စစ်ပြေးဖမ်းရန် နယ်ကျွံခဲ့သည့် ‘ဝ’တပ်သားကို ကိုးကန့်တပ်သားများ ရိုက်နှက်၊ UWSA စာထုတ်တောင်းပန်ခိုင်း

သျှမ်းပြည် လောက်ကိုင်မြို့တွင် စစ်ပြေးဖမ်းဆီးရန် နယ်ကျွံသွားရောက်ခဲ့သော “ဝ”တပ်ဖွဲ့မှ တပ်ခွဲမှူးအဆင့်ရှိသူတစ်ဦးကို ကိုးကန့်တပ်သားများက ရိုက်နှက်ခြိမ်းခြောက်ခဲ့ကြောင်း စုံစမ်းသိရသည်။

ပြီးခဲ့သည့် မတ်လ ၅ ရက်တွင် လောက်ကိုင်မြို့သို့ စစ်ပြေးလာသူများကို ဖမ်းဆီးရန်အတွက် “ဝ”တပ်ဖွဲ့ UWSA ၏ နမ့်တစ်ဒေသ တပ်ခွဲမှူးအဆင့်ရှိသူက သွားရောက်ခဲ့သည်။

မတ်လ ၆ရက်တွင် အဆိုပါ UWSA မှ တပ်ခွဲမှူး၏ ကားသည် လောက်ကိုင်မြို့မှ ပြန်လာစဉ် ထော်လာဂျီကို ကျော်တက်ပြီး လမ်းပြောင်းပြန် မောင်းနှင်လာသည့် ကိုးကန့်တပ်သား၏ ကားကို မရှောင်နိုင်ဘဲ တိုက်မိခဲ့ရာ ၎င်းကိုးကန့်တပ်သားက အထက်အရာရှိဖြစ်သူ တပ်စုမှူးကို အခင်းဖြစ်နေရာသို့ ဖုန်းဆက်ခေါ်ဆောင်ခဲ့သည်။

ထိုယာဉ်တိုက်မှုဖြစ်ပွားသည့် နေရာသို့ တပ်စုမှူး ရောက်ရှိလာပြီး ကိုးကန့်တပ် ၂၁၁ တပ်မဟာမှူးကို ထပ်မံဖုန်းဆက်ခေါ်ဆောင်ခဲ့ရာ ၎င်းတပ်မဟာမှူးက ယာဉ်တိုက်မှုအတွက် “ဝ”တပ်ဖွဲ့မှ တပ်ခွဲမှူးကို စွပ်စွဲပြီး ပြစ်တင်ကြိမ်းမောင်းခဲ့သည်။

“ဝ”တပ်ဖွဲ့ UWSA တပ်ခွဲမှူးက ယာဉ်တိုက်မှုဖြစ်စဉ်နှင့် ၎င်း၏ အဖွဲ့အစည်း ရာထူးတို့ကို ကိုးကန့်တပ် ၂၁၁ တပ်မဟာမှူးထံ ပြောပြသော်လည်း လက်မခံခဲ့ဘဲ ကိုးကန့်တပ်ဖွဲ့မှ တပ်စုမှူးနှင့် တပ်သားများက “ဝ”တပ်ခွဲမှူးကို ဝိုင်းဝန်းရိုက်နှက်ပြီး ခြိမ်းခြောက်ခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ရေးသားထားသည်။

ယာဉ်တိုက်မှုကို လောက်ကိုင်မြို့ရှိ ယာဉ်ထိန်းရုံးသို့ သွားရောက်ဖြေရှင်းခဲ့ရာ ကိုးကန့်တပ်ဖွဲ့မှ ကျူးလွန်သူများက “ဝ”တပ်ခွဲမှူးကို လက်ဆွဲနှုတ်ဆက်ပြီး တောင်းပန်မှုကိုသာ အခြေအနေအရ လက်ခံခဲ့ရ၍ မတ်လ ၇ ရက်တွင် နမ့်တစ်မြို့သို့ ၎င်း“ဝ”တပ်ခွဲမှူး ပြန်ရောက်သောအခါ မကျေနပ်ချက်များကို “ဝ”ခေါင်းဆောင်များထံ ပြန်လည်တိုင်ကြားခဲ့သည်ဟု ဆိုထားသည်။

ထို့ကြောင့် “ဝ”တပ်ခွဲမှူးကို ရိုက်နှက်ရာတွင် ကျူးလွန်ခဲ့သည့် ကိုးကန့်တပ်သားများကို MNDAA တပ်ဖွဲ့မှ စုံစမ်းဖော်ထုတ်ပြီး နမ့်တစ်မြို့သို့ လာရောက်တောင်းပန်ခိုင်းရန်နှင့် မလာရောက်ပါက နမ့်တစ်မြို့ရှိ “ဝ”တာဝန်ရှိသူများမှ လိုအပ်သလို အရေးယူ ဆောင်ရွက်သွားမည်ဟု “ဝ”တပ်ဖွဲ့က မတ်လ (၇)ရက်တွင် စာထုတ်ပြန်ခဲ့သည်။

“ယာဉ်တိုက်မှုနဲ့ ပတ်သက်ပြီး ပြင်ပဆက်ဆံရေးဌာနက ဖြေရှင်းနေပါတယ်။ အခြေအနေ အသေးစိတ်ကို ထွေထွေထူးထူး မသိရသေးပါဘူး”ဟု MNDAA ပြောရေးဆိုခွင့်ရှိသူ လီကျားဝင်းက သျှမ်းသံတော်ဆင့်ကို ပြန်လည်ဖြေကြားသည်။

သို့သော် ယခုဖြစ်စဉ်နှင့်ပတ်သက်ပြီး “ဝ”တပ်ဖွဲ့ UWSA ပြင်ပဆက်ဆံရေးတာဝန်ခံ ဦးညီရမ်း ကို သျှမ်းသံတော်ဆင့် က စာပို့ မေးမြန်းထားသော်လည်း ပြန်လည်တုံ့ပြန်ခြင်း မရှိသေးပေ။

ပြီးခဲ့သည့် ဖေ‌ဖော်ဝါရီလ ၁၁ ရက်တွင်လည်း ကိုးကန့်တပ်ဖွဲ့ MNDAA ထိန်းချုပ်ထားသည့် ပန်ဆိုင်း(ကြူကုတ်)မြို့ရှိ ဒေသခံများကို အစည်းအဝေး ခေါ်ယူကာ ရှမ်းပြည်တိုးတက်ရေးပါတီ SSPP/SSA နှင့် ကချင်လွတ်လပ်ရေးတပ် KIA တပ်သားများကို စစ်ဝတ်စုံဖြင့် လက်နက်ကိုင်ဆောင်လာလျှင် မြို့တွင်းသို့ ဝင်ခွင့်မပြုရန် အမိန့်ပေးညွှန်ကြားခဲ့ကြောင်း ပန်ဆိုင်းဒေသခံများက ပြောသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

UWSA နှင့် MNDAA လည်း နေပြည်တော်တွင် ငြိမ်းချမ်းရေး သွားဆွေးနွေးမည်ဟုဆို

0
မြောက်ပိုင်းမဟာမိတ်တပ်များထဲမှ ‘ဝ’တပ်ဖွဲ့ UWSA နှင့် ကိုးကန့်တပ်ဖွဲ့ MNDAA တို့လည်း နေပြည်တော်တွင် စစ်အစိုးရနှင့် ငြိမ်းချမ်းရေး သွားရောက်ဆွေးနွေးမည်ဟု သတင်းသိရသည်။ ‘ဝ’ပြည်သွေးစည်းညီညွတ်ရေးတပ်မတော် UWSA နှင့် ကိုးကန့်တပ်ဖွဲ့ MNDAA ထိပ်ပိုင်းခေါင်းဆောင်များသည် စစ်အစိုးရလက်အောက်ခံ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီ NSPNC နှင့် တွေ့ဆုံဆွေးနွေးရန်...

UWSA ဒေသ သတ္တုတူးဖော်ရာတွင် ဖောက်ခွဲရေး၊ ဓာတုပစ္စည်း အလွန်အကျွံမသုံးရ ဟု အသိပေး

0
ရွှေ၊သတ္တုနှင့် သံယံဇာတများ အလွန်အကျွံတူးဖော်မှုကြောင့် နာမည်ဆိုးဖြင့်ကျော်ကြားနေသည့် ‘ဝ’တပ် (UWSA) ထိန်းချုပ်သည့် ဒေသအတွက် ထိခိုက်နစ်နာမှု မရှိစေရန် နှင့် ပြဌာန်းချက်များကို လိုက်နာကြရန် စီးပွားရေး လုပ်ငန်းရှင်များကို တွေ့ဆုံ အသိပေးလိုက်ကြောင်း သတင်းရရှိသည်။ သျှမ်းပြည်အရှေ့ပိုင်းတွင် မြေရှားသတ္တု၊ ရွှေနှင့် အခြားသတ္တုများ အလွန်အကျွံတူးဖော်မှုကြောင့် မြန်မာနှင့်ထိုင်းကို ဖြတ်သန်းစီးဆင်းနေသော...
Hsipaw Bridge Closed

သီပေါတံတား ပိတ်ထားမှုနောက်ကွယ်မှ အဂတိလိုက်စားမှုများကို ဖွင့်ချမည်ဟု လွှတ်တော်ကိုယ်စားလှယ် သတိပေး

0
သျှမ်းပြည်မြောက်ပိုင်း လားရှိုး-မန္တလေး ကုန်သွယ်ရေးလမ်းမကြီးပေါ်ရှိ အရေးပါသော သီပေါတံတားအား ဆက်လက်ပိတ်ထားခြင်းကြောင့် ဒေသခံပြည်သူများ စီးပွားရေးနှင့် လုံခြုံရေးဆိုင်ရာ အကျပ်အတည်းများ ရင်ဆိုင်နေရကြောင်း သီပေါမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် စိုင်းကောင်းသက်စံက ပြောကြားလိုက်သည်။ အဆိုပါ ဖြစ်စဉ်နောက်ကွယ်မှ မမျှတသော အကျိုးအမြတ်ရယူမှုများကို လွှတ်တော်တွင် အထောက်အထားဖြင့် ဖွင့်ချသွားမည်ဟု ၎င်းက ဆိုသည်။ “တံတားရှိလျက်နဲ့ ပြည်သူတွေ...

သိန္နီမြို့ MNDAA တပ်ဆုတ်မည်ဟု သတင်းထွက်၊ အုပ်ချုပ်ရေးကို ပြည်သူထံ လွှဲအပ်မည်ဟုဆို

0
သျှမ်းပြည် သိန္နီမြို့နယ်တွင် ကိုးကန့်တပ်ဖွဲ့ MNDAA ဘက်မှ တပ်ဆုတ်ခွာမည်ဟု သတင်းထွက်ပေါ်နေကြောင်း စုံစမ်းသိရသည်။ ဇူလိုင်လ (၁၀) ရက် နံနက် (၁၁) နာရီခန့်တွင် သိန္နီမြို့ပေါ်နှင့် ပန်လော့ကျေးရွာဘက် တပ်စွဲထားသည့် MNDAA ကိုးကန့်တပ်သားများသည် သိန္နီ-လောက်ကိုင် လမ်းမကြီးပေါ်ရှိ စယ်အူကျေးရွာအုပ်စုဘက်သို့ အင်အားအလုံးအရင်းဖြင့် စစ်ရေးလှုပ်ရှားမှု ပြုလုပ်ခဲ့ခြင်းကြောင့်...

MNDAA မှတ်ပုံတင် ၆သောင်းကျော်ထုတ်ပေးပြီး တပ်သားစုဆောင်းနေ

0
သျှမ်းပြည်မြောက်ပိုင်းရှိ ကိုးကန့်တပ်ဖွဲ့ (MNDAA) သည် ၎င်းတို့၏ အုပ်ချုပ်ရေးနယ်မြေအတွင်း ကျေးရွာများအထိ ကွင်းဆင်း၍ မှတ်ပုံတင်ပြုလုပ်ပေးသည့် လုပ်ငန်းများကို အောင်မြင်စွာ ဆောင်ရွက်နိုင်ခဲ့ကြောင်း MNDAA သတင်းများကို ဖော်ပြနေသော The Kokang က ထုတ်ပြန်သည်။ ကိုးကန့်ခရိုင် အုပ်ချုပ်ရေးအဖွဲ့၏ ထုတ်ပြန်ချက်အရ ပြီးခဲ့သည့် လများအတွင်း ဒေသခံပြည်သူ...