Wednesday, January 28, 2026

MNDAA ဖမ်းဆီးထားသည့် လူငယ်များကို ပြန်လွှတ်ပေးရန် တအာင်းအရပ်ဘက်အဖွဲ့ တောင်းဆို

သျှမ်းပြည် လောက်ကိုင်မြို့မှ နေရပ်ပြန်လာစဉ် ကိုးကန့်တပ်ဖွဲ့ MNDAA ၏ စစ်မှုထမ်းရန် အတင်းအဓမ္မ ဖမ်းဆီးခံထားရသည့် လူငယ်များကို ပြန်လွှတ်ပေးရန် တအာင်း(ပလောင်) အရပ်ဘက်အဖွဲ့များ က တောင်းဆိုလိုက်သည်။

တအာင်း(ပလောင်) အရပ်ဘက်အဖွဲ့များ ဖြစ်ကြသည့် တအာင်းအမျိုးသမီးအဖွဲ့ (TWO)၊ တအာင်းကျောင်းသားနှင့် လူငယ်အဖွဲ့ (TSYU) နှင့် တအာင်း ဥပဒေအထောက်အကူပြုအဖွဲ့တို့ ပူးပေါင်းပြီး ကိုးကန့်တပ် MNDAA ထံသို့ ဖမ်းဆီးခံထားရသည့် လူငယ်များကို ပြန်လွှတ်ပေးရန် ဇန်နဝါရီလ ၃၁ ရက်တွင် အိတ်ပိတ်စာ ပေးပို့ခဲ့သော်လည်း ယနေ့အချိန်ထိ တစုံတရာ ပြန်လည်တုံ့ပြန်ခြင်း မရှိသေးကြောင်း သိရသည်။

ပြီးခဲ့သည့် ၂၀၂၃ ‌အောက်တိုဘာလ နောက်ဆုံးပတ်တွင် စတင်ခဲ့သည့် “၁၀၂၇ စစ်ဆင်ရေး” ကာလအတွင်း လောက်ကိုင်၊ ချင်းရွှေဟော် စသည့် ကိုးကန့်ဒေသတွင် အလုပ်လုပ်နေသော လူငယ်များသည် နေရပ်သို့ ပြန်လာစဉ် ကိုးကန့်တပ်ဖွဲ့ဝင်များ၏ ဖမ်းဆီးခြင်း ခံခဲ့ရပြီး တအာင်း(ပလောင်) အရပ်ဘက်အဖွဲ့အစည်းများထံ တိုင်ကြားခဲ့ကြောင်း ဆိုထားသည်။

၂၀၂၄ ဇန်နဝါရီလအထိ ၎င်းတို့ထံ အကူအညီ တောင်းခံလာသည့် အချက်အလက်များအရ ကိုးကန့်ဒေသရှိ ဆယ်တန်၊ ချင်းရွှေဟော်၊ တုံချိန်၊ ပါစင်ကျော်နှင့် နမ့်တစ် စသည့် MNDAA စစ်ဆေးရေးဂိတ်များတွင် တအာင်း(ပလောင်) လူမျိုးနှင့် အခြားလူမျိုး အပါအဝင် အမျိုးသား (၁၂၆) ဦးနှင့် အမျိုးသမီး (၂၇) ဦး၊ စုစုပေါင်း (၁၅၄)ဦး ဖမ်းဆီးခံထားရကြောင်း ရေးသားထားသည်။

တိုက်ပွဲပြင်းထန်နေစဉ် ကာလအတွင်း လောက်ကိုင်မြို့မှ နေရပ်ပြန်လာစဉ် ကိုးကန့်တပ် MNDAA ၏ အတင်းအဓမ္မ စစ်မှုထမ်းဆောင်ရန် လမ်းခုလတ်တွင် ဖမ်းဆီးခံထားသူများမှာ မူဆယ်၊ တန့်ယန်း၊ နမ့်ခမ်း၊ နမ့်ဆန်၊ မန်တုံ၊ ကွတ်ခိုင်၊ ကျောက်မဲနှင့် လားရှိုးမြို့နယ်တို့မှ လူငယ်များဖြစ်ပြီး ၎င်းတို့ကို ပြန်လည်စိစစ်၍ လွှတ်ပေးရန်လည်း တအာင်း(ပလောင်) အရပ်ဘက်အဖွဲ့အစည်းများက တောင်းဆိုထားသည်။

ယခုကဲ့သို့ ကိုးကန့်တပ် MNDAA က ဖမ်းဆီးထားသည့် အခြားလူမျိုးနှင့် တအာင်း(ပလောင်) လူငယ်များကို ပြန်လွှတ်ပေးရန် တအာင်း(ပလောင်) အရပ်ဘက်အဖွဲ့အစည်းများက စာပေးပို့ တောင်းဆိုခြင်းနှင့် ပတ်သက်ပြီး တအာင်းအမျိုးသမီးအဖွဲ့ (TWO)ထံ သျှမ်းသံတော်ဆင့်မှ အကြိမ်ကြိမ် ဆက်သွယ်ခဲ့သော်လည်း ဖုန်းစက်ပိတ်ထားသည်။

အလားတူ ၂၀၂၃ နိုဝင်ဘာလ ၂၄ ရက်က လောက်ကိုင်မြို့မှ နေရပ်ပြန်လာသည့် သျှမ်းကျောင်းသားသမဂ္ဂ၏ အလုပ်အမှုဆောင် အဖွဲ့ဝင်ဖြစ်သူ နမ္မတူဒေသခံ စိုင်းညွန့်နှင့် အခြားလူငယ် ၄ ဦးတို့ကိုလည်း ကိုးကန့်တပ်ဖွဲ့ MNDAA က အတင်းအဓမ္မ တပ်သားစုဆောင်းထားကြောင်း သျှမ်းကျောင်းသားသမဂ္ဂ(TSU)မှ ‌ ဖေဖော်ဝါရီလ ၁၇ ရက်တွင် ထုတ်ပြန်ထားသည်။

ကိုးကန့်တပ်ဖွဲ့ MNDAA အနေဖြင့် အထူးဒေသ (၁) အဖြစ် သတ်မှတ်ထားသည့် ကိုးကန့်ခရိုင်၊ ကွတ်ခိုင်ခရိုင်၊ သိန္နီခရိုင်နဲ့ မုံးကိုးခရိုင်တို့တွင် နေထိုင်သည့် မည်သူမဆို အမျိုးသမီး၊ အမျိုးသား စသဖြင့် လူမျိုးဘာသာ မခွဲခြားဘဲ အသက် ၁၆ နှစ်မှစပြီး တပ်သားအဖြစ် စုဆောင်းဖို့ရှိကြောင်း ကိုးကန့်တပ်ဖွဲ့ ပြောရေးဆိုခွင့်ရှိသူ လီကျားဝင်းက သျှမ်းသံတော်ဆင့်ကို ဒီဇင်ဘာလအတွင်းက ပြောဆိုခဲ့ဖူးသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

“သား..သမီးပေးမလား၊ ငွေပေးမလား” – လက်နက်ကိုင်များ၏ ဓားစာခံ ဖြစ်လာရသည့် လူငယ်များ

0
ရပ်ကျေးအုပ်ချုပ်ရေးမှူးဆီက စာတစ်စောင်ရောက်လာတိုင်း မိခင်တစ်ယောက်အတွက် “စာရင်းထဲ ပါသလား” ဆိုသည့် မေးခွန်းက အရိပ်မဲတခုလိုပင် နေ့စဉ်ခြောက်လန့်နေသည်။ “သားသမီးကို စစ်တပ်ဆီ ပို့ရမလား၊ မပို့ချင်ရင် ငွေရှာပေးရမလား” ဆိုသည့် ရွေးချယ်မှုကြားတွင် မိဘများ၏ အသက်ရှူသံမှာ လေးလံနေပြီ။ သို့သော် ယခုအခါ ထိုရွေးချယ်များထဲတွင် “အသက်ပေးမလား” ဆိုသည့် အစွန်းရောက်သော...

လားရှိုးမြို့နယ်တွင် စစ်ကော်မရှင်တပ်နှင့် ကိုးကန့်တပ် အပြိုင်အဆိုင် တပ်သားသစ်စုဆောင်း

0
သျှမ်းပြည် လားရှိုးမြို့တွင် စစ်ကော်မရှင်တပ်မှ ပထမအကြိမ် စစ်မှုထမ်းတပ်သားသစ် ခေါ်ယူရန် ရပ်ကွက်အတွင်း လူဦးရေစာရင်း ပြန်လည်ကောက်ယူနေကြောင်း စုံစမ်းသိရသည်။ စစ်ကော်မရှင် ပြန်လည်ထိန်းချုပ်ထားသည့် လားရှိုးမြို့ပေါ် ရပ်ကွက်များကို ယခု ဇန်နဝါရီ ၂၁ရက်မှစတင်ပြီး အုပ်ချုပ်ရေးမှူးများမှ နေအိမ်များတွင် လူဦးရေစာရင်း ဝင်ရောက်စစ်ဆေးပြီး စာရင်းကောက်ယူနေခြင်းကြောင့် စစ်မှုထမ်းခေါ်ယူမည်ကို စိုးရိမ်နေရကြောင်း လားရှိုးဒေသခံများက...

ကွမ်းလုံတံတားတွင် MNDAA ထုတ်ပေးသည့် ဒေသခံစိစစ်ရေးကတ်နှင့် SR-1 ယာဉ်လိုင်စင် မရှိသူများကို လှည့်ပြန်ခိုင်း

0
သျှမ်းပြည် သိန္နီ-ကွမ်းလုံ-ချင်းရွှေဟော် လမ်းမကြီးပေါ်ရှိ ကွမ်းလုံတံတားတွင် ကိုးကန့်တပ်ဖွဲ့ MNDAA ထုတ်ပေးသည့် ဒေသခံစိစစ်ရေးကတ်နှင့် SR-1 ယာဉ်လိုင်စင် မရှိသူများကို လှည့်ပြန်ခိုင်းနေကြောင်း စုံစမ်းသိရသည်။ ဇန်နဝါရီလ ဒုတိယပတ်မှ စတင်ပြီး ကိုးကန့်တပ်ဖွဲ့ MNDAA ထိန်းချုပ်ထားသည့် သိန္နီ-ကွမ်းလုံ-ချင်းရွှေဟော် လမ်းမကြီးတစ်လျှောက် ဖြတ်သန်းသွားလာသည့် ခရီးသည်နှင့် ယာဉ်မောင်းများကို ကွမ်းလုံတံတားတွင်...

လားရှိုး-မိုင်းရယ်တွင် ရွေးကောက်ပွဲနောက်ပိုင်း ဒေသခံများကို MNDAA အခွန်ဆောင်ခိုင်း

0
သျှမ်းပြည် လားရှိုးမြို့နှင့် မိုင်းရယ်မြို့ကြားရှိ ဈေးဆိုင်များကို ၂၀၂၆ နှစ်ဆန်းပိုင်းမှ စတင်ပြီး တစ်လချင်း အခွန်ပေးဆောင်ရန် ကိုးကန့်တပ်ဖွဲ့ MNDAA မှ ကောက်ခံနေကြောင်း စုံစမ်းသိရသည်။ ဇန်နဝါရီလ ၁၂ ရက်မှ စတင်ပြီး လားရှိုးမြို့နှင့် မိုင်းရယ်မြို့ကြား လမ်းမကြီးတစ်လျှောက် နမ့်ပေါင်၊ ဟိုယ ကျေးရွာအုပ်စုများရှိ ဈေးဆိုင်များနှင့်...

လက်နက်ကိုင်တပ်ဖွဲ့များထံ ငွေစီးဆင်းမှုမရှိရန် စစ်တပ်က နည်းမျိုးစုံ ဖမ်းဆီးနေ

0
မြန်မာ-တရုတ် နယ်စပ်ဂိတ်မှ တင်သွင်းလာသည့် တရုတ်ကုန်ပစ္စည်းများ၏ အခွန်ငွေများကို လက်နက်ကိုင်တပ်ဖွဲ့များထံ ဝင်ငွေစီဆင်းမှု မရှိစေရန်အတွက် စစ်ကော်မရှင်တပ်ဖွဲ့က ဖမ်းဆီးပိတ်ပင်မှုများ အပြင်းအထန် ပြုလုပ်နေကြောင်း သတင်းရရှိသည်။ ထိုဖမ်းဆီးမှုသည် ၂၀၂၅ခုနစ် သြဂုတ်လမှ ယနေ့ထိတိုင် ပြုလုပ်ခဲ့သဖြင့် နယ်စပ်ကုန်သည်များက အခက်အခဲများစွာ ရင်ဆိုင်နေရသည်။ တရုတ်နိုင်ငံမှ တင်သွင်းလာသည့် ကုန်ပစ္စည်းများသည် ညီနောင်မဟာမိတ် ထိန်းချုပ်သည့်...