းအောင်လှိုင်၏ ထိုတွေ့ဆုံမှုသည် စစ်အာဏာသိမ်းမှုကို နိုင်ငံရေးအရ တရားဝင်မှု ပေးအပ်ရာရောက်ပြီး မြန်မာပြည်သူများ...

အောင်ပန်းတွင် အသက် (၆) နှစ်အရွယ်ကလေး နားကပ်လုခံရပြီး ရေထဲပစ်ချခံရ

0
သျှမ်းပြည်တောင်ပိုင်း၊ အောင်ပန်းမြို့ နောင်ရဲကျေးရွာနေ အသက် (၆)နှစ်အရွယ် ကလေးတဉီးသည် နားကပ် လုခံရပြီး ရေတွင်းထဲ ပစ်ချခံရကာ သေဆုံးသွားကြောင်း သတင်းရရှိသည်။   ဖြစ်စဉ်မှာ ယမန်နေ့ ဩဂုတ်လ (၆) ရက်နေ့ ညနေ ၅ နာရီခွဲ တွင် အောင်ပန်းမြို့ နောင်ရဲကျေးရွာရှိ အသက် (၆)...

လားရှိုး ရေကြီး၊ နေအိမ်နှင့် လယ်များ ရေနစ်မြှုပ်

0
သျှမ်းပြည် မြောက်ပိုင်း လားရှိုးမြို့နယ်တွင် မိုးဆက်တိုက် ရွာသွန်းမှုကြောင့် နမ့်ယောင်ချောင်းရေ မြင့်တက်ကာ နေအိမ်များ နှင့် လယ်ကွက်များ ရေနစ်မြှုပ်နေကြောင်း သတင်းရရှိသည်။ ယခုရက်ပိုင်းအတွင်း မိုးအဆက်မပြတ် ရွာသွန်းမှုကြောင့် လားရှိုးမြို့နယ် နမ့်ယောင်ချောင်းရေ မြင့်တက်လာကာ လားရှိုးမြို့ရှိ ရပ်ကွက် (၁၂)၊ ရပ်ကွက် (၅) နှင့် ခေးခမ်းကျေးရွာဘက်ရှိ...

မြန်မာ အာဏာသိမ်း သမ္မတ ထိုင်းလွှတ်တော်သို့ ရောက်ရှိစဉ် ထိုင်းလွှတ်တော်အမတ်တစ်ဦး အော်ဟစ် ဆန္ဒပြ

0
ထိုင်းနိုင်ငံသို့ ရောက်ရှိနေသည့် အာဏာသိမ်း သမ္မတ ဦးမင်းအောင်လှိုင် ယနေ့ ဩဂုတ်လ ၇ ရက် (သောကြာနေ့) က ထိုင်းလွှတ်တော်သို့ ရောက်ရှိလာစဉ် ထိုင်းလွှတ်တော်အမတ်တစ်ဦးက "ငြိမ်းချမ်းရေးအတွက်၊ လူသားချင်းစာနာမှုအတွက်" (For peace, for humanity) ဟု ကျယ်လောင်စွာ ကြွေးကြော်၍ ပြင်းပြင်းထန်ထန်...