“NCA ကို စစ်ကောင်စီကိုယ်တိုင် ဖျက်ဆီးခဲ့” ဟု ငြိမ်းချမ်းရေးဖြစ်စဉ် ဦးဆောင်ခဲ့သူ စဝ်ဟန်ယောင်ဟွေ ပြော

တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခတ်မှု ရပ်စဲရေး သဘောတူစာချုပ် (NCA) ကို စစ်ကောင်စီကိုယ်တိုင် ဖျက်စီးခဲ့ကြောင်း မြန်မာ့ငြိမ်းချမ်းရေးဖြစ်စဉ်တွင် ဦးဆောင်ပါဝင်ခဲ့သူ စဝ်ဟန်ယောင်ဟွေက ပြောဆိုလိုက်သည်။

၂၀၁၅ ခုနှစ် အောက်တိုဘာလက ဦးသိန်းစိန် ဦးဆောင်သည့် အရပ်သားတစ်ပိုင်း အစိုးရနှင့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများအကြား လက်မှတ်ရေးထိုးခဲ့သည့် တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ် (NCA) သည် NCA ပြန်သုံး၍ မရတော့ဘဲ ပျက်စီးသွားပြီဖြစ်ကြောင်း မြန်မာ့ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွင် ဦးဆောင်ကူညီ ပံ့ပိုးပေးခဲ့သည့် စဝ်ဟန်ယောင်ဟွေ က ဖေ‌ဖော်ဝါရီလ ၂၉ ရက်တွင် ပြောဆိုလိုက်သည်။

“NCA ကို ပြန်သုံးကြမယ်လို့ ပြောတာက တကယ်တမ်းမှာ ပြန်သုံးလို့ မရတော့ဘူး။ NCA ကို ပြန်ကြည့်ရင် အဓိကက စစ်ပွဲရပ်ဖို့ မဟုတ်ဘူး။ NCA ရဲ့ အဓိကက အပစ်ရပ်ပြီးရင် နိုင်ငံရေးစကားဝိုင်းမှာ တွေ့ဆုံဆွေးနွေးရမယ်၊ နိုင်ငံရေးနည်းလမ်းနဲ့ ဖြေရှင်းရမှာ။ ဒါကြောင့် NCA အတိုင်း ပြောရရင် NCA ကို ဖျက်ဆီးတာလည်း စစ်‌ကောင်စီပဲ ဖြစ်နေတယ်”ဟု စဝ်ဟန်ယောင်ဟွေက သျှမ်းသံတော်ဆင့်နှင့် သီးသန့်တွေ့ဆုံမေးမြန်းခန်းတွင် ပြောဆိုသည်။

၂၀၁၁ နောက်ပိုင်း စတင်ခဲ့သည့် နိုင်ငံရေးနည်းအရ တွေ့ဆုံဆွေးနွေးရေး လမ်းကြောင်းမှ ၂၀၂၁ ခုနှစ်တွင် စစ်တပ်က ရွေးကောက်ခံ အရပ်သားအစိုးရထံမှ အာဏာသိမ်းလိုက်ခြင်းကြောင့် NCA သည် ပြန်သုံး၍ မရ‌တော့ဘဲ ပျက်စီးသွားပြီ ဟု စဝ်ဟန်ယောင်ဟွေက ပြောသည်။

ထို့ကြောင့် NCA တွင် ပါဝင်သည့် အစိုးရ၊ လွှတ်တော်၊ နိုင်ငံရေးပါတီနှင့် ပြည်သူ့ကိုယ်စားပြု အစုအဖွဲ့များ မရှိတော့ဘဲ စစ်ကောင်စီတပ် တစ်ခုတည်းသာ ကျန်ရှိရာ ဆက်လက်ဆွေးနွေးရန် မဖြစ်နိုင်တော့ကြောင်း ၎င်းက ဆိုသည်။

“စစ်တပ်တစ်ခုတည်းနဲ့ ဘယ်လိုစကားပြောကြမလဲ။ စစ်တပ်နဲ့ စကားပြောမယ် ဆိုရင်လည်း သူက ပြည်သူတွေ ရွေးချယ်ထားတဲ့ အစိုးရထံကို အာဏာပြန်လွှဲပေးရမယ်။ အဲ့ဒီပေါ်လာတဲ့ ပြည်သူ့အစိုးရနဲ့ စကားပြောရင် မကောင်းဘူးလား။ စစ်တပ်နဲ့ပဲ စကားပြောမယ်ဆိုရင် ဒါက အဓိပ္ပါယ်မရှိဘူး။ ဒါကြောင့် NCA က သုံးလို့ မရတော့ဘူး၊ ပျက်စီးသွားပြီ”ဟု စဝ်ဟန်ယောင်ဟွေက သျှမ်းသံတော်ဆင့်ကို ဆက်ပြောသည်။

NCA ကို ကိုယ်တိုင်လက်မှတ် ရေးထိုးခဲ့သည့် ဦးသိန်းစိန်အစိုးရ ဖြစ်စေ၊ NCA ကို ဆက်ခံပြီး ၂၁-ရာစု ပင်လုံညီလာခံ ကျင်းပခဲ့သည့် NLD အစိုးရဖြစ်စေ၊ ၎င်းအစိုးရလက်ထက်တွင် တပ်မတော် ကာကွယ်ရေးဦးစီးချုပ် တာဝန်ယူထားသူ လက်ရှိစစ်ခေါင်းဆောင် မင်းအောင်လှိုင် ကိုယ်တိုင်ဖြစ်စေ၊ သက်ဆိုင်သူ အစုအဖွဲ့အားလုံးက ဖက်ဒရယ် ဒီမိုကရေစီ ရရှိမှ ဖြစ်မည်ဟု သဘောတူထားခဲ့ကြောင်း ဆိုသည်။

“စစ်တပ်ဘက်က ဒီမိုကရေစီပြောလာရင် နိုင်ငံရေးက ထွက်ရတော့မှာ။ သူက မထွက်တဲ့အပြင်ကို နိုင်ငံရေးထဲ ဝင်ပါနေပြီးတော့ ဒီမိုကရေစီရဖို့ NCA အတိုင်း လုပ်နေပါတယ်လို့ ပြောနေတယ်၊ အဲ့ဒါမဟုတ်ဘူး။ NCA အတိုင်းလုပ်တယ်၊ ဒီမိုကရေစီရဖို့ လုပ်တယ်ဆိုရင် စစ်တပ်က နိုင်ငံရေးထဲက ထွက်ရမယ်။ စစ်တပ်က NCA စွဲကိုင်ပြီး ဆွေးနွေးနေပါတယ်ဆိုတာ တဘက်လှည့်နဲ့ ပြောတာပေါ့၊ တကယ်တော့ ဒါက နည်းလမ်းအမှန် မဟုတ်တော့ဘူး”ဟု စဝ်ဟန်ယောင်ဟွေက ဆက်ပြောသည်။

စဝ်ဟန်ယောင်ဟွေသည် မြန်မာနိုင်ငံ၏ ပထမဆုံး သမ္မတ စဝ်ရွှေသိုက်၏ သားဖြစ်ပြီး ၁၉၉၇ ခုနှစ်က ဖွဲ့စည်းခဲ့သည့် မြန်မာ့ဒီမိုကရေစီ တိုးတက်ရေး ဥရောပရုံး (Euro-Burma Office) ၏ ဒါရိုက်တာအဖြစ်လည်း တာဝန်ယူထားပြီး လက်ရှိတွင် ကနေဒါနိုင်ငံ၌ နေထိုင်လျက်ရှိကြောင်း သိရသည်။

၂၀၁၁ ခုနှစ် ဦးသိန်းစိန် အစိုးရ လက်ထက်တွင် မြန်မာနိုင်ငံသို့ ပြည်ဝင်ခွင့် ရရှိခဲ့ပြီး မြန်မာ့ငြိမ်းချမ်းရေး ဖြစ်စဉ်တွင် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများ၊ နယ်စပ်တလျှောက်ရှိ အရပ်ဘက်အဖွဲ့အစည်းများနှင့် နိုင်ငံရေးပါတီများကို အမျိုးသားပြန်လည်သင့်မြတ်ရေး ခေါင်းစဉ်ဖြင့် ကူညီထောက်ပံ့ပေးမှုများ ရှိခဲ့သည်။

ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သည့် NLD အစိုးရ လက်ထက်တွင် ၂၀၁၇ ခုနှစ်မှ စတင်ပြီး မြန်မာအစိုးရက စဝ်ဟန်ယောင်ဟွေကို အကြောင်းပြချက် မရှိဘဲ ပထမဆုံးအကြိမ် ပြည်ဝင်ခွင့် ပိတ်ပင်ခဲ့ကြောင်း သိရသည်။

ကရင်အမျိုးသား အစည်းအရုံး (KNU)နှင့် သျှမ်းပြည် ပြန်လည်ထူထောင်ရေး ကောင်စီ (RCSS) အပါအဝင် အခြားတိုင်းရင်းသား လက်နက်ကိုင် ၈ ဖွဲ့နှင့် ဦးသိန်းစိန် အစိုးရအကြား NCA လက်မှတ် ရေးထိုးနိုင်ရေးအတွက် စဝ်ဟန်ယောင်ဟွေသည် အရေးပါခဲ့သူ တစ်ဦးဖြစ်သည်။

လက်ရှိတွင် RCSS တပ်ဖွဲ့သည် တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူညီစာချုပ် (NCA) ကို ဆက်လက်ကိုင်စွဲထားပြီး စစ်ကောင်စီ၏ အမျိုးသား စည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ဗဟိုကော်မတီ (NSPNC)နှင့်လည်း တွေ့ဆုံဆွေးနွေးလျက်ရှိရာ စစ်အာဏာရှင် တိုက်ခိုက်ရေးတွင် ပါဝင်လာခြင်း မရှိသေးပေ။

ပြီးခဲ့သည့် ၂၀၂၃ အောက်တိုဘာလ ၁၅ ရက်က နေပြည်တော်တွင် ကျင်းပခဲ့သည့် NCA (၈)နှစ်ပြည့် အခမ်းအနားတွင် RCSS ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး ယွက်စစ် ကိုယ်တိုင်က NCA ကို ၈ နှစ်ကြာမြင့်သည့်တိုင် အကောင်အထည် မဖော်နိုင်ခဲ့ဘဲ ငြိမ်းချမ်းရေးအတွက် အချိန် အလဟဿ ဖြစ်ခဲ့ရကြောင်း ပြောဆိုထားသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

“ဝမ်းရေးအိပ်မက်ကြား အသက်ပါရင်းလိုက်ရသည့် ၁၆ နှစ်သမီးလေး”

0
“သမီး အခန်းထဲကနေ ထွက်လာတော့ သူ (သူငယ်ချင်း)က စားပွဲခုံပေါ်မှာ မှောက်ပြီး လဲနေတာ တွေ့တယ်။ သူ့ရဲ့ မျက်နှာတွေမှာရော လက်တွေမှာရော ဒဏ်ရာတွေ အများကြီး တွေ့ရတယ်။ သမီး သူ့ကို သွားနိုးသေးတယ်။ သူက မထလာတော့ဘူး” သျှမ်းပြည် တောင်ကြီးမြို့ ဗိုလ်ချုပ်အောင်ဆန်းလမ်းပေါ်ရှိ Peter ဘားဆိုင်တွင်...

စစ်ကော်မရှင် တရုတ်ကုန်စည်စီးဆင်းမှု တားမြစ်ပိတ်ပင်မှု တင်းကြပ်လာ

0
သျှမ်းပြည်မြောက်ပိုင်းသည် တရုတ်ကုန်စည်ကိုသာ အဓိက အားကိုးနေရချိန်တွင် စစ်ကော်မရှင်က ရက် ၁၀၀ စီမံကိန်းအနေဖြင့် ၎င်းကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်တင်းကြပ်လာသည်။ ထိုကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်မှု တင်းကြပ်လာသဖြင့် ပြည်တွင်းကုန်တင်ယာဉ်များလည်း အလုပ်ရပ်နားထားရပြီး ပြည်သူများလည်း ကုန်စည်စျေးနှုန်းများ ထပ်မံမြင့်တက်လာမှုကို ရင်ဆိုင်နေရကြောင်း သျှမ်းမြောက်ပြည်သူများထံမှ စုံစမ်းသိရှိရသည်။ ပြီးခဲ့သည့် ရက်ပိုင်အတွင်းမှ စတင်ကာ စစ်ကော်မရှင်သည် လားရှိုးမြို့သို့...

ကျောက်မဲတွင် ဌာနဆိုင်ရာရုံးများကိုသာ လျှပ်စစ်မီးကွက်ပေး၊ ပြည်သူနေအိမ်များ မီးကြိုးခိုးယူခံနေရ

0
သျှမ်းပြည် ကျောက်မဲမြို့ပေါ် ရပ်ကွက်ရှိ ပြည်သူနေအိမ်များတွင် လျှပ်စစ်မီး မရရှိခြင်းကြောင့် မီးကြိုးခိုးယူခံနေရကြောင်း စုံစမ်းသိရသည်။ ကျောက်မဲမြို့ကို တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA ထံမှ စစ်တပ်ပြန်လည်ထိန်းချုပ်ခဲ့သည့် ယမန်နှစ် ၂၀၂၅ အောက်တိုဘာလ နောက်ပိုင်းမှ စတင်၍ စစ်အစိုးရလက်အောက်ခံ ဌာနဆိုင်ရာရုံးများကိုသာ လျှပ်စစ်မီး ဖြန့်ဝေထားပြီး ရပ်ကွက်အတွင်းရှိ ပြည်သူနေအိမ်များမှာ...

ကျိုင်းတုံ တောင်ပေါ်ဒေသ လမ်းပန်းခက်ခဲမှုကြောင့် ကိုယ်ဝန်ဆောင်မိခင်များ ကျန်းမာရေးခက်ခဲနေ

0
ကျိုင်းတုံမြို့နယ်ရှိ တောင်ပေါ်ဒေသများတွင် ခေတ်အဆက်ဆက် အစိုးရ မှ လမ်းပန်းဆက်သွယ်ရေးကို ကူညီထောက်ပံ့မှု မရှိခဲ့ခြင်းကြောင့် ကိုယ်ဝန်ဆောင်မိခင်များ ကျန်းမာရေး ဝန်ဆောင်မှု မရရှိကာ သေဆုံးမှုများ ဖြစ်ပွားသည့်အထိ ရှိနေကြောင်း သတင်းရရှိသည်။ ကျိုင်းတုံမြို့နယ်အတွင်း တောင်ပေါ်ကျေးရွာပေါင်း ၃၀ ထက်မနည်ရှိကာ လမ်းပန်းဆက်သွယ်ရေး အခက်အခဲများကို နေ့စဉ်ရန်ဆိုင်နေရသည်။ အဆိုပါ ဒေသများသည် ကျိုင်းတုံမြို့နှင့်...

“စစ်ရေး ၊ နိုင်ငံရေးက သူတို့စစ်အုပ်စုချမှတ်ထားတဲ့ လမ်းစဉ်အတိုင်း ဆက်သွားမယ်”

0
အာဏာသိမ်း စစ်တပ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ၅ နှစ်အကြာမှာ ၎င်းပုံဖော်ထားတဲ့အတိုင်း နိုင်ငံတော် သမ္မတရာထူးယူလိုက်ပါတယ်။ ဒါ့ကြောင့် စစ်ဝတ်စုံကနေ အရပ်သားဝတ်စုံပြောင်း စစ်ခေါင်းဆောင် သမ္မတ ဉီးမင်းအောင်လှိုင် တက်လာပြီး သျှမ်းပြည် နိုင်ငံရေး အပြောင်းအလဲတွေ ဘယ်လိုဖြစ်လာခဲ့ပါသလဲ။ အစိုးရသစ် စစ်ခေါင်းဆော်င သမ္မတ ဉီးမင်းအောင်လှိုင်တက်လာချိန်မှာလည်း စစ်အာဏရှင်ကို...