Wednesday, January 28, 2026

“NCA ကို စစ်ကောင်စီကိုယ်တိုင် ဖျက်ဆီးခဲ့” ဟု ငြိမ်းချမ်းရေးဖြစ်စဉ် ဦးဆောင်ခဲ့သူ စဝ်ဟန်ယောင်ဟွေ ပြော

တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခတ်မှု ရပ်စဲရေး သဘောတူစာချုပ် (NCA) ကို စစ်ကောင်စီကိုယ်တိုင် ဖျက်စီးခဲ့ကြောင်း မြန်မာ့ငြိမ်းချမ်းရေးဖြစ်စဉ်တွင် ဦးဆောင်ပါဝင်ခဲ့သူ စဝ်ဟန်ယောင်ဟွေက ပြောဆိုလိုက်သည်။

၂၀၁၅ ခုနှစ် အောက်တိုဘာလက ဦးသိန်းစိန် ဦးဆောင်သည့် အရပ်သားတစ်ပိုင်း အစိုးရနှင့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများအကြား လက်မှတ်ရေးထိုးခဲ့သည့် တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ် (NCA) သည် NCA ပြန်သုံး၍ မရတော့ဘဲ ပျက်စီးသွားပြီဖြစ်ကြောင်း မြန်မာ့ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွင် ဦးဆောင်ကူညီ ပံ့ပိုးပေးခဲ့သည့် စဝ်ဟန်ယောင်ဟွေ က ဖေ‌ဖော်ဝါရီလ ၂၉ ရက်တွင် ပြောဆိုလိုက်သည်။

“NCA ကို ပြန်သုံးကြမယ်လို့ ပြောတာက တကယ်တမ်းမှာ ပြန်သုံးလို့ မရတော့ဘူး။ NCA ကို ပြန်ကြည့်ရင် အဓိကက စစ်ပွဲရပ်ဖို့ မဟုတ်ဘူး။ NCA ရဲ့ အဓိကက အပစ်ရပ်ပြီးရင် နိုင်ငံရေးစကားဝိုင်းမှာ တွေ့ဆုံဆွေးနွေးရမယ်၊ နိုင်ငံရေးနည်းလမ်းနဲ့ ဖြေရှင်းရမှာ။ ဒါကြောင့် NCA အတိုင်း ပြောရရင် NCA ကို ဖျက်ဆီးတာလည်း စစ်‌ကောင်စီပဲ ဖြစ်နေတယ်”ဟု စဝ်ဟန်ယောင်ဟွေက သျှမ်းသံတော်ဆင့်နှင့် သီးသန့်တွေ့ဆုံမေးမြန်းခန်းတွင် ပြောဆိုသည်။

၂၀၁၁ နောက်ပိုင်း စတင်ခဲ့သည့် နိုင်ငံရေးနည်းအရ တွေ့ဆုံဆွေးနွေးရေး လမ်းကြောင်းမှ ၂၀၂၁ ခုနှစ်တွင် စစ်တပ်က ရွေးကောက်ခံ အရပ်သားအစိုးရထံမှ အာဏာသိမ်းလိုက်ခြင်းကြောင့် NCA သည် ပြန်သုံး၍ မရ‌တော့ဘဲ ပျက်စီးသွားပြီ ဟု စဝ်ဟန်ယောင်ဟွေက ပြောသည်။

ထို့ကြောင့် NCA တွင် ပါဝင်သည့် အစိုးရ၊ လွှတ်တော်၊ နိုင်ငံရေးပါတီနှင့် ပြည်သူ့ကိုယ်စားပြု အစုအဖွဲ့များ မရှိတော့ဘဲ စစ်ကောင်စီတပ် တစ်ခုတည်းသာ ကျန်ရှိရာ ဆက်လက်ဆွေးနွေးရန် မဖြစ်နိုင်တော့ကြောင်း ၎င်းက ဆိုသည်။

“စစ်တပ်တစ်ခုတည်းနဲ့ ဘယ်လိုစကားပြောကြမလဲ။ စစ်တပ်နဲ့ စကားပြောမယ် ဆိုရင်လည်း သူက ပြည်သူတွေ ရွေးချယ်ထားတဲ့ အစိုးရထံကို အာဏာပြန်လွှဲပေးရမယ်။ အဲ့ဒီပေါ်လာတဲ့ ပြည်သူ့အစိုးရနဲ့ စကားပြောရင် မကောင်းဘူးလား။ စစ်တပ်နဲ့ပဲ စကားပြောမယ်ဆိုရင် ဒါက အဓိပ္ပါယ်မရှိဘူး။ ဒါကြောင့် NCA က သုံးလို့ မရတော့ဘူး၊ ပျက်စီးသွားပြီ”ဟု စဝ်ဟန်ယောင်ဟွေက သျှမ်းသံတော်ဆင့်ကို ဆက်ပြောသည်။

NCA ကို ကိုယ်တိုင်လက်မှတ် ရေးထိုးခဲ့သည့် ဦးသိန်းစိန်အစိုးရ ဖြစ်စေ၊ NCA ကို ဆက်ခံပြီး ၂၁-ရာစု ပင်လုံညီလာခံ ကျင်းပခဲ့သည့် NLD အစိုးရဖြစ်စေ၊ ၎င်းအစိုးရလက်ထက်တွင် တပ်မတော် ကာကွယ်ရေးဦးစီးချုပ် တာဝန်ယူထားသူ လက်ရှိစစ်ခေါင်းဆောင် မင်းအောင်လှိုင် ကိုယ်တိုင်ဖြစ်စေ၊ သက်ဆိုင်သူ အစုအဖွဲ့အားလုံးက ဖက်ဒရယ် ဒီမိုကရေစီ ရရှိမှ ဖြစ်မည်ဟု သဘောတူထားခဲ့ကြောင်း ဆိုသည်။

“စစ်တပ်ဘက်က ဒီမိုကရေစီပြောလာရင် နိုင်ငံရေးက ထွက်ရတော့မှာ။ သူက မထွက်တဲ့အပြင်ကို နိုင်ငံရေးထဲ ဝင်ပါနေပြီးတော့ ဒီမိုကရေစီရဖို့ NCA အတိုင်း လုပ်နေပါတယ်လို့ ပြောနေတယ်၊ အဲ့ဒါမဟုတ်ဘူး။ NCA အတိုင်းလုပ်တယ်၊ ဒီမိုကရေစီရဖို့ လုပ်တယ်ဆိုရင် စစ်တပ်က နိုင်ငံရေးထဲက ထွက်ရမယ်။ စစ်တပ်က NCA စွဲကိုင်ပြီး ဆွေးနွေးနေပါတယ်ဆိုတာ တဘက်လှည့်နဲ့ ပြောတာပေါ့၊ တကယ်တော့ ဒါက နည်းလမ်းအမှန် မဟုတ်တော့ဘူး”ဟု စဝ်ဟန်ယောင်ဟွေက ဆက်ပြောသည်။

စဝ်ဟန်ယောင်ဟွေသည် မြန်မာနိုင်ငံ၏ ပထမဆုံး သမ္မတ စဝ်ရွှေသိုက်၏ သားဖြစ်ပြီး ၁၉၉၇ ခုနှစ်က ဖွဲ့စည်းခဲ့သည့် မြန်မာ့ဒီမိုကရေစီ တိုးတက်ရေး ဥရောပရုံး (Euro-Burma Office) ၏ ဒါရိုက်တာအဖြစ်လည်း တာဝန်ယူထားပြီး လက်ရှိတွင် ကနေဒါနိုင်ငံ၌ နေထိုင်လျက်ရှိကြောင်း သိရသည်။

၂၀၁၁ ခုနှစ် ဦးသိန်းစိန် အစိုးရ လက်ထက်တွင် မြန်မာနိုင်ငံသို့ ပြည်ဝင်ခွင့် ရရှိခဲ့ပြီး မြန်မာ့ငြိမ်းချမ်းရေး ဖြစ်စဉ်တွင် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများ၊ နယ်စပ်တလျှောက်ရှိ အရပ်ဘက်အဖွဲ့အစည်းများနှင့် နိုင်ငံရေးပါတီများကို အမျိုးသားပြန်လည်သင့်မြတ်ရေး ခေါင်းစဉ်ဖြင့် ကူညီထောက်ပံ့ပေးမှုများ ရှိခဲ့သည်။

ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သည့် NLD အစိုးရ လက်ထက်တွင် ၂၀၁၇ ခုနှစ်မှ စတင်ပြီး မြန်မာအစိုးရက စဝ်ဟန်ယောင်ဟွေကို အကြောင်းပြချက် မရှိဘဲ ပထမဆုံးအကြိမ် ပြည်ဝင်ခွင့် ပိတ်ပင်ခဲ့ကြောင်း သိရသည်။

ကရင်အမျိုးသား အစည်းအရုံး (KNU)နှင့် သျှမ်းပြည် ပြန်လည်ထူထောင်ရေး ကောင်စီ (RCSS) အပါအဝင် အခြားတိုင်းရင်းသား လက်နက်ကိုင် ၈ ဖွဲ့နှင့် ဦးသိန်းစိန် အစိုးရအကြား NCA လက်မှတ် ရေးထိုးနိုင်ရေးအတွက် စဝ်ဟန်ယောင်ဟွေသည် အရေးပါခဲ့သူ တစ်ဦးဖြစ်သည်။

လက်ရှိတွင် RCSS တပ်ဖွဲ့သည် တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူညီစာချုပ် (NCA) ကို ဆက်လက်ကိုင်စွဲထားပြီး စစ်ကောင်စီ၏ အမျိုးသား စည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ဗဟိုကော်မတီ (NSPNC)နှင့်လည်း တွေ့ဆုံဆွေးနွေးလျက်ရှိရာ စစ်အာဏာရှင် တိုက်ခိုက်ရေးတွင် ပါဝင်လာခြင်း မရှိသေးပေ။

ပြီးခဲ့သည့် ၂၀၂၃ အောက်တိုဘာလ ၁၅ ရက်က နေပြည်တော်တွင် ကျင်းပခဲ့သည့် NCA (၈)နှစ်ပြည့် အခမ်းအနားတွင် RCSS ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး ယွက်စစ် ကိုယ်တိုင်က NCA ကို ၈ နှစ်ကြာမြင့်သည့်တိုင် အကောင်အထည် မဖော်နိုင်ခဲ့ဘဲ ငြိမ်းချမ်းရေးအတွက် အချိန် အလဟဿ ဖြစ်ခဲ့ရကြောင်း ပြောဆိုထားသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

စစ်ကော်မရှင်နှင့် PNO စစ်သုံးစရိတ်နှင့် တပ်သားစုဆောင်းမှုကြား စိတ်ရောကိုယ်ပါ ပင်ပန်းနေ

0
အာဏာသိမ်းစစ်တပ်က စစ်မှုထမ်းဥပဒေကို ပြန်လည်အသက်သွင်းပြီးနောက်ပိုင်း စစ်မှုထမ်း လစဉ်ကြေးနှင့် တပ်သားသစ် စုဆောင်းမှုဒဏ်ကြောင့် လူထုကြား စိတ်ရောကိုယ်ပါ ပင်ပန်းနွမ်းနယ်နေကြောင်း ဒေသခံများက ပြောသည်။ တရားဝင် လူဖမ်းစစ်သားစုဆောင်းရန်အတွက် စစ်တပ်က စစ်မှုထမ်းဥပဒေကို ပြန်လည်အသက်သွင်းခဲ့သည်မှာ လာမည့် ၂၀၂၆ ဖေဖော်ဝါရီလ ၁၀ ရက်နေ့တွင် ၂ နှစ်ပြည့်ပြီ ဖြစ်သည်။ သို့သော်...

လူငယ်များအား အဓမ္မ စစ်ထဲဆွဲထည့်နေသည့် စစ်ခေါင်းဆောင် ဦးဆောင်၍ လူငယ် ငြိမ်းချမ်းရေးဖိုရမ် ကျင်းပနေ

0
အနည်းဆုံး လူငယ် ၆၀၀၀၀ ကျော်ကို အဓမ္မ စစ်တပ်ထဲ ဆွဲထည့်ထားသည့် စစ်ခေါင်းဆောင် မင်းအောင်လှိုင် ဦးဆောင်သော လူငယ် ငြိမ်းချမ်းရေး ဖိုရမ် ၂၀၂၆ ကို ယမန်နေ့ (ဇန်နဝါရီ ၁၃ ရက်) နံနက်ပိုင်းက နေပြည်တော်၌ စတင် ကျင်းပနေကြောင်း စစ်ကောင်စီက...

မဲပေးစက်ပြဿနာနှင့် ကြိုတင်မဲကြောင့် ကြံ့ခိုင်ရေးပါတီက အများစုအနိုင်ရ

0
သျှမ်းပြည် ၁၇ မြို့နယ်တွင် ပြီးခဲ့သော ဇန်နဝါရီလ ၁၁ ရက်က ကျင်းပသည့် ရွေးကောက်ပွဲ အပိုင်း (၂) ၏ အနိုင်အရှုံးစာရင်းများကို ကြည့်လျှင် စစ်တပ်ကျောထောက်နောက်ခံ ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး (USDP) ပါတီက အများစုအနိုင်ရထားသည်။ ကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေး (USDP) ပါတီသည် ၁၉၉၃ ခုနှစ်က...

ရပ်စောက်နှင့် ရွာငံမြို့နယ်တွင် လုံခြုံရေးစိုးရိမ်မှုကြား ဒေသခံမဲသွားပေး

0
သျှမ်းပြည် ရပ်စောက်မြို့နယ်နှင့် ရွာငံမြို့နယ်တွင် စစ်ကော်မရှင်တပ်မှ စစ်အင်အား ဖြည့်တင်းထားပြီး မဲရုံပရဝုဏ်အနီး လက်နက်အပြည့်အစုံဖြင့် စောင့်ဆိုင်းနေခြင်းကြောင့် ဒေသခံများ လုံခြုံရေးစိုးရိမ်မှုဖြင့် မဲသွားပေးနေရကြောင်း စုံစမ်းသိရသည်။ ယနေ့ (ဇန်နဝါရီလ ၁၁ ရက်) တွင် စစ်ကော်မရှင် ကျင်းပနေသည့် ရွေးကောက်ပွဲ ဒုတိယပိုင်းတွင် သျှမ်းပြည်တောင်ပိုင်းမှ ရပ်စောက်၊ ရွာငံ၊...

မိုင်းပျဉ်း ကြိုတင်မဲကောက်ယူရာတွင် USDP မှလွဲ၍ အခြားပါတီများကို အကြောင်းမကြား ဟုဆို

0
သျှမ်းပြည်အရှေ့ပိုင်း မိုင်းပျဉ်းမြို့နယ်တွင် ရွေးကောက်ပွဲ အပိုင်း (၂) အတွက် ကြိုတင်မဲကောက်ယူရာတွင် လွှတ်တော်ကိုယ်စားလှယ်များ လိုက်ပါခွင့်ပြုမည်ဟု ရွေးကော်ပွဲကော်မရှင်က ပြောသော်လည်း မြေပြင်တွင် ကြံ့ခိုင်ရေး ဖွံ့ဖြိုးရေး (USDP)ပါတီမှလွဲ၍ အခြားပါတီများကိုအကြောင်းကြားခြင်းမရှိခဲ့ ကြောင်း စုံစမ်းသိရသည်။ လာမည့် ဇန်နဝါရီလ ၁၁ ရက်တွင် သျှမ်းပြည်အရှေ့ပိုင်း မိုင်းခတ်၊ မိုင်းပျဉ်း၊...