MNDAA ဖမ်းဆီးထားသည့် လူငယ်များကို ပြန်လွှတ်ပေးရန် တအာင်းအရပ်ဘက်အဖွဲ့ တောင်းဆို

သျှမ်းပြည် လောက်ကိုင်မြို့မှ နေရပ်ပြန်လာစဉ် ကိုးကန့်တပ်ဖွဲ့ MNDAA ၏ စစ်မှုထမ်းရန် အတင်းအဓမ္မ ဖမ်းဆီးခံထားရသည့် လူငယ်များကို ပြန်လွှတ်ပေးရန် တအာင်း(ပလောင်) အရပ်ဘက်အဖွဲ့များ က တောင်းဆိုလိုက်သည်။

တအာင်း(ပလောင်) အရပ်ဘက်အဖွဲ့များ ဖြစ်ကြသည့် တအာင်းအမျိုးသမီးအဖွဲ့ (TWO)၊ တအာင်းကျောင်းသားနှင့် လူငယ်အဖွဲ့ (TSYU) နှင့် တအာင်း ဥပဒေအထောက်အကူပြုအဖွဲ့တို့ ပူးပေါင်းပြီး ကိုးကန့်တပ် MNDAA ထံသို့ ဖမ်းဆီးခံထားရသည့် လူငယ်များကို ပြန်လွှတ်ပေးရန် ဇန်နဝါရီလ ၃၁ ရက်တွင် အိတ်ပိတ်စာ ပေးပို့ခဲ့သော်လည်း ယနေ့အချိန်ထိ တစုံတရာ ပြန်လည်တုံ့ပြန်ခြင်း မရှိသေးကြောင်း သိရသည်။

ပြီးခဲ့သည့် ၂၀၂၃ ‌အောက်တိုဘာလ နောက်ဆုံးပတ်တွင် စတင်ခဲ့သည့် “၁၀၂၇ စစ်ဆင်ရေး” ကာလအတွင်း လောက်ကိုင်၊ ချင်းရွှေဟော် စသည့် ကိုးကန့်ဒေသတွင် အလုပ်လုပ်နေသော လူငယ်များသည် နေရပ်သို့ ပြန်လာစဉ် ကိုးကန့်တပ်ဖွဲ့ဝင်များ၏ ဖမ်းဆီးခြင်း ခံခဲ့ရပြီး တအာင်း(ပလောင်) အရပ်ဘက်အဖွဲ့အစည်းများထံ တိုင်ကြားခဲ့ကြောင်း ဆိုထားသည်။

၂၀၂၄ ဇန်နဝါရီလအထိ ၎င်းတို့ထံ အကူအညီ တောင်းခံလာသည့် အချက်အလက်များအရ ကိုးကန့်ဒေသရှိ ဆယ်တန်၊ ချင်းရွှေဟော်၊ တုံချိန်၊ ပါစင်ကျော်နှင့် နမ့်တစ် စသည့် MNDAA စစ်ဆေးရေးဂိတ်များတွင် တအာင်း(ပလောင်) လူမျိုးနှင့် အခြားလူမျိုး အပါအဝင် အမျိုးသား (၁၂၆) ဦးနှင့် အမျိုးသမီး (၂၇) ဦး၊ စုစုပေါင်း (၁၅၄)ဦး ဖမ်းဆီးခံထားရကြောင်း ရေးသားထားသည်။

တိုက်ပွဲပြင်းထန်နေစဉ် ကာလအတွင်း လောက်ကိုင်မြို့မှ နေရပ်ပြန်လာစဉ် ကိုးကန့်တပ် MNDAA ၏ အတင်းအဓမ္မ စစ်မှုထမ်းဆောင်ရန် လမ်းခုလတ်တွင် ဖမ်းဆီးခံထားသူများမှာ မူဆယ်၊ တန့်ယန်း၊ နမ့်ခမ်း၊ နမ့်ဆန်၊ မန်တုံ၊ ကွတ်ခိုင်၊ ကျောက်မဲနှင့် လားရှိုးမြို့နယ်တို့မှ လူငယ်များဖြစ်ပြီး ၎င်းတို့ကို ပြန်လည်စိစစ်၍ လွှတ်ပေးရန်လည်း တအာင်း(ပလောင်) အရပ်ဘက်အဖွဲ့အစည်းများက တောင်းဆိုထားသည်။

ယခုကဲ့သို့ ကိုးကန့်တပ် MNDAA က ဖမ်းဆီးထားသည့် အခြားလူမျိုးနှင့် တအာင်း(ပလောင်) လူငယ်များကို ပြန်လွှတ်ပေးရန် တအာင်း(ပလောင်) အရပ်ဘက်အဖွဲ့အစည်းများက စာပေးပို့ တောင်းဆိုခြင်းနှင့် ပတ်သက်ပြီး တအာင်းအမျိုးသမီးအဖွဲ့ (TWO)ထံ သျှမ်းသံတော်ဆင့်မှ အကြိမ်ကြိမ် ဆက်သွယ်ခဲ့သော်လည်း ဖုန်းစက်ပိတ်ထားသည်။

အလားတူ ၂၀၂၃ နိုဝင်ဘာလ ၂၄ ရက်က လောက်ကိုင်မြို့မှ နေရပ်ပြန်လာသည့် သျှမ်းကျောင်းသားသမဂ္ဂ၏ အလုပ်အမှုဆောင် အဖွဲ့ဝင်ဖြစ်သူ နမ္မတူဒေသခံ စိုင်းညွန့်နှင့် အခြားလူငယ် ၄ ဦးတို့ကိုလည်း ကိုးကန့်တပ်ဖွဲ့ MNDAA က အတင်းအဓမ္မ တပ်သားစုဆောင်းထားကြောင်း သျှမ်းကျောင်းသားသမဂ္ဂ(TSU)မှ ‌ ဖေဖော်ဝါရီလ ၁၇ ရက်တွင် ထုတ်ပြန်ထားသည်။

ကိုးကန့်တပ်ဖွဲ့ MNDAA အနေဖြင့် အထူးဒေသ (၁) အဖြစ် သတ်မှတ်ထားသည့် ကိုးကန့်ခရိုင်၊ ကွတ်ခိုင်ခရိုင်၊ သိန္နီခရိုင်နဲ့ မုံးကိုးခရိုင်တို့တွင် နေထိုင်သည့် မည်သူမဆို အမျိုးသမီး၊ အမျိုးသား စသဖြင့် လူမျိုးဘာသာ မခွဲခြားဘဲ အသက် ၁၆ နှစ်မှစပြီး တပ်သားအဖြစ် စုဆောင်းဖို့ရှိကြောင်း ကိုးကန့်တပ်ဖွဲ့ ပြောရေးဆိုခွင့်ရှိသူ လီကျားဝင်းက သျှမ်းသံတော်ဆင့်ကို ဒီဇင်ဘာလအတွင်းက ပြောဆိုခဲ့ဖူးသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

လုံခြုံရေးအရ သီပေါ စာသင်ကျောင်း (၁၇)ကျောင်း စစ်တပ်က ပိတ်ခိုင်း 

0
သျှမ်းပြည်မြောက်ပိုင်း၊ သီပေါမြို့နယ်အတွင်း စာသင်ကျောင်း ၁၇ ကျောင်းကို  အရှေ့မြောက်ပိုင်းစစ်ဌာနချုပ် (ရမခ) တိုင်းမှူး က  လုံခြုံရေးအရဟုဆိုကာ ပိတ်ဆိုင်းထားခိုင်းကြောင်း သတင်းရရှိသည်။​ ယခု (သြဂုတ်လ)ပထမပတ်မှ စတင်ပြီး ရမခ တိုင်းမှူးညွှန်ကြားချက်အရ သီပေါမြို့နယ် အတွင်းရှိသည့်  စာသင်ကျောင်း (၁၇)ကျောင်းကို ပိတ်ဆိုင်းရပြီး ကျောင်းဆက်တက်လိုသည့် ကျောင်းသားများသည့် သီပေါမြို့ပေါ်သို့ သွားရောက်တက်ရကြောင်း သီပေါမြို့နယ် ကျောင်းပိတ်ဆိုင်းခံရသည့်...

ဆိုလာခွန် တစ်နှစ် ယွမ် ၇၀၀ ပေးဆောင်ရမည်ဟု MNDAA ထုတ်ပြန်

0
ကိုးကန့်တပ်ဖွဲ့ (MNDAA) သည် ၎င်းတို့ထိန်းချုပ်ထားသည့် နယ်မြေအတွင်း ဆိုလာစနစ်အသုံးပြုပါက တစ်နှစ်လျှင် အခွန်ငွေ တရုတ်ယွမ် ၇၀၀ ပေးဆောင်ရမည်ဟု ယမန်နေ့ (ဩဂုတ် ၁၂) တွင် သတင်းထုတ်ပြန်လိုက်သည်။ အဆိုပါထုတ်ပြန်ချက်အရ ဆိုလာစနစ်အသုံးပြုသူများသည် စက်စွမ်းအား ၁ ကီလိုဝပ် (1 kW) လျှင် တစ်နှစ်စာအတွက်...

UWSA နှင့် MNDAA လည်း နေပြည်တော်တွင် ငြိမ်းချမ်းရေး သွားဆွေးနွေးမည်ဟုဆို

0
မြောက်ပိုင်းမဟာမိတ်တပ်များထဲမှ ‘ဝ’တပ်ဖွဲ့ UWSA နှင့် ကိုးကန့်တပ်ဖွဲ့ MNDAA တို့လည်း နေပြည်တော်တွင် စစ်အစိုးရနှင့် ငြိမ်းချမ်းရေး သွားရောက်ဆွေးနွေးမည်ဟု သတင်းသိရသည်။ ‘ဝ’ပြည်သွေးစည်းညီညွတ်ရေးတပ်မတော် UWSA နှင့် ကိုးကန့်တပ်ဖွဲ့ MNDAA ထိပ်ပိုင်းခေါင်းဆောင်များသည် စစ်အစိုးရလက်အောက်ခံ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီ NSPNC နှင့် တွေ့ဆုံဆွေးနွေးရန်...
Hsipaw Bridge Closed

သီပေါတံတား ပိတ်ထားမှုနောက်ကွယ်မှ အဂတိလိုက်စားမှုများကို ဖွင့်ချမည်ဟု လွှတ်တော်ကိုယ်စားလှယ် သတိပေး

0
သျှမ်းပြည်မြောက်ပိုင်း လားရှိုး-မန္တလေး ကုန်သွယ်ရေးလမ်းမကြီးပေါ်ရှိ အရေးပါသော သီပေါတံတားအား ဆက်လက်ပိတ်ထားခြင်းကြောင့် ဒေသခံပြည်သူများ စီးပွားရေးနှင့် လုံခြုံရေးဆိုင်ရာ အကျပ်အတည်းများ ရင်ဆိုင်နေရကြောင်း သီပေါမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် စိုင်းကောင်းသက်စံက ပြောကြားလိုက်သည်။ အဆိုပါ ဖြစ်စဉ်နောက်ကွယ်မှ မမျှတသော အကျိုးအမြတ်ရယူမှုများကို လွှတ်တော်တွင် အထောက်အထားဖြင့် ဖွင့်ချသွားမည်ဟု ၎င်းက ဆိုသည်။ “တံတားရှိလျက်နဲ့ ပြည်သူတွေ...

သိန္နီမြို့ MNDAA တပ်ဆုတ်မည်ဟု သတင်းထွက်၊ အုပ်ချုပ်ရေးကို ပြည်သူထံ လွှဲအပ်မည်ဟုဆို

0
သျှမ်းပြည် သိန္နီမြို့နယ်တွင် ကိုးကန့်တပ်ဖွဲ့ MNDAA ဘက်မှ တပ်ဆုတ်ခွာမည်ဟု သတင်းထွက်ပေါ်နေကြောင်း စုံစမ်းသိရသည်။ ဇူလိုင်လ (၁၀) ရက် နံနက် (၁၁) နာရီခန့်တွင် သိန္နီမြို့ပေါ်နှင့် ပန်လော့ကျေးရွာဘက် တပ်စွဲထားသည့် MNDAA ကိုးကန့်တပ်သားများသည် သိန္နီ-လောက်ကိုင် လမ်းမကြီးပေါ်ရှိ စယ်အူကျေးရွာအုပ်စုဘက်သို့ အင်အားအလုံးအရင်းဖြင့် စစ်ရေးလှုပ်ရှားမှု ပြုလုပ်ခဲ့ခြင်းကြောင့်...